Wednesday, November 21, 2012

ကမ္ဘော ဒီးယား ရောက် မြန်မာ သတင်း သမား များ ဦးသိန်းစိန် အား လက် ဆယ် ဖြာ ထိပ် မှာ မိုး ၍ ရှစ်ခိုးဦးချ

ကမ္ဘော ဒီးယား ရောက် မြန်မာ သတင်း သမား များ ဦးသိန်းစိန်
အား လက် ဆယ် ဖြာ ထိပ် မှာ မိုး ၍ ရှစ်ခိုးဦးချ သည် ကို အပျော်
တမ်း ဓာတ် ပုံ ဆရာ တစ်ဦး က ဤ သို့  မှတ်တမ်း တင် ထား သည်။


ကျမက သမ္မတကို ကန်တော့ထဲမှာတော့ မပါဘူး။
သမ္မတကို ကန်တော့ ခဲ့တဲ့ မီဒီယာ သမားတွေကို ရူံချ နေတာ နဲ့ပတ်သတ်ပြီး ကျမ ပြောချင်တယ်။

သမ္မတ က မြန်မာနိုင်ငံကရောက်နေတဲ့ မီဒီယာတွေကို တွေ့ဆုံချင်တယ် လို့ပြောတယ် အစတည်းက သတင်းစာ ရှင်းလင်းပွဲ မဟုတ်ဘူး တွေ့ပဲတွေ့မယ် မေးခွင့် မရှိဘူးလို့ တရားဝင်ပြောထားပြီးသားပါ။ မီဒီယာသမား ၂၀ နီးပါးတတ်ပါတ

ယ်။ သမ္မတ က သူ့ကျန်းမာရေး အခြေအနေကို ရယ်ရယ်မောမောပြီး ထထွက်ခါနီးမှာ မေးခွန်းမေးချင်တဲ့ မီဒီယာ သမားတွေက ရှေ့ကို တိုးသွားကြပါတယ်။

အဲဒီ အချိန်မှာ ကျမနာမည် မပြောချင်ပါဘူး ဂျာနယ် တစ်ခုရဲ့ ထုတ်ဝေသူတစ်ဦးက ထအော်တယ်ကန်တော့မယ်တဲ့။ ရှေ့မှာရောက်နေတဲ့ သတင်းသမားတွေက သမ္မတရှေ့မှာထိုင်ချလိုက်ရပါတယ်။
ပြီးတော့ ကန်တော့လိုက်ရပါတယ်။

ကျမ အယူအဆကတော့ သတင်းသမားတွေကသမ္မတ ကန်တော့တာဟာ ကျင့်ဝတ် ဖောက် ဖျက်တာပါလား။ သမ္မတကို ကန်တော့ပုံတတ်လာတော့ လူတွေ လျောက်ဖြန့်တယ် မဟုတ်တန်းတရားတွေ ၀င်ဆဲကြတယ်။ အခြေအနေ အဖြစ် မှန်ကို သေချာသိလိုက်တဲ့ သတင်းထောက်က ကိုယ်တိုင် သိနေရဲ့ နဲ့ ဘယ်လို ရည်ရွယ်ချက် နဲ့ ဒီပုံကိုတင်တာပါလဲ။

သမ္မတကို ကန်တော့ခဲ့တဲ့ သူတွေဟာ အဲဒီအချိန်မှာ စိတ်ကြည်ကြည်လင်လင် နဲ့ကန်တော့ ခဲ့ ရင်တောင် အခုဆိုရင်ဖေ့ဘုတ်ကိုကြည့်ပြီး စိတ်ကိုညစ်ညူးကြရပါပြီ။လုပ်လိုက
်တဲ့ သူတင်လိုက်တဲ့ သူက အင်မတန် ကိုအကုသိုလ်များပါတယ်။

သမ္မတပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် အသက် ၆၈ နှစ် အရွယ် အဘိုးအိုတစ်ဦးကိုကန်တော့တာ ဟာဘာသာရေး အရပဲကြည့်ကြည့် လူမှရေးအရပဲကြည့်ကြည့် မရိုင်းပါဘူး။

သတင်းသမားတွေရဲ့ နှလုံးသားမှာ ဘယ်လို ခံယူတယ်ဆိုတာပဲ အရေးကြီးပါတယ်။ သတင်းသမားဟာ သူဘယ်သူ့ကို ကန်တော့တယ်ဆိုတာအရေးမကြီးပါဘူး။
ပြည်သူအတွက် အကျိုးရှိသွားစေမယ့် သတင်း တွေကိုရေးသားဖော်ပြနိုင်ဖို့ပဲ အရေးကြီးတယ်လို့ကျမတော့ယူဆပါတယ်

လူတိုင်းမှာ ကိုယ်လေးစားယုံကြည်တဲ့ ပုဂ္ဂိုလ်တွေ ရှိမယ်။သတင်းသမားတွေ ပြည်သူတွေ အတွက် တကယ် အကျိုးရှိမယ့် သတင်းရေးရင် ရပြီ။ နောက်ကွယ်မှာ ဘယ်သူကိုလေးစားလို့ ဘယ်သူကို ဘယ်လိုပဲဆက်ဆံဆက်ဆံ ပါစင်နယ် ဘ၀ကို ထည့်ပြီး ပြောစရာမလိုဘူး

သတင်းထောက်လဲလူပဲ။ ကျမဆိုလည်း ကျမလေးစား တဲ့သူတွေကို ကန်တော့မယ်။ ကျမ ဒေါ်အောင်ဆန်းစုကြည်ကိုကန်တော့ချ
င်ကန်တော့မယ် ကိုယ်ရေးတဲ့သတင်းမှာ ကာလာတွေ မပါရင်ပြီးတာပဲ။ပြည်သူအတွက် အကျိုးရှိတဲ့ သတင်းရေးနိုင်တဲ့သတင်းထောက်ဖြစ်ဖို့ပဲလိုတယ်လို့ ကျမ နှလုံးသားက ယုံကြည်တယ်။

ဝေဖန်နေတဲ့ သူတွေကရော အဲဒီနေရာမှာ ရွေးချယ်စရာမရှိရင် အဲဒီလမ်းကို ရွေးချယ်လိုက်ရမှာပါပဲ။အကြောင်း
အရင်း အမှန်ကိုမသိပဲ လူတွေကိုစော်ကားတာဟာ မဖြစ်သင့်ပါဘူး။

ကျမဆရာကပြောပါတယ်။ အဲဒီ အပြောခံရတဲ့သူတွေဖြစ်နေတာကို ကြည့်စမ်း ကိုယ်က အဲလို မဖွမိတဲ့ သူဖြစ်အောင်နေရမယ်တဲ့။ ဖွတဲ့ သူက ဖွ ခဲ့ပြီးပြီ သူ့မှာ အလွန်အ ကုသိုလ်များတယ်လို့မှတ်ပါတဲ့။

ကျမ ကကန်တော့ထဲမှာ မပါပေမယ့် ကိုယ့် လုပ်ဖော်ကိုင်ဖက်တွေအဲလိုဖြစ်ေ
နတာကို ကြည့်ပြီး စိတ်မကောင်းဘူး။

အခုပြောခံ ရတဲ့သူတွေကိုကြည့်ပါ တလျောက်လုံး သတင်းထောက်အလုပ်ကို ကြိုးစားပမ်း စားလုပ်ခဲ့ ကြတဲ့သူတွေချည်းပါပဲ။ရွေးကောက်ပ
ွဲကာလတွေ မှာ အရေးကြီးတဲ့ အဖြစ်အပျက်တွေမှာ ကြိုးစားပမ်းစား အလုပ်လုပ်ခဲ့ကြတဲ့သူတွေချည်းပါပဲ။
ဒေါက်ဖိနပ်လေးစီး ပြီးကျော့ကျော့လေးလျောက်လို့ အလုပ် လုပ် ခဲ့ တဲ့သူတစ်ယောက်မှ မပါပါဘူး။

လူတွေကိုစော်ကားမယ်ဆိုရင် လူတွေရဲ့ သမိုင်းကိုကြည့်ပါ။ တကယ်ဖြစ်ခဲ့တဲ့ ဖြစ်ရပ်ကိုကြည့်ပါ။

အဲဒီ အချိန်မှာဖြစ်သွားတဲ့ ရွေးချယ်စရာမရှိတဲ့ အခြေအနေကိုကြည့်ပါလို့ ပြောချင်ပါတယ်။

(နန်းလွင်)

No comments: