ခေတ်အဆက်ဆက်ရဲ့  DSA (Defence Services Academy) ဆောင်ပုဒ်ဖြစ်တဲ့ “နောင်တစ်ခေတ်ရဲ့  အောင်စစ်သည်” ဆိုတာ DSA ဆင်းခဲ့ကြတဲ့သူတွေ သိရှိကြပါတယ်။ ၁၉၅၄ ခုနှစ်ကနေဆိုရင် ယခု ၂၀၁၂ ခုနှစ်ထိ နှစ်ပေါင်း (၅၈) နှစ်ရှီပြီဆိုတော့ DSA ရဲ့  အစဦးပိုင်းကာလမှာ တက်ရောက်ပြီးစီးခဲ့သူတွေဆိုရင် ဗိုလ်ချူပ်အဆင့်ထက် မနိမ့် တဲ့အဆင့်ရောက်သူတွေ ရောက်နေကြပါပြီ။
DSA ရဲ့  ဆောင်ပုဒ် “နောင်တစ်ခေတ်ရဲ့  အောင်စစ်သည်” ဆိုတာ ပြည်ပရန်ကို အဓိက ကာကွယ်ပေးရမယ့် တာဝန်ကျေပွန် အောင်ပွဲဆင်မယ့် တပ်မတော် စစ်သည်တော်ကောင်းတစ်ယောက်ဖြစ်
ဗိုလ်လောင်းအမှတ် (၆၇၂) နဲ့  ၁၉၆၆ ခုနှစ်မှာ DSA အမှတ်စဉ် (၁၁) ဗိုလ်လောင်းသင်တန်းတက်ရောက်ခဲ့ ရွှေမန်းတစ်ယောက် ဗိုလ်ချူပ်ကြီး သူရ ရွှေမန်းကနေ ယခုဆိုရင် ပြည်သူလွှတ်တော် ဥက္ကဋ္ဌကြီး ရွှေမန်းဖြစ်လို့  နေပါပြီ။ အာဏာရူးကြီး သန်းရွှေရဲ့  အထူးယုံကြည်စိတ်ချခံရတဲ့သူ ရွှေမန်းဟာ DSA ဆောင်ပုဒ် “နောင်တစ်ခေတ်ရဲ့  အောင်စစ်သည်” လား “နောင်တစ်ခေတ်ရဲ့  အာဏာရှင်” လားဆိုတာ သူဖြတ်သန်းခဲ့တဲ့ (၄၆) နှစ်တာ စစ်သက်တမ်းအတွင်းမှာ မဆလ န၀တ နအဖ တစ်လျှောက်နဲ့  ယခု ဘောင်းဘီချွတ် အရပ်ဝတ်အထိ သမိုင်းအစဉ်အဆက် ဖြစ်ပျက်မှုတွေကို လေ့လာကြည့်ရှူမယ်ဆိုရင်တော့ ခွဲခြားသုံးသပ်လို့  ရမှာပါ။
ရွှေမန်း တက်ရောက်သင်ကြားခဲ့တဲ့ DSA နှစ်က ၁၉၆၆ ခုနှစ်ဖြစ်တဲ့အတွက် အစောပိုင်း ဗိုလ်သင်တန်းဆင်းတွေ ဖြစ်ပါတယ်။ DSA စစ်တက္ကသိုလ်သမိုင်း ထုတ်ဝေတဲ့ မှတ်တမ်းထဲမှာရော၊ နောက်ပိုင်းမှတ်တမ်းတွေအရရော၊ တက်ရောက်ခဲ့ဖူးကြတဲ့သူတွေအနေနဲ့ ရော DSA စစ်တက္ကသိုလ်အတွင်းမှာ “အောင်ဆန်းခန်းမ” ဆိုတာ သိကြမှာပါ။ “အောင်ဆန်းခန်းမ” လို့  အမည်ပေးသတ်မှတ်ထားတာဟာ မြန်မာပြည်လွတ်လပ်ရေး ရရှိဖို့  အသက်စွန့်  ကြိုးပမ်းဆောင်ရွက်ပေးခဲ့တဲ့ မြန်မာ့တပ်မတော် စတင်တည်ထောင်သူ တပ်မတော်ဖခင်ကြီး ဗိုလ်ချူပ်အောင်ဆန်းကို ဂုဏ်ပြုတဲ့အနေနဲ့  “အောင်ဆန်းခန်းမ” ဆိုပြီး DSA စတည်ကတည်းက ယခုလက်ရှိထိ ရှိနေဆဲ ဖြစ်ပါတယ်။ အောင်ဆန်းလမ်းစဉ်ဆိုတဲ့ တိုင်းသူပြည်သားများအပေါ် အထူးအလေးထားပြီး တိုင်းပြည်နဲ့  လူမျိုး တိုးတက်မြင့်မားဖို့ အတွက် ကိုယ်ကျိုးအခွင့်အရေး မရယူဘဲ ရိုးသားဖြောင့်မတ်စွာ ကျင့်ကြံဆောင်ရွက်ခဲ့တဲ့ ဗိုလ်ချူပ်အောင်ဆန်း စိတ်ဓါတ်နဲ့  လုပ်ဆောင်ချက်ကို အသိအမှတ်ပြု လိုက်နာဆောင်ရွက်ကြဖို့  ရည်ရွယ်ဂုဏ်ပြုခဲ့တာ ဖြစ်ပါတယ်။
DSA ဗိုလ်လောင်းဘ၀ကနေ ဗိုလ်ချူပ်ကြီးအဆင့် တစ်ဖန် ယခုလက်ရှိ ပြည်သူလွှတ်တော် ဥက္ကကြီးနေရာ ရယူထားတဲ့ ရွှေမန်းအနေနဲ့  “နောင်တစ်ခေတ်ရဲ့  အောင်စစ်သည်” အဖြစ် ထိန်းသိမ်းသလား၊ “နောင်တစ်ခေတ်ရဲ့  အာဏာရှင်” ဘဲ ဆက်ဖြစ်နေဦးမလားဆိုတာပါ။
ရွှေမန်းမှ မကပါဖူး ကာလုံလို့ ခေါ်တဲ့ မင်းအောင်လှိုင်အပါအ၀င် တပ်မတော်သားတိုင်းဟာ ဆိုတာ ပြည်ပရန်ကို အဓိက ကာကွယ်ပေးရမယ့် တာဝန်ကျေပွန် အောင်ပွဲဆင်မယ့် တပ်မတော် စစ်သည်တော်ကောင်းတစ်ယောက် (နောင်တစ်ခေတ်ရဲ့  အောင်စစ်သည်) ဖြစ်လား၊ ပြည်သူ့ အချူပ်အခြာအာဏာကို လက်နက်အားကိုးနဲ့  ကျေးဇူးရှင်မိဘပြည်သူကို ပြန်စော်ကား အနိုင်ကျင့်တဲ့ “ယခုခေတ် (သို့ ) နောင်တစ်ခေတ်ရဲ့  အာဏာရှင်” ဖြစ်နေလားဆိုတာ မိမိကိုယ်ကို မိမိပြန်လည်သုံးသပ်ကြဖို့  လိုပါတယ်။
No comments:
Post a Comment