Monday, November 19, 2012

အသက်အန္တရာယ်ထိခိုက်သည်အထိ ဖြစ်လာနိုင်သည့် ရာသီပြောင်းတုပ်ကွေး

အသက်အန္တရာယ်ထိခိုက်သည်အထိ ဖြစ်လာနိုင်သည့် ရာသီပြောင်းတုပ်ကွေး
Monday, 19 November 2012

ရာသီဥတုအပြောင်းချိန်တွင် အသက်အရွယ်အပိုင်းအခြားမရှိ တုပ်ကွေးရောဂါ လက္ခဏာများ ဖြစ်ပေါ်လျှက် ရှိခြင်းကြောင့်
ပြည်သူများအနေဖြင့် ဂရုပြုနေထိုင်သင့်ကြောင်း ဆရာဝန်များက အကြံပြုပြောကြားလိုက်သည်။


လူတုပ်ကွေးရောဂါမှာ အသက်အန္တရာယ်ဖြစ်နိုင်သည့် နမိုးနီးယားရောဂါ
အထိ ဖြစ်နိုင်ခြေရှိခြင်းကြောင့် ဂရုပြုနေထိုင်သင့်ကြောင်း ဆရာဝန်ကြီးများက
အကြံပြုကြားခြင်းဖြစ်သည်။

“ဒီရောဂါပိုးက အဆုတ်ထိရောက်သွားရင် အဆုတ်ပြွှန်ရောင်မယ်၊ နမိုးနီးယား Bneumonia ဖြစ်မယ်၊ လက္ခဏာ က ချောင်းဆိုးရင်သွေးပါမယ်၊ ရင်ဘတ်
အောင့်မယ်၊ ပေါ့ဆပြီး မကုသရင် ရောဂါပိုးက အဆုတ်က တဆင့် ဦးနှောက်ကိုရောက်သွားရင် ဦးနှောက်အမှေးရောင်ရောဂါပါ ဖြစ်နိုင်တယ်၊ အသက်အန္တရာယ်အထိ ထိခိုက်နိုင်တယ်” ဟု ဒေါက်တာအောင်ဆန်းဝင်းက
ပြောသည်။

တုပ်ကွေးရောဂါလက္ခဏာများမှာ နှာစေးခြင်းချောင်းဆိုးခြင်း၊ နှာရေယိုခြင်း၊ အာခေါင်ရင်း (မေးရိုး အောက်) Soethroate တွင် ရောင်ရမ်းခြင်း၊ ခန္တာကိုယ်နူန်းချိခြင်းများ ဖြစ်ပေါ်လေ့ရှိကြောင်း သိရသည်။

အဆိုပါလက္ခဏာများ ဖြစ်ပေါ်လာပါက ဆားရည်ဖြင့် ပလုပ်ကျင်းခြင်း၊
ရေနွေးသောက်ခြင်း၊ အောက် မေးရိုးအား ပရုတ်ဆီ လိမ်းပေးခြင်းအပြင် သင့်လျှော်သည့် ဆေးဝါးသောက်ခြင်းဖြင့် သက်သာပျောက် ကင်းနိုင်ကြောင်း သိရသည်။

"ဒီရာသီမှာရောဂါတွေက မျိုးစုံဖြစ်နေကြတယ်။ အသက်၊ ပတ်ဝန်းကျင်၊ ဘ၀နေထိုင်မူနဲ့ မျိုးရိုးဗီဇတွေ မတူညီတဲအတွက် ရောဂါဖြစ်ပွားမှုက တစ်ယောက်နဲ့ တစ်ယောက်မတူတာပဲ ရှိတယ်။ အခု တုပ်ကွေးတွေ
ဖြစ်နေကြတယ်"ဟု ဒဂုံမြို့သစ်မြောက်ပိုင်းမှ ဒေါ်စံပယ်က ပြောသည်။

ရာသီဥတုအကူးအပြောင်းတွင် အပူအအေးမမှန်သည့်အတွက် အအေးမိချောင်းဆိုးခြင်း၊ ၀မ်းသွားခြင်း၊ အဆုတ်အအေးပတ်ခြင်း၊ အကြောတက်မူးဝေခြင်း၊ အော့အန်ခြင်း၊ မျက်စိနာခြင်းနှင့် တုပ်ကွေးရောဂါ များ ခန္ဓာကိုယ်တွင်း လွယ်ကူစွာဝင်ရောက်နိုင်ကြောင်း ဆရာဝန်ကြီးများ
ပြောပြချက်အရ သိရှိရသည်။

ခန္ဓာကိုယ်တွင်း အသက်ရှုလမ်းကြောင်းမှတဆင့် ရောဂါပိုးများ
လွယ်ကူစွာဝင်ရောက် ကူးစက်နိုင်ကာ ပတ်ဝန်းကျင်မှ ကျယ်လောင်စွာ
အော်ဟစ်ခြင်း၊ နှာချေခြင်း၊ ချောင်းဆိုးနေသူတစ်ဦးတစ်ယောက်ထံမှ လည်း ရောဂါပိုး များသည် လေထုထဲသို့ လွယ်ကူစွာ ပျံနှံကူးစက်နိုင်မူ အများဆုံးဖြစ်ပေါ်နိုင်ကြောင်း သိရသည်။

အများသုံးအိမ်သာ၊ လှေကားလက်ရမ်း၊ လူအများသုံးပစ္စည်း Eutensirs၊ အများသုံး တယ်လီဖုန်း၊ အများသုံးသောက်ရေခွက်တို့မှ တဆင့်ရောဂါပိုးများ ကူးစက်တတ်ကြောင်းကိုလည်း ဂရုပြုသင့်သည် ဟု ဆရာဝန်များက ဆိုသည်။

ရာသီဥတုအပြောင်းအလဲဖြစ်ပေါ်ချိန်တွင် ရာသီဥတုနှင့် လိုက်လျှော
ညီထွေစွာ နေထိုင်ရန်၊ ခြေလက် ဆေးခြင်း အလေ့အထမှအစ
နှာချေးချောင်းဆိုးပါက လက်ကိုင်ပ၀ါအသုံးပြုရန်လိုအပ်ကြောင်း
အသုံး အဆောင်ပစ္စည်းများကို သီးသန့်ထားရှိသင့်ကြောင်း၊ တံတွေး၊ ချွဲသလိပ်များအား စွန့်ပစ်ရာတွင် စနစ်တကျစွန့်ပစ်သင့်ကြောင်း ဆရာဝန်ကြီးများက ရောဂါကာကွယ်နိုင်မူအတွက် အကြံပြုပြောကြားသည်။

သန့်ဇင်ဝင်း(မြစ်မခ)
Myit Makha Mediagroup

No comments: