Thursday, November 15, 2012

မြို့နယ်သံဃာ့နာယကအဖွဲ့မှ ဦးဉာဏောဘာသအား သတ်မှတ်ရက်အတွင်း ဘိုးဘိုးအောင်ဓမ္မရိပ်သာ(ခ)ဖူးပြည့်အောင်ကျောင်းမှ အပြီးသတ်ဖယ်ရှားထွက်ခွါသွားရန် အကြောင်းကြားစာ ပေးပို့ထားကြောင်း သိရ

 

 မကွေးတိုင်းဒေသကြီး မကွေးခရိုင်တောင်တွင်းကြီးမြို့နယ် လက်ပံရှည်ကျေးရွာ ဘိုးဘိုးအောင် ဓမ္မရိပ်သာ ဓမ္မာရုံ(ခ)ဖူးပြည့်အောင်ကျောင်းတွင် နေထိုင်သီတင်းသုံးသော ဆရာတော် ဦးဉာဏောဘာသ အား သတ်မှတ်ရက်အတွင်း ဘိုးဘိုးအောင်ဓမ္မရိပ်သာ(ခ)ဖူးပြည့်အောင်ကျောင်းမှ အပြီးသတ်ဖယ်ရှား ထွက်ခွာသွားရန် တောင်တွင်းကြီးမြို့နယ် သံဃနာယကအဖွဲ့က ၂၀၁၂ခုနှစ်၊ နိုဝင်ဘာ (၁၀)ရက်နေ့တွင် အကြောင်းကြားစာပေးပို့လိုက်ပြီဖြစ်ကြောင်းသိရသည်။ ယင်းအသိပေးစာအား မပေးပို့မှီ (၆.၁၁.၂၀၁၂)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ညှိနှိုင်းအစည်းအဝေးဆုံးဖြတ်ချက် (၁) ဦးဥာဏောဘာသ သည် ပတ်ဝန်းကျင်သံဃာတော်များနှင့် ဓမ္မသမ္ဘောဂ၊ အာမိသ သမ္ဘောဂ မရှိခြင်း၊ (၁၉.၃.၂၀၀၉) ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ၀န်ခံဂတိပြုချက်များကို ဖောက်ဖျက်ခြင်း၊ ဦးခင်ဝင်းအား (၃.၁၁.၂၀၁၂)ရက်နေ့ ထုတ်((Unity))ဂျာနယ်၌ မဟုတ်မမှန်လုပ်ကြံ၍ တိုင်ကြားခြင်း/သတင်းဖော်ပြခြင်း၊ အာဇီ၀၀ိပတ်္တိ အာစာရ၀ိပတ်္တိ အမှုများကို ပြုလုပ်ခြင်း၊ ရပ်ရွာ ဒကာ/ဒကာမများအား စိတ်ဝမ်းကွဲပြားအောင် အထင်မှားအမြင်မှားဖြစ်အောင် စည်းရုံးဟောပြောလှုံဆော်ခြင်း စသည့် ရဟန်းနှင့်မလျော်သည့် အလုပ်များ ကို ပြုလုပ်ဆောင်ရွက်နေသောကြောင့် မြို့နယ်သံဃနာယကအဖွဲ့မှ အောက်ပါအတိုင်း ညှိနှိုင်းဆုံးဖြတ်ချက် ချမှတ်လိုက်သည်။
ယင်းဆုံးဖြတ်ချက်မှာ
ဦးဥာဏောဘာသသည် ဘိုးဘိုးအောင်ဓမ္မရိပ်သာ ဓမ္မာရုံမှ အပြီးသတ်ဖယ်ရှား နှင်ထုတ်ရန် ဖယ်ရှားမှု မပြုပါက သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေလုပ်ထုံးလုပ်နည်းများဖြင့် အရေးယူဆောင်ရွက်သွားရန်  ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ အထက်အပိုဒ်(၁)ပါ ဆုံးဖြတ်ချက်အရ ဦးဉဏောဘာသအနေဖြင့် (၁၀.၁၁.၂၀၁၂)ရက်နေ့မှ (၁၆.၁၁.၂၀၁၂)ရက်နေ့အတွင်း ဘိုးဘိုးအောင်ဓမ္မရိပ်သာ ဓမ္မာရုံမှ မိမိပိုင် ပစ္စည်းများကို ယူဆောင်၍ အပြီးအပိုင်ထွက်ခွာသွားရန် ထွက်ခွါသွားခြင်းမပြုပါက သံဃာ့အဖွဲ့အစည်း ဆိုင်ရာ လုပ်ထုံးလုပ်နည်းဥပဒေအမှတ် (၂၀/၉၀) ဖြင့် အာဏာပိုင်အဖွဲ့က အာဏာစက်ဖြင့် ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် မြို့နယ် သံဃာ့နာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် ကိုယ်စား အတွင်းရေးမှူး ဘဒ္ဒန္တ ဓမ္မေသက  မှ စာအမှတ် ၀၄/မနသဃ/တတက/၂၀၁၂(သာထွေ) ၂၀၁၂ခုနှစ်၊ နိုဝင်ဘာ (၁၀)ရက်နေ့တွင် ဦးဉာဏောဘာသ  အား အကြောင်းကြားစာ ပေးပို့ပြီး သက်ဆိုင်ရာ ဥက္ကဋ္ဌဆရာတော် နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ ကမ္ဘာအေးကုန်းမြေ၊ ရန်ကုန်မြို့သို့၎င်း၊ ဥက္ကဋ္ဌဆရာတော်၊ တိုင်းဒေသကြီးသံဃနာယကအဖွဲ့၊ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့သို့၎င်း၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ သာသနာရေးဦးစီးဌာန၊ နေပြည်တော်သို့၎င်း၊ တိုင်းဒေသကြီး သာသနာရေးမှူး၊ မကွေးတိုင်းဒေသကြီးသာသနာရေးမှူးရုံး၊ မကွေးမြို့သို့၎င်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တောင်တွင်းကြီးမြို့ သို့၎င်း၊ မြို့နယ်သာသနာရေးမှူး၊ မြို့နယ်သာသနာရေးမှူးရုံး၊ တောင်တွင်းကြီးမြို့သို့ ၄င်း၊ စခန်းမှူး၊ မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့၊ တောင်တွင်းကြီးမြို့သို့၎င်း၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ လက်ပံရှည်ကျေးရွာအုပ်စု၊ တောင်တွင်းကြီးမြို့နယ်သို့၎င်း၊ ကျေးရွာသံဃာ့နာယကအဖွဲ့ (ဥက္ကဋ္ဌ)သို့ ၄င်း၊ ရုံးလက်ခံအဖြစ်၎င်း သိရှိနိုင်ရန် မိတ္တူများပေးပို့ထားကြောင်း သတင်းရရှိသည်။


ဟင်္သာ(တောင်တွင်းကြီး)

No comments: