ရွှေဘိုမြို့ အရှေ့မြောက်ဘက်ကို ဗဟိုပြုကာ ရစ်ခ်ျတာစကေး (၆ .၈)ရှိ အင်အားပြင်းငလျင်လှုပ်ခတ်၊စစ်ကိုင်း၊ မန္တလေး၊ ပြင်ဦးလွင်၊ မုံရွာ၊ မိတ္ထီလာနှင့် ရွှေဘိုမြို့အနီးတစ်ဝိုက်တွင် ငလျင်သက်ရောက်မှုရှိခဲ့
Sunday, 11 November 2012
ရွှေဘိုမြို့၏ အရှေ့မြောက်ဘက်ကို ဗဟိုပြုကာ ရစ်ခ်ျတာစကေး(၆ .၈)ရှိ
အင်အားပြင်းငလျင်တစ်ခု ယနေ့(၁၁-၁၁-၂၀၁၂)နံနက် (၇း၄၂)မိနစ်ခန့်တွင်
လှုပ်ခတ်ခဲ့ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီး
ဌာနမှ
ပြောကြားချက်အရ သိရသည်။ အဆိုပါ အင်အားပြင်းငလျင်ကြောင့် စစ်ကိုင်း၊ မန္တလေး၊ ပြင်ဦးလွင်၊ မုံရွာ၊ မိတ္ထီလာနှင့် ရွှေဘိုမြို့အနီး
တစ်ဝိုက်တွင် ငလျင်သက်ရောက်မှုရှိခဲ့ပြီး ဒေသအချို့တွင် ထိခိုက်ပျက်စီးမှု
အချို့ရှိခဲ့ကြောင်း သတင်းရရှိပါသည်။
'ရွှေဘိုမြို့ရဲ့ အရှေ့မြောက်ဘက် မိုင်(၃၀)၀န်းကျင်လောက်ကို ဗဟိုပြု
တယ်လို့သိရပါတယ်။ စဥ့်ကူးနဲ့ သပိတ်ကျင်းမြို့အကြား ပတ်ဝန်းကျင်ကို
လေ့လာကြည့်တဲ့အခါ ၁၉၅၆မှာ စစ်ကိုင်းငလျင်က အင်အား(၇)ရှိတယ်။ ၁၉၉၁
တကောင်းမှာလည်း အင်အား(၇)ငလျင် ထပ်လှုပ်တယ်။ အဲဒီ ငလျင်တွေနောက်ပိုင်း
ဒီငလျင်က အင်အားအပြင်းဆုံးလို့ပြောလို့ရတယ်။ အင်အားအသင့်တင့် ငလျင်တွေ လှုပ်ခတ်ခဲ့တာရှိပေမယ့် ၁၉၉၁
ခုနှစ်နောက်ပိုင်းမှာ ဒီငလျင်က အမြင့်ဆုံး ပမာဏဖြစ်နိုင်တယ်။
စစ်ကိုင်းပြတ်ရွေ့မှာ အပိုင်းလိုက်ငလျင်ကြီးတွေ လှုပ်သွားတာရှိတယ်။
အခုလှုပ်ခတ်မှုက ရှေ့ပြေး လှုပ်ခတ်မှုလို့ပြောလို့ရတယ်။ သမိုင်းအထောက်
အထားအရတော့ ကြီးမားတဲ့ ငလျင်တွေမလာခင် ဒီလိုငလျင်မျိုးတွေ လှုပ်တတ်တဲ့အတွက်
သတိပြုဖို့ တော့လိုတယ်'ဟု မြန်မာနိုင်ငံ ငလျင်ကော်မတီအတွင်းရေးမှူး
ဦးစိုးသူရထွန်းက ပြောကြားခဲ့သည်။
လတ်တလောရရှိသောသတင်းများအရ ငလျင်ကြောင့်ထိခိုက်ပျက်စီး
မှုဖြစ်ပွားမှုသည် ရွှေဘိုဝန်းကျင်တွင် ပိုမိုများပြားကြောင်း သိရှိရပါသည်။ ငလျင်ကြောင့် ရွှေဘိုမြို့၊ ကျောက်မြောင်းမြို့နယ်ခွဲရှိ ဆောက်လုပ်ဆဲ ရတနာသိင်္ဃတံတား(ဧရာဝတီမြစ်ကူးတံတား)ပြိုကျခဲ့ရာ အလုပ်သမား
(၄)ဦး သေဆုံးပြီး (၂၅)ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Eleven Media Group ရွှေဘိုသတင်းထောက်၏ သတင်းပေးပို့မှုအရ သိရှိရပါသည်။ ထို့အပြင် ကျောက်မြောင်းမြို့နယ်ခွဲရှိ ဘုန်းကြီးကျောင်းနှစ်ကျောင်း ပြိုကျမှုဖြစ်ပွားခဲ့ပြီး (၂)ဦးသေဆုံးကာ နွယ်ငြိမ်းမြို့နယ်ရှိ အိုးဖုတ်ဖို
အချို့လည်း ပျက်စီးဆုံးရှုံးမှုများဖြစ်ေ ပ်ါခဲ့ကြောင်း သိရှိရသည်။ ရွှေဘိုမြို့ရှိ
ရွှေချက်သိုဘုရားမှ ကြာမောက်ကြာလန်များ ငလျင်ဒဏ်ကြောင့် ကွာကျခဲ့သည်။
ယခုလှုပ်ခတ်ခဲ့သောငလျင်ကြောင့် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်
တောင်ပြင်ထီးလင်းတိုက် မြတ်ညီနောင်တိုက်ဦးစေတီမှ စိန်ဖူးတော်
မြေခခဲ့ကြောင်း သိရှိရပါသည်။ မဟာမုနိဘုရားကြီးရှိ နာရီစင်ထီးတော်
တိမ်းစောင်းသွားခဲ့ပြီး ရှင်မာလဲဘုရားဓမ္မာရုံရှိ အင်္ဂတေပန်းချပ်အချို့
ပျက်စီးခဲ့ကြောင်းသိရသည်။ 'မီးချောင်းတွေ၊ ပန်ကာတွေ၊ ဗီဒိုတွေလှုပ်
ခဲ့တယ်။ မတ်တပ်ရပ်တဲ့အခါမှာ ရပ်လို့မရအောင်လှုပ်တာကို ခံစားရတယ်။
မြို့ထဲမှာရှိတဲ့ အတော်များများကတော့ အိမ်အပြင်ပြေးထွက်ကြတယ်။ အခုတော့
နောက်ဆက်တွဲလှုပ်မယ်ဆိုပြီး ပြောနေလို့ စိုးရိမ်နေရတယ်'ဟု မန္တလေး
မြို့ခံတစ်ဦးက ပြောပြပါသည်။
စစ်ကိုင်းမြို့တွင်လည်း ငလျင်ကြောင့် အိမ်နံရံကွဲအက်မှု၊ အုတ်အချပ်လိုက် ကွာကျမှုအချို့ဖြစ်ပေါ်ခဲ့ပြီး ဆင်များရှင်ဘုရား စိန်ဖူးတော်နှင့် အရန်
စိန်ဖူးတော်(၄)လုံး မြေခခဲ့ကြောင်း သိရသည်။ 'ဒီမနက်ငလျင်ကြောင့် ဆင်များရှင်ဘုရားမှာရှိတဲ့ (၈)လက်မအရွယ် စိန်ဖူးတော်နဲ့ (၃)လက်မ
အရွယ် အရန်စိန်ဖူးတော်တွေ မြေခခဲ့ပါတယ်'ဟု ဆင်များရှင်ဘုရား ဂေါပက
အဖွဲ့ဝင်တစ်ဦးက ပြောပါသည်။
မိတ္ထီလာမြို့တွင် စက္ကန့်အနည်းငယ်ကြာ ငလျင်လှုပ်ခတ်မှုဖြစ်ပွားခြဲ့ ပီး ထိခိုက်သေဆုံးမှုများမရှိကြောင်း
သိရသည်။ 'ကျွန်တော်တို့ မိတ္ထီလာ၊ မလှိုင်၊ ၀မ်းတွင်း၊ သာစည်
(၄)မြို့နယ်လုံးမှာ ငလျင်လှုပ်ပါတယ်။ သိသာရုံပါပဲ။ အခုထိ
ထိခိုက်သေဆုံးမှုမရှိပါဘူး။ မြို့နယ်စခန်းအားလုံးကို
မေးပြီးပါ ပြီ'ဟု မိတ္ထီလာခရိုင် မီးသတ်ဦးစီးမှူး ဦးကျော်ဆန်းက ပြောပြပါ
သည်။ 'မနက်က ငလျင်လှုပ်တာကိုသိလိုက်တယ်။ အိမ်ကမှန်တွေ မီးချောင်းတွေ
ရမ်းနေတယ်။ စက္ကန့်ပိုင်းလောက်ပါပဲ'ဟု မိတ္ထီလာမြို့မှ မသီသီအောင်ကပြောပါသည်။
ထပ်မံသိရှိရသော သတင်းများအရ ငလျင်ကြောင့် ထိခိုက်ပျက်စီးမှု
များသော စဥ့်ကူးမြို့သို့ မန္တလေးတိုင်း မီးသတ်ဦးစီးဌာနနှင့် မန္တလေးမြို့ရှိ လူမှုရေးအသင်းအဖွဲ့အချို့မှ သွားရောက်ကူညီမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
ယနေ့လှုပ်ခတ်ခဲ့သော ငလျင်သည် ၂၀၁၂ခုနှစ်အတွင်း (၁၄)ကြိမ်မြောက်
လှုပ်ခတ်ခဲ့သည့် ငလျင်ဖြစ်ပြီး အင်အား(၅ အထက်) ငလျင်(၃)ကြိမ် လှုပ်ခတ်ထားကာ
၂၀၁၂ခုနှစ် ဇူလိုင်လ(၂၇)ရက်နေ့က ဟားခါးမြို့၏ အရှေ့တောင်ဘက်(၁၄)မိုင်ခန့် အကွာတွင် အင်အားရစ်ခ်ျတာစကေး
(၅ .၈) ဖြင့် လှုပ်ခတ်ထားသည်။
အသေးစိတ်အချက်အလက်များ သိရှိရပါက ဆက်လက်ဖော်ပြပေး
သွားပါမည်။
eleven media group

Sunday, 11 November 2012
ရွှေဘိုမြို့၏ အရှေ့မြောက်ဘက်ကို ဗဟိုပြုကာ ရစ်ခ်ျတာစကေး(၆ .၈)ရှိ အင်အားပြင်းငလျင်တစ်ခု ယနေ့(၁၁-၁၁-၂၀၁၂)နံနက် (၇း၄၂)မိနစ်ခန့်တွင် လှုပ်ခတ်ခဲ့ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီး
ဌာနမှ
ပြောကြားချက်အရ သိရသည်။ အဆိုပါ အင်အားပြင်းငလျင်ကြောင့် စစ်ကိုင်း၊ မန္တလေး၊ ပြင်ဦးလွင်၊ မုံရွာ၊ မိတ္ထီလာနှင့် ရွှေဘိုမြို့အနီး
တစ်ဝိုက်တွင် ငလျင်သက်ရောက်မှုရှိခဲ့ပြီး ဒေသအချို့တွင် ထိခိုက်ပျက်စီးမှု
အချို့ရှိခဲ့ကြောင်း သတင်းရရှိပါသည်။
'ရွှေဘိုမြို့ရဲ့ အရှေ့မြောက်ဘက် မိုင်(၃၀)၀န်းကျင်လောက်ကို ဗဟိုပြု
တယ်လို့သိရပါတယ်။ စဥ့်ကူးနဲ့ သပိတ်ကျင်းမြို့အကြား ပတ်ဝန်းကျင်ကို
လေ့လာကြည့်တဲ့အခါ ၁၉၅၆မှာ စစ်ကိုင်းငလျင်က အင်အား(၇)ရှိတယ်။ ၁၉၉၁ တကောင်းမှာလည်း အင်အား(၇)ငလျင် ထပ်လှုပ်တယ်။ အဲဒီ ငလျင်တွေနောက်ပိုင်း ဒီငလျင်က အင်အားအပြင်းဆုံးလို့ပြောလို့ရတယ်။ အင်အားအသင့်တင့် ငလျင်တွေ လှုပ်ခတ်ခဲ့တာရှိပေမယ့် ၁၉၉၁
ခုနှစ်နောက်ပိုင်းမှာ ဒီငလျင်က အမြင့်ဆုံး ပမာဏဖြစ်နိုင်တယ်။ စစ်ကိုင်းပြတ်ရွေ့မှာ အပိုင်းလိုက်ငလျင်ကြီးတွေ လှုပ်သွားတာရှိတယ်။ အခုလှုပ်ခတ်မှုက ရှေ့ပြေး လှုပ်ခတ်မှုလို့ပြောလို့ရတယ်။ သမိုင်းအထောက်
အထားအရတော့ ကြီးမားတဲ့ ငလျင်တွေမလာခင် ဒီလိုငလျင်မျိုးတွေ လှုပ်တတ်တဲ့အတွက် သတိပြုဖို့ တော့လိုတယ်'ဟု မြန်မာနိုင်ငံ ငလျင်ကော်မတီအတွင်းရေးမှူး ဦးစိုးသူရထွန်းက ပြောကြားခဲ့သည်။
လတ်တလောရရှိသောသတင်းများအရ ငလျင်ကြောင့်ထိခိုက်ပျက်စီး
မှုဖြစ်ပွားမှုသည် ရွှေဘိုဝန်းကျင်တွင် ပိုမိုများပြားကြောင်း သိရှိရပါသည်။ ငလျင်ကြောင့် ရွှေဘိုမြို့၊ ကျောက်မြောင်းမြို့နယ်ခွဲရှိ ဆောက်လုပ်ဆဲ ရတနာသိင်္ဃတံတား(ဧရာဝတီမြစ်ကူးတံတား)ပြိုကျခဲ့ရာ အလုပ်သမား
(၄)ဦး သေဆုံးပြီး (၂၅)ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Eleven Media Group ရွှေဘိုသတင်းထောက်၏ သတင်းပေးပို့မှုအရ သိရှိရပါသည်။ ထို့အပြင် ကျောက်မြောင်းမြို့နယ်ခွဲရှိ ဘုန်းကြီးကျောင်းနှစ်ကျောင်း ပြိုကျမှုဖြစ်ပွားခဲ့ပြီး (၂)ဦးသေဆုံးကာ နွယ်ငြိမ်းမြို့နယ်ရှိ အိုးဖုတ်ဖို
အချို့လည်း ပျက်စီးဆုံးရှုံးမှုများဖြစ်ေ ပ်ါခဲ့ကြောင်း သိရှိရသည်။ ရွှေဘိုမြို့ရှိ
ရွှေချက်သိုဘုရားမှ ကြာမောက်ကြာလန်များ ငလျင်ဒဏ်ကြောင့် ကွာကျခဲ့သည်။
ယခုလှုပ်ခတ်ခဲ့သောငလျင်ကြောင့် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်
တောင်ပြင်ထီးလင်းတိုက် မြတ်ညီနောင်တိုက်ဦးစေတီမှ စိန်ဖူးတော်
မြေခခဲ့ကြောင်း သိရှိရပါသည်။ မဟာမုနိဘုရားကြီးရှိ နာရီစင်ထီးတော်
တိမ်းစောင်းသွားခဲ့ပြီး ရှင်မာလဲဘုရားဓမ္မာရုံရှိ အင်္ဂတေပန်းချပ်အချို့ ပျက်စီးခဲ့ကြောင်းသိရသည်။ 'မီးချောင်းတွေ၊ ပန်ကာတွေ၊ ဗီဒိုတွေလှုပ်
ခဲ့တယ်။ မတ်တပ်ရပ်တဲ့အခါမှာ ရပ်လို့မရအောင်လှုပ်တာကို ခံစားရတယ်။ မြို့ထဲမှာရှိတဲ့ အတော်များများကတော့ အိမ်အပြင်ပြေးထွက်ကြတယ်။ အခုတော့ နောက်ဆက်တွဲလှုပ်မယ်ဆိုပြီး ပြောနေလို့ စိုးရိမ်နေရတယ်'ဟု မန္တလေး မြို့ခံတစ်ဦးက ပြောပြပါသည်။
စစ်ကိုင်းမြို့တွင်လည်း ငလျင်ကြောင့် အိမ်နံရံကွဲအက်မှု၊ အုတ်အချပ်လိုက် ကွာကျမှုအချို့ဖြစ်ပေါ်ခဲ့ပြီး ဆင်များရှင်ဘုရား စိန်ဖူးတော်နှင့် အရန်
စိန်ဖူးတော်(၄)လုံး မြေခခဲ့ကြောင်း သိရသည်။ 'ဒီမနက်ငလျင်ကြောင့် ဆင်များရှင်ဘုရားမှာရှိတဲ့ (၈)လက်မအရွယ် စိန်ဖူးတော်နဲ့ (၃)လက်မ
အရွယ် အရန်စိန်ဖူးတော်တွေ မြေခခဲ့ပါတယ်'ဟု ဆင်များရှင်ဘုရား ဂေါပက
အဖွဲ့ဝင်တစ်ဦးက ပြောပါသည်။
မိတ္ထီလာမြို့တွင် စက္ကန့်အနည်းငယ်ကြာ ငလျင်လှုပ်ခတ်မှုဖြစ်ပွားခြဲ့ ပီး ထိခိုက်သေဆုံးမှုများမရှိကြောင်း
သိရသည်။ 'ကျွန်တော်တို့ မိတ္ထီလာ၊ မလှိုင်၊ ၀မ်းတွင်း၊ သာစည်
(၄)မြို့နယ်လုံးမှာ ငလျင်လှုပ်ပါတယ်။ သိသာရုံပါပဲ။ အခုထိ
ထိခိုက်သေဆုံးမှုမရှိပါဘူး။ မြို့နယ်စခန်းအားလုံးကို
မေးပြီးပါ ပြီ'ဟု မိတ္ထီလာခရိုင် မီးသတ်ဦးစီးမှူး ဦးကျော်ဆန်းက ပြောပြပါ
သည်။ 'မနက်က ငလျင်လှုပ်တာကိုသိလိုက်တယ်။ အိမ်ကမှန်တွေ မီးချောင်းတွေ ရမ်းနေတယ်။ စက္ကန့်ပိုင်းလောက်ပါပဲ'ဟု မိတ္ထီလာမြို့မှ မသီသီအောင်ကပြောပါသည်။
ထပ်မံသိရှိရသော သတင်းများအရ ငလျင်ကြောင့် ထိခိုက်ပျက်စီးမှု
များသော စဥ့်ကူးမြို့သို့ မန္တလေးတိုင်း မီးသတ်ဦးစီးဌာနနှင့် မန္တလေးမြို့ရှိ လူမှုရေးအသင်းအဖွဲ့အချို့မှ သွားရောက်ကူညီမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
ယနေ့လှုပ်ခတ်ခဲ့သော ငလျင်သည် ၂၀၁၂ခုနှစ်အတွင်း (၁၄)ကြိမ်မြောက်
လှုပ်ခတ်ခဲ့သည့် ငလျင်ဖြစ်ပြီး အင်အား(၅ အထက်) ငလျင်(၃)ကြိမ် လှုပ်ခတ်ထားကာ ၂၀၁၂ခုနှစ် ဇူလိုင်လ(၂၇)ရက်နေ့က ဟားခါးမြို့၏ အရှေ့တောင်ဘက်(၁၄)မိုင်ခန့် အကွာတွင် အင်အားရစ်ခ်ျတာစကေး
(၅ .၈) ဖြင့် လှုပ်ခတ်ထားသည်။
အသေးစိတ်အချက်အလက်များ သိရှိရပါက ဆက်လက်ဖော်ပြပေး
သွားပါမည်။
eleven media group
ပြောကြားချက်အရ သိရသည်။ အဆိုပါ အင်အားပြင်းငလျင်ကြောင့် စစ်ကိုင်း၊ မန္တလေး၊ ပြင်ဦးလွင်၊ မုံရွာ၊ မိတ္ထီလာနှင့် ရွှေဘိုမြို့အနီး
တစ်ဝိုက်တွင် ငလျင်သက်ရောက်မှုရှိခဲ့ပြီး ဒေသအချို့တွင် ထိခိုက်ပျက်စီးမှု
အချို့ရှိခဲ့ကြောင်း သတင်းရရှိပါသည်။
'ရွှေဘိုမြို့ရဲ့ အရှေ့မြောက်ဘက် မိုင်(၃၀)၀န်းကျင်လောက်ကို ဗဟိုပြု
တယ်လို့သိရပါတယ်။ စဥ့်ကူးနဲ့ သပိတ်ကျင်းမြို့အကြား ပတ်ဝန်းကျင်ကို
လေ့လာကြည့်တဲ့အခါ ၁၉၅၆မှာ စစ်ကိုင်းငလျင်က အင်အား(၇)ရှိတယ်။ ၁၉၉၁ တကောင်းမှာလည်း အင်အား(၇)ငလျင် ထပ်လှုပ်တယ်။ အဲဒီ ငလျင်တွေနောက်ပိုင်း ဒီငလျင်က အင်အားအပြင်းဆုံးလို့ပြောလိ
ခုနှစ်နောက်ပိုင်းမှာ ဒီငလျင်က အမြင့်ဆုံး ပမာဏဖြစ်နိုင်တယ်။ စစ်ကိုင်းပြတ်ရွေ့မှာ အပိုင်းလိုက်ငလျင်ကြီးတွေ လှုပ်သွားတာရှိတယ်။ အခုလှုပ်ခတ်မှုက ရှေ့ပြေး လှုပ်ခတ်မှုလို့ပြောလို့ရတယ်။
အထားအရတော့ ကြီးမားတဲ့ ငလျင်တွေမလာခင် ဒီလိုငလျင်မျိုးတွေ လှုပ်တတ်တဲ့အတွက် သတိပြုဖို့ တော့လိုတယ်'ဟု မြန်မာနိုင်ငံ ငလျင်ကော်မတီအတွင်းရေးမှူး ဦးစိုးသူရထွန်းက ပြောကြားခဲ့သည်။
လတ်တလောရရှိသောသတင်းများအရ ငလျင်ကြောင့်ထိခိုက်ပျက်စီး
မှုဖြစ်ပွားမှုသည် ရွှေဘိုဝန်းကျင်တွင် ပိုမိုများပြားကြောင်း သိရှိရပါသည်။ ငလျင်ကြောင့် ရွှေဘိုမြို့၊ ကျောက်မြောင်းမြို့နယ်ခွဲရှ
(၄)ဦး သေဆုံးပြီး (၂၅)ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း
အချို့လည်း ပျက်စီးဆုံးရှုံးမှုများဖြစ်ေ
ရွှေချက်သိုဘုရားမှ ကြာမောက်ကြာလန်များ ငလျင်ဒဏ်ကြောင့် ကွာကျခဲ့သည်။
ယခုလှုပ်ခတ်ခဲ့သောငလျင်ကြောင
တောင်ပြင်ထီးလင်းတိုက် မြတ်ညီနောင်တိုက်ဦးစေတီမှ စိန်ဖူးတော်
မြေခခဲ့ကြောင်း သိရှိရပါသည်။ မဟာမုနိဘုရားကြီးရှိ နာရီစင်ထီးတော်
တိမ်းစောင်းသွားခဲ့ပြီး ရှင်မာလဲဘုရားဓမ္မာရုံရှိ အင်္ဂတေပန်းချပ်အချို့ ပျက်စီးခဲ့ကြောင်းသိရသည်။ 'မီးချောင်းတွေ၊ ပန်ကာတွေ၊ ဗီဒိုတွေလှုပ်
ခဲ့တယ်။ မတ်တပ်ရပ်တဲ့အခါမှာ ရပ်လို့မရအောင်လှုပ်တာကို ခံစားရတယ်။ မြို့ထဲမှာရှိတဲ့ အတော်များများကတော့ အိမ်အပြင်ပြေးထွက်ကြတယ်။ အခုတော့ နောက်ဆက်တွဲလှုပ်မယ်ဆိုပြီး ပြောနေလို့ စိုးရိမ်နေရတယ်'ဟု မန္တလေး မြို့ခံတစ်ဦးက ပြောပြပါသည်။
စစ်ကိုင်းမြို့တွင်လည်း ငလျင်ကြောင့် အိမ်နံရံကွဲအက်မှု၊ အုတ်အချပ်လိုက် ကွာကျမှုအချို့ဖြစ်ပေါ်ခဲ့ပြီ
စိန်ဖူးတော်(၄)လုံး မြေခခဲ့ကြောင်း သိရသည်။ 'ဒီမနက်ငလျင်ကြောင့် ဆင်များရှင်ဘုရားမှာရှိတဲ့ (၈)လက်မအရွယ် စိန်ဖူးတော်နဲ့ (၃)လက်မ
အရွယ် အရန်စိန်ဖူးတော်တွေ မြေခခဲ့ပါတယ်'ဟု ဆင်များရှင်ဘုရား ဂေါပက
အဖွဲ့ဝင်တစ်ဦးက ပြောပါသည်။
မိတ္ထီလာမြို့တွင် စက္ကန့်အနည်းငယ်ကြာ ငလျင်လှုပ်ခတ်မှုဖြစ်ပွားခြဲ့
မေးပြီးပါ ပြီ'ဟု မိတ္ထီလာခရိုင် မီးသတ်ဦးစီးမှူး ဦးကျော်ဆန်းက ပြောပြပါ
သည်။ 'မနက်က ငလျင်လှုပ်တာကိုသိလိုက်တယ်။ အိမ်ကမှန်တွေ မီးချောင်းတွေ ရမ်းနေတယ်။ စက္ကန့်ပိုင်းလောက်ပါပဲ'ဟု မိတ္ထီလာမြို့မှ မသီသီအောင်ကပြောပါသည်။
ထပ်မံသိရှိရသော သတင်းများအရ ငလျင်ကြောင့် ထိခိုက်ပျက်စီးမှု
များသော စဥ့်ကူးမြို့သို့ မန္တလေးတိုင်း မီးသတ်ဦးစီးဌာနနှင့် မန္တလေးမြို့ရှိ လူမှုရေးအသင်းအဖွဲ့အချို့မှ သွားရောက်ကူညီမည်ဖြစ်ကြောင်
ယနေ့လှုပ်ခတ်ခဲ့သော ငလျင်သည် ၂၀၁၂ခုနှစ်အတွင်း (၁၄)ကြိမ်မြောက်
လှုပ်ခတ်ခဲ့သည့် ငလျင်ဖြစ်ပြီး အင်အား(၅ အထက်) ငလျင်(၃)ကြိမ် လှုပ်ခတ်ထားကာ ၂၀၁၂ခုနှစ် ဇူလိုင်လ(၂၇)ရက်နေ့က ဟားခါးမြို့၏ အရှေ့တောင်ဘက်(၁၄)မိုင်ခန့်
(၅ .၈) ဖြင့် လှုပ်ခတ်ထားသည်။
အသေးစိတ်အချက်အလက်များ သိရှိရပါက ဆက်လက်ဖော်ပြပေး
သွားပါမည်။
eleven media group
ငလျင်ကြောင့် ရွှေတွင်း ပြိုကျပြီး ၁၁ ဦးပိတ်မိ
.............................. .............................. ...........................
ရန်ကုန်၊ နိုဝင်ဘာ ၁၁
ယနေ့ နံနက်ပိုင်းက လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် စဉ့်ကူးမြို့နယ်
ကန်တောင်ကျေးရွာအနီးရှိ ရွှေတွင်းတစ်ခု ပြိုကျပြီး ရွှေလုပ်သား ၁၁ ဦး
ပိတ်မိနေကြောင်း ဒေသခံ တစ်ဦးက The Voice Weekly သို့ ဆက်သွယ် ပြောကြားသည်။
“ခုတောင် ငလျင်က ပြန်လှုပ်နေတယ်” ဟု ၄င်း က နေ့လည် ၁၂နာရီ ၁၅မိနစ် တွင် ပြောကြားသည်။
ရွှေတွင်းထဲတွင် ပိတ်မိနေသော ရွှေလုပ်သား ၁၁ဦးကို ဖော်ထုတ်ရန် ကြိုးစားနေဆဲဖြစ်ပြီး အခြေနေ အသေးစိတ်ကို မသိရှိရသေးကြောင်း
၎င်းက ဆက်လက်ပြောကြားသည်။
ငလျင်ကြောင့် ရွှေတွင်း ပြိုကျပြီး ၁၁ ဦးပိတ်မိ
.............................. .............................. ...........................
ရန်ကုန်၊ နိုဝင်ဘာ ၁၁
ယနေ့ နံနက်ပိုင်းက လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် စဉ့်ကူးမြို့နယ် ကန်တောင်ကျေးရွာအနီးရှိ ရွှေတွင်းတစ်ခု ပြိုကျပြီး ရွှေလုပ်သား ၁၁ ဦး ပိတ်မိနေကြောင်း ဒေသခံ တစ်ဦးက The Voice Weekly သို့ ဆက်သွယ် ပြောကြားသည်။
“ခုတောင် ငလျင်က ပြန်လှုပ်နေတယ်” ဟု ၄င်း က နေ့လည် ၁၂နာရီ ၁၅မိနစ် တွင် ပြောကြားသည်။
ရွှေတွင်းထဲတွင် ပိတ်မိနေသော ရွှေလုပ်သား ၁၁ဦးကို ဖော်ထုတ်ရန် ကြိုးစားနေဆဲဖြစ်ပြီး အခြေနေ အသေးစိတ်ကို မသိရှိရသေးကြောင်း
၎င်းက ဆက်လက်ပြောကြားသည်။
..............................

No comments:
Post a Comment