ကျိုက်ထီးရိုးကိစ္စ မွန်ပြည်နယ်ကို ထိခိုက်စေဟု မင်းကိုနိုင်ပြော"မတရားတာလုပ်ရင်
ဘယ်အဖွဲ့ အစည်း၊ ဘယ်ခေါင်းစဉ်ကိုမှ မျက်နှာငဲ့စရာမလိုပါဘူး၊ ကျွန်တော်
ကိုယ်တိုင် ဥပဒေရဲ့ အဆုံးအမ အပြစ်ပေးမှုကို ခံယူပါမယ်၊အခု ဖြစ်နေတာက
ကျိုက်ထိုလို့သာ ပြောတာ မွန်ပြည်နယ် တစ်ခုလုံးရဲ့ ပုံရိပ် ကမ္ဘာ့ခရီးသွား
လုပ်ငန်းရော၊ တစ်ပြည်လုံး ဝင်လာတဲ့ ဘုရားဖူး တွေကိုရော ထိခိုက်ပါတယ်၊ မွန်
ပြည်နယ်ရဲ့ ပုံရိပ်ကို ထိခိုက်တဲ့ကိစ္စက လုံးဝလက်ခံလို့ မရပါဘူး" ဟု ၄င်းက
ဆိုသည်။ ၈၈ မျိုးဆက်ကျောင်းသား များ၏ မွန်ပြည်နယ်သို့ သွားရောက် မည့်
ပွင့်လင်း လူ့အဖွဲ့အစည်း ခရီးစဉ် တွင် ကျိုက်ထိုမြို့အနီး ဘဲလေး
စားသောက်ဆိုင်၌ ကျိုက်ထီးရိုး တောင်ပေါ် ဈေးသူ၊ ဈေးသားများ နှင့် နိုဝင်ဘာ ၉
ရက်နေ့က အချိန် ၁၅ မိနစ်ခန့် တွေ့ဆုံခဲ့သည်။
"အခု မိုးတွင်းကမှ
၈၈ မျိုး ဆက်ကျောင်းသား ကိုဝင်းရွှေဆိုတဲ့ သူလာပြီးတော့ တောင်ပေါ်မှာ လာ
စည်းရုံးတယ်၊ မြောက်ဥက္ကလာပ လေဘာမြင့်စိုး ရောက်လာပြီး ဆင်းရဲသား
ပပျောက်ရေး၊ ဒေသဖွံ့ ဖြိုးရေးဆိုပြီး ဒီမှာရောင်းချင်တာ ရောင်း ဂေါပက
ဆီက
တောင်းပေး မယ်၊ ပြည်နယ်ဆီက တောင်းပေး မယ်ဆိုပြီးဝင်ရှုပ်တယ်" ဟု ကျိုက်
ထီးရိုး တောင်ပေါ်ဈေးသည် တစ်ဦး က ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်း အား ရှင်းပြသည်။
၈၈ အမည်ခံ ၄င်းအဖွဲ့များ သည် ပါတီဝင်ကြေး ၃၀ဝ ကျပ်၊ လစဉ်ကြေး တစ်ထောင်ကျပ်
ကောက်ယူကြောင်း၊ ကျိုက်ထီးရိုး စေတီအနီး တစ်ဝိုက်ရှိ သစ်ပင် သစ်တောများကို
ခုတ်ချင်သလို ခုတ်ယူလျက်ရှိကြောင်း၊ သစ်တော ဌာနသို့ တိုင်သော်လည်း ထိထိ
ရောက်ရောက် အရေးယူပေးခြင်း မရှိကြောင်း ဒေသခံများက ပြော ဆိုသည်။
"ကျွန်တော်တို့ကလည်း ၈၈ ကျောင်းသားဆိုတော့ ကိုမင်းကိုနိုင်
တို့လို့ပဲထင်ပါတယ်၊ နောက်ပိုင်းမှ မဟုတ်မှန်း သိလာတယ်၊ မြို့နယ်
အာဏာပိုင်အဖွဲ့အစည်းတွေကို တင်ပြတယ်၊ ဘာမှ ဆောင်ရွက် မပေးတော့ မခံနိုင်လို့
အခုလိုတင်ပြ လာပါ" ဟု ဈေးသည်တစ်ဦးက ဆိုသည်။ "၈၈အမည်ပဲခံခံ၊ ၉၉ အမည်ပဲ ခံခံ
မဟုတ်မမှန်လုပ်ရင် ဘာမှ ငြိမ်ခံ စရာအကြောင်း မရှိဘူး၊ နိုင်ငံရေး
ပါတီတစ်ခု ဖြစ်ရင်လည်း ဥပဒေရဲ့ အထက်မှာ မရှိပါဘူး၊ သူ့ကို ဆက်လုပ်လာရင်
ဥပဒေကြောင်း အရ ရင်ဆိုင်လို့ရပါတယ" ဟု ၈၈ မျိုးဆက် ကျောင်းသားခေါင်း ဆောင်
တစ်ဦးဖြစ်သူ ကိုမင်းဇေယျာ က ပြောသည်။ "အမှန်တရားဘက်က ရပ် တယ်ဆိုတဲ့မူ
ကျွန်တော်တို့မှာ ရှိ တယ်၊ ဒီကိစ္စကို ဆက်ပြီးတော့ ဖော်ထုတ်မယ်၊ အမှန်တိုင်း
ဖြစ်စေ ရမယ်" ဟု ၈၈ မျိုးဆက်ကျောင်း သား ကိုဂျင်မီက ကတိပြုသည်။ ၈၈
မျိုးဆက်ကျောင်းသား များအဖွဲ့၏ ဝင်ရောက်ဆောင် ရွက်မှုကြောင့်
ဘုရားရင်ပြင်အလုပ် သမားများဘဝတိုးတက်ပြောင်းလဲ လာခြင်း၊ အခွင့်အရေးများ
ရရှိ အောင် လုပ်ဆောင်ပေးခဲ့ကြောင်း ၈၈ မျိုးဆက်ကျောင်းသားများ၊
(ပြည်ထောင်စု မြန်မာနိုင်ငံ) ဥက္ကဋ္ဌ ဦးရဲထွန်းက နိုဝင်ဘာလ ၅ ရက် နေ့တွင်
ပြောကြားထားသည်။
ထက်နိုင်ဇော်
14 November 2012 |
By Venus News Journal
ကျိုက်ထီးရိုးကိစ္စ မွန်ပြည်နယ်ကို ထိခိုက်စေဟု မင်းကိုနိုင်ပြော"မတရားတာလုပ်ရင
"အခု မိုးတွင်းကမှ ၈၈ မျိုး ဆက်ကျောင်းသား ကိုဝင်းရွှေဆိုတဲ့ သူလာပြီးတော့ တောင်ပေါ်မှာ လာ စည်းရုံးတယ်၊ မြောက်ဥက္ကလာပ လေဘာမြင့်စိုး ရောက်လာပြီး ဆင်းရဲသား ပပျောက်ရေး၊ ဒေသဖွံ့ ဖြိုးရေးဆိုပြီး ဒီမှာရောင်းချင်တာ ရောင်း ဂေါပက
ဆီက
တောင်းပေး မယ်၊ ပြည်နယ်ဆီက တောင်းပေး မယ်ဆိုပြီးဝင်ရှုပ်တယ်" ဟု ကျိုက်
ထီးရိုး တောင်ပေါ်ဈေးသည် တစ်ဦး က ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်း အား ရှင်းပြသည်။
၈၈ အမည်ခံ ၄င်းအဖွဲ့များ သည် ပါတီဝင်ကြေး ၃၀ဝ ကျပ်၊ လစဉ်ကြေး တစ်ထောင်ကျပ်
ကောက်ယူကြောင်း၊ ကျိုက်ထီးရိုး စေတီအနီး တစ်ဝိုက်ရှိ သစ်ပင် သစ်တောများကို
ခုတ်ချင်သလို ခုတ်ယူလျက်ရှိကြောင်း၊ သစ်တော ဌာနသို့ တိုင်သော်လည်း ထိထိ
ရောက်ရောက် အရေးယူပေးခြင်း မရှိကြောင်း ဒေသခံများက ပြော ဆိုသည်။
"ကျွန်တော်တို့ကလည်း ၈၈ ကျောင်းသားဆိုတော့ ကိုမင်းကိုနိုင် တို့လို့ပဲထင်ပါတယ်၊ နောက်ပိုင်းမှ မဟုတ်မှန်း သိလာတယ်၊ မြို့နယ် အာဏာပိုင်အဖွဲ့အစည်းတွေကို တင်ပြတယ်၊ ဘာမှ ဆောင်ရွက် မပေးတော့ မခံနိုင်လို့ အခုလိုတင်ပြ လာပါ" ဟု ဈေးသည်တစ်ဦးက ဆိုသည်။ "၈၈အမည်ပဲခံခံ၊ ၉၉ အမည်ပဲ ခံခံ မဟုတ်မမှန်လုပ်ရင် ဘာမှ ငြိမ်ခံ စရာအကြောင်း မရှိဘူး၊ နိုင်ငံရေး ပါတီတစ်ခု ဖြစ်ရင်လည်း ဥပဒေရဲ့ အထက်မှာ မရှိပါဘူး၊ သူ့ကို ဆက်လုပ်လာရင် ဥပဒေကြောင်း အရ ရင်ဆိုင်လို့ရပါတယ" ဟု ၈၈ မျိုးဆက် ကျောင်းသားခေါင်း ဆောင် တစ်ဦးဖြစ်သူ ကိုမင်းဇေယျာ က ပြောသည်။ "အမှန်တရားဘက်က ရပ် တယ်ဆိုတဲ့မူ ကျွန်တော်တို့မှာ ရှိ တယ်၊ ဒီကိစ္စကို ဆက်ပြီးတော့ ဖော်ထုတ်မယ်၊ အမှန်တိုင်း ဖြစ်စေ ရမယ်" ဟု ၈၈ မျိုးဆက်ကျောင်း သား ကိုဂျင်မီက ကတိပြုသည်။ ၈၈ မျိုးဆက်ကျောင်းသား များအဖွဲ့၏ ဝင်ရောက်ဆောင် ရွက်မှုကြောင့် ဘုရားရင်ပြင်အလုပ် သမားများဘဝတိုးတက်ပြောင်းလဲ လာခြင်း၊ အခွင့်အရေးများ ရရှိ အောင် လုပ်ဆောင်ပေးခဲ့ကြောင်း ၈၈ မျိုးဆက်ကျောင်းသားများ၊ (ပြည်ထောင်စု မြန်မာနိုင်ငံ) ဥက္ကဋ္ဌ ဦးရဲထွန်းက နိုဝင်ဘာလ ၅ ရက် နေ့တွင် ပြောကြားထားသည်။

No comments:
Post a Comment