
ဝါ၀ါဝင်းရှေ့ကပဒံလယ်သမားတွေ
ပဒံလယ်သမားဦးလှ
အသက် ၇၅ နှစ်ရှိပြီဖြစ်တဲ့ အဘဦးလှကတော့ သူ့ဘ၀ဇာတ်ကြောင်းနဲ့ လယ်သိမ်းခံရတဲ့ဖြစ်စဉ်ကို အခုလို ပြောပြ ပါတယ် ။
အဘက အသက် ၇၅ နှစ်ရှိပြီ။ ငါ့မိန်းမက ဒေါ်သိန်းမြ သူလည်းလိုက်လာတယ် အခု ။ အဘ လယ်တွေ ကအများကြီးကွ အသိမ်းခံရတာလည်းအလီလီဘဲ ငါတို့မှမဆင်းရဲရင်ကွာ ဘယ်သူဆင်းရဲမလဲ ။ လယ်ချည်း အလီလီ အသိမ်းခံရတယ် ။ ပထမဆုံး အသိမ်းခံရတာက - သောင်ကြီးကွင်းမှာ လယ် ၁၈ ဧက လာသိမ်းတော့ သက်ကြီးတောင်ပျံတွေကာ မှည့်ကာနီးနေပြီ - မမှည့်တတ်သေးဘူး အစိမ်းတွေပေါ့ - အတင်းလိုက် ရိတ်ရ တယ်ကွာ - နည်းနည်းလေးမှမစောင့်ဘူး - ရွာသားတွေကမနေနိုင်လို့ ၀ိုင်းရိတ်ပေးကြတယ် ။ ဘယ်အကုန်တော့ရမလည်း အချို့အ၀က်လည်း ဂေါ်ထိုးတဲ့ထဲပါသွားတယ် ( မှတ်ချက် ရွာသားတွေ ဘူဒိုဇာကို ဂေါ်ဟုခေါ်ပါသည်)
No comments:
Post a Comment