Thursday, November 08, 2012
အိန္ဒိယနှင့် ရုရှားနိုင်ငံတို့သည် ရုရှားနိုင်ငံလုပ် တင့်ဖျက် ဒုံးပျံများ
ရောင်းချ ပေးရေး ဆိုင်ရာ ကန်ထရိုက် စာချုပ် ၂ ရပ်အား လက်မှတ်
ရေးထိုးခဲ့ကြောင်း အိန္ဒိယ တာဝန်ရှိ ပုဂ္ဂိုလ်တစ်ဦးက နိုဝင်ဘာလ ၆
ရက်နေ့တွင် ရုရှားနိုင်ငံပိုင် RIA Novosti သတင်းဌာနကို ပြောကြား ခဲ့ပါသည်။
အိန္ဒိယ ကာကွယ်ရေး ဝန်ကြီးဌာန အနေဖြင့် အဆိုပါ ကန်ထရိုက် စာချုပ် များကို
လက်မှတ်ရေး ထိုးခဲ့ကြောင်း အတည်ပြု ပြောကြား ခဲ့သော်လည်း အသေးစိတ် ထုတ်ဖော်
ပြောကြား ခဲ့ခြင်း မရှိကြောင်း သိရှိရပါသည်။
ရုရှား နိုင်ငံသည်
အိန္ဒိယ နိုင်ငံ၏ T-90 တင့်ကားများ အတွက် ခန့်မှန်း အမေရိကန် ဒေါ်လာ သန်း ၂၄ဝ
တန်ဖိုးရှိ Invar ဒုံးပျံ ၂၅,ဝဝဝ စင်းနှင့် Konkurs တင့်ဖျက် ဒုံးပျံ
၁ဝ,ဝဝဝ စင်းတို့အား ရောင်းချပေး သွားမည်
ဖြစ်ကြောင်း အိန္ဒိယ ပြည်တွင်း
သတင်းများ အရ သိရှိရပါသည်။ အစောပိုင်း သတင်းများ အရ အိန္ဒိယ နိုင်ငံသည်
ရုရှား ကုမ္ပဏီများ ထံမှ Invar ဒုံးပျံ ၁ဝ,ဝဝဝ စင်း ဝယ်ယူသွားမည်
ဖြစ်ကြောင်းနှင့် နောက်ထပ် ဒုံးပျံ ၁၅,ဝဝဝ စင်းကို လည်း အိန္ဒိယ နိုင်ငံတွင်
လိုင်စင် ခွင့်ပြုချက်ဖြင့် ထုတ်လုပ် သွားမည် ဖြစ်ကြောင်း သိရှိရ ပါသည်။
မြ၀တီ
Thursday, November 08, 2012
အိန္ဒိယနှင့် ရုရှားနိုင်ငံတို့သည် ရုရှားနိုင်ငံလုပ် တင့်ဖျက် ဒုံးပျံများ
ရောင်းချ ပေးရေး ဆိုင်ရာ ကန်ထရိုက် စာချုပ် ၂ ရပ်အား လက်မှတ်
ရေးထိုးခဲ့ကြောင်း အိန္ဒိယ တာဝန်ရှိ ပုဂ္ဂိုလ်တစ်ဦးက နိုဝင်ဘာလ ၆
ရက်နေ့တွင် ရုရှားနိုင်ငံပိုင် RIA Novosti သတင်းဌာနကို ပြောကြား ခဲ့ပါသည်။
အိန္ဒိယ ကာကွယ်ရေး ဝန်ကြီးဌာန အနေဖြင့် အဆိုပါ ကန်ထရိုက် စာချုပ် များကို လက်မှတ်ရေး ထိုးခဲ့ကြောင်း အတည်ပြု ပြောကြား ခဲ့သော်လည်း အသေးစိတ် ထုတ်ဖော် ပြောကြား ခဲ့ခြင်း မရှိကြောင်း သိရှိရပါသည်။
ရုရှား နိုင်ငံသည် အိန္ဒိယ နိုင်ငံ၏ T-90 တင့်ကားများ အတွက် ခန့်မှန်း အမေရိကန် ဒေါ်လာ သန်း ၂၄ဝ တန်ဖိုးရှိ Invar ဒုံးပျံ ၂၅,ဝဝဝ စင်းနှင့် Konkurs တင့်ဖျက် ဒုံးပျံ ၁ဝ,ဝဝဝ စင်းတို့အား ရောင်းချပေး သွားမည်
ဖြစ်ကြောင်း အိန္ဒိယ ပြည်တွင်း သတင်းများ အရ သိရှိရပါသည်။ အစောပိုင်း သတင်းများ အရ အိန္ဒိယ နိုင်ငံသည် ရုရှား ကုမ္ပဏီများ ထံမှ Invar ဒုံးပျံ ၁ဝ,ဝဝဝ စင်း ဝယ်ယူသွားမည် ဖြစ်ကြောင်းနှင့် နောက်ထပ် ဒုံးပျံ ၁၅,ဝဝဝ စင်းကို လည်း အိန္ဒိယ နိုင်ငံတွင် လိုင်စင် ခွင့်ပြုချက်ဖြင့် ထုတ်လုပ် သွားမည် ဖြစ်ကြောင်း သိရှိရ ပါသည်။

No comments:
Post a Comment