သော်တာ (မကွေး)
နိုဝင်ဘာ ၁၅၊ ၂ဝ၁၂ MoeMaKa Burmese News & Media
“ဟာ…ဦးလေး ..အလည်လာတာလား”
တစ်ညနေအပြင်ကအပြန် အမေ့မောင်အငယ်ဆုံးကို ကျနော် တအံ့တသြနှုတ်ဆက်မိတယ်။
မအံ့သြလို့လည်း မနေနိုင်ဘူးဗျ။ ဦးလေးက ရွာမှာ အလုပ်နဲ့လက်ပြတ်တယ်မရှိဘူး။
ကျနော်ရွာကို သုံးလေးနှစ်နေမှ တစ်ခေါက်ရောက်ရင်တောင်
ညစာစားပြီးထိုင်ရင်းလုပ်ရတဲ့ ကြိုး ကျစ်တာတို့၊ နှီးဖျှာတာတို့လုပ်ရင်း
တူဝရီးနှစ်ယောက် စကားပြောဖြစ်တာလေ။
“မင်းဦးကြီး (ဗဂျီး) ဦးခေါင်းထိပ်က အဖုကြီးလာလို့ ဆေးခန်းလာပြတာ’’ တဲ့။
ဦးလေးပြောမှ အိမ်ထောင့်က ခေါက်ကုလားထိုင်ပေါ်မှာ လျော့တိလျော့ရဲထိုင်နေတဲ့
အမေ့အကိုဦးခေါင်းကို သတိထားလိုက်မိတယ်။ ပြောင်နေအောင်ရိတ်ထားတဲ့
ဦးခေါင်းထိပ်တည့်တည့်မှာ တစ်လက်မလောက်ရှိတဲ့ အဖုကြီးတစ်ခုတွေ့ရတယ်။
ဦးလေးတို့ရွာက မြို့နဲ့အ လှမ်းမဝေးလှပါဘူး။ ကျန်းမာရေးအသိတော့
တော်တော်လေးကိုနည်းတယ်။ ရွာမှာက ကျန်းမာရေးဆေးခန်းလည်းမရှိဘူးလေ ။ ကျန်းမာ ရေးနှင့်ပတ်သက်လို့ တစ်ခုခုဖြစ်ရင် ကိုပိန်ကိုဘဲအားကိုးနေကြရတာ။ ကိုပိန်မှာလည်း တရားဝင်ဆေးကုသခွင့်ရှိဟန်မတူပါဘူး။ သူမြို့မှာ အထက်တန်းကျောင်းတက်တုန်းက ရှေးဦးသူနာပြုသင်တန်းတော့ တက်ခဲ့ဘူးလေရဲ့။
ဒါနဲ့ဆွေမျိုးနီးစပ်တွေ ရွာနီးချုပ်စပ်တွေလှည့်ပြီးဆေးကုရင်းက
အပ်ပုန်းဆရာလေးဖြစ်လာတာ။ ရွာအကြောင်းတွေဘဲပြောနေလို့ ဆုံးမှာ မဟုတ်ဘူး။
မနက် ဦးကြီးနှင့်ဦးလေးကို ခွဲစိတ်ပါရဂူဆေးခန်း လိုက်ပို့ပေးရဦးမယ်။
“သွေးကြောပြတ်နေတာ ဒီမှာကတိုင်းအဆင့်ဆိုပေမယ့် အခြေခံအချက်အလက်တွေ
လိုအပ်နေသေးတော့ ရန်ကုန် ဒါမှမဟုတ်ရင် မန္တလေး ကို သွားနိုင်မှကောင်းမယ်။
ဒါတောင် အခြေအနေက တ၀က်လောက်ဘဲ ကိုယ့်ဖက်မှာရှိတယ်’’ လို့ ဆေးစစ်ချက်
စာရွက်စာတမ်းတွေကြည့် ရင်း ပါရဂူကြီးကပြောတယ်။
ဦးကြီးဆိုတာကလည်း အနီးဆုံးမြို့ကလွဲပြီး ခရီးဝေးသွားဖူးတယ်မရှိခဲ့တော့ စိုးရိမ်စိတ်ကြီးကြီးနဲ့……
“နေပါစေကွာ ငါ့အတွက်က အကြောင်းမဟုတ်တော့ပါဘူး’’ တဲ့။ အနှစ် (၆ဝ)
ကျော်ဘဝကို ခက်ခဲကြမ်းတမ်းစွာ ရုန်းကန်လာခဲ့သူတစ်ယောက်ရဲ့
လှော်တက်ထောင်လိုက်တဲ့စကား ကျနော်ရင်ထဲနက်ရှိုင်းစွာ တိုးဝင်သွားတယ်။
မျှားတစ်ချောင်းစိုက်လိုက်သလိုဘဲ။
“ဘယ်လိုဖြစ်ရတာလည်း ဦးလေးရာ’’ ကျနော် မချိတင်ကဲမေးမိတယ်။ ဦးလေးကပြောတယ်……
“ဘာဖြစ်ရမလဲကွာ ခေါင်းကအပူကြိတ်ထွက်တယ်ထင်လို့ ရွာမှာတင်ဆေးကုနေကြတာ’’ တဲ့။
“ဒါဆိုအဖုက ဘာလို့ကြီးကြီးလာရတာလည်း’’ လို့ မေးတော့မှ …..
“ဆရာလေးကိုပိန်လေ ဒီလောက်ကပါးပါးလေးပါဆိုပြီး တီးထည့်လိုက်တာ
သေသေချာချာကိုလုပ်ပေးခဲ့ဆိုဘဲ။ နှစ်ရက်လောက်နေတော့ အဖုကကြီးကြီးလာလို့
ဒီကိုပြေးလာခဲ့တာကွ’’ လို့ ဦးလေးက အပြည့်အစုံ ရှင်းပြလာတယ်။
ဦးခေါင်းငယ်ထိပ်နားမှာပေါက်တဲ့ အပူကြိတ်လို့ထင်တဲ့အဖု ခွဲစိတ်ကုသကောင်းလို့
သွေးကြောမလွတ်ဘဲ တဖြည်းဖြည်း အဖုကြီးလာတဲ့ ကျနော့်ဦးကြီး ဘဝကိုရင်းလို့
တစ်လကျော်ကျော်လောက်အကြာမှာ ဆုံးရှာတာပါဘဲဗျာ။
http://moemaka.com/?p=29126
တစ်ညနေအပြင်ကအပြန် အမေ့မောင်အငယ်ဆုံးကို ကျနော် တအံ့တသြနှုတ်ဆက်မိတယ်။ မအံ့သြလို့လည်း မနေနိုင်ဘူးဗျ။ ဦးလေးက ရွာမှာ အလုပ်နဲ့လက်ပြတ်တယ်မရှိဘူး။ ကျနော်ရွာကို သုံးလေးနှစ်နေမှ တစ်ခေါက်ရောက်ရင်တောင် ညစာစားပြီးထိုင်ရင်းလုပ်ရတဲ့ ကြိုး ကျစ်တာတို့၊ နှီးဖျှာတာတို့လုပ်ရင်း တူဝရီးနှစ်ယောက် စကားပြောဖြစ်တာလေ။
“မင်းဦးကြီး (ဗဂျီး) ဦးခေါင်းထိပ်က အဖုကြီးလာလို့ ဆေးခန်းလာပြတာ’’ တဲ့။
ဦးလေးပြောမှ အိမ်ထောင့်က ခေါက်ကုလားထိုင်ပေါ်မှာ လျော့တိလျော့ရဲထိုင်နေတဲ့ အမေ့အကိုဦးခေါင်းကို သတိထားလိုက်မိတယ်။ ပြောင်နေအောင်ရိတ်ထားတဲ့ ဦးခေါင်းထိပ်တည့်တည့်မှာ တစ်လက်မလောက်ရှိတဲ့ အဖုကြီးတစ်ခုတွေ့ရတယ်။ ဦးလေးတို့ရွာက မြို့နဲ့အ လှမ်းမဝေးလှပါဘူး။ ကျန်းမာရေးအသိတော့ တော်တော်လေးကိုနည်းတယ်။ ရွာမှာက ကျန်းမာရေးဆေးခန်းလည်းမရှိဘူးလေ
ဒါနဲ့ဆွေမျိုးနီးစပ်တွေ ရွာနီးချုပ်စပ်တွေလှည့်ပြီးဆေးက
“သွေးကြောပြတ်နေတာ ဒီမှာကတိုင်းအဆင့်ဆိုပေမယ့် အခြေခံအချက်အလက်တွေ လိုအပ်နေသေးတော့ ရန်ကုန် ဒါမှမဟုတ်ရင် မန္တလေး ကို သွားနိုင်မှကောင်းမယ်။ ဒါတောင် အခြေအနေက တ၀က်လောက်ဘဲ ကိုယ့်ဖက်မှာရှိတယ်’’ လို့ ဆေးစစ်ချက် စာရွက်စာတမ်းတွေကြည့် ရင်း ပါရဂူကြီးကပြောတယ်။
ဦးကြီးဆိုတာကလည်း အနီးဆုံးမြို့ကလွဲပြီး ခရီးဝေးသွားဖူးတယ်မရှိခဲ့တော့ စိုးရိမ်စိတ်ကြီးကြီးနဲ့……
“နေပါစေကွာ ငါ့အတွက်က အကြောင်းမဟုတ်တော့ပါဘူး’’ တဲ့။ အနှစ် (၆ဝ) ကျော်ဘဝကို ခက်ခဲကြမ်းတမ်းစွာ ရုန်းကန်လာခဲ့သူတစ်ယောက်ရဲ့ လှော်တက်ထောင်လိုက်တဲ့စကား ကျနော်ရင်ထဲနက်ရှိုင်းစွာ တိုးဝင်သွားတယ်။ မျှားတစ်ချောင်းစိုက်လိုက်သလိုဘ
“ဘယ်လိုဖြစ်ရတာလည်း ဦးလေးရာ’’ ကျနော် မချိတင်ကဲမေးမိတယ်။ ဦးလေးကပြောတယ်……
“ဘာဖြစ်ရမလဲကွာ ခေါင်းကအပူကြိတ်ထွက်တယ်ထင်လို့ ရွာမှာတင်ဆေးကုနေကြတာ’’ တဲ့။
“ဒါဆိုအဖုက ဘာလို့ကြီးကြီးလာရတာလည်း’’ လို့ မေးတော့မှ …..
“ဆရာလေးကိုပိန်လေ ဒီလောက်ကပါးပါးလေးပါဆိုပြီး တီးထည့်လိုက်တာ သေသေချာချာကိုလုပ်ပေးခဲ့ဆိုဘဲ။ နှစ်ရက်လောက်နေတော့ အဖုကကြီးကြီးလာလို့ ဒီကိုပြေးလာခဲ့တာကွ’’ လို့ ဦးလေးက အပြည့်အစုံ ရှင်းပြလာတယ်။
ဦးခေါင်းငယ်ထိပ်နားမှာပေါက်တဲ့ အပူကြိတ်လို့ထင်တဲ့အဖု ခွဲစိတ်ကုသကောင်းလို့ သွေးကြောမလွတ်ဘဲ တဖြည်းဖြည်း အဖုကြီးလာတဲ့ ကျနော့်ဦးကြီး ဘဝကိုရင်းလို့ တစ်လကျော်ကျော်လောက်အကြာမှာ ဆုံးရှာတာပါဘဲဗျာ။
http://moemaka.com/?p=29126
No comments:
Post a Comment