Ferrari F12berlinetta ကို အမေရိကန်ဒေါ်လာ ၁.၅ သန်းနဲ့ လေလံ တင်ရောင်းချနိုင်ခဲ့ပါတယ်။
ဒီလေလံက သမာရိုးကျလေလံ မဟုတ်ပါဘူး။ တော်ဝင်ကားဟောင်းတွေ ကို လေလံတင် ရောင်းချ တာမျိုး မဟုတ်ပဲ လုံးဝ အသစ်ဆက်ဆက် ဈေး ကွက် မရောက်သေးတဲ့ ပထမဆုံး ကားကို လေလံတင်ရောင်းချတာ ဖြစ်ပါ တယ်။ ရည်ရွယ်ချက်ကတော့ကန် Sandy ဟာရီကိန်း မုန်တိုင်း ဒဏ်ခံ ဒုက္ခသည်များကို ကူညီဖ
ို့အတွက် ဖြစ်ပါ တယ်။
အီတလီ Ferrari ပြိုင်ကား ကုမ္မဏီကြီး ကိုယ်တိုင် အမေရိကန်မှာ ဦးစီး ကျင်းပပေးလိုက်တဲ့ ပွဲ ဖြစ်ပါတယ်။ စစချင်းကတော့ အမေရိကန်ဒေါ်လာ ၃၄၅၀၀၀ (၃သိန်းခွဲနီးပါးx) ဈေးနဲ့သာ ခေါ်ခဲ့တာ ဖြစ်ပါတယ်။ သို့ပေမယ့် အပြိုင်အဆိုင် လေလံဆွဲမှုများကြောင့် နောက်ဆုံးမှာ ဘီလျံနာ ဇနီးမောင်နှံ နှစ်ဦးက အမေရိကန်ဒေါ်လာ ၁.၅ သန်းနဲ့ လေလံစွဲ ဝယ်ယူခဲ့ ခြင်း ဖြစ်ပါတယ်။ မုန်တိုင်းဒဏ်ခံ ပြည်သူများကို ကူညီဖို့လည်း ရည်ရွယ်ပြီးတော့ ဝယ်ယူလိုက်တာ ဖြစ်ပါတယ်။
အင်ဂျင်ပါဝါ ၆၃၀၀ စီစီ၊ ၁၂လုံးပူး V အင်ဂျင်နဲ့ Ferrari ရဲ့ စွမ်းဆောင်ရည် ထိပ်တန်း ပြိုင်ကား ဖြစ်ပြီး ၂၀၁၃ ဒုတိယ လေးလပတ်မှ စတင်ရောင်းချမယ့် ကား ဖြစ်တယ်လို့ သိရပါတယ်။
--
Ref: autoblog
Photo courtesy of autoblog. All Rights Reserved.
အေးချမ်းမွန်မှ ColayOnline:Automobile တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :ColayOnline:Automobile
အီတလီ Ferrari ပြိုင်ကား ကုမ္မဏီကြီး ကိုယ်တိုင် အမေရိကန်မှာ ဦးစီး ကျင်းပပေးလိုက်တဲ့ ပွဲ ဖြစ်ပါတယ်။ စစချင်းကတော့ အမေရိကန်ဒေါ်လာ ၃၄၅၀၀၀ (၃သိန်းခွဲနီးပါးx) ဈေးနဲ့သာ ခေါ်ခဲ့တာ ဖြစ်ပါတယ်။ သို့ပေမယ့် အပြိုင်အဆိုင် လေလံဆွဲမှုများကြောင့် နောက်ဆုံးမှာ ဘီလျံနာ ဇနီးမောင်နှံ နှစ်ဦးက အမေရိကန်ဒေါ်လာ ၁.၅ သန်းနဲ့ လေလံစွဲ ဝယ်ယူခဲ့ ခြင်း ဖြစ်ပါတယ်။ မုန်တိုင်းဒဏ်ခံ ပြည်သူများကို ကူညီဖို့လည်း ရည်ရွယ်ပြီးတော့ ဝယ်ယူလိုက်တာ ဖြစ်ပါတယ်။
အင်ဂျင်ပါဝါ ၆၃၀၀ စီစီ၊ ၁၂လုံးပူး V အင်ဂျင်နဲ့ Ferrari ရဲ့ စွမ်းဆောင်ရည် ထိပ်တန်း ပြိုင်ကား ဖြစ်ပြီး ၂၀၁၃ ဒုတိယ လေးလပတ်မှ စတင်ရောင်းချမယ့် ကား ဖြစ်တယ်လို့ သိရပါတယ်။
--
Ref: autoblog
Photo courtesy of autoblog. All Rights Reserved.
အေးချမ်းမွန်မှ ColayOnline:Automobile တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ
Photo From :ColayOnline:Automobile
No comments:
Post a Comment