Friday, November 9, 2012

ပေါက်တောမြို့တွင် သားအဖနှစ်ယောက် ယမ်းထောင့်သေနတ် ပစ်ခံရ၍ ဒဏ်ရာရ ( Full Story)


နိုဝင်ဘာလ(၈)ရက်နေ့၊ ညနေ
(၅)နာရီအချိန်တွင် ပေါက်တောမြို့
နယ်၊ စောမဲကျီကျေးရွာမှ သား
အဖနှစ်ဦးဖြစ်သော ဦးလပြည့်ဦး
(ဘ)ဦးသာတူးအောင်၊

အသက်(၄၄)နှစ်နှင့် သားဖြစ်သူမောင်ဝင်းဝင်းချေ အသက်(၉)နှစ်တို့အား
 ဘင်္ဂလီသင်္ဘောတစ်စီးက ယမ်းထောင့်သေနတ်ဖြင့် လာပြီးပစ်ခတ်သဖြင့်
ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

၎င်းတို့ သားအဖနှစ်ဦးသည် ဆံတော်ရှင်ကျွန်းအနီးတွင် ငါးဖမ်းနေစဉ်
ဘင်္ဂလီသင်္ဘောတစ်စီးက ယမ်းထောင့်သေနတ်ဖြင့် လာပြီးပစ်ခတ်သောကြောင့်
 ဦးသာတူးအောင်မှာ ဒူး၊ လက်မောင်း၊ ရင်ဘတ်နှင့် ပေါင်များတွင် ကျည်ထိဒဏ်ရာ ပြင်းထန်စွာရရှိသွားပြီး သားဖြစ်သူ ဦးလပြည့်ဦးမှာ
မျက်နှာတွင် ကျည်ထိဒဏ်ရာ ရရှိသွား၍ သားအဖနှစ်ဦးအား
 စောမဲကျီကျေးရွာဖက်ကို သယ်ယူသွားကြောင်း သိရသည်။

ဒဏ်ရာပြင်းထန်သောကြောင့် စစ်တွေဆေးရုံသို့ ဆေးကုသရန် ရောက်ရှိလာပုံကို စစ်တွေမှ ဒေသခံတစ်ဦးမှ " ဒီနေ့ ညနေ (၁၀)နာရီလောက်မှာ ဆေးရုံကို သတိမေ့ပြီး ရောက်လာပါတယ်။ ဦးသာတူးအောင်က ဒူး၊ လက်မောင်း၊
 ရင်ဘတ်နှင့် ပေါင်မှာ ကျည်ထိဒဏ်ရာက ပြင်းထန်တာမို့လို့ စစ်တွေဆေး
ရုံကို ယူလာပါတယ်။
 သူ့သားကတော့ မျက်နှာမှာပဲ ကျည်ထိတာဆိုတော့ ရွာမှာဆေး
ကုဖို့ ကျန်ခဲ့ပါတယ်။ အသက်အန္တရာယ်က စိုးရိမ်စရာ တော့
မရှိတော့ပါဘူး။ " ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် ဒုတိယအကြိမ် တစ်ကျော့ပြန် အကြမ်းဖက်မှုဖြစ်ပွား
ခဲ့ပြီးနောက် ရခိုင်ပြည်သူများသည် သူတို့၏ အသက်အန္တရာယ်အတွက်
 စိုးရိမ်ပူပန်မှုများ ရှိနေကြောင်းသိရသည်။
 နိုင်ငံတော်အစိုးရက လုံခြုံရေးများ တင်းကြပ်စွာချထားပြီး အကြမ်းဖက်မှု
 ဖြစ်ပွားနိုင်တဲ့ လက်နက်တွေကို သုံးရက်အတွင်း ပြန်အပ်ရမည်ဟု နိုဝင်ဘာလ
(၂)ရက်နေ့က ထုတ်ပြန်ထားသော်လည်း ယခု အသက်အန္တရာယ်ကို
ထိခိုက်စေနိုင်သော အကြမ်း ဖက်မှုကို ပြန်လည်ဖြစ်ပွားနိုင်သော
လက်နက်မျိုးဖြင့် တိုက်ခိုက်ခံရပြန်သဖြင့် နိုင်ငံတော်အရအနေနဲ့
ရခိုင်ပြည်သူများ၏ လုံခြုံရေးကို ဦးစားပေး စဉ်းစားသင့်ကြောင်း
 ဝေဖန်ပြောဆိုနေကြသည်။

Arakan Times



No comments: