Smart ကျကျ အိုဘားမားနှင့် Power သဘော
Written by
ဇေယျသူ
17 November 2012
POTUS ဟု အတိုကောက် ရည်ညွှန်း ခေါ်ဝေါ်သည့် အမေရိကန် သမ္မတ [Presidnet
Of The United States(POTUS)] မြန်မာနိုင်ငံသို့ ပထမဦးဆုံး အကြိမ် လာရောက်
တော့မည်။ မြန်မာ့ အပြောင်းအလဲကို ကမ္ဘာ၏ ထောက်ခံချက်သည် အင်အား အကြီးဆုံး
နိုင်ငံ၏ ထိပ်ဆုံး ပုဂ္ဂိုလ် ပြန်လည် အရွေးခံပြီးစ သမ္မတ အိုဘားမား
လာရောက်ခြင်းနှင့် အတူ ပြီးပြည့်စုံခဲ့ပြီ။
လက်ရှိ ကမ္ဘာ့ စနစ်သည် အမေရိကန် မောင်းနှင်သော၊ ပုံသွင်း သော ကမ္ဘာ့
စနစ်ဖြစ်သည့်အတိုင်း အဓိကကျသော အဖွဲ့အစည်းများ၊ နေရာများတွင် အမေရိကန်တို့
ကသာ ကြီးစိုး ထားသည်။ ထို့ကြောင့် ယခုခေတ် ကာလတွင် အမေရိကန်တို့
သဘောတူညီမှု မပါလျှင် မည်သည့် အရာမဆို ဖြစ်နိုင်ခြေ နည်းသည်။ အမေရိကန်
ပြည်ထောင်စု၏ ထိပ်ဆုံး ပုဂ္ဂိုလ် မြန်မာနိုင်ငံသို့ ရောက်လာခြင်းသည် လက်ရှိ
ကမ္ဘာ့ စနစ်တွင် မြန်မာ ပါဝင်ခွင့်ကို လက်မှတ်ရေးထိုး အတည်ပြု ပေးလိုက်သည့်
အဆုံးစွန် သောထောက်ခံချက် ဖြစ်သည်။ ရပ်ကွက်ထဲရှိ ကလေးများ ကစားဝိုင်း
တွင်းသို့ အကြီးဆုံးကလေး၊ ကာလသားပေါက်က နဂို အပယ်ခံ ကလေး ကို ခေါ်လာပြီး
ကစား စေခဲ့သလိုဖြစ်သည်။
မြန်မာသို့ အိုဘားမားလာရောက်ခြင်းတွင် အဓိကအကြောင်း ရင်း သုံးရပ် ရှိနိုင်သည်။ ၁။ မြန်မာ့ပြုပြင် ပြောင်းလဲရေးကို ထောက်ခံ ခြင်း၊ ၂။ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် မူဝါဒ မှန်ကန်ကြောင်း မီးမောင်းထိုးလိုခြင်း၊ ၃။ တရုတ် ကိစ္စတို့ဖြစ်သည်။
မြန်မာသို့ အိုဘားမားလာရောက်ခြင်းတွင် အဓိကအကြောင်း ရင်း သုံးရပ် ရှိနိုင်သည်။ ၁။ မြန်မာ့ပြုပြင် ပြောင်းလဲရေးကို ထောက်ခံ ခြင်း၊ ၂။ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် မူဝါဒ မှန်ကန်ကြောင်း မီးမောင်းထိုးလိုခြင်း၊ ၃။ တရုတ် ကိစ္စတို့ဖြစ်သည်။
အထက်ပါ သုံးခုလုံးမှာ နိုင်ငံတကာ ဆက်ဆံရေးတွင် အလွန် နာမည်ကြီးသော Power
အယူအဆနှင့် ဆက်စပ်နေပြီး အဓိက အားဖြင့် အိုဘားမား လက်ထက်တွင်
ကျင့်သုံးခဲ့သည့် Smart Power နှင့် သက်ဆိုင်နေသည်။
Power နိုင်ငံတကာ ဆက်ဆံရေးတွင် မိမိနိုင်ငံ အကျိုးစီးပွား အောင်မြင် အောင် ဆောင်ရွက်ရာတွင် မိမိတွင်ရှိသည့် Power နှစ်မျိုးကို သုံးစွဲရ သည်။ စစ်ရေးဖြင့် ဝင်တိုက်ခြင်း၊ စီးပွားရေး ပိတ်ဆို့မှုများ ချမှတ်ခြင်း၊ ဘာလုပ်မည် ညာလုပ်မည်ဟု ဓားကြိမ်းကြိမ်းခြင်းတို့သည် Hard Power ခေါ် ‘ခက်ထန်ပါဝါ’ ဖြစ်သည်။ သံခင်း တမန်ခင်းဖြင့် ခင်ခင်မင်မင် ပေါင်းသင်း ဆက်ဆံခြင်း၊ မဟာမိတ်များ ဖွဲ့ခြင်း၊ မိမိ ယဉ်ကျေးမှု ပျံ့နှံ့အောင် ဆောင်ရွက်ခြင်းတို့သည် Soft Power ခေါ် ‘နူးညံ့ပါဝါ’ ဖြစ်သည်။ ခပ်လွယ်လွယ် ပြောရလျှင် မိမိအား ချစ်ခင် ကြည်ညိုခြင်းသည် Soft Power ဖြစ်ပြီး မိမိအားကြောက်ခြင်းသည် Hard Power ဖြစ်သည်။
Power နိုင်ငံတကာ ဆက်ဆံရေးတွင် မိမိနိုင်ငံ အကျိုးစီးပွား အောင်မြင် အောင် ဆောင်ရွက်ရာတွင် မိမိတွင်ရှိသည့် Power နှစ်မျိုးကို သုံးစွဲရ သည်။ စစ်ရေးဖြင့် ဝင်တိုက်ခြင်း၊ စီးပွားရေး ပိတ်ဆို့မှုများ ချမှတ်ခြင်း၊ ဘာလုပ်မည် ညာလုပ်မည်ဟု ဓားကြိမ်းကြိမ်းခြင်းတို့သည် Hard Power ခေါ် ‘ခက်ထန်ပါဝါ’ ဖြစ်သည်။ သံခင်း တမန်ခင်းဖြင့် ခင်ခင်မင်မင် ပေါင်းသင်း ဆက်ဆံခြင်း၊ မဟာမိတ်များ ဖွဲ့ခြင်း၊ မိမိ ယဉ်ကျေးမှု ပျံ့နှံ့အောင် ဆောင်ရွက်ခြင်းတို့သည် Soft Power ခေါ် ‘နူးညံ့ပါဝါ’ ဖြစ်သည်။ ခပ်လွယ်လွယ် ပြောရလျှင် မိမိအား ချစ်ခင် ကြည်ညိုခြင်းသည် Soft Power ဖြစ်ပြီး မိမိအားကြောက်ခြင်းသည် Hard Power ဖြစ်သည်။
နူးညံ့ပါဝါ တစ်ခုတည်း သို့မဟုတ် ခက်ထန်ပါဝါ တစ်ခုတည်း ကို
စိုက်လိုက်မတ်တတ် မသုံးဘဲ နူးညံ့ပါဝါ သုံးရမည့် နေရာတွင် နူးညံ့ပါဝါ၊
ခက်ထန်ပါဝါ သုံးရမည့် နေရာတွင် ခက်ထန်ပါဝါတို့ကို အခြေအနေနှင့်
လိုက်လျောညီထွေအောင် ဉာဏ်ရှိရှိဖြင့် သုံးစွဲနိုင်စွမ်း ကို Smart Power
ဟု ဆိုခြင်းဖြစ်သည်။
Hard Power ကို အမေရိကန် သမ္မတဟောင်း ဂျော့ဘွတ်ရှ် လက်ထက်က လှိုင်လှိုင်
သုံးစွဲခဲ့သည်။ သူ့လက်ထက်တွင် အမေရိကန် သည် စစ်ပွဲနှစ်ပွဲ တိုက်ခဲ့သလို
‘ငါ့ဘက်မပါရင် ငါ့ရန်သူ’ ‘With us or Against us’ ဟူသော အဖြူ အမည်း
ခွဲခြားသည့် နာမည်ကျော် စကားတစ်ခွန်းကြောင့် မိတ်ဆွေများကိုပါ စိတ်မသက်မသာ
ဖြစ်ကာ အမေရိကကို ရန်သူ ပွားစေခဲ့သည်။ ဘွတ်ရှ်လက်ထက် အကုန်တွင် ကောက်ယူသော
စစ်တမ်းအရ တစ်ကမ္ဘာလုံးတွင် အမေရိကန်အပေါ် သဘောထား (Popularity) သည်
နိမ့်ကျခဲ့သည်။
အိုဘားမား၏ ညှို့ငင်သလို အပြုံး၊ ကြက်သီးမွေးညင်း ထဖွယ်
မိန့်ခွန်းများ၊ ညိုမောင်းသော အသားအရောင်နှင့် အာဖရိက ဇာစ်မြစ်၊ ငယ်စဉ်
ကလေးဘဝ အရှေ့တောင်အာရှ ရာဇဝင် တို့ကြောင့် အာဖရိက၊ အာရှ ကမ္ဘာအရပ်ရပ်က
ချစ်ခင်ကြသဖြင့် သူကိုယ်တိုင်သည် အမေရိကန်၏ Soft Power ‘နူးညံ့သောပါဝါ’
ဖြစ်သည်။ ၂၀၀၈ ရွေးကောက်ပွဲ မတိုင်မီ ကမ္ဘာ အရပ်ရပ်တွင် အမေရိကန်
ရွေးကောက်ပွဲ အသေးစားလေး များ သုတေသန သဘောပြုလုပ်ခဲ့စဉ်က တစ်ကမ္ဘာလုံးတွင်
အိုဘားမား က အပြတ်အသတ် အနိုင်ရခဲ့သောကြောင့် သြဇာကြီး Economist မဂ္ဂဇင်းက
‘Global Election တစ်ကမ္ဘာလုံးက ရွေးကောက် တင်မြှောက်ပွဲ’ ဟု တင်စား
ရေးသားခဲ့သည်။ အိုဘားမားတက်ပြီး မကြာလိုက် အမေရိကန်အပေါ် ကမ္ဘာ့ပြည်သူတို့၏
သဘောထားသည် အပေါင်း လက္ခဏာဘက်သို့ ပြန်လည် ဦးတည်သွားခဲ့ပြီး ဘွတ်ရှ်
မတက်ခင် အနေအထားသို့ ပြန်ရောက်သွားသည်။
Smart Power
ကိုယ်ကိုယ်တိုင်က နူးညံ့ပါဝါရှင် အိုဘားမားသည် ရွေးကောက်ပွဲ မတိုင်မီ
ကာလကလည်း စစ်မလိုလားသော သဘောထားများဖြင့် မဲဆွယ် ခဲ့သောကြောင့် သူသမ္မတသာ
ဖြစ်လျှင် အမေရိကန် နိုင်ငံခြားရေး မူဝါဒတွင် ‘နူးညံ့ပါဝါ’ ကို အဓိကထား
သုံးစွဲလိမ့်မည်ဟု ဂုရုများက ထင်ကြေး ပေးခဲ့ကြသည်။ တကယ်တမ်းတွင် အမေရိကန်
သမ္မတသည် အမေရိကန် တပ်မတော်၏ စစ်သေနာပတိချုပ် (Commander-in-chief)
ဖြစ်သည့်အတွက် အိုဘားမား ငြိမ်းချမ်းရေး ကိုယ်စားပြု ဖြစ် လာမည်ဟု
ထင်မြင်ကြခြင်းမှာ မဟုတ်ကြောင်း အိုဘားမားက သက် သေပြခဲ့သည်။
နိုဘယ်လ်ဆု ကော်မရှင်က အိုဘားမားအား ၂၀၀၉ ခုနှစ်တွင် ငြိမ်းချမ်းရေး
နိုဘယ်လ်ဆု ပေးအပ်သည့်အခါ အိုဘားမားပြောကြား ခဲ့သည့် ဆုယူ မိန့်ခွန်းမှာ
‘ငြိမ်းချမ်းရေးအတွက် စစ်တိုက်သင့်ကြောင်း’(War for Peace) သို့မဟုတ်
‘တရားသောစစ်’ (Just War) ပင် ဖြစ် သည်။ အမေရိကန်၏ နံပါတ်တစ် ရန်သူတော်
အိုစမာဘင်လာဒင်ကို လုပ်ကြံ သတ်ဖြတ်သည့် စစ်ဆင်ရေးကို အမိန့်ပေးခဲ့သည်မှာ
အိုဘားမား ဖြစ်သည်။
အိုဘားမားအား ဝေဖန်သူများက ပျော့လွန်းသည်ဟု ဝေဖန် လေ့ရှိကြသော်လည်း
အမှန်တကယ်တွင် အိုဘားမားသည် အနုရော အကြမ်းရော နှစ်မျိုးလုံးကို
အလျဉ်းသင့်သလို သုံးခဲ့သည့် Smart Power သမားဖြစ်သည်။ အိုဘားမား လက်ထက်
အမေရိကန် နိုင်ငံခြား ရေးမူဝါဒသည် Smart Power ကို အခြေခံသည်။
အမေရိကန်၏ မြန်မာမူဝါဒ
သမ္မတဘွတ်ရှ် လက်ထက်က မြန်မာနိုင်ငံနှင့် ပတ်သက်လျှင် Hard Power ကိုသာ
ကျင့်သုံးခဲ့သော်လည်း အိုဘားမား လက်ထက်တွင် Soft Power ကို ပြောင်းလဲ
ကျင့်သုံးခဲ့သည်။ ထိတွေ့ဆက်ဆံ (Engagement) သလို ဖိအားပေး (Pressure) မည်
ဆိုသည့် နှစ်လမ်း သွားမူဝါဒ (Dual track policy) သည် Smart Power
ပင်ဖြစ်သည်။ ဝေဖန်သူများက အိုဘားမားသည် ‘အ’ လွန်းသည် naive ဟု တုံ့ပြန်
ခဲ့ကြသော်လည်း အိုဘားမားက သွားမြဲတိုင်း ဆက်သွားခဲ့သည်။ သေချာသည်က
အိုဘားမားသည် ထိတွေ့ ဆက်ဆံရမည်ကို မကြောက်။
မြန်မာ-အမေရိကန် ဆက်ဆံရေးသည်လည်း တစ်နှစ်ခွဲခန့် အတွင်း ဂငယ်ကွေ့
ပြောင်းသွားခဲ့သည်။ ဗီယက်နမ်တုန်းက အမေရိကန်-ဗီယက်နမ် စစ်ပွဲအပြီး ၂၅
နှစ်ခန့်ကြာမှ ဘီလ်ကလင်တန် ရောက်ရှိလာခဲ့သည်။ မြန်မာနိုင်ငံတွင်မူ
အမေရိကန်-မြန်မာ တင်းမာမှု လျော့ကျ အပြီး လပိုင်းအတွင်း အိုဘားမား
ဆိုက်ဆိုက် မြိုက်မြိုက် ရောက်ရှိလာသည်။
Hard Power ဖြစ်သည့် ပိတ်ဆို့ အရေးယူမှုများ ရုပ်သိမ်း
သလောက်ဖြစ်သွားပြီး Soft Power ပိုများလာနေသည်။ အမေရိကန် သံအမတ်ကြီးကို
မားမားမတ်မတ်ဖြင့် သံရုံး ဧည့်ခံပွဲများတွင် မြင်တွေ့ နေရပြီ။ အမေရိကမှ
ထိပ်တန်း ပညာရှင်များ လာရောက် ဆွေးနွေး ပညာပေးနေကြပြီ။ အမေရိကန်သို့
သွားရောက် လေ့လာ ပညာသင် ကြားနိုင်မည့် Exchange Program များ၊
ပညာသင်ဆုများ၊ Fellowship များ ပြန်လည်ပေး သို့မဟုတ် အသစ် ဖွင့်လှစ်
ပေးနေပြီ။ ထိုင်းနှင့် အမေရိကန်တို့ နှစ်စဉ် ပြုလုပ်သည့် စစ်ရေး
လေ့ကျင့်ပွဲသို့ပင် မြန်မာကို လေ့လာသူ အဖြစ် ဖိတ်လိုက်သေးသည်။ နောင်တွင်
အမေရိကန် စစ်တက္ကသိုလ် West Point သို့ပင် မြန်မာ တပ်မတော် အရာရှိများ
သွားရောက် ပညာသင်ကြားရန် ဖိတ်ကြား ခံရမည့် အခြေအနေများ မြင်တွေ့ နေရသည်။
ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းတွင် မြန်မာ မြန်မြန် ဆန်ဆန်
လျှောက်နေခြင်းကို အိုဘားမား အစိုးရက သူတို့ကျင့်သုံးသော ‘Smart Power
နိုင်ငံခြားရေးမူဝါဒ’ ၏ အောင်မြင်မှုဟု ဂုဏ်ယူကြသည်။ ယခု ခရီးစဉ်သည်
မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲရေး ကို ဦးဆောင်ခဲ့သည့် ပုဂ္ဂိုလ်များအား
လူသိရှင်ကြား ချီးကျူးဂုဏ်ပြုရန် ဖြစ်သလို အမေရိကန် နိုင်ငံခြားရေး မူဝါဒ
အောင်မြင်ကြောင်းလည်း ကမ္ဘာကို ပြသလိုခြင်း ဖြစ်သည်။
တရုတ်ကိစ္စ
အိုဘားမား အရှေ့တောင်အာရှသို့ လာသောအချိန်သည် တရုတ်တွင်
ခေါင်းဆောင်မျိုးဆက် အပြောင်းအလဲ ဖြစ်ပေါ်ချိန်နှင့် တိုက်ဆိုင်နေသည်။
ဟူကျင်းတောင် ခေါင်းဆောင်သော လက်ရှိ စတုတ္ထမျိုးဆက် ခေါင်းဆောင်များက
ရှီကျင့်ဖျင် ခေါင်းဆောင်သော ပဉ္စမမျိုးဆက်ကို အာဏာ လွှဲပြောင်းပေးချိန်
ဖြစ်သည်။ အိုဘားမားက လေးနှစ်တာဝန် ထမ်းဆောင်ပြီးသည့် ဝါရင့်သမ္မတ။
ဆက်ပြီးထမ်းဆောင် ဦးမည်။ ရှီကျင့်ဖျင်က ယခုမှ စမည့်သမ္မတ။ ပြိုင်ဘက်
တရုတ်တွင် ခေါင်းဆောင်သစ် နန်းတက်ချိန်တွင် အာရှသို့
ပိုအာရုံစိုက်လာခြင်း ပေလော။
အိုဘားမား လာရောက်ခြင်းသည် မြန်မာ တစ်နိုင်ငံတည်း မဟုတ်။ ကမ္ဘောဒီးယား၊
ထိုင်းနှင့် မြန်မာတို့ ဖြစ်သည်။ သုံးနိုင်ငံစလုံးသည် တရုတ်နှင့်
ရင်းနှီးသော ဆက်ဆံရေးများ တည်ဆောက်ထားကြသည်။ ထိုသုံးနိုင်ငံလုံးသည် တရုတ်၏
သြဇာအာဏာ ဖြန့်ကြက်မှုကို ဟန့်တား ရာတွင် အသုံးဝင်လာနိုင်သည်။
အမေရိကန်နှင့် တရုတ်တို့အတွက် မြန်မာ၏ ပထဝီဝင် နိုင်ငံရေး အခန်းကဏ္ဍကို
ယခင်အပတ်ကပင် ‘ပထဝီနိုင်ငံရေး ကွင်းပြင်’ ဟု ဆောင်းပါးတစ်ပုဒ် သီးသန့်
ရေးပြီးဖြစ် သည့်အတွက် ထပ်မံ မရေးလိုတော့ပါ။ အိုဘားမားတစ်ယောက် ပထဝီ
နိုင်ငံရေးအရ Smart ဖြစ်ကြောင်း (Geopolitically Smart) သာ ယခု နေရာတွင်
ပြောလိုပါသည်။
http://thevoicemyanmar.com/
No comments:
Post a Comment