Sunday, December 9, 2012

Al Jazeera Investigates : The Hidden Genocide


ယခုနှစ် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများ မှတ်တမ်းတင် အစီအစဉ် (အယ်လ်ဂျာဇီးယားရုပ်သံ)

 

Al Jazeera မှ တင်ဆက်သည့် ကန့်လန့်ကာအကွယ်မှ မျိုးဖြုတ်သတ်ဖြတ်မှုကြီး ဗွီဒီယိုမှတ်တမ်း (The Hidden Genocide)

Al Jazeera သတင်းဌာနမှ ကြော်ငြာချက်တွင် ပရိသတ်များ စောင့်ကြည့်ပြီး ကိုယ်တိုင် ဆုံးဖြတ်ရန် တိုက်တွန်းထားကြောင်း ဖော်ပြထားပါသည်။

အစီအစဉ် ရိုက်ကူးသူ Mr. Phil Rees မှ ထိုအစီအစဉ်ပြီးသည်နှင့် အွန်လိုင်းတွင် မေးမြန်းလာသည့် မေးခွန်းများကို ဖြေကြားပေးမည်ဖြစ်ကြောင်းနှင့် အချိန်အတိအကျကို Al Jazeera အင်တာနက်စာမျက်နှာ Al Jazeera website တွင် အတည်ပြုကြေညာမည်ဟု ဖော်ပြထားပါသည်။

Mr. Phil Rees က မှတ်တမ်းတင်သတင်းရုပ်ရှင်တွင် ပြင်ပကမ္ဘာနှင့် အဆက်အသွယ် ဖြတ်တောက်ခံရသော နေရာများ၊ ဒုက္ခသည်စခန်းများအကြောင်း ခိုင်လုံသော အထောက်အထားများ စုစည်းနိုင်ခဲ့သည်ဟု ဆိုသည်။

“ကျနော်တို့ ဒီမှတ်တမ်းရုပ်ရှင်ကို လုပ်ခဲ့တာ ဘာကြောင့်လဲဆိုတော့ ဒီအဖြစ်အပျက်တွေမှာ မဖြေရှင်းရသေးတဲ့ မှုခင်းဆေးပညာဆိုင်ရာ လိုအပ်ချက်တွေ ရှိနေလို့ ဖြစ်တယ်။ ကျနော်တို့ ပထမဆုံး သက်သေခံချက်တွေကို တဆင့်ကြားတဲ့သူတွေထက် ကိုယ်တိုင်ခံစားရတဲ့သူတွေဆီက ဖြစ်အောင် ကျိန်းသေအောင် လုပ်ယူခဲ့တယ်။ ကြည့်ရှုသူတွေ အခြေအနေမှန်ကို ရှာဖွေတွေ့ ရှိနိုင်လိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်။”

ကုလသမဂ္ဂ လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ လက်ထောက်အတွင်းရေးမှုးချုပ် ဗလာရီအာမိုးစ်က ပြည်တွင်း ဒုက္ခသည်စခန်းများ၏ အခြေအနေမှာ “အလွန့်အလွန် ကြောက်မက်ဖွယ်ရာဖြစ်သည်” ဟု ပြောကြားအပြီး Al Jazeera နှင့် မြန်မာနိုင်ငံအစိုးရတို့၏ အပြန်အလှန် တုံ့ပြန်မှုကိစ္စများ ပေါ်ထွက်လာခဲ့သေးသည်။

တွေဆုံခြင်းအတွက် မေးလ်ပို့ တောင်းခံနိုင်ကြောင်း ဖော်ပြထားပါသည်။

ကိုးကား - http://aljazeerapressoffice.tumblr.com/

(Zayar Paing Soe ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ ...)

 

 

No comments: