| မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုတွင် ရှင်းလင်းထင်ရှားသည့် တည်ဆောက်ပုံကို မတွေ့ရသည့်အတွက် အနည်းငယ်စိုးရိမ်မိသည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား |
|
|
| Thursday, 06 December 2012 14:23 |
![]() မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုတွင် ရှင်းလင်းထင်ရှားသည့် တည်ဆောက်ပုံကို မတွေ့ရသည့်အတွက် မိမိအနေနှင့် အနည်းငယ် စိုးရိမ်မိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီဇင်ဘာလ ၆ ရက် နေ့၊ ဆီဒိုးနားဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သော Asean 100 Lead-ership Forum တွင် ပြောကြားခဲ့သည်။ '' မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်မှာ ရှင်းလင်းထင်ရှားတဲ့ တည်ဆောက်ပုံကို မတွေ့ရတဲ့အတွက်ကြောင့် ကျွန်မအနည်း ငယ် ပူပန်မိတာရှိပါတယ်။ အခုဆိုရင် နိုင်ငံအနှံအပြားမှာ ပြဿနာတွေ အမျိုးမျိုးပေါ်ပေါက်နေပါတယ်။ လက်ရှိအစိုးရရဲ့ ပွင့်လင်း မြင်သာမှုအဆင့်ကိုလည်း ကျွန်မ ကျေနပ်နေပြီလို့ မဆိုလိုပါဘူး'' ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ အဆိုပါဖိုရမ်တွင် ဒေါ်အောင်ဆန်းစုကြည်က '' Resilience for the Turbulant Time'' ခေါင်းစဉ်ဖြင့် တက်ရောက်ဟောပြောခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ နိုင်ငံရေးစနစ်အတွက် ဖက်ဒရယ်မူကျင့်သုံးခြင်းကို ထောက်ခံသည်ဟု သူမကဆို သည်။ '' ကျွန်မကတော့ ဖက်ဒရယ်မူ ကျင့်သုံးတဲ့အပေါ် ယုံကြည်တယ်။ ဒါဟာ ဖွဲ့စည်းပုံအခြေခံဥပဒေအတွက် မှန်ကန်သည့် မူတစ်ခုဖြစ်ပါတယ်။ ဖက်ဒရယ်မူကို ကျင့်သုံးရင် ကျွန်မတို့ တိုင်းရင်းသားအချင်းချင်းကို ဝေးကွာစေမည့်အစား ပိုမိုနီး ကပ်စေမယ်လို့ ယုံကြည်ပါတယ်'' ဟု ၎င်းက ဖိုရမ်ကိုတက်ရောက်လာသော ပရိသတ်တစ်ဦး၏ မေးခွန်းကို ပြန်လည်ဖြေကြားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်က သူမ၏ မိန့်ခွန်းတွင် ဒီမိုကရေစီစနစ်သည် ပြီးပြည့်စုံသည့်စနစ် မဟုတ်ကြောင်း၊ သို့သော် ဒီမိုကရေစီစနစ်ဖြင့် နိုင်ငံသားများကလိုသလို ပုံဖော်နိုင်ကြောင်း၊ တိုင်းပြည်ထိခိုက်မှုမရှိအောင် ပြုလုပ်နိုင်ကြောင်း၊ အောက်ခြေလူတန်းစားများအထိ အပြောင်းအလဲကို ခံစားမိလျင်၊ ကြောက်ရွံ့ခြင်းကင်းဝေးပြီဆိုလျင်၊ လုံခြုံသည့်အနေအထားသို့ရောက်ရှိပြီဆိုလျင် နိုင်ငံအတွက် စိတ်ပူစရာမလိုတော့ကြောင်း ထည့်သွင်းပြောကြားသွားခဲ့သည်။ '' နိုင်ငံတစ်နိုင်ငံရဲ့ နိုင်ငံရေး ပြောင်းလဲမှုမှာ အမြန်နှုန်းဟာ ပြောင်းလဲမှုရဲ့ အရည်အသွေးမဟုတ်ပါဘူး။ စိတ်ချရတဲ့ပြောင်းလဲမှု ဖြစ်ဖို့သာလိုတာပါ'' ဟု သူမက ဆက်လက်ပြောကြားခဲ့သည်။ Asean 100 Leadership Forum သို့ နောက်ခံနယ်ပယ် အမျိုးမျိုးရှိသော ပုဂ္ဂိုလ်တစ်ရာခန့်ကို ဖိတ်ကြားကာ တွေ့ဆုံ ဆွေးနွေးစေခြင်းဖြစ်သည်။ ဆွေးနွေးပွဲများမှာ ပွင့်လင်းစွာ ဆွေးနွေး မေးမြန်းခြင်းဖြစ်ပြီး အာဆီယံနိုင်ငံများ အချင်းချင်း ပိုမိုသိကျွမ်းနားလည်မှုကို တည်ဆောက်နိုင်စေရန် ရည်ရွယ်ထားခြင်းဖြစ်သည်ဟု ဖိုရမ်ကို ကြီးမှူးကျင်းပသည့် Asia Inc Forum မှ မစ္စတာ ဒါတိုတမိုသီအွန်က ပြောကြားခဲ့သည်။ '' ကျွန်မကို ကျေနပ်မှုရရှိစေမယ့် အောင်မြင်မှုတစ်ခုတည်းကို ပြောပါဆိုရင် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးလို့ပဲ ပြောရပါမယ်။ နိုင်ငံအတွင်းက တိုင်းရင်းသားတွေ အားလုံးအကြားထဲက ပြန်လည်ရင် ကြားစေ့ရေး၊ လက်နက်ကိုင်အင်အားစုတွေကြားက ပြန်လည်ရင်ကြားစေ့ရေးပါ'' ဟု သူမက ဆက်လက် ပြောကြားသွားခဲ့သည်။ ထို့ပြင် သူမက မြန်မာနိုင်ငံတွင် ဒီမိုကရေစီအခွင့်အရေးများအနက် အချို့ကို ခံစားရစပြုလာပြီဖြစ်ကြောင်းနှင့် ထိုအခွင့်အရေးများကို မှန်ကန်စွာ အသုံးချနိုင်ရန် လိုအပ်ကြောင်းလည်း ထည့်သွင်း ပြောကြားသွားခဲ့သည်။ အဆိုပါဖိုရမ်ကို Asia Inc Forum က ကြီးမှူးကျင်းပခြင်းဖြစ်ပြီး ယခုဖိုရမ်မှာ ကိုးကြိမ်မြောက် ဖြစ်သည်။ ![]() မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ်ကျင်းပနေသော ASEAN 100 Leadership Forum တွင် Resilience in Turbulent Times ခေါင်းစဉ်ဖြင့် မိန့်ခွန်းပြောကြား နေသော ဒေါ်အောင်ဆန်းစုကြည် ![]() အထူးစီးပွားရေးဇုန်များနှင် .......................... နိုင်ငံခြားရင်းနှီးမြုပ်နှ အရေးပါတဲ့ဆုံးဖြတ်ချက်များခASEAN 100 Leadership Forum အတွက် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းကနို
ရင် ဒေသတွင်းမှာရှိတဲ့
အစိုးရပိုင်း ပုဂ္ဂလိကပိုင်း စိးပွားရေးလုပ်ငန်းများမှ ဦးဆောင်သူများနဲ့
လူမှုအခြေပြု အဖွဲ့အစည်းများမှ ကိုယ်စားလှယ်တို့ရဲ့ အမြင်အသီးသီးနဲ့
ရှုဒေါင့် အမျိုးမျိုး တို့ကိုဖော်ထုတ်ပေးနိုင်မယ်
|







No comments:
Post a Comment