
၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် မြောက်ကိုရီးယားက နှောင့်နှေးမည်ဟု ယူဆထားကြသော တာဝေးပစ်ဒုံးကျည်ပစ်ဒုံးပျံ ပစ်လွှတ်မှုကို
ထင်မှတ်မထားဘဲ ဆောင်ရွက်ခဲ့ပြီး နိုင်ငံတကာ အသိုင်းအ၀ိုင်းကို အံ့အားသင့်
အမျက်ထွက်စေခဲ့သည်။ မြောက်ကိုရီးယား အနောက်ဘက်ကမ်းရိုးတန်းရှိ
အာကာသလွှတ်တင်စခန်းတစ်ခုမှ ဒုံးပျံကို အောင်မြင်စွာလွှတ်တင်ခဲ့ပြီး ဒုံးပျံက သယ်ဆောင်လာ သော ဂြိုဟ်တုသည် ရည်ရွယ်ထားသည့် အတိုင်း ကမ္ဘာပတ်လမ်းအတွင်း ရောက်ရှိခ
ဲ့ကြောင်း မြောက်ကိုရီးယားအစိုးရက ထုတ်ပြန်ကြေညာခဲ့သည်။ပြီးခဲ့ သည့် ဧပြီလအတွင်းက မအောင်မမြင်ဖြစ်ခဲ့ပြီး နောက် ယခုတစ်ကြိမ်ထပ်မံကြိုးပမ်းခဲ့ခြင်းဖြစ်သည်။
ဒီဇင်ဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် ဒုံးပျံသည် ဂျပန်နိုင်ငံတောင်ပိုင်း အိုကီနာဝါကျွန်းကို ကျော်ကာ ပျံသန်းသွားကြောင်း အိမ်နီးချင်းနိုင်ငံများက အတည်ပြုခဲ့ပြီး လွှတ်တင်မှုအောင်မြင်ခြင်း ရှိမရှိကိုမူ အတည်မပြုသေးပေ။မြောက်ကိုရီး ယား၏ ၂၀၀၉ ခုနှစ်က လွှတ်တင်မှုတွင်မူ ပစိဖိတ်သမုဒ္ဒရာအတွင်း ပျက်ကျကာ မအောင်မမြင်ဖြစ်ခဲ့ရသော်လည်း မြောက်ကိုရီးယားက အောင်မြင်သည်ဟု ကြေညာခဲ့ဖူးသည်။ယခုတစ်ကြိမ် တွင်မူ အောင်မြင်သည်ဟု ယူဆရဖွယ်အထောက်အထားများရှိေ နပြီး မကြာမီအခြားနိုင်ငံများက အတည်ပြုနိုင်ဖွယ်ရှိနေသည်။ဒုံးပျံသည် သတ်မှတ်လမ်းကြောင်း အတိုင်း ပျံသန်းသွားနိုင်ခဲ့ပြီး ဆက်လက်လေ့လာနေဆဲဖြစ်ကြောင်း အမေရိကန်အရာရှိတစ်ဦးက ပြောကြားခဲ့သည် ဟု စီအင်န်အင်န်သတင်းဌာနကဖော်ြ ပသည်။ရော့ကတ်၏ ပထမအပိုင်းသည် ကိုရီးယား ကျွန်း ဆွယ်အလွန်ပင်လယ်ပြင်အတွင်း ကျခဲ့ပြီး ဒုတိယအပိုင်းသည် အရှေ့တရုတ်ပင်လယ်အတွင်းကျခဲ့ ကာ တတိယအပိုင်းသည် ဖိလစ်ပိုင်ရေပိုင်နက်အနီးကျ ခဲ့ကြောင်း
ဂျပန်အစိုးရက ထုတ်ပြန်ခဲ့သည်။ ယင်း မှာ မအောင်မြင်ဟု
ဆိုလိုခြင်းမျိုးမဟုတ်ဘဲ လွှတ်တင်မှုအဆင့်အလိုက် အောက်အဆင့်များကို
ဖြုတ်ချသွားသည့် သဘောဖြစ်သည်။
တောင်ကိုရီးယားသမ္မတလီမြောင် ဘတ်သည် ဆိုးလ်တွင် အရေးပေါ်လုံခြုံရေးအစည်းအဝေး ကျင်းပနေကြောင်း တောင်ကိုရီးယား သတင်းအေဂျင်စီ ယွန်ဟပ်က ဖော်ပြသည်။
http:// www.weeklyeleven.com/ index.php?option=com_conten t&view=article&id=16770%3A 2012-12-12-05-12-14&catid= 49%3Aasia&Itemid=118
ဒီဇင်ဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် ဒုံးပျံသည် ဂျပန်နိုင်ငံတောင်ပိုင်း အိုကီနာဝါကျွန်းကို ကျော်ကာ ပျံသန်းသွားကြောင်း အိမ်နီးချင်းနိုင်ငံများက အတည်ပြုခဲ့ပြီး လွှတ်တင်မှုအောင်မြင်ခြင်း ရှိမရှိကိုမူ အတည်မပြုသေးပေ။မြောက်ကိုရီး
တောင်ကိုရီးယားသမ္မတလီမြောင်
http://
No comments:
Post a Comment