Tuesday, 11 December 2012
တစ်ကျပ်သားလျှင် ကျပ် ရှစ်သိန်းကျော်အထိ စံချိန် တင်ရောက် ရှိခဲ့ဖူးသော
မြန်မာ့ရွှေဈေးသည် ကမ္ဘာ့ရွှေဈေး အတက်အကျ ကြမ်းမူကြောင့် ပြန်လည်
ကျဆင်းခဲ့ပြီး ဈေးလှုပ်ခတ်မူများခဲ့ကာ ယခုလပိုင်း အတွင်းတွင်မူ အမြင့်ဈေးဖြစ်ပေါ်ဖွယ်မရှိကြောင်း ရွှေလုပ်ငန်းရှင်များက သုံးသပ်ပြောကြားသည်။
"ကမ္ဘာ့ရွှေဈေးက ဒီနေ့ ကျပ် ၁၇၅၀ လို့ဈေးဖွင့်ရင် ညနေ ၁၇၂၅ ကျပ်
လောက် ရောက် သွားတယ်၊ အတက်အကျ အရမ်းကြမ်းနေတယ်။
မြန်မာ့ရွှေဈေးက ကမ္ဘာရွှေဈေးကျရင်လိုက်ကျမယ်၊ တက်ရင် လိုက်တက်မယ်၊
နိုင်ငံတကာအခြေအနေတွေအရတော့ သိပ်တက်လာဖို့ မမြင်ပါဘူး" ဟု ဦးထုံ ရွှေဆိုင်
ပိုင်ရှင် ဦးကျော်ဝင်းက ဆိုသည်။
လက်တလောတွင် ပြည်တွင်းရွှေဈေးကွက်၌
တစ်ကျပ်သား ကျပ် ၇၇၀ဝ၀ဝ ဝန်းကျင်ခန့်ဖြင့် လည်ပတ်လျက်ရှိပြီး
ကထိန်ရာသီအလှူအတန်းများကြောင့် အရောင်းအဝယ်မှာမူ ပုံမှန်ဖြစ်လျက်ရှိ
ကြောင်း ရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
" ရွှေက
လောလောဆယ်တက်ဖို့ မရှိဘူး၊ ကမ္ဘာ့ရွှေဈေးနည်းနည်းကျတော့ လိုက်ကျတဲ့သဘောပဲ"
ဟုဝါရင့် ရွှေကုန်သည်တစ်ဦးဖြစ်သူ ဦးရွှေကျည်က သုံးသပ်ပြောကြားသည်။
ဂရိနိုင်ငံ၏ စီးပွားရေးအကျပ်အတည်းကြောင့် ကမ္ဘာ့ရွှေဈေးကွက်အတွင်း
လှုပ်ခတ်မူများဖြစ်ပွားခဲ့ပြီး၊ မြန်မာ့ရွှေဈေးပါ အတက်အကျဖြစ်ပွားခဲ့သည်။ "
မြန်မာရွှေဈေးက နိုင်ငံတကာဈေးကိုမမီရင် အထဲကရွှေတွေ အပြင်
ထွက်ကုန်မယ်၊ သူတို့ဈေးကျ နေလို့ ဒီကလိုက်မကျရင်လည်း အပြင်ကလှိမ့်ဝင်လာလိမ့်မယ်၊ ဂလိုဘယ်ခေတ်ရောက်လာတဲ့အတွက်
ဈေးကွက်စီးဆင်းမှုက အရမ်းမြန်တယ်"ဟု မြန်မာ့စီးပွားရေးလေ့လာ
သုံးသပ်သူ ဦးစန်းဝင်းကရှင်းပြသည်။
နိုဝင်ဘာလဒုတိယအပတ်အတွင်းက ရွှေဈေးအနည်းငယ်ပြန်လည်မြင့်တက်လာမူကြောင့် ရွှေဆိုင် များတွင် ပြန်လည်ရောင်းချမူများဖြင့် စည်ကား
ခဲ့သော်လည်း ယခုအခါအရောင်းအဝယ်ပုံမှန်ပြန်ဖြ စ်လာကြောင်း
ရွှေဆိုင်များထံမှ သိရသည်။
"ရွှေဈေးကျတုန်းက ရွှေဝယ်ထားတဲ့သူတွေ ပိုက်ဘောမိခဲ့တယ်၊
နည်းနည်းပြန်တက်လာလို့ ခံသာ သွားတာ" ဟု ဝါရင့်ရွှေကုန်သည် ဦးရွှေကျည်ကဆိုသည်။
စက်တင်ဘာလအလယ်ပိုင်းတွင် ကမ္ဘာရွှေဈေးမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၇၀ဝ
ကျော်မှ ၁၈၀ဝ ကျော်သို့ တစ်ဟုန်ထိုးမြင့်တက်ခဲ့ပြီး၊ မြန်မာ့ရွှေဈေးမှာလည်း
ကျပ်ရှစ်သိန်းကျော်ထိ
မြင့်တက်ခဲ့ဖူးသည်။
မင်းသစ်
Venus News Journal
Tuesday, 11 December 2012
တစ်ကျပ်သားလျှင် ကျပ် ရှစ်သိန်းကျော်အထိ စံချိန် တင်ရောက် ရှိခဲ့ဖူးသော
မြန်မာ့ရွှေဈေးသည် ကမ္ဘာ့ရွှေဈေး အတက်အကျ ကြမ်းမူကြောင့် ပြန်လည်
ကျဆင်းခဲ့ပြီး ဈေးလှုပ်ခတ်မူများခဲ့ကာ ယခုလပိုင်း အတွင်းတွင်မူ အမြင့်ဈေးဖြစ်ပေါ်ဖွယ်မရှိကြောင်း ရွှေလုပ်ငန်းရှင်များက သုံးသပ်ပြောကြားသည်။
"ကမ္ဘာ့ရွှေဈေးက ဒီနေ့ ကျပ် ၁၇၅၀ လို့ဈေးဖွင့်ရင် ညနေ ၁၇၂၅ ကျပ်
လောက် ရောက် သွားတယ်၊ အတက်အကျ အရမ်းကြမ်းနေတယ်။
မြန်မာ့ရွှေဈေးက ကမ္ဘာရွှေဈေးကျရင်လိုက်ကျမယ်၊ တက်ရင် လိုက်တက်မယ်၊ နိုင်ငံတကာအခြေအနေတွေအရတော့ သိပ်တက်လာဖို့ မမြင်ပါဘူး" ဟု ဦးထုံ ရွှေဆိုင် ပိုင်ရှင် ဦးကျော်ဝင်းက ဆိုသည်။
လက်တလောတွင် ပြည်တွင်းရွှေဈေးကွက်၌ တစ်ကျပ်သား ကျပ် ၇၇၀ဝ၀ဝ ဝန်းကျင်ခန့်ဖြင့် လည်ပတ်လျက်ရှိပြီး ကထိန်ရာသီအလှူအတန်းများကြောင့် အရောင်းအဝယ်မှာမူ ပုံမှန်ဖြစ်လျက်ရှိ ကြောင်း ရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
" ရွှေက လောလောဆယ်တက်ဖို့ မရှိဘူး၊ ကမ္ဘာ့ရွှေဈေးနည်းနည်းကျတော့ လိုက်ကျတဲ့သဘောပဲ" ဟုဝါရင့် ရွှေကုန်သည်တစ်ဦးဖြစ်သူ ဦးရွှေကျည်က သုံးသပ်ပြောကြားသည်။
ဂရိနိုင်ငံ၏ စီးပွားရေးအကျပ်အတည်းကြောင့် ကမ္ဘာ့ရွှေဈေးကွက်အတွင်း လှုပ်ခတ်မူများဖြစ်ပွားခဲ့ပြီး၊ မြန်မာ့ရွှေဈေးပါ အတက်အကျဖြစ်ပွားခဲ့သည်။ " မြန်မာရွှေဈေးက နိုင်ငံတကာဈေးကိုမမီရင် အထဲကရွှေတွေ အပြင်
ထွက်ကုန်မယ်၊ သူတို့ဈေးကျ နေလို့ ဒီကလိုက်မကျရင်လည်း အပြင်ကလှိမ့်ဝင်လာလိမ့်မယ်၊ ဂလိုဘယ်ခေတ်ရောက်လာတဲ့အတွက်
ဈေးကွက်စီးဆင်းမှုက အရမ်းမြန်တယ်"ဟု မြန်မာ့စီးပွားရေးလေ့လာ
သုံးသပ်သူ ဦးစန်းဝင်းကရှင်းပြသည်။
နိုဝင်ဘာလဒုတိယအပတ်အတွင်းက ရွှေဈေးအနည်းငယ်ပြန်လည်မြင့်တက်လာမူကြောင့် ရွှေဆိုင် များတွင် ပြန်လည်ရောင်းချမူများဖြင့် စည်ကား
ခဲ့သော်လည်း ယခုအခါအရောင်းအဝယ်ပုံမှန်ပြန်ဖြ စ်လာကြောင်း
ရွှေဆိုင်များထံမှ သိရသည်။
"ရွှေဈေးကျတုန်းက ရွှေဝယ်ထားတဲ့သူတွေ ပိုက်ဘောမိခဲ့တယ်၊ နည်းနည်းပြန်တက်လာလို့ ခံသာ သွားတာ" ဟု ဝါရင့်ရွှေကုန်သည် ဦးရွှေကျည်ကဆိုသည်။ စက်တင်ဘာလအလယ်ပိုင်းတွင် ကမ္ဘာရွှေဈေးမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၇၀ဝ ကျော်မှ ၁၈၀ဝ ကျော်သို့ တစ်ဟုန်ထိုးမြင့်တက်ခဲ့ပြီး၊ မြန်မာ့ရွှေဈေးမှာလည်း ကျပ်ရှစ်သိန်းကျော်ထိ
မြင့်တက်ခဲ့ဖူးသည်။
မင်းသစ်
Venus News Journal
"ကမ္ဘာ့ရွှေဈေးက ဒီနေ့ ကျပ် ၁၇၅၀ လို့ဈေးဖွင့်ရင် ညနေ ၁၇၂၅ ကျပ်
လောက် ရောက် သွားတယ်၊ အတက်အကျ အရမ်းကြမ်းနေတယ်။
မြန်မာ့ရွှေဈေးက ကမ္ဘာရွှေဈေးကျရင်လိုက်ကျမယ်၊ တက်ရင် လိုက်တက်မယ်၊ နိုင်ငံတကာအခြေအနေတွေအရတော့ သိပ်တက်လာဖို့ မမြင်ပါဘူး" ဟု ဦးထုံ ရွှေဆိုင် ပိုင်ရှင် ဦးကျော်ဝင်းက ဆိုသည်။
လက်တလောတွင် ပြည်တွင်းရွှေဈေးကွက်၌ တစ်ကျပ်သား ကျပ် ၇၇၀ဝ၀ဝ ဝန်းကျင်ခန့်ဖြင့် လည်ပတ်လျက်ရှိပြီး ကထိန်ရာသီအလှူအတန်းများကြောင့် အရောင်းအဝယ်မှာမူ ပုံမှန်ဖြစ်လျက်ရှိ ကြောင်း ရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
" ရွှေက လောလောဆယ်တက်ဖို့ မရှိဘူး၊ ကမ္ဘာ့ရွှေဈေးနည်းနည်းကျတော့ လိုက်ကျတဲ့သဘောပဲ" ဟုဝါရင့် ရွှေကုန်သည်တစ်ဦးဖြစ်သူ ဦးရွှေကျည်က သုံးသပ်ပြောကြားသည်။
ဂရိနိုင်ငံ၏ စီးပွားရေးအကျပ်အတည်းကြောင့် ကမ္ဘာ့ရွှေဈေးကွက်အတွင်း လှုပ်ခတ်မူများဖြစ်ပွားခဲ့ပြီး၊ မြန်မာ့ရွှေဈေးပါ အတက်အကျဖြစ်ပွားခဲ့သည်။ " မြန်မာရွှေဈေးက နိုင်ငံတကာဈေးကိုမမီရင် အထဲကရွှေတွေ အပြင်
ထွက်ကုန်မယ်၊ သူတို့ဈေးကျ နေလို့ ဒီကလိုက်မကျရင်လည်း အပြင်ကလှိမ့်ဝင်လာလိမ့်မယ်၊ ဂလိုဘယ်ခေတ်ရောက်လာတဲ့အတွက်
ဈေးကွက်စီးဆင်းမှုက အရမ်းမြန်တယ်"ဟု မြန်မာ့စီးပွားရေးလေ့လာ
သုံးသပ်သူ ဦးစန်းဝင်းကရှင်းပြသည်။
နိုဝင်ဘာလဒုတိယအပတ်အတွင်းက ရွှေဈေးအနည်းငယ်ပြန်လည်မြင့်တက်လ
ခဲ့သော်လည်း ယခုအခါအရောင်းအဝယ်ပုံမှန်ပြန်ဖြ
ရွှေဆိုင်များထံမှ သိရသည်။
"ရွှေဈေးကျတုန်းက ရွှေဝယ်ထားတဲ့သူတွေ ပိုက်ဘောမိခဲ့တယ်၊ နည်းနည်းပြန်တက်လာလို့ ခံသာ သွားတာ" ဟု ဝါရင့်ရွှေကုန်သည် ဦးရွှေကျည်ကဆိုသည်။ စက်တင်ဘာလအလယ်ပိုင်းတွင် ကမ္ဘာရွှေဈေးမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၇၀ဝ ကျော်မှ ၁၈၀ဝ ကျော်သို့ တစ်ဟုန်ထိုးမြင့်တက်ခဲ့ပြီး၊ မြန်မာ့ရွှေဈေးမှာလည်း ကျပ်ရှစ်သိန်းကျော်ထိ
မြင့်တက်ခဲ့ဖူးသည်။
မင်းသစ်
Venus News Journal

No comments:
Post a Comment