Thursday, December 6, 2012

အိမ်တော်ရာ ထိုင်သပိတ်


6-12-12 နေ့လည်(၁)နာရီက လက်ပံတောင်းတောင်ဒေသ သပိတ်စခန်းများ အကြမ်းဖက်ဖြိုခွဲခံရမှု ကို ကန့်ကွက်လျှက် တောင်းဆိုချက်များဖြင့် သံဃာတော်များသည် အိမ်တော်ရာ ဘုရားဝင်း အတွင်း ထိုင် သပိတ် ဆန္ဒပြ နေစဉ်။

ရိုက်ကူး
ကိုဝိုင်ဝိုင်ကေ



ဒီဇင်ဘာ (၂) နေ့လည် (၂)နာရီက မန္တလေး သံဃာတော်များသည် တန်ဆောင်တိုင် လပြည့်ညတွင် လက်ပတောင်းသပိတ်စခန်းများကို အကြမ်းဖက်ဖြိုခွဲမှု အပေါ် ကန့်ကွက် ရှုတ်ချ ဆန္ဒပြမှု တခု ကို ပြုလုပ်ခဲ့ကြသည်။ “ နိုင်ငံတကာနည်းတူ ရေပက်မယ် ရိုက်မယ် ဆွဲတင် ဖမ်းသွားမယ် ဆိုတဲ့ အတွေးသူတို့ မှာ မရှိလောက်ဘူး ။ ရဲအုပ် ဆိုရင်ပဲ ဘွဲ့ရ ပညာတတ်တွေ ဆို ၊ စနစ်တကျေ
လ့ကျင်ထားတဲ့ တပ်ဖွဲ့ မဟုတ်ဘူး လား ဘာလုပ်ရင် ဘာဖြစ်မယ်ဆိုတာ မသိလောက်အောင် ဒီလက်နက်တွေ အကြောင်း ကို မသိဘူးလား အဲလောက် ညံ့သလား ။ ဒီအဖြစ်အပျက်တွေ မရှိခဲ့ဘူး ဆိုရင်တောင် တိုင်းပြည် အတွက် ဘယ်လို ယုံကြည်ရမလဲ ။ မေးချင်တာက ဘယ်နေရာကို ကူညီပါရစေလဲ သိချင်တယ်။ ” ဟု ဆရာတော်တစ်ပါးမှ မိန့်ကြားပါသည်။ “ တောင်းပန်တာကလည်း မောင်ဖြူရိုက်ပြီ မောင်နီ တောင်းပန်သလိုပဲ... ဒါဏ်ရာရတဲ့ ဆေးရုံ ကြမ်းခင်းပေါ် ထိုင် မကန်တော့ဝံ့ပဲ မဆီမဆိုင် ဆရာတော်တွေ တောင်းပန်လို့ ပြီးရောလား ...၊ ခွင့်လွတ်သည် ဖြစ်စေ သူတို့လဲ ဗုဒ္ဒဘာသာပဲ .. ငရဲ ဆိုတာ တွေးပြီး အိပ်ပျော်ပါစေလို့ ဦးဇင်းတို့ မေတ္တာပို့ပါတယ် ” ဟု ဆက်လက်မိန့်ကြားသည်။ ကိုဝိုင်ဝိုင်ကေ ၂=၁၂=၁၂
 
 

No comments: