
ကချင်အမျိုးသမီး နားထောင်ပယင်း
ကချင်ပြည်နယ် ထွက်ပယင်းလေးပေါ့ အထဲမှာ အကောင်လေးတွေ့ပါတယ် ခြင်၊ ပျား၊ ပုရွက်ဆိတ်၊ ပင့်ကူ၊ သစ်ပင်ကသစ်စလေးတွေလည်းပယင်းထဲမှာရှိနေတတ်ပါတယ် ပယင်းကို ကချင်လူမျိုးများအြ
မတ်တနိုးနဲ့လက်ဝတ်ရတနာအဖြစ်ပြုလုပ်ပြီးဝတ်ဆင်ကြပါတယ် ပယင်းကို ကချင်ပြည်နယ် မြစ်ကြီးနား အနောက်မြောက်ဘက် လီဒိုလမ်းတစ်လျောက်မှာအများဆုံး တွေရှိနိုင်ပါတယ် ၀ါရာဇွပ်၊ နန်းဖြူ၊စတဲ့တနိုင်းလမ်းဘေးက ရွာတွေမှာတူးဖော်ကြပါတယ် ပယင်းကိုမြေကြီးအောက်ပေ(၂၀၀-၃၀၀ )လောက်မှာရှာဖွေတူးဖော်ရခြင်းဖြ စ်ပါတယ် မြေတွင်းထဲမှာ ပယင်းကိုတွေရှိပြီးဆိုရင် ဒီအတိုင်းသယ်ဆောင်လာပြီးအပေါ်ကို တင်လာလို့လည်းမဖြစ်ပါဘူး ဒီအတိုင်းသယ်ဆောင်လာရင် အပေါ်မရောက်ခင် ပယင်းဟာအက်ကွဲကြောင်းတွေထလားပြီးပျက်စီးသွားတတ်ပါတယ် ကျောက်လောကအဆိုအရ အနာများသွားတာပေါ့ အပေါ်ကလေပိအားကြောင်းကွဲအက်တာတွေ ဖြစ်လာပါတယ် ပယင်းကိုတွေ့ရှိပြီးဆိုတာနဲ့မြေ အောက်မှာပဲ အ၀တ်စကိုရေစွတ်ပြီး ပယင်းကိုပတ်ရပါတယ် ခပ်ထူထူပတ်ပြီးအပေါ်ကိုတင်ရပါတယ် ဒါဆိုအနာကင်းတဲ့ ပယင်းအမျိုးအစားကောင်းကိုရရှိမှာပါ သက်နုတဲ့ပယင်းဆိုရင် ဒီဇယ်ရောင်ပေါက်နေတတ်ပါတယ် မဲပြီးနေရောင်မှာထောင်ကြည်မှအလင်းပေါက်တာကိုတွေ့ရမှာပါ
ပယင်းမှာအရောင်အသွေးစုံလှပါတယ် လိမ္မော်ရောင်အကြည်၊ အ၀ါရောင်အကြည်၊
ကြက်သွေးရောင်၊ ဖန်သားရောင်၊ ရွှေအိုရောင်၊အနီရောင်အကြည်၊ တို့ဖြစ်ပြီး
ဈေးနှူန်းကတော့ အကြည်သားတွေက ဈေးကောင်းပါတယ်
အနီရောင်အကြည်ကတော့လူကြိုက်အများဆုံးပါ ပဲဆီသားလို့ခေါ်တဲ့အ၀ါကြည်ကတော့ ဒုတိယတန်းစားလိုက်ပါတယ် ပယင်းကို တနိုင်းဒေသကြီး(ဟူးကောင်းချိုင့် ဝှမ်း)အများအပြားတွေ့ရှိနိုင်ြ ပီး ကချင်လူမျိုးများထဲက လီးဆူးလူမျိုးများအများဆုံးလုပ် ကိုင်ကြပါတယ် သစ်မွှေးရှာခြင်းကိုလည်း လုပ်ကိုင်ကြပါတယ် ဆွမ်ပရာဘွမ်၊ ခန္တီး၊ဘက်မှာလည်းတွေ့ရှိနိုင်ပါ တယ် ပယင်းကိုအဆောင်အဖြစ်ပန်းပုပုံဆန်းအမျိုးမျိုးထုလုပ်ပြီးဝတ်ဆင်တ တ်ကြပါတယ် သစ်ပင်ရဲ့အစေးကနေ့စဉ်အစီးထွက်ကြ ရာကနေ နှစ်ပေါင်းသန်းချီလာတော့ ကျောက်ဖြစ်ရုပ်ကြွင်းအဖြစ်တို့အ သွင်းကူးပြောင်းပြီးလူသားတို့မက်မောတန်းဖိုးထားရသော ပယင်းအဖြစ်...သို့........
by: Naw Tu Awng
by: Naw Tu Awng
No comments:
Post a Comment