Thursday, December 13, 2012

သပိတ်စခန်းများ ဖြိုခွင်းခံရပြီး နောက် ပထမဦးဆုံးအကြိမ်အဖြစ် ယင်းဒေသတွင် သပိတ်စခန်း ပြန်ဖွင့်

လက်ပံတောင်းတောင် ၂၄ နာရီ အမြဲတမ်း သပိတ်စခန်းများ ဖြိုခွင်းခံရပြီး
နောက် ပထမဦးဆုံးအကြိမ်အဖြစ် ယင်းဒေသတွင် သပိတ်စခန်း ပြန်ဖွင့်

မုံရွာ၊ ဒီဇင်ဘာ ၁၂။

လက်ပံတောင်းတောင် ၂၄ နာရီ အမြဲတမ်း သပိတ်စခန်းများကို လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များမှ မီးလောင်ဗုံးများဖြင့် ဖြိုခွင်းခဲ့ပြီးနောက် ဒီဇင်ဘာလ ညနေ ၅ နာရီမှ စတင်ကာ ကြေးနီစီမံကိန်း ဖျက်သိမ်းရေးအတွက် တုံရွာထိပ်၌ အမြဲတမ်း သပိတ် စခန်း တစ်ခုကို ဒေသခံများမှ ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

လက်ပံတောင်းတောင် ဒေသတွင် ဒီဇင်ဘာလ ညနေ ၅ မွန်းလွဲပိုင်းမှ စတင်ကာ ဒေသခံ သံဃာတော်များနှင့် ပြည်သူများက လမ်းလျှောက် ချီတက် ဆန္ဒထုတ်ဖေါ်မှုများ ပြုလုပ်ခဲ့ကြပြီးနောက် ယခုကဲ့သို့ ၂၄ နာရီ အမြဲတမ်း သပိတ်စခန်းတစ်ခု ကို ပြန်လည်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ ကျွန်တော်တို့ ဒီနေ့ညနေပိုင်းမှာပဲ ကြေးနီစီမံကိန်း ဖျက်သိမ်းရေး သပိတ်စခန်းတစ်ခုကို အသစ်ဖွင့်လှစ်လိုက်ပါပြီ၊ နောက်ထပ် သပိတ်စခန်း
တွေကိုလည်း တိုးချဲ့ဖွင့်လှစ်ဖို့ ရှိပါတယ်။ ဒီသပိတ်စခန်းမှာ သံဃာတော်
တွေလည်း ရှိမှာပါ ” ဟု တုံ ကျေးရွာမှ ကိုအောင်သန်းမျိုးက ပြောကြားသည်။

ရန်နိုင်

အေးချမ်းမွန်မှ   The Myanma Age တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From : The Myanma Age

အေးချမ်းမွန်မှ The Myanma Age တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသ
ည်။
Photo From : The Myanma Age
 
"တရုတ်နိုင်ငံ၏ ကြေးနီငတ်မွတ်မှုက မြန်မာအပေါ်လောင်းရိပ်ဖြစ်လာနိုင် စံပယ်တောင် နှင့် ကြေးစင်တောင် တွင်းနက်ကြီးများဖြစ်ပေါ်နေပြီ" "တရုတ်နိုင်ငံသည် ကမ္ဘာပေါ်၌ကြေးနီထုတ်လုပ်မှုတွင် ဒုတိယထုတ်လုပ်မှု အမြင့်မားဆုံးနိုင်ငံဖြစ်၊ ၂၀၁၂ ခုနှစ်အတွင်း ဘီလီယံတန် ၇သန်းနီးပါး ထုတ်လုပ်နေ၊ ယနေ့ ကမ္ဘာပေါ်၌ကြေးနီထုတ်လုပ်မှုမှာ တစ်နှစ်လျှင် တန်၁၂သန်းခန့်ထုတ်လုပ်နေ၊ ကမ္ဘာတွင် နောက်ထပ်တန်သန်း ၃၀၀ခန့်ကို ၂၅နှစ်အတွင်း၌သာထုတ်ယူနိုင်တော့မည်"
 
 "သပိတ်စခန်းဖြိုခွင်းတဲ့ မီးလောင်ဗုံး ဝမ်ပေါင်ကုမ္ပဏီက ပေးခြင်းမဟုတ်"(မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး)
 
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေးအတွက် ဆန္ဒပြကြသူများအားဖြိုခွဲရာတွင် မီးလောင်ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြသော ရဟန်းသံဃာတော်များထဲမှ သံဃာတော်တစ်ပါးဖြစ်သည့် စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ခေါသန္တိကျေးရွာ ခေါသန္တိတောရကျောင်းတိုက် ဆရာတော် ဦးတိက္ခဥာဏ အားထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဆေးဝါးကုသရန် ယနေ့ဒီဇင်ဘာလ၊(၁၃)ရက် မွန်းလွဲ(၂း၁၀)နာရီက ရန်ကုန်ဆေးရုံကြီးမျက်နှာနှင့်မေးရိုး(အထူးကြပ်မတ်ဆောင်)မှ မင်္ဂလာဒုံလေဆိပ်သို့ပို့ဆောင်ခဲ့ကြသည်။ ထိုသို့ဆရာတော်အားပို့ဆောင်ရာတွင် ၈၈မျိုးဆက်ကျောင်းသားများဖြစ်ကြသော ပြုံးချို၊ စမ်းချောင်းကိုကိုကြီး၊ ဗသက်အောင်နှင့်ကျော်ဇော(၈၈ပြန်ကြားရေး) တို့က ကူညီဆောင်ရွက်ပေးခဲ့ကြသည်။

88 Generation Students
 
ကိုးကန့်  နဲ့ ဝ ဒေသမှာ တရုတ်စကားဘဲပြောတယ် မူဆယ် မန္တလေး မုံရွာ ရှမ်းပြည် မြန်မာပြည်အထက်ပိုင်းတစ်ခုလုံးလဲ တရုတ်လူမျိုးကမြိုလို့ ဗမာဆိုတာရှားသွားပြီတနိုင်ငံလုံးမှာလဲ တရုတ်စာနဲ့ ရေးထားတဲ့ဆိုင်းဘုတ်တွေလဲ လက်ညှိုးထိုးမလွဲတော့ဘူး
 
No comments: