Sunday, December 9, 2012

ပင်လုံမြိုနယ်တွင် (၅၀၀၀)ကျပ်တန်ငွေအတုများ သိမ်းဆည်းရမိ

 

ပင်လုံမြိုနယ်တွင် (၅၀၀၀)ကျပ်တန်ငွေအတုများ သိမ်းဆည်းရမိ
Sunday, 09 December 2012

ရှမ်းပြည်နယ် ပင်လုံမြို့နယ်ခွဲ ဟဲနန်းကျေးရွာတွင် နေထိုင်သူဦးအောင်ခင်
ထံမှ ဒီဇင်ဘာလ(၈)ရက်နေ့က ငွေ(၅၀၀၀)ကျပ်တန်အတုများ သိမ်းဆည်းရမိခဲ့ပါတယ်။ ဒုရဲအုပ်ဇော်ဇော်လတ်နဲ့အဖွဲ့ဝင်(၃)ဦး၊ မြို့နယ်အုပ်ချုပ်ရေး အဖွဲ့ဝင်များပါဝင်သည့် အဖွဲ့မှ ၀င်ရောက်

ရှာဖွေဖမ်းဆည်းခဲ့တယ်လို့သိရပါတယ်။

ဦးအောင်ခင်နေအိမ်အတွင်းက ငွေ(၅၀၀၀)ကျပ်တန်အတု(၂၆၁)ရွက်ကို ပလက်စတ်အိတ် အမဲဖြင့်ထည့် ထား တာကိုတွေ့ရပြီး ထပ်မံစစ်ဆေး
ကြည့်တဲ့အခါ ပင်လုံမြို့အမှတ်(၃)ရပ်ကွက်ရှိ ဦးအောင်ခင်၏ ဇနီး အိမ်တွင်ငွေ (၅၀၀၀) ကျပ်တန် အတု( (၃၉၅)ရွက်ထပ်မံတွေ့ရှိခဲ့ပါတယ်။

ငွေစက္ကူအတုများလက်ဝယ်ထားရှိမှုဖြင့် ဦးအောင်ခင်နှင့်ဇနီးကို အမှုဖွင့်အရေးယူထားပြီး ပင်လုံရဲစခန်းတွင် ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

Shan News

No comments: