အရှင်ဂမ္ဘီရ (ခ) ဦးညီညီလွင် ယနေ့ အာမခံဖြင့်လွတ်မည်
ဝေမာသိမ့်
ဒီဇင်ဘာ ၁ ရက်နေ့တွင် ပိုင်နက်ကျူးလွန်မှု အပါအဝင် ပုဒ်မ ၃ ခုကို
ချိုးဖောက်ခဲ့သည်ဟု ဆိုကာ ပြန်လည်ဖမ်းဆီးခြင်းခံရသည့် အရှင်ဂမ္ဘီရ (ခ)
ဦးညီညီလွင် အား သန်လျင်မြို့နယ် တရားရုံးတွင် အာမခံကြေး သိန်း ၄ဝ ဖြင့်
ပုဂိုလ်နှစ်ဦးက အာမခံပြီး ယနေ့ ညနေတွင် ခံဝန် ကတိဖြင့် လွတ်မြောက်လာမည်
ဖြစ်ကြောင်း ညီဖြစ် သူ ကိုအောင်ကျော်ကျော် ထံမှ သိရသည်။
အရှင်ဂမ္ဘီရ (ခ) ဦးညီညီလွင် အားအင်းစိန်အကျဉ်းထောင်မှ ရဲအာမခံဖြင့်
လွတ်မြောက် လာပြီး ဖြစ်သော်လည်း သန်လျင်မြို့နယ် တရားရုံးမှ တရားသူကြီးက
၎င်း၏ ရှေ့မှောက်တွင် ခံဝန်ရေးထိုးပြီးမှသာ အာမခံဖြင့် လွှတ်ပေးမည်
ဖြစ်သဖြင့် အရှင်ဂမ္ဘီရ (ခ) ဦးညီညီလွင် နှင့် အတူ ညီဖြစ်သူ
ကိုအောင်ကျော်ကျော်တို့ ယခုအခါ သန်လျင်တရားရုံး သို့ သွားရောက်နေပြီ
ဖြစ်ကြောင်း သိရသည်။
အရှင်ဂမ္ဘီရ (ခ) ဦးညီညီလွင် သည်
သန်လျင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ ဒုတိယ အုပ်ချုပ်ရေးမှူး
ဦးသန့်ဇင်မျိုး၏ တရားလို ပြုမှုဖြင့် ၂ဝ၁၂ ဇန်န၀ါရီလ အတွင်းက ပိုင်နက်
ကျူးလွန်မှု ပုဒ်မ ၄၄၈ ၊ အကျိုးဖျက်ဆီးမှု ပုဒ်မ ၄၂၇ ၊ ဝင်ရောက်နေထိုင်မှု
ပုဒ်မ ၄၅၄ တို့ဖြင့် စွဲချက်တင်ခံခဲ့ရကာ ယခု ဒီဇင်ဘာ ၁ ရက်နေ့တွင်
ယင်းပုဒ်မ များဖြင့် ပြန်လည် ဖမ်းဆီးခြင်းခံခဲ့ ရကြောင်းသိရသည်။
"ဒီပုဒ်မတွေနဲ့ စွဲထားတာက ဇန်နဝါရီလကတည်းက အခုလက်ပံတောင်းတောင် အရေးဖြစ်မှ
ဦးဂမ္ဘီရ ကိုထိန်းသိမ်းခဲ့တာ ဖြစ်တယ် ၊ ဒီနေ့လည်း အင်းစိန်က
ရဲအာမခံပေးပေမယ့် တရားရုံးက တရားသူကြီးရှေ့မှောက်မှာ ခံဝန်ထိုးပြီးမှ
အာမခံရမယ်ဆိုလို့ အခုကျွန်တော်တို့ သန်လျင်တရားရုံး ကိုသွားနေပါပြီ ၊
အခုအာမခံကလည်း ကြားဖြတ်အာမခံလို့လည်း ပြောပါတယ် ကျွန်တော်တို့လည်း
မကြားဖူးပါဘူး " ဟု အရှင်ဂမ္ဘီရ (ခ) ဦးညီညီလွင် ၏ ညီ ဖြစ်သူ
ကိုအောင်ကျော်ကျော် က ပြော သည်။
Source: Yangon Media Group
အရှင်ဂမ္ဘီရ (ခ) ဦးညီညီလွင် သည် သန်လျင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ ဒုတိယ အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်မျိုး၏ တရားလို ပြုမှုဖြင့် ၂ဝ၁၂ ဇန်န၀ါရီလ အတွင်းက ပိုင်နက် ကျူးလွန်မှု ပုဒ်မ ၄၄၈ ၊ အကျိုးဖျက်ဆီးမှု ပုဒ်မ ၄၂၇ ၊ ဝင်ရောက်နေထိုင်မှု ပုဒ်မ ၄၅၄ တို့ဖြင့် စွဲချက်တင်ခံခဲ့ရကာ ယခု ဒီဇင်ဘာ ၁ ရက်နေ့တွင် ယင်းပုဒ်မ များဖြင့် ပြန်လည် ဖမ်းဆီးခြင်းခံခဲ့ ရကြောင်းသိရသည်။
"ဒီပုဒ်မတွေနဲ့ စွဲထားတာက ဇန်နဝါရီလကတည်းက အခုလက်ပံတောင်းတောင် အရေးဖြစ်မှ ဦးဂမ္ဘီရ ကိုထိန်းသိမ်းခဲ့တာ ဖြစ်တယ် ၊ ဒီနေ့လည်း အင်းစိန်က ရဲအာမခံပေးပေမယ့် တရားရုံးက တရားသူကြီးရှေ့မှောက်မှာ ခံဝန်ထိုးပြီးမှ အာမခံရမယ်ဆိုလို့ အခုကျွန်တော်တို့ သန်လျင်တရားရုံး ကိုသွားနေပါပြီ ၊ အခုအာမခံကလည်း ကြားဖြတ်အာမခံလို့လည်း ပြောပါတယ် ကျွန်တော်တို့လည်း မကြားဖူးပါဘူး " ဟု အရှင်ဂမ္ဘီရ (ခ) ဦးညီညီလွင် ၏ ညီ ဖြစ်သူ ကိုအောင်ကျော်ကျော် က ပြော သည်။
Source: Yangon Media Group
No comments:
Post a Comment