သွေးသည်အသက် အသက်သည်သွေးTuesday, December 11, 2012
စာရေးသူသည် မိမိ၏ သွေးသားတော်စပ်သူ လူရွယ်တစ်ဦးက သွေးလှူရန် အတွက် ဆေးရုံသို့သွားရန် ၎င်းနှင့် အတူဆေးရုံသို့ လိုက်ပါခဲ့ရသဖြင့်
တွေ့မြင်ခံစား ရသော အတွေ့အကြုံကို ရေးသားဖော်ပြချင် စိတ်ဖြစ်ပေါ် မိသဖြင့် ဤစာစုကို ရေးသားခြင်းဖြစ်ပါသည်။
ဆေးရုံဆိုသည်မှာ လူအများထင်နေကြသလို ကြောက်စရာ၊ ရွံစရာမ ဟုတ်တော့ပါ။ ယခင် ကာလများကဲ့သို့ ဆေးရုံဝန်းကျင်သို့ ရောက်သည်နှင့် အနံ့အသက်မျိုးစုံလည်း ယနေ့ကာလတွင်မရှိတော့ပါ။ မေတ္တာတရား
ရှေ့ထားပြီး ပြုစုကုသပေးနေကြသော အထူးကု ဆရာဝန်ကြီးများ၊ ဆရာဝန် များ၊ သူနာပြုဆရာမများနှင့် လူနာများ၏ အညစ်အကြေးများကို ဝိုင်းဝန်းသန့် ရှင်း ကူညီပေးနေကြသည့် သန့်ရှင်းရေးဝန် ထမ်းများကို မြင်တွေ့ရသည့်အခါ ၎င်းတို့၏ စေတနာမေတ္တာများအား လေးစားမိ ပါသည်။ ဝေဒနာခံ စားနေကြ ရသော ဒုက္ခသည်တွေကို ကယ်တင်ပေးနေသော မေတ္တာရိပ်မြုံကြီး အဖြစ် ခံစားမိတွေးမိပါသည်။
ဆေးရုံ ဝန်းကျင်ရောက်သည်နှင့် အနံ့အသက်မျိုးစုံ၊ ဆေးရုံတွင်း ရောက် သည်နှင့် သတိရတစ်ချက် မရတစ်ချက် လူမမာများ သွေးစိမ်းပေ ကျံနေသည့် အရေးပေါ်လူ မမာများအား သွေးပုလင်းကိုယ်စီဖြင့် သွေး ဆက်နေကြ သည်ကို ဆေးရုံသဘာဝ မြင်ကွင်းကိုလည်း တွေ့ရှိခံစားမိ ပါသည်။
သွေးလှူရှင် ခန်းမတွင်မူ သွေးလှူရှင် လူငယ်လူရွယ်များသည် သွေးလှူရန် အတွက် လိုအပ်သည့် စာရင်းဇယားများ ဖြည့်သွင်းပြီးနောက် သွေးပုလင်း ကိုယ်စီဖြင့် သွေးလှူကြရမည့် အခန်းဆီသို့ တစ်ဦးစီဝင်ကာ သွေးလှူနေကြ သည့်မြင်ကွင်းကို တွေ့ရသည်။ တာဝန်ခံ သူနာပြုဝန်ထမ်းများက ဖော်ရွေစွာ လက်ခံစကားပြောကာ သွေးစစ်ဆေးပြီး သွေးလှူရှင်များကို ခုတင်ပေါ် ပက်လက် အနေအထား ဖြစ်စေရန် ပြင်ဆင်ပေးပြီး သွေးဖောက်ခြင်း လုပ်ငန်းစတင်သည်။
သွေးစတင်ဖောက်သည်မှ သွေးသတ်မှတ် အတိုင်းအတာအတွင်း လေးငါး မိနစ်ခန့်ကြာမည်ဟု ခန့်မှန်းပါသည်။ သွေးလှူဒါန်းမှုပြီးဆုံးချိန
သွေးစတင် ဖောက်သည့်အချိန်သည် အလွန်အရေးကြီးပါသည်။ မိမိတို့၏ စိတ်အာရုံဖြင့် ပထမဦးစွာ ''ငါ့ရဲ့သွေးကို အသုံးပြုခံရမယ့် ရောဂါ ဝေဒနာ ရှင်တို့ဟာ ဤ သွေးကိုအသုံးပြုသည်နှင့် တစ်ပြိုင်တည်း လျင်မြန်စွာကျန်း မာကြပါစေ'' ဟု မေတ္တာ ပွားပေးရန်လည်း သွေးလှူရှင်များကသိရှိထားရန
မိမိခန္ဓာကိုယ်ထဲမှ စီးထွက်လာသော သွေးစက်သွေးပေါက်ကလေးများနှ
သွေးလှူရှင်များသည် လည်း မေတ္တာပွားများ ကောင်းပွားများကြလိမ့်မည်။ ပွားများကြပါစေဟု စာရေးသူ ဆုတောင်းမိပါသည်။
သတ္တဝါများ ချမ်းသာစေချင်သော မေတ္တာစိတ်၊ ကျန်းမာစေချင်သော
မေတ္တာစိတ်ကို လက်ဖျောက်တစ်ချက်တီးကာလမျှ ပွားများနိုင် မည့်ပုဂ္ဂိုလ် သည်ပင် တန်ဖိုးကြီး သည်ဟုဆိုထားရာ မိမိခန္ဓာကိုယ်မှ ယခုကဲ့သို့
သွေးနှင့်ရင်းလျက်ပို့လွှတ်ရ
သွေးလှူရှင်များကို နိုင်ငံတော်အစိုးရက သွေးလှူသည့် အကြိမ်အရေ အတွက်နှင့် အညီ နှစ်စဉ်ဆုတံဆိပ်များကို ချီးမြှင့်ဂုဏ်ပြုလျက်ရှိပေ
သွေးလှူရှင်များအား ဂုဏ်ပြုသော အခမ်းအနားများကိုကျင်းပပြီး
ပေသည်။လူသားအချင်းချင်း မေတ္တာစေတနာထားပြီး ကူညီခြင်း၊
စောင့်ရှောက်ခြင်း များသည် ဝမ်းမြောက်ပျော်ရွှင်ကြည်နူး
''သွေးသည်အသက်၊ အသက်သည်သွေး''ဆိုစကားနှင့် အညီ သွေးလှူရှင် များသည် အသက်အလှူရှင် များဖြစ် ကြသည်။ မိမိခန္ဓာကိုယ်ထဲမှ
သွေးကို ဖောက်၍ လှူသည်နှင့် ''ဇီဝိတဒါန'' သည် အဖြူစင်ဆုံး၊ အမွန်မြတ်ဆုံး ဒါနဖြစ်ပါကြောင်း ဖော်ညွှန်းရင်း ''တစ်နိုင်ငံလုံးရှိ
သွေးလှူရှင်များသို့'' ဤစာစုဖြင့် ချီးကျူးဂုဏ်ပြုလိုက်ရပါသည်
အောင်ခန့်ဖြိုးဝေ(တောင်ငူ)
မြ၀တီ
No comments:
Post a Comment