အချိန်တန်
အရွယ်ရောက်လာ၍ အိမ်ထောင်ပြုမည့်အရေး တွေးကြည့်ကြရာ တရုတ်နိုင်ငံမှ လူပျို၊
လူလွတ်အားလုံး မည်သို့မှ အဖြေရှာမရ။ မိမိဖူးစာရှင် အဘယ်နေရာ၌ ရောက်နေ
သနည်း၊ အဘယ်သူနည်းဟု ရှာဖွေကြည့်ရဖို့ နေနေသာသာ အတွေးထဲ၌
ထည့်သွင်းစဉ်းစားရမည့် အမျိုးသမီးပင် ရှာဖွေ၍ မတွေ့ကြရသည့်အဖြစ်မျိုးနှင့်
ရင်ဆိုင်နေကြရသည်။
စိုးမင်းဦး ဤပြဿနာကြောင့်ပင်လျှင် တရုတ်နိုင်ငံမှ အိမ်ထောင် ပြုလိုသူ အမျိုးသားမှန်သမျှ စိတ်ဖိစီးမှု ခံနေရသည်ဟု ဆိုရပါ လိမ့်မည်။ မိမိအပါအဝင် ပတ်ဝန်းကျင်ရှိ အခြေအနေအရပ်ရပ် ကို လှည့်ပတ်၍ ကြည့်လိုက်သည့်အခါ မိမိတို့နိုင်ငံ တရုတ်ပြည် ကြောင့်လား။ တရုတ်နိုင်ငံ၏ စီးပွားရေး၊ နိုင်ငံရေး အခြေအနေ ကြောင့်ဟူသည့် တစ်ခုတည်းသော ဆင်ခြေကြောင့်တော့ မဟုတ် နိုင်ပါ။ မိမိတို့နိုင်ငံကိုကျော်၍ ကမ္ဘာကြီးတစ်ခုလုံးကို လှမ်းမျှော်၍ ကြည့်လိုက်သည့်အခါတွင်လည်း ကမ္ဘာကြီးတစ်ခုလုံး၏ အနေ အထားမှာ တစ်နေရာမဟုတ် တစ်နေရာ၌ မညီမျှမှုက ရှိနေ သည်။ ယင်းသို့သော အခြေအနေ၌ တရုတ်နိုင်ငံသည် သြဇာ အာဏာမရှိသည့် အခြေအနေမှ တိုတောင်းလွန်းလှသည့် နှစ် ကာလ အတွင်း အတော်အသင့် သြဇာရှိသည့် နိုင်ငံအဖြစ်သို့ ချက်ချင်း ရောက်ရှိလာခဲ့သည်။ စီးပွားရေး၊ နိုင်ငံရေးအရ တရုတ် နိုင်ငံ သည် နေရာတစ်နေရာ ရလာခဲ့သည် ဆိုရမည်။ သို့သော် ထိုအချိန်၌ တရုတ်နိုင်ငံ၏လူမှုရေးနယ်ပယ်တွင် ထိပ်တိုက်တွေ့နေရသည်မှာ ကျား၊ မ လိင်အမျိုးအစား ကွာခြားလွန်းသော အဖြစ်နှင့် ရင်ဆိုင်တွေ့ကြုံနေရခြင်းပင် ဖြစ်ပါ ၏။ တရုတ်နိုင်ငံ၏ မွေးဖွားမှုနှုန်းအရ ကျား၊ မ ပမာဏမှာ အတော် ကွာခြားနေကြောင်း စာရင်းများက ဖော်ပြနေသည်။ အမျိုးသမီး ၁ဝဝ မွေးဖွားလျှင် အမျိုး သား မွေးဖွားနှုန်းမှာ ၁ဝ၂ မှ ၁ဝ၆ အထိ ဦးရေ က တိုးနေသည်။ ကလေးမွေးဖွားမှု ကန့်သတ်ချက်နှင့် ခေတ်သစ်နည်းပညာတို့ကြောင့် တရုတ်နိုင်ငံ၌ ကျား၊ မ အရေအတွက်ကို အချိုးအစား မညီ ဖြစ် နေစေပါ၏။ ယင်းသို့ ကျား၊မ အချိုးအစား မညီမျှမှု သည် နှစ်ကာလအရ ၁ဝ စုနှစ် များစွာ ကြာလာသည့်အခါ ခြား နားနေသော ပမာဏမှာလည်း အလွန်ကြီးမားလာရတော့သည်။ ၁၉၈၂ ခုနှစ်မှ ၂ဝဝ၅ ခုနှစ် ကာလအကြား၌ ကျား၊ မ မွေးဖွားမှုနှုန်းသည် မ ၁ဝဝ လျှင် ကျား ၁ဝ၇ ရှိရာမှ ကျား ၁၂ဝ အထိ မြင့်တက်သွားခဲ့သည်။ အချို့သောဒေသများ၌ မ ၁ဝဝ မွေးလျှင် ကျား ၁၃ဝ အထိ မွေးဖွားမှု မြင့်တက်ခဲ့၏။ အထက်ဖော်ပြပါ ကိန်း ဂဏန်းများကို သုံးသပ်၍ တရုတ် နိုင်ငံ လူမှုသိပ္ပံ အကယ်ဒမီ Chinese Academy of Social Sciences အဖွဲ့၏ ခန့်မှန်းချက်အရ ၂ဝ၂ဝ ခုနှစ်တွင် တရုတ်နိုင်ငံ၌ ကျားလူရွယ်၊ လူလွတ်သည် သန်း ၃ဝ မှ သန်း ၄ဝ ထိ အမျိုးသမီး များထက် ပိုနေ မည်ဖြစ်၏။ ထိုသို့ ပိုနေသော အမျိုးသားများ၏ အသက်အရွယ်မှာ အသက် ၂ဝ အောက်အရွယ်ချည်းဟု ဆိုရာ အလွန် ထိတ်လန့် စရာ ပမာဏဖြစ် နေပါ၏။ အထက်ဖော်ပြပါ ကိန်း ဂဏန်းအားလုံး၏ အဓိကဦးတည် နေမှုမှာ တရုတ်နိုင်ငံ၏ ဆင်းရဲ သား၊ ဆင်းရဲသူ ဆိုသော လူများစု ကို ပမာထား၍ ပြောနေသကဲ့သို့ ဟု ယူဆလာကြသည်။ အထူးသဖြင့် ကျေးလက်နေ ဆင်းရဲသား တရုတ်လယ်သမားများ၏ ပမာဏ သည် ကျေးလက်ရှိ ဆင်းရဲသား တရုတ်အမျိုး သမီးများထက် သုံးပုံတစ်ပုံနီးပါး များပြားနေခြင်း၊ ပိုလျှံနေခြင်း ဖြစ် သည်။ အထက်ပါကဲ့သို့ ကျား၊ မ အချိုးအစား မညီမျှခြင်းသည် သူတို့ နေထိုင်ရမှု အခြေအနေ အရပ်ရပ်ကို ဖော်ပြနေခြင်း မဟုတ်ဘဲ များပြားသော လိင်အုပ်စု၏ လွှမ်းမိုးနိုင်မှု ပုံသဏ္ဌာန်ကို ဖော်ပြနေခြင်းသာ ဖြစ်၏။ အိန္ဒိယနိုင်ငံ၌လည်းရှိ အထက်ပါဖြစ်ရပ်သည် တရုတ်နိုင်ငံတစ်ခုတည်း၌ ပေါ် ပေါက်နေသည် မဟုတ်ပါ။ ကမ္ဘာပေါ်၌ လူဦးရေ ဒုတိယအများဆုံးဖြစ်သည့် အိန္ဒိယ နိုင်ငံ၌လည်း အလားတူ ကျား၊ မ မညီမျှမှု တစ်ဖက်စောင်းနင်း ဖြစ် ရပ်နှင့် ရင်ဆိုင်နေရသည်။ အိန္ဒိယနိုင်ငံ၌ မကြာခင် က စစ်တမ်းကောက်ယူခဲ့သည့် စတုတ္ထအကြိမ်မြောက် သန်းခေါင် စာရင်းအရ ကျားနှင့်မ ပမာဏ ကွာခြားမှုသည် ရုတ်ခြည်း တိုးလာ နေသည်ကို တွေ့ကြရ၏။ ၁၉၈၁ ခုနှစ်၌ ကျား ၁ဝဝဝ မွေးဖွားလျှင် မဦးရေမှာ ၉၆၂ ဦး ရှိခဲ့ရာမှ နောက် ၁ဝ နှစ် အကြာ ၁၉၉၂ ခုနှစ် စာရင်း ကောက်ယူမှု၌ မဦးရေသည် ၉၄၅ ဦး၊ ၂ဝဝ၁ ခုနှစ် စာရင်းအရ မ ဦးရေသည် ၉၂၇ ဦး ရှိနေခဲ့သည် ကို ကြည့်လျှင် မဦးရေသည် ၁ဝ စုနှစ် တစ်ခုလျှင် အချိုးကျ ထိုး ဆင်းနေကြောင်း တွေ့ရသည်။ ယခု နောက်ဆုံး၂ဝ၁၁ ခုနှစ် သန်းခေါင်စာရင်း ကောက် ယူရာတွင် ကျား ၁ဝဝဝ လျှင် မ ၉၁၄ ဦးသာ ရှိတော့သည်။ အထက်ပါ ကိန်းဂဏန်း များကို သုံးသပ်၍ အိန္ဒိယနိုင်ငံမှ စီးပွားရေး နိုဘယ်ဆုရှင် အမာတီ ယာဆင်း Amartya Sen က ၁၉၉ဝ ခုနှစ်၌ စာလုံးတစ်လုံးဖြင့် ဖွင့်ဟပြောခဲ့သည်။ 'ပျောက်ဆုံး သွားသော အမျိုးသမီးများ' ဟူ၍ ဖြစ်ပါ၏။ အမာတီယာဆင်း၏ အဆိုအရ အိန္ဒိယနိုင်ငံ၌ 'လိင်ခြား နားမှု' အလွန်ကြီးမားနေပြီဟု ယူ ဆနိုင်ပါ၏။ ဆင်းက တရုတ်နိုင်ငံ၌ ကြုံတွေ့နေရသည့် 'ပျောက်ဆုံး သွားသော အမျိုးသမီးများ' မှာ စီး ပွားရေးအဆောက်အအုံများ ပလုံ စီသည့်အလား တိုးတက်ဖွံ့ဖြိုးလာ ခြင်းအပေါ် ခြိုးခြံချွေတာစိတ်၊ ပူပန်စိတ်များဖြင့် လုံခြုံစိတ်ချစေရန် အနာဂတ်ကာလ သတို့သမီး များကို အသေအချာစိစစ်ရွေးချယ်လိုသည့် သဘောထားများလားဟု ဆိုသည်။ သို့သော် ထိုသို့ ပြူမူ လိုက်ခြင်းကြောင့် လောလောဆယ် ပြည်တွင်း၌ သတို့သမီးဦးရေမှာ ပျောက်ဆုံးသွားခဲ့ကြရသည်။ တစ်ဆက်တည်းတွင် 'သတို့သမီးတင်တောင်းခ' (အလွယ်စကားနှင့် ပြောရလျှင် သတို့သမီးဈေးနှုန်း) သည် အချို့သော ကျေးရွာ များ၌ အလွန်အမင်း မြင့် မားသွားသည်ကို တွေ့ကြရ၏။ ပမာအားဖြင့် တရုတ်နိုင်ငံ ကျေး လက်၌ သတို့သမီးရရှိရေးအတွက် သတို့သားက တင်တောင်းငွေမှာ Yuan ယွမ်ငွေ ၁ဝဝဝဝဝ (တစ် သိန်း၊ U.S$- ၁၆ဝဝဝ ) အထိ ဖြစ် လာ၏။ ထိုအခါ အဆိုပါ သတို့ သမီးဈေးကို မတတ်နိုင်သည့် တ ရုတ်ကျေးလက်မှ သတို့သားများ သည် သတို့သမီးကို ပြန်ပေးဆွဲ သည့်ပမာ ဥပဒေမဲ့ ခိုးယူကြသည်။တစ်ဆက်တည်းတွင် သာယာချမ်း မြေ့ဖွယ် အိမ်ထောင်တစ်ခု ဖြစ်မ လာတော့ဘဲ အကြမ်းဖက်မှု များ အဖြစ်သာ တိုးပွားလာရတော့ သည်။ သာမန်အကြမ်းဖက်မှုသာ မက အမျိုးသမီးများ မတရား စော် ကားခံရမှု (မုဒိန်းမှု) များသည် တစ် နေ့ထက်တစ်နေ့ များပြားလာနေ သည်ကို တွေ့ကြရ၏။ အိန္ဒိယနှင့်တရုတ်နိုင်ငံတို့၏ နယ် စပ်များသို့ အထက်ဖော်ပြပါ တရုတ်နှင့် အိန္ဒိယနှစ်နိုင်ငံရှိ လူပျို၊ လူလွတ်သမားအများစုအတွက် ဇနီးသည် ရရှိရေးပြဿနာသည် ပြည်တွင်း ၌ ဖြေရှင်း၍ မရနိုင်ဆို သည့် အချက်ကို သိလာကြသည်။ ထိုအခါ အိန္ဒိယနှင့် တ ရုတ်နိုင်ငံတို့နှင့် နယ်မြေချင်း ထိ စပ်နေသော နိုင်ငံများသို့ ထိုပြဿ နာသည် ကူးစက်လာရသည်။ ဆို လိုသည်မှာ ဇနီးသည် ရှာဖွေရေးလုပ်ငန်းသည် နယ်စပ်များမှတစ်ဆင့် အိမ်နီးချင်းနိုင်ငံများသို့ လွယ်လင့်တကူ ရောက်ရှိ လာခြင်း ပင် ဖြစ်သည်။ အိန္ဒိယနှင့်နယ်စပ်ချင်း ထိစပ်နေသော အနောက်မြောက် နှင့် အရှေ့ဘက်နိုင်ငံများကို လေ့ လာကြည့်လျှင် အနောက်ဘက် တွင် ပါကစ္စတန်၊ မြောက်ဘက်တွင် ဟိမဝန္တာနှင့် တရုတ်နိုင်ငံ။ သို့ဖြစ်၍ အိန္ဒိယအတွက် ရွေးချယ်စရာ မှာ အရှေ့ဘက်နိုင်ငံများသာ ဖြစ် လာသည်။ အရှေ့ဘက်၌ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံ။ ထိုနှစ်နိုင်ငံအနက် မြန်မာနိုင်ငံသည် အိန္ဒိယ နိုင်ငံအတွက် ပစ်မှတ်ဖြစ် လာ ၏။ အိန္ဒိယအမျိုးသားတို့အတွက် မြန် မာအမျိုးသမီးများသည် ပစ်မှတ်ဟု ဆိုနိုင်သည်။ တရုတ်နိုင်ငံနှင့် နယ်မြေ ခြင်း ထိစပ်နေသည့် နိုင်ငံများကိုကြည့်လျှင် တရုတ်နိုင်ငံ၏ အ နောက်၊ မြောက်၊ အရှေ့နှင့် တောင် ဘက် များ၌ နိုင်ငံများ ရှိသည်။ တရုတ်နိုင်ငံ၏ အနောက်ဘက်၌ ရှိနေသည်က တိဘက်ကုန်းပြင်မြင့် နှင့် လူသူမနေသော ကွင်းပြင်။မြောက် ဘက်၌ ဂိုဘီသဲကန္တာရ၊ အရှေ့ဘက်၌ ပစိဖိတ်သမုဒ္ဒရာတို့ ရှိနေပြီး တောင်ဘက်၌ကား မြန် မာ၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံများ ရှိနေ သည်။ တရုတ်နိုင်ငံအနေနှင့် နယ်စပ်ကျော်၍ သတို့သမီးရှာဖွေ မှု ပြုမည်ဆိုပါက ပစ်မှတ်ဖြစ်လာ နိုင်သည်မှာ ထိုသုံးနိုင်ငံသာ။ ထိုသုံးနိုင်ငံမှ အမျိုးသမီး များသည် တရုတ်နိုင်ငံ အမျိုးသား များအတွက် ပစ်မှတ်ဖြစ်လာနေ ပါ၏။ အိန္ဒိယနှင့် တရုတ်နှစ် နိုင်ငံတို့အနေနှင့် ကြည့်လျှင် သူ တို့နိုင်ငံမှ အမျိုးသားများ ကြုံတွေ့ နေရသော ပြဿနာ ဖြေရှင်းရေးမှာ အဓိက ဖြစ်သည်။ တိကျစွာဆိုရလျှင် အိန္ဒိ ယနှင့် တရုတ်နှစ်နိုင်ငံတို့သည် သူ တို့၏ နယ်ခြားမျဉ်းကို ဖြတ်၍ တစ်ဖက်နိုင်ငံများ၌ မျိုးရိုးစဉ်ဆက် ရရှိနိုင်မည့် အစီအစဉ်ကို ချမှတ်ကြရတော့သည်။ ထို့ကြောင့် အဆိုပါ ထိုနှစ်နိုင်ငံအရပ်ဒေသများသည် တစ်ဖက်နိုင်ငံ ကြီးများ၏ လူပျိုဖြစ် ရခြင်းပြဿနာ၏ အကျိုးဆက်ကို ခံစားကြရတော့သည်။ ထိုနှစ်နိုင်ငံ သည် လူပျို လူလွတ်ပြဿနာကို ဖြေရှင်း ရန် နည်းလမ်းအသွယ်သွယ်ဖြင့် ဇာတ်လမ်းထွင်ရှာကြသည်။ ပမာအားဖြင့် နယ်မြေပြောင်း၍ အလုပ်အကိုင်သစ် ရှာ ဖွေသည့် လမ်းစ များ ဖန်တီးပေး ခြင်းပင် ဖြစ်သည်။ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများသို့ ယင်းတို့က အလုပ် အကိုင်သစ် ရှာဖွေသည်။ နယ်စပ် ဖြတ်ကျော်သူများကလည်း အဆင် သင့် ရှိနေတတ်၍ လုပ်ငန်းသစ် တစ်ခု ဖွင့်လှစ်ကြတော့သည်။ မျိုးနွယ်သစ်များ ပေါ်ပေါက် လာနိုင် တရုတ်နှင့် အိန္ဒိယနှစ် နိုင်ငံ နယ်ခြားနေရာဒေသများ၌ ယင်းသို့ နယ်မြေဖြတ်ကျော်သွား လာ ဆက်ဆံကြခြင်းဖြင့် လူသား မျိုးနွယ်သစ်များလည်း ပေါ်ပေါက် လာစရာအကြောင်း ရှိနေပါ၏။ ဆိုလိုသည်မှာ တစ်ဖက် နိုင်ငံမှ မျိုးနွယ်နှင့် အခြားတစ်ဖက် မှ ကွဲပြားခြားနားသော ဒေသရှိ မျိုး နွယ် သီးခြား၊ အသားအရောင် သီးခြားများ ပေါင်းစပ်ခြင်းဖြင့် နောင် နှစ် ၅ဝ၊ ၁ဝဝ ကြာလာသည့် အခါ လူသားမျိုးနွယ်သစ်များ ပေါ် ပေါက်လာလေ့ ရှိသည်မှာ သမိုင်း၌ တွေ့ရလေ့ရှိသည့် ဖြစ်ရပ်များပင်။ အထူးသဖြင့် ယခုကဲ့သို့ အမျိုးသမီးများ ပျောက်ဆုံးခြင်း ဖြစ် ရပ်မျိုးကို လူဦးရေ ထူထပ်များပြား လွန်းသည့် နိုင်ငံများ၏ နယ်စပ် များ၌တွေ့ရခြင်း ဖြစ်သည်။အခြား သော နိုင်ငံများ၏ နယ်စပ်များ၌ ယင်းသို့ တွေ့ရသော်လည်း လူဦး ရေ များပြားလွန်း သည့် နိုင်ငံ များ၏ နယ်စပ်မျဉ်း၌ ပို၍သိသာစွာတွေ့ ရခြင်းကို ဆိုလိုပါ၏။ ယင်းသို့သော အယူအဆကို လက်ကို လက်ခံရမည် ဖြစ်သည်။ သက်သေအထောက်အထားအဖြစ် ညွှန်းဆိုရ လျှင် ဘောဂဗေဒ ပညာရှင် အမာတီယာ ဆင်း၏ အယူအဆဖြစ်သော သာမန်အစာရေစာ ဆာလောင်မှု မှ ငတ်ပြတ်မှု၊ ထိုမှ လိင်စိတ်များပါ ထိန်းမနိုင်၊ သိမ်းမရ ဖြစ်လာခြင်း၊ မျိုးဆက်များ ဖြစ်ထွန်းရေးနှင့် ယှဉ်ပြိုင်သူများက တိုးလာခြင်းများသည် အရာရာကို သတိလက် လွတ် ဖြစ်စေ သည်။ လူသားသည် လူ့တန်ဖိုး များ လက်သင့်မခံသည့် အဖြစ်မျိုး နှင့် ရင်ဆိုင်ရသည့်အခါ နယ်ခြား မျဉ်းဆိုသည်ကိုလည်း တန်ဖိုး မထားတော့။ လူမှုအဝိုင်းအဝန်း စည်းမျဉ်းစည်းကမ်းကိုလည်း မသိ တော့။ ယင်းသို့သော ဆန့်ကျင် ဘက်စိတ်များ လွှမ်းမိုးခံလာရ သည့် အထီးတည်းလူသားနှင့် ရုပ်ဝတ္ထု ပစ္စည်းများ ပလုံစီထလာနေသည့် အခြေအနေကို ယခုလောလော ဆယ် ထွက်လာသော Sydeny Morning Herald သတင်းစာတွင် ဆင်းက ဆောင်းပါး ရေးသား တင်ပြထားသည်။ ပါမောက္ခဆင်းက ဥပမာအဖြစ် အချို့သော လူများ၌ လုံ လောက်သောအစားအစာမရရှိမှု၊ မစားရမှုကြောင့် ငတ်မွတ်သည့် လက္ခဏာမျာကို မတွေ့ရပေ။ ထို့ ကြောင့် အစာရေစာ မလုံလောက် ခြင်း၊ ငတ်ပြတ်ခြင်း တစ်ခုတည်း နှင့် ငတ်မွတ်သည့် လက္ခဏာဟု မဆိုနိုင်ဟု ဆိုသည်။ တရုတ်နိုင်ငံ၏ လူမျိုး နွယ်စုဖြစ်သည့် Mosuo မျိုးနွယ်စု ကျေးရွာ၌ ယင်းသို့သော နယ်ခြား မျဉ်းရှိ ဆာလောင်မွတ်သိပ်မှုဖြင့် အိမ်ထောင်ဖက် ရှာဖွေနေမှုကို တွေ့ကြရသည်။ အထက်ပါဖြစ်ရပ်မျိုးကို စိုက်ပျိုးရေး အဓိကထားလုပ်ကိုင် သည့် နယ်ခြားဒေသများ ၌ မူဝါဒ ချမှတ်ဆောင်ရွက်ကြသည်။ ပမာအားဖြင့် တရုတ် နိုင်ငံ၏ နယ်ခြားအရပ်ရှိ လယ် သမားများကို စိုက်ပျိုးရေး လက် တွေ့ပြသသည့် ကောလိပ်များ ဖွင့် လှစ်၍ ပညာပေးခြင်းမျိုး ဖြစ် သည်။ သို့နှင့် နယ်ခြားဒေသတစ်လျှောက် ပညာရေး တိုးမြှင့်ကာ တရုတ်နိုင်ငံ၌ လယ်ယာလုပ်ငန်း အတွက် မျိုးဆက်သစ်များ ရရှိ လာနိုင်သည်။ လယ်သမားများ အနေနှင့် သက်ဆိုင်ရာ ပညာများ တိုးတက်ရေးသည် နိုင်ငံအတွက် အဆင့် အတန်း မြှင့်ခြင်းဖြင့် စိတ် ဓာတ်များ ပြောင်းပေးသည့် လုပ် ငန်းမျိုး စမ်းသပ်ကြသည်။ နိုင်ငံအတွက် နိုင်ငံခြားသားကို လုပ်သားအဖြစ် လက်ခံမှု တရုတ်နိုင်ငံ၏ မြို့အ ချို့၌ အချိန်အတန်ကြာပြီဖြစ်သော လက်တွေ့စမ်းသပ်မှုတစ်ခု ပြုလုပ် ခဲ့ရာ အောင်မြင်နေသည်ကို တွေ့ ရသည်။ ပမာအားဖြင့် ဝန်းကျိုဝူ Wenzhou နှင့် စမ်းကျင့် Shen-zhenမြို့သူမြို့သားများသည် ၁၉၈၅ ခုနှစ်ကတည်းက တစ်မိသား စုလျှင် ကလေးနှစ်ယောက် ယူ သည့်မူကို ကျင့်သုံးခဲ့ကြသည်။ လူဝင်မှု ကြီးကြပ်ရေးမှ တာဝန်ရှိသူများကလည်း ကျားမ အရေအတွက် မညီမျှမှုကို ကြည့်၍ တရုတ်တစ်ပြည်လုံး၏ မူဖြစ်သော 'ကလေးတစ်ယောက်နှုန်း' မူကို ဖြေလျော့ပေးခဲ့သည်။ ထိုထက်ပို၍ လက်ခံခဲ့ သည့် မူတစ်ခုမှာ နိုင်ငံခြားသား အမျိုးသမီးများ အလုပ် လာလုပ်လျှင် ဗီဇာဖြင့် ယင်းကျေးလက် ဒေသ၌ နေထိုင်ခွင့် ပေးထားခြင်း ဖြစ်သည်။ ကျား၊ မ အရေအတွက် ထိန်း ချုပ်ပေးခြင်း၊ ချိန်ညှိပေးခြင်းသည် လူဦးရေ များပြားသော နိုင်ငံများအဖို့ ရေတိုနှင့်ရေရှည်မူများ ချမှတ်၍ အနာဂတ်နိုင်ငံ အတွက် ရည်ရွယ် ၍ ဆောင်ရွက်ကြရမည်။ အနာဂတ်ကာလ ကမ္ဘာ့စီးပွား ရေးကို တစ်နည်းတစ်ဖုံ အရှိန်အဝါတစ်ခု အဖြစ် ပြသနိုင်လာမည့် တရုတ်နှင့် အိန္ဒိယ တို့၏ စီးပွားရေးကို ကြိုတင်ပြင်ဆင်ထား ကြရမည် ဖြစ်ပါ၏။ စိုးမင်းဦး Source : By Lauren Johnson/ Atimes .com မှ အချက်အလက်များ ညွှန်းဆိုပါ၏။ ဆောင်းပါးရှင်သည် ပေကျင်းတက္ကသိုလ်မှ Ph.D ဘွဲ့အတွက် သုတေသနပြုနေသူ ဖြစ်သည်။ |
Wednesday, December 5, 2012
ပြန့်ပွားလာနေသည့် ဖူးစာရှင်ပြဿနာ
Labels:အတိတ်က မြိတ်သမိုင်း
သတင်း/ဆောင်းပါး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment