လူသားလုံခြုံရေးဆိုင်ရာ
ကျောင်းတော်များ (schools
of human security)
လူသားလုံခြုံရေးဟာ
အစဉ်အလာအရ ကျင့်သုံးနေတဲ့
နိုင်ငံတော်ဗဟိုပြုအမြင်
(state-centric view) ကို
စိန်ခေါ်ထားတဲ့ အတွေးအခေါ်တရပ်ဖြစ်ပါတယ်။
အချို့ပညာရှင်များက
လူသားလုံခြုံရေးဟာ အဆုံးသတ်
ပန်းတိုင်ဖြစ်ပြီး၊
နိုင်ငံတော်ဗဟိုပြုလုံခြုံရေးက
ဒီပန်းတိုင်ကိုရောက်စေနိုင်မယ့်
နည်းလမ်းလို့ ရှုမြင်
သုံးသပ်ကြပါတယ်။ လူသားလုံခြုံရေးရဲ့
သဘောတရားနဲ့ ပတ်သက်ပြီး
ကွဲပြားခြားနားတဲ့ ရှုမြင်
သုံးသပ်မှုတွေရှိပါတယ်။
ဒါတွေကို ကျဉ်းမြောင်းသောကျောင်းတော်
(narrow school) နဲ့
ကျယ်ပြန့်သောကျောင်းတော်
(broad school) တို့ရဲ့
ရှုမြင်သုံးသပ်ချက်တွေအနေနဲ့
ခွဲခြားဖော်ပြ နိုင်ပါတယ်။
ကျဉ်းမြောင်းသောကျောင်းတော်အြ မင်ကို
အဆိုပြုသူတယောက်ဖြစ်တဲ့
ပညာရှင် Mack
ဆိုသူက
လူထုအပေါ်မှာ နိုင်ငံတော်နဲ့
အခြားနိုင်ငံရေးအစုအဖွဲ့တွေက
ခြိမ်းချောက်နေတဲ့ နိုင်ငံရေး
အကြမ်းဖက်မှုတွေဟာ
လူသားလုံခြုံရေးသဘောတရားရဲ့
အဓိက အာရုံစိုက်မှုဖြစ်သင့်တယ်လို့
ဆိုထားပါတယ်။ Mack
နဲ့ သူ့ရဲ့
အင်စတီကျူးရှင်းဖြစ်တဲ့
British Columbia တက္ကသိုလ်၊
လူသားလုံခြုံရေးစင်တာတို့က
လူသားလုံခြုံရေးဆိုတာ
လူတဦးချင်းစီနဲ့ လူ့အဖွဲ့အစည်းတွေကို
စစ်ပွဲနဲ့ အခြားနိုင်ငံရေး
အကြမ်းဖက်မှုသဏ္ဍာန်များရဲ့
ခြိမ်းချောက်မှုမှ
ကာကွယ်စောင့်ရှောက်ခြင်းလို့
လက်ခံ သတ်မှတ်ထားပါတယ်။
Mack က
နိုင်ငံရေးအကြမ်းဖက်မှုအပြင်
အခြားအကြမ်းဖက်မှုသဏ္ဍာန်တွေ
ရှိကြောင်းကိုလဲ အသိအမှတ်
ပြုပါတယ်။ ဒါပေမယ့်
အခြားအကြမ်းဖက်မှုများနဲ့
ခြိမ်းချောက်မှုများကို
correlates of violence
အဖြစ်သာ
သတ်မှတ်ပြီး၊ နိုင်ငံရေးအကြမ်းဖက်မှုတွေကို
အာရုံစိုက်ထားပါတယ်။
ရိုးရှင်းစွာကြည့်မယ် ဆိုရင်
နိုင်ငံရေးအကြမ်းဖက်မှုများရဲ့
ခြိမ်းချောက်မှုကို
ကြောက်ရွံ့ခြင်းမှကင်းဝေးရေးအတွ က်
လူသားလုံခြုံရေးက ကာကွယ်ပေးကြောင်း
ကျဉ်းမြောင်းသောကျောင်းတော်က
သုံးသပ်ထားပါတယ်။
ကျယ်ပြန့်သောကျောင်းတော်ကို
အဆိုပြုသူများကတော့
လူသားလုံခြုံရေးဟာ
နိုင်ငံရေးအကြမ်းဖက်မှု
များရဲ့ ခြိမ်းချောက်မှုမှ
ကင်းဝေးရေးဆိုတာထက်
ပိုပြီးကျယ်ဝန်းတယ်လို့
ရှုမြင်သုံးသပ်ကြပါတယ်။
လူသားလုံခြုံရေးဟာ
ကြောက်ရွံ့ခြင်းမှကင်းဝေးရေး
ဆိုတာတခုတည်းနဲ့ မလုံလောက်ပဲ
လိုအင်ဆန္ဒမှ ကင်းဝေးရေးကိုလဲ
ထည့်သွင်းစဉ်းစားသင့်ကြောင်း
အဆိုပြုထားကြပါတယ်။ ပညာရှင်
Thakur နဲ့
တိုကျိုအခြေစိုက် ကမ္ဘာ့ကုလသမဂ္ဂ
တက္ကသိုလ်က လူသားလုံခြုံရေးဆိုတာကို
လူသားတွေရဲ့ အသက်အန္တရာယ်စိုးရိမ်ရဖွယ်ရှိနို င်တဲ့
ခြိမ်းချောက်မှုများမှ
ကာကွယ်စောင့်ရှောက်ခြင်းလို့
ရှုမြင်သုံးသပ် ပါတယ်။
ဒီလိုခြိမ်းချောက်မှုတွေဟာ
သဘာဝဘေးအန္တရာယ်ဖြစ်စေ၊
လူသားတွေက ပြုလုပ်တဲ့
anthrogenic activities
တွေဖြစ်စေ
အကျုံးဝင်ရုံမက၊ နိုင်ငံတွင်းမှာဖြစ်စေ၊
နိုင်ငံပြင်ပမှာဖြစ်စေ၊
တိုက်ရိုက်ဖြစ်စေ၊
စီမံဆောင်ရွက်မှုဖြစ်စေ
အကျုံးဝင်ပါတယ်။
ကျယ်ပြန့်သောကျောင်းတော်အမြင်ရဲ့ 
ရှုမြင်သုံးသပ်ချက်တွေကို
ဝေဖန်ချက်တွေ အများအပြား
ပေါ်ထွက်ခဲ့ပါတယ်။ ပညာရှင်
Paris ဆိုသူက
လူသားလုံခြုံရေးဟာ substance
abuse ကနေ
လူမျိုးတုံးသတ်ဖြတ်မှုအထိ
အရာအားလုံးအကျုံးဝင်နေတာဖြစ်တဲ့ အတွက်
လူသားလုံခြုံရေးကို ဖြစ်ပွားစေတဲ့
causal hypotheses တွေ
ချမှတ်ဖို့ အရမ်းခဲယဉ်းကြောင်း
ဝေဖန်ထားပါတယ်။ ကျယ်ပြန့်သော
ကျောင်းတော်က ချမှတ်ထားတဲ့
လူသားလုံခြုံရေးရရှိစေမယ့်
နည်းလမ်းတွေဟာ
ကမ္ဘာ့ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်ေ ရးအစီအစဉ်
(UNDP) က
ချမှတ်ထားတဲ့ လူသားဖွံ့ဖြိုးတိုးတက်ရေး
(Human Development)
နည်းလမ်းများနဲ့
ပိုပြီးဆင်တူပေမယ့်
ဖွံ့ဖြိုးတိုးတက်ရေး သဘောတရား
ထက်တော့ ပိုပြီးကျယ်ပြန့်ပါတယ်။
အထူးသဖြင့် လူသားတွေရဲ့
လိုအင်ဆန္ဒမှ လွတ်ကင်းရေးအချက်ကိုပါ
ထည့်သွင်းထားတဲ့အတွက်ဖြစ်ပါတယ်။
လူသားလုံခြုံရေး
သဘောတရားနဲ့ ပတ်သက်ပြီး၊
ကျောင်းတော်များရဲ့
ရှုမြင်သုံးသပ်ချက်တွေအပေါ်မှာ
ထပ်မံမေးခွန်းထုတ်စရာတွေကလဲ
ရှိလာပါတယ်။ လူသားတွေရဲ့
ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေးနဲ့
လိုအင်ဆန္ဒမှ လွတ်ကင်းရေးအတွက်
အဓိက တာဝန်ရှိတာက
နိုင်ငံတော်ဖြစ်နေတဲ့အတွက်၊
နိုင်ငံတော် ကိုယ်တိုင်က
လူသားလုံခြုံရေးကို
ခြိမ်းချောက်နေတဲ့အခါမှာ
ဘယ်လိုဆောင်ရွက်မလဲ၊
အချို့နိုင်ငံတော်တွေရဲ့
ဒီလိုပြုမူချက်ကို အကြောင်းပြုပြီး
လုံခြုံရေးရာမှာ
နိုင်ငံတော်ဗဟိုပြုလုံခြုံရေးရဲ့ 
အခန်းကဏ္ဍကို ဖယ်ရှားသင့်သလားဆိုတဲ့
မေးခွန်းတွေ ဖြစ်ပါတယ်။
ပညာရှင်အချို့က
အချို့နိုင်ငံတော်အစိုးရများရဲ့
လူသားလုံခြုံရေးခြိမ်းချောက်မှု များကို
အကြောင်းပြုပြီး၊
နိုင်ငံတော်ဗဟိုပြုလုံခြုံရေးရဲ့ 
အခန်းကဏ္ဍကို ဖယ်ရှားစရာ
မလိုအပ်ကြောင်းနဲ့ နိုင်ငံတော်အစိုးရ
အားလုံးက လူသားလုံခြုံရေးကို
ခြိမ်းချောက်နေတာမဟုတ်ကြောင်း
ဆိုထားကြပါတယ်။ အချို့ကလဲ
လူသားလုံခြုံရေးကို လက်တွေ့မှာ
တကယ်အကောင်အထည်ဖော်ဆောင်ပေးနို င်တဲ့
အဓိက material
assets ဟာ
နိုင်ငံတော်သာဖြစ်ကြောင်း
ဆိုကြပါတယ်။ ပညာရှင်အများစုကတော့
နိုင်ငံတော်ရဲ့ အခန်းကဏ္ဍကို
မဏ္ဍိုင်ပြုပြီး ပိုမိုကောင်းမွန်တဲ့
နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်း ဆောင်တာတွေမှာ
လူသားလုံခြုံရေးအာဂျင်ဒါ
(Human Security Agenda)
ထည့်သွင်းထားရေးစတဲ့
အဆိုကို လက်ခံထားကြပါတယ်။
လူသားလုံခြုံရေးကို
နိုင်ငံတော်က တိုက်ရိုက်ခြိမ်းချောက်နေတဲ့
နိုင်ငံတွေနဲ့ ပတ်သက်လို့ကတော့
လူသားချင်းစာနာမှုဖြင့်
ကျူးကျော်စွက်ဖက်ခြင်း
(humanitarian
intervention) ဆိုတဲ့
သဘောတရားတခု ထပ်မံပေါ်ထွက်လာပါတယ်။
ဒီသဘောတရားနဲ့ ပတ်သက်ပြီးတော့လဲ
အဆိုပြုချက်တွေနဲ့ အငြင်းပွားမှုတွေ
အများအပြားပေါ်ပေါက်ခဲ့ပါတယ်။
Realism ၀ါဒီများက
လူသားချင်းစာနာကူညီရေး
ရည်ရွယ်ချက်တွေနဲ့
နိုင်ငံတော်အကြမ်းဖက်မှုရှိနေတဲ့ 
နိုင်ငံတွေကို အခြားနိုင်ငံများက
ဝင်ရောက်စွက်ဖက်ကျူးကျော်မှုလု ပ်တဲ့အခါ
ရေရှည်စစ်ပွဲတွေ ဖြစ်ပေါ်လာနိုင်ပြီး၊
ပြည်သူလူထုရဲ့အကျိုးကို
ရေရှည်မှာ ထိခိုက်လာနိုင်ကြောင်း
ဆိုထားကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်
ကျူးကျော်မှုဆိုတာ
နိုင်ငံတနိုင်ငံရဲ့
အချုပ်အခြာအာဏာကို
ထိပါးခြင်းဖြစ်တဲ့အတွက်
ကမ္ဘာ့လုံခြုံရေးကို
ထိခိုက်နိုင်ကြောင်းနဲ့
ပြည်တွင်းစစ်ပွဲ (intra-state
war) ကနေ
နိုင်ငံများအချင်းချင်း
ဖြစ်ပွားသောစစ်ပွဲ (inter-state
war) ကို
ကူးစက်သွားစေတတ်ကြောင်း
ဆိုထားခဲ့ပါတယ်။
လူသားချင်းစာနာမှုဖြင့်
ကျူးကျော်စွက်ဖက်ခြင်းကို
အဆိုပြုသူများကတော့
နိုင်ငံတကာလုံခြုံရေးရာ
တည်ငြိမ်မှုရှိရေးဟာ
နိုင်ငံတခုချင်းစီမှာရှိတဲ့
လူထုရဲ့ လူသားလုံခြုံရေးရှိမရှိပေါ်မှာ
မူတည်ကြောင်း ဆိုထားကြပါတယ်။
နိုင်ငံတွင်းမှာမှီတင်းနေထိုင် တဲ့
ပြည်သူလူထုရဲ့ ဘ၀က
လုံခြုံမှုမရှိဘူးဆိုရင်
နိုင်ငံတော်ကတော့
လုံခြုံမှုရှိနိုင်ပါ့မလားဆိုတဲ့ 
အချက်ကို မေးခွန်းထုတ်လာကြပါတယ်။
နိုင်ငံတနိုင်ငံ အတွင်းမှာ
ဖြစ်နေတဲ့ ပဋိပက္ခတွေ၊
မလုံခြုံမှုပြဿနာတွေဟာ
အိမ်နီးချင်းနိုင်ငံတွေကိုလဲ
spillover effects
သက်ရောက်စေနိုင်ကြောင်းနဲ့
ကမ္ဘာ့လုံခြုံရေးကိုပါ
ကူးစက်ခြိမ်းချောက် လာနိုင်ကြောင်း
အဆိုပြုလာကြပါတယ်။
နိုင်ငံတကာအကြမ်းဖက်မှုများပေါ် ထွက်လာခြင်းရဲ့
ကနဦးအစဟာ နိုင်ငံတွင်း
ပဋိပက္ခများက မြစ်ဖျားခံလာတာဖြစ်ကြောင်း
ဥပမာများပေးပြီး ဖော်ပြထားကြ
ပါတယ်။ ဒီအချက်ဟာ ပဋိပက္ခများဖြစ်ပွားတဲ့
နိုင်ငံအချို့က နိုင်ငံတကာက
ဝင်ရောက်စွက်ဖက်ကျူးကျော်မှုတွေ
ပြုလုပ်လာခြင်းနဲ့ ပတ်သက်ပြီး
လူအများက နားလည်ထောက်ခံပေးစေတဲ့
အဆိုပြုချက်ဖြစ်ပါတယ်။
သို့ပေမယ့်
ဘယ်လိုအချိန်အခါမျိုးမှာ
ဝင်ရောက်စွက်ဖက်ကျူးကျော်မှုတွေ
ပြုလုပ်သင့်သလဲဆိုတာနဲ့
ပတ်သက်ပြီးလို့တော့
အငြင်းပွားမှုတွေ
ဆက်လက်ပေါ်ထွက်လာပါတယ်။
လူသားလုံခြုံရေးနဲ့ international
order အကြားက
ဆက်နွယ်မှုတခုတည်းနဲ့
အခြားနိုင်ငံတခုရဲ့
ပြည်တွင်းရေးကို နိုင်ငံတကာက
ဝင်ရောက်စွက်ဖက်ကျူးကျော်မှုကို
justify လုပ်လို့
မဖြစ်နိုင်ကြောင်း
အချို့ပညာရှင်များက ဆိုလာကြပါတယ်။
အခြားနိုင်ငံတခုရဲ့
ပြည်တွင်းရေးကို နိုင်ငံတကာက
ဝင်ရောက်စွက်ဖက်ကျူးကျော်သင့် မသင့်
ဆန်းစစ်ရမယ့် assessment
criteria တွေနဲ့
ပတ်သက်ပြီး International
Commission on Intervention and State Sovereignty (ICISS) က
(၂၀၀၁)
ခုနှစ်မှာ
တင်ပြခဲ့တဲ့ Responsibility
to Protect (R2P) ဆိုတဲ့
သဘောတရားကို မှီငြိမ်းကိုးကားလာကြပါတယ်။
သို့ပေမယ့်လဲ နိုင်ငံအများစုက
ဒါကို operational
principle အဖြစ်
လက်ခံထားမှု မရှိပါဘူး။
လက်ရှိမှာ
ဖွံ့ဖြိုးဆဲနိုင်ငံအများစုက
လူသားလုံခြုံရေးရှိစေဖို့ဆိုရာ မှာ
ဖွံ့ဖြိုးတိုးတက်ရေးကို
နိုင်ငံတကာ အကူအညီနဲ့
ဆောင်ရွက်ရေးကိုသာ
ပိုမိုဇောင်းပေးဆောင်ရွက်ကြပြီး ၊
တိုင်းပြည်ရဲ့ အချုပ်အခြာ
အာဏာနဲ့ ပတ်သက်လို့ကတော့
unconditional sovereignty
ကိုသာ
ဆက်လက်ထားရှိ လိုကြပါတယ်။
အချို့ကိုလိုနီလက်အောက်ခံဘ၀က
လွတ်မြောက်လာတဲ့
ဖွံ့ဖြိုးဆဲနိုင်ငံငယ်တွေကတော့
conditional sovereignty
ဖြစ်အောင်
ပြုလုပ်ခြင်းဟာ
အင်အားကြီးအနောက်နိုင်ငံများရဲ့
ကမ္ဘာ့နိုင်ငံရေးကို
စည်းမျဉ်းများချမှတ်ရန်
ကြိုးပမ်းမှုနဲ့ နိုင်ငံတကာရေးရာများမှာ
ဝင်ရောက်စွက်ဖက် နိုင်ရန်
အကြောင်းပြချက်ပေးခြင်းလို့
ယူဆကြပါတယ်။ ဒါကြောင့်
ပြည်တွင်း အကြမ်းဖက်မှု
(internal violence)
များကို
အာရုံစိုက်တဲ့ လူသားလုံခြုံရေးဆိုင်ရာ
ကျဉ်းမြောင်းသော အယူအဆကို
ဖွံ့ဖြိုးဆဲနိုင်ငံအများစုက
လက်ခံခြင်းမရှိကြပဲ၊ Development
agenda ပါဝင်တဲ့
ကျယ်ပြန့်သော ကျောင်းတော်အယူအဆကို
လက်ခံထားကြပါတယ်။
(ဆက်လက်ဖော်ပြပါမည်)
ခင်မမမျိုး
(၅၊
၁၊ ၂၀၁၂)
No comments:
Post a Comment