Wednesday, December 19, 2012

ဲ့ မြန်မာ စတေရှင် ၀ပ်ဒ်ဂွန်ကားကြီးMyanmar Station Wagon (MSW)

မော်ဒယ်လ်အသစ်မထုတ်တော့ဘူးလားလို့ အမေးများနေတဲ့ပြည်တွင်းဖြစ် Myanmar Station Wagon (MSW)

၂၀၁၀ ခုနှစ်လောက်က ၀ယ်ယူလို့ရနိုင်ခဲ့တဲ့ စက်မှု-၂ ကားလို့ လူသိများတဲ့ မြန်မာ စတေရှင် ၀ပ်ဒ်ဂွန်ကားကြီးကိုမြန်မာပြည်ကြီးရဲ့ ရှုမငြီးဖွယ်လမ်းများပေါ်မှာ တစ်နှစ်ကျော်မျှ ၀ံ့ကြွားစွာ မောင်းနှင်ခဲ့ကြ ပါတယ်။ စက်မှု-၂ မှလည်းMSW မတိုင်ခင်က Grand Tigerဟု လူသိများသော Doublecabများကိ ထုတ်လုပ်ခဲ့ပါသေးတယ်။ ဒီတစ်ပတ်တော့ 4WDတွေခေတ်စားနေတဲ့မြန်မာနိုင်ငံကြီးမှာ MSW အကြောင်းကိုပဲကြားသိရသလောက် မျှဝေလိုက်ပါတယ်။

MSW ကြီးဟာ အလွန်အမင်း ခံညားလွန်းအားကြီးသည့် အတွက်ကြောင့် နိုင်ငံခြားသားများကိုပါအံအားသင့်စေပါတယ်။ ကားရဲ့ကိုယ်ထည်ဟာ တိုယိုတာ ၁၉၉၉ ခုနှစ်ထုတ် မော်ဒယ်လ်ဖြစ်သော Pradoနှင့် လွန်စွာ ဆင်တူသည်ဟုအပြောများသည့်အတွက်ကြောင့်ထိုလို ကားမျိုးကိုမြန်မာပြည်မှာ ထုတ်လုပ်နိုင်သည်ဟုပြောလျှင်ပင် အလွန်အမင်းဂုဏ်ယူလေ့ရှိတတ်ပါတယ်။ ဖိလစ်ပိုင်လိုနိုင်ငံမျိုးမှာတောင်ဒီလိုကားမျိုး မထုတ်နိုင်တဲ့အတွက်ကြောင့်မြန်ပြည်ဟာ အာရှမှာ ကျားတစ်ကောင်သဖွယ် ဖြစ်လာသည်တောင် ထင်ရပါတယ်။

ဂျပန်အင်ဂျင်အကျလို့အပြောများတဲ့ တိုယိုတာကားများမှာ အသုံးပြုပြီးသားအင်ဂျင် အဟောင်းများကိုပြန်လည်အသုံးပြုထားသည့် အတွက်ကြောင့်MSWကြီးမှာ အထက်မှာ ဖော်ပြခဲ့သည့် အာရှမှကျားတစ်ကောင် အလား မြန်မာပြည်ရဲ့လမ်းများပေါ်မှာ လျင်မြန်စွာ မောင်းနှင်နိုင်ပါတယ်။ ကားရဲ့ ကိုယ်ထည်မှာလည်းဖော်ပြပါအတိုင်းတိုယိုတာ ပါရာဒိုကြီးနှင့်လွန်စွာ တူပြီးအနက်ရောင် တစ်မျိုးထဲထုတ်လုပ်သည့်အတွက်ကြောင့် မောင်းနှင်နေချိန်အခိုက်အတန့်မှာ ဘယ်လိုပြောရမှန်းမသိအောင် အရှိန်အ၀ါ ကြီးလွန်းလှပါတယ်။

အနက်ရောင်ရှိတဲ့ ကိုယ်ထည်ကြီးမှာလည်း ၀ယ်ယူပြီးနောက်ဘော်ဒီရုံမှာ ဆေးနောက်ထပ် နှစ်ထပ်လောက်မှုတ်လိုက်ရင်ဖြင့် အော်ရီဂျင်နယ် ဆေးသားများ ကွာကျနေသည်ကိုမမြင်ရတော့သည့်အပြင် အဖုအထစ်များနှင့်တွန့်လိမ်နေသည့် ပါးလွှာသော သံထည်ကြီးကိုအသုံးပြုထားမှန်း မည်သူမျှမသိနိုင်တော့သည့်အတွက်ကြောင့် ၀ယ်ယူ အသုံးပြုသူများအတွက်လည်း မျက်နှာငယ်စရာ မလိုတော့ပါဘူး။

မိုးတွေပြင်းတဲ့မိုးရာသီရှိတဲ့မြန်မာပြည်ကြီးမှာ MSWရဲ့ ကားမှန်တံခါးချပ်များရဲ့လိုင်နာများကိုလည်းမိုးရေစိမ့်ဝင်မှုမရှိရအောင် မာမာကျောကျော ထူထူထဲထဲပြုလုပ်ထားသည့် အတွက်ကြောင့်ကားတံခါးများLock မကျသည့် ပြဿနာ ရှိသော်လည်း ထူထဲနေသော လိုင်နာကိုဖြုတ်လိုက်ပါက ၎င်းဖြစ်စဉ်များမှာ ရှိခဲ့မှန်းတောင်သတိ မထားမိတော့သည့် အတွက်ကြောင့်ပိုင်ရှင်များအတွက် အားတက်စရာ တစ်ခုဖြစ်ပါတယ်။ သို့သော်လည်းမိုးရေ စိမ့်ဆည်းမှုအတွက်တော့ တစ်ဖန်ပြန်လည် စိုးရိမ်ရမည် ဖြစ်သည့်အတွက်ကြောင့်ပိုက်ဆံနည်းနည်း ပိုပေးပြီးကားမှန်တံခါးများပေါ်မှာ မိုး မပက်နိုင်သည့်အကာများတပ်ဆင်ပေးလိုက် ပါက အဆင်ပြေသွားမှာ ဖြစ်ပါတယ်။

ယုဇနပလာဇာမှာ ရောင်းချနေတဲ့ဆိုဖာထိုင်ခုံများမှာ အသုံးပြုထားသော ပြည်တွင်းဖြစ် သာရေတု(Leather)ကို အသုံးပြုထားသည့် အတွက်ကြောင့်MSW ကားထိုင်ခုံမှာ လွန်စွာ ငြိမ့်ငြောင်းပြီးနေပူလွန်းအားကြီးရင် အရောင် မှေးမှိန်သွားသည့်အပြင်၊သာရေတုမှာ တွန့်ကြေ ပျက်စီးသွားသော်လည်းကားထိုင်ခုံ အစွတ်ကလေးကို ဆွတ်လိုက်ပါကပိုမို သက်တောင့်သက်သာ ရှိစေမှာ ဖြစ်သောကြောင့်ဖော်ပြပါကိစ္စများလည်း ကင်းဝေးစေနိုင်ပါတယ်။

၂၀၁၀ ဘရန်းနယူးမော်ဒယ်ဖြစ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့်Central Locking စံနစ်မပါဝင်လာသည့်အတွက်ကြောင့် အခွန်လွတ်ဈေးသို့မဟုတ် ကျွမ်းကျင်ပညာရှ င်များထံ၌ သွားရောက်ပြီးတရုတ်ပြည်မှ တင်သွင်းသော Central Locking Remote Systemကို ကျပ်ငွေသောင်းဂဏန်းမျှဖြင့် လွယ်ကူစွာ တပ်ဆင်အသုံးပြုနိုင်သဖြင့် လုံခြုံမှုအတွက်လည်းစိုးရိမ်စရာ မလိုပါဘူး။ သို့ပေမယ့် ခန့်ညားတဲ့ 4WD MSWကြီးရဲ့ နောက်ဖုံးတံခါးကိုရှေ့တံခါး၎ ချပ်နှင့် ချိတ်ဆက် မပေးထားသည့်အတွက်ကြောင့် နောက်တံခါးမှာတော့ Central Locking Remoteနှင့်တော့ အသုံးပြုလို့မရသော်လည်း သတိလေးကို အမြဲဆောင်ပြီးManually သော့ခတ်ပေးပါကလူသူကင်းမဲ့တဲ့နေရာမျိုးမှာ သင့်ရဲ့တန်ဖိုးကြီးMSWကိုရပ်နားထားခဲ့ပါက ခိုးယူခံရမှုကင်းဝေးစေမှာ ဖြစ်ပါတယ်။

Entertainmentအတွက်လည်းTouch Screen Entertainment Systemကို အသုံးပြုထားသည့် အပြင်ကားနောက်ဆုတ်ရင် ကြည့်ရှုနိုင်ဖိ အတွက်နောက်ကြည့် ရောင်စုံကင်မရာကို ထည့်သွင်းပေးထားသည့်အတွက်ကြောင့် ယာဉ်တိုက်မှုလည်းလျော့နည်းစေမှာ ဖြစ်ပါတယ်။ Touch Screen Entertainment Systemကြီး အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးခဲ့ပါက ပြင်ဆင်ဖို့အတွက် ၀ါယာကြိုးများမှာ ရှုပ်ထွေးလွန်းအားကြီးသဖြင့် ဘယ်ပုံ ဘယ်နည်းနှင့် ပြင်ဆင်ရမည် မသိခဲ့ပါက စိုးရိမ်စရာ တစ်စက်မှမလိုပဲ အခွန်လွတ်ဈေးသွားလိုက်ရုံဖြင့် အဆင်ပြေသွားနိုင်ပါတယ်။

ကားတစ်စီးမှာ အရေးအကြီးဆုံးဖြစ်တဲ့Braking Systemမှာလည်းမိတစ်ချက်မမိတချက် ဖြစ်နေသည့်အတွက်ကြောင့်ဂျပန်ကျ ပရာဒိုကားမှဘရိတ်ကင်း စနစ်တစ်ခုလုံးကို သိန်းဂဏန်းပေးပြီးလဲလိုက်ရုံဖြင့်အန္တရာယ် ကင်းဝေးစေမှာ ဖြစ်ပါတယ်။

အချုပ်အားဖြင့်ဆိုရသော် MSW ကားကြီးမှာ အထက်ဖော်ပြပါအကြောင်းအရာများအတိုင်း ငွေကုန်ကြေးကျထပ်မံ စိုက်ထုတ်စရာ မလိုတော့တဲ့၂၀၁၃ မော်ဒယ်လ်အသစ် ထွက်ရှိလာခဲ့ပါက မြန်မာပြည်ထုတ်မှ ချစ်သည်ဆိုသော၊ပြည်တွင်းဖြစ်ကားမှ စီးချင်ကြသည်ဆိုသော၊ကားချစ်သူများအားလုံးအတွက်အဆင်ပြေသွားနိုင်ကြောင်း၊ ဂျပန်ထုတ်ကားများတောင်အရောင်း ထိုင်းသွားနိုင်ကြောင်းမျှဝေလိုက်ပါတယ်။

credit to-Myanmar ICT

No comments: