Monday, December 10, 2012

ပတ်ဝန်းကျင်မှ တွေ့ရာ မိန်းကလေးများပုံကို ဓါတ်ပုံရိုက်ယူပြီး မကောင်းတာလုပ်စားတဲ့ (ဖာ) အသွင် ဖော်ပြချက်ကြောင့် The Voice Weekly တောင်းပန်ရ


ပတ်ဝန်းကျင်မှ တွေ့ရာ မိန်းကလေးများပုံကို ဓါတ်ပုံရိုက်ယူပြီး မကောင်းတာလုပ်စားတဲ့ (ဖာ) အသွင် ဖော်ပြချက်ကြောင့် The Voice Weekly တောင်းပန်ရ
The Voice Weekly ဂျာနယ် သည် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ထုတ် Vol 8,No 48 စာမျက်နှာ ၁၈ တွင် ဘဝနွံထဲက အကြွေပန်းလေးများ ဟုဆိုသော ခေါင်းစဉ်ဖြင့် လမ်းမကြီးဘေးတွင် မကောင်းတာလုပ်စားသော(ဖာ) ပြည့်တန်ဆာ အမျိုးသမီးများဘဝ အား ဆောင်းပါးတစ်ပုဒ်ဖော်ပြခဲ့ရာ တွင် ထိုဆောင်းပါးတွင် ပါရှိေ

သာ ဓါတ်ပုံမှာ လမ်းဘေးတနေရာတွင် အမျိုးသမီးငယ်တစ်စု စုစည်းနေပုံကို ပိုင်ရှင်မသိပဲ ခိုးယူရိုက်ယူခဲ့ပြီး ဆောင်းပါးနဲ့ တွဲစပ်၍ ပြည့်တန်ဆာ(ဖာ)များအသွင် သရုပ်ဖော်ခဲ့ပါသည် ။ထို့နောက် ယခုအခါ ထိုဓါတ်ပုံကြောင့် ပြဿနာများ ဖြစ်ပွါးလာပြီဖြစ်သောကြောင့် ဖြေရှင်းချက် ဟု ခေါင်းစဉ်တပ်ကာ ထိုအမျိုးသမီး ၄ ဦးမှာ ပြည့်တန်ဆာ(ဖာ)များမဟုတ်ကြောင်း ပြန်လည်ရေးသားသော်လည်း တောင်းပန်ခြင်း ဝန်ခံခြင်း အလျင်းမပြုလုပ်ပဲ ဝတ်ကြေတန်းကြေ ဖြေရှင်းချက်ဟု၍ ထုတ်ခဲ့ပါသည် ။
ထိုဓါတ်ပုံကြောင့် ဓါတ်ပုံတွင် ပါရှိလာသော အမျိုးသမီးတစ်ဦးဖြစ်သူ(ထဘီဝတ်ဆင်ထားသူ) မအေးအေးနွယ်(အမည်ပြောင်းထား) ဆိုသူ သည် စမ်းချောင်းမြို့နယ်ရှိ အိမ်ခြံမြေ ဝယ်/ရောင်း အကျိုးဆောင်ကုမ္မဏီတွင် အလုပ်လုပ်နေရာမှ နှူတ်ထွက်ခဲ့ရပြီး ပတ်ဝန်းကျင်တွင် အရှက်ကွဲကာ ယခုအခါဆေးခန်းတစ်ခုတွင် depression ခေါ် စိတ် ဓါတ်ကျဆင်းခြင်း ဖြစ်နေ၍ စိတ်ရောဂါကု ဆရာဝန်တစ်ဦးနှင့် ကုသနေရပါသည်

No comments: