http://www.tachileik.net/2013/
=-------------------------=
မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်
အဆိုပါအဖွဲ့အနေဖြင့် တာချီလိတ်မြို့သို့ ခဏတာရောက်ရှိနေစဉ်အတွင်း Tachileik Online News မှ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်
Tachileik Online News ။ ။ အခု ဥက္ကဌကြီးအနေနဲ့ပေါ့နော်၊ မြန်မာနိုင်ငံကို လာတဲ့ အကြောင်းအရင်းလေးကို တစ်ချက်လောက် ပြောပြပေးလို့ရမလားခင်ဗျာ။
ရဲဘော်သံခဲ။ ။ ဟုတ်ကဲ့ပါ..၊ ကျွန်တော်တို့ ဒီခရီးစဉ်က မကဒတ ABSDF ကျောင်းသားတပ်မတော်နဲ့ အစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်းဖော်ဆောင
Tachileik Online News ။ ။ အဲ့လိုမျိုးအတွက်ဆိုရင် သဘောတူညီလက်မှတ်ထိုးဖို့ အခြေအနေက ဘယ်လိုရှိလဲ..
ရဲဘော်သံခဲ။ ။ ဒါကတော့ဗျာ ကျွန်တော်တို့ အထူးသဖြင့်ကတော့ ဒီလုပ်ငန်းစဉ်ဟာ ၂၀၁၂ခုနှစ်က စခဲ့တာဖြစ်ပါတယ်။ တစ်နှစ်ကျော်နီးပါး ကျွန်တော်တို့ တဆင့်ပြီးတဆင့် အချိန်ယူပြီးတော့မှ စဉ်းစားခဲ့ကြတယ်၊ အချိန်ယူပြီးတော့မှ စကားတွေလည်း ပြောခဲ့ကြတယ်။ မကဒတ အနေနဲ့က စကားပြောပွဲတွေ စပြီးပြောတယ်ဆိုကတည်းက နိုင်ငံရေးအရ ရည်ရွယ်ချက် ၃ခု ထားပါတယ်။ အထူးသဖြင့်ကတော့...
၁။ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး
၂။ အင်အားစုအားလုံးပါတဲ့ နိုင်ငံရေးဆွေးနွေးပွဲဖြစ်မြောက
၃။ ဒီမိုကရေစီအရေး၊ လူ့အခွင့်ရေး၊ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဒါန်းခွင့်ကို အာမခံချက်ရှိတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတစ်ခု ပေါ်ပေါက်ရေးအပါအ၀င် အားလုံး လက်ခံနိုင်တဲ့ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တစ်ရပ် ဖြစ်ရေးအတွက်ဆိုရင် စေ့စပ်ညှိနှိုင်းရေး အခါကျတော့မှ တစ်ဖက်နဲ့တစ်ဖက် နိုင်ငံရေးစကားတွေ၊ အားလုံးပါတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်မြောက်ဖို့အတွက် ကြိုးပမ်းတဲ့ ကြိုးပမ်းမှုတစ်ရပ်လို့ ပြောရင်လည်း ဖြစ်ပါတယ်။ သို့သော်လည်းပဲ ကျွန်တော်တို့ မြင်တာကတော့ ဒီတစ်ခေါက် ဆွေးနွေးပွဲမှာ ကျွန်တော်တို့ အပစ်အခတ်ရပ်စဲရေး အပါအ၀င် ရှေ့ဆက်ပြီးတော့မှ တက်လှမ်းရမဲ့ နိုင်ငံရေး ဆိုင်ရာ ကိစ္စရပ်တွေကိုလည်း တစ်ပြိုင်နက်တည်း ဆွေးနွေးမယ်၊ အဲ့
ဒီ ဆွေးနွေးမှု အခြေအနေမှာ မူတည်ပြီးတော့ပဲ ဒါကို ကျွန်တော်တို့ ဆုံးဖြတ်ရမယ်လို့ ပြောချင်ပါတယ်။
Tachileik Online News ။ ။ နောက်မေးခွန်းတစ်ခုအနေနဲ့က အကျဉ်းကျနေတဲ့ ရဲဘော်တွေနဲ့ရော နောက်ကျန်ရှိနေသေးတဲ့ ရဲဘော်တွေအတွက်ရော ဘယ်လိုမျိုး သီးခြားအစီအစဉ်တွေ ဘာတွေရှိသေးလည်း ဆိုတာကိုလည်း သိချင်ပါသေးတယ်ခင်ဗျ၊
ရဲဘော်သံခဲ။ ။ အထူးသဖြင့်ကတော့ ဒါက နိုင်ငံရေးအကျဉ်းသားတွေနဲ့ ဆိုင်တဲ့ ကိစ္စရပ်ပါ၊ တစ်ဖက်အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်
Tachileik Online News ။ ။ ABSDF အနေနဲ့ ရှေ့ဆက်ပြီးတော့ ဘယ်လိုတွေ လုပ်ဆောင်သွားဖို့ရှိတယ်၊ ရည်ရွယ်ချက်တွေက ဘယ်လိုရှိတယ်ဆိုတာလေးရော တစ်ချက်လောက် ဖြေပေးပါ။
ရဲဘော်သံခဲ။ ။ ရှိပါတယ်၊ ကျွန်တော်တို့ ပြောချင်တာက နိုင်ငံရေးဖြစ်စဉ်တွေဟာ ဘာပဲပြောပြော ကျွန်တော်တို့ အားလုံးအတွက် တစ်ဖက်က ကြည့်ရင် ၂၀၁၁-၂၀၁၂ကျော် ခု ၂၀၁၃ကာလဟာ ကျွန်တော်တို့ အားလုံးအတွက် အထူးစိတ်ဝင်စားစရာ နိုင်ငံရေး အခင်းအကျင်းလို့ ပြောရင် ဖြစ်ပါတယ်။ ဘာလို့ ပြောရလည်းဆိုရင် ဥပမာ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လွတ်တော်ထဲမှာ စည်းဝါးနဲ့ စကားတွေပြောနေကြပြီ၊ ၈၈ကျောင်းသား ခေါင်းဆောင်တွေ အကျဉ်းကျပြီးတော့ လွတ်မြောက်လာတယ်၊ အခု ငြိမ်းချမ်းရေးလှုပ်ရှားမှုတွေ၊ လူမှုရေးလုပ်ငန်းတွေ စသည်ဖြင့် လုပ်ကိုင်နေကြတယ်၊ နိုင်ငံရေးအကျဉ်းသား တစ်ချို့ လွတ်မြောက်လာကြတယ်၊ နိုင်ငံရေးအကျဉ်းသား စကားလုံးတွေပြောလာတယ်၊ နောက် မီဒီယာတစ်ချို့သော အကန့်အသတ်နဲ့ လွတ်လပ်ခွင့်တွေ ပေးလာတာတွေရှိတယ်၊ ပြင်ပနိုင်ငံက ခေါင်းဆောင်တွေ နိုင်ငံရေးလှုပ်ရှားသူတွေကို အကန့်အသတ်နဲ့ ၀င်ခွင့်ပြုနေတာတွေရှိတယ်၊ ဒါတွေကို ခြုံပြီးပြောရရင် ဒါတွေဟာ ကျွန်တော်တို့ သတိထားပြီးတော့မှ အပြုသဘောနဲ့ ကြိုဆိုနိုင်တယ်။ သေချာတာတစ်ခုကတော့ ဖြစ်နေတဲ့ ဖြစ်စဉ်ကြီးဟာ ကျွန်တော်တို့ အားလုံး ယုံယုံကြည်ကြည်နဲ့ လက်ခံပြီးတော့မှ လိုက်နေတဲ့ ဖြစ်စဉ်တော့ မဟုတ်သေးဘူး။ တစ်ဖက်နဲ့တစ်ဖက် ယုံယုံကြည်ကြည် လက်ခံနိုင်တဲ့အဆင့် အားလုံး လက်ခံတဲ့ ပြောင်းလဲတဲ့ ပြုပြင်ပြောင်းလဲရေးကို လုပ်နေတယ်လို့ အားလုံးက လိုက်ပါနိုင်တဲ့ အခင်းအကျင်းဖြစ်ဖို့တော့ လိုသေးတယ်လို့ ထင်ပါတယ်။ ငြိမ်းချမ်းရေး၊ နိုင်ငံရေးဆွေးနွေးပွဲ မပါတဲ့ ပစ်ခတ်ရပ်စဲရေးဟာ ပြည့်စုံတယ်လို့ ကျွန်တော် မယူဆပါဘူး။ ဒါကြောင့်မို့ ကျွန်တော်တို့ တောင်းဆိုတာက ပစ်ခတ်ရပ်စဲရေးနဲ့ မလုံလောက်ဘူး နိုင်ငံရေးဆွေးနွေးပွဲတွေဟာလည်း
ဆက်လက်၍ တွေ့ဆုံမေးမြန်းမှု အပြည့်အစုံကို အောက်ပါ ဗီဒီယိုကို နိပ်၍ ကြည့်ရှုနိုင်ပါသည်။
http://www.youtube.com/
Tachileik Online News
www.tachileik.net

No comments:
Post a Comment