ဂျပန်ခေတ်က မြှုပ်နှံထားသော အလေးချိန် ၂ တန်ကျော်ရှိ ရွှေတုံးများကို ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ်တွင် မြေအောက်အနက် ၆၅ ပေတွင် ရှာဖွေတွေ့ရှိ၍ တူးဖော်မူများ ပြုလုပ်နေကြောင်း ဘူမိဗေဒပညာရှင် (ငြိမ်း) ဦးစိုးသိန်းက၂၄-၇-၂၀၁၃ ရက်တွင် ပြောကြားခဲ့သည်။ ''ခန့်မှန်းခြေ အရတော့ ၂ တန်ကျော်ပဲ ရှိမယ်။ မိုးရွာလို့ တူးဖော်တဲ့ နေရာမှာ ခက်ခဲမှု ရှိနေတယ်။ အရင်က မြေတူးဖော်တဲ့ နေရာမှာ ခက်ခဲမှုရှိနေတယ်။ မြေတူးစက်နဲ့ ထုတ်ဖို့ စီစဉ်ခဲ့တယ်။ အခုတော့ ဆွဲထုတ်တဲ့ နည်းစနစ်နဲ့ပဲ ဆောင်ရွက်သွားမှာပါ ''ဟု ဘူမိဗေဒပညာရှင်(ငြိမ်း)ဦးစိုးသိ
၂ တန် ကျော်ရှိ ရွှေတုံးများ ရှာဖွေ တွေ့ရှိခဲ့ခြင်းမှာလည်းယင်းနေရာတွင် ရေကန် တူးဖော်ရာမှ ကျွန်းတုံးများ တွေ့ရှိခြင်းကိုပါ စစ်ဆေးကြည့်ရာ ဂျပန်ခေတ်မှ မြှုပ်ထားသော ကျွန်းတုံးများ ဖြစ်၍ စက်ဖြင့် တူးဖော်ကြည့်ရာမှ ယခုကဲ့သို့ တွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ '' တွေ့တော့ တိုင်းဒေသကြီး ၀န်ကြီးချုပ်ဆီ ခွင့်တောင်းတာ ခွင့်ပြုချက် ရရှိခဲ့တယ်။ ရွှေတုံးတွေ ဖြစ်တော့ နိုင်ငံတော်က ပိုင်တယ်။ အခု ပြည်ထောင်စု အစိုးရအဖွဲ့က ကော်မတီ ဖွဲ့ပြီး ဆောင်ရွက်နေပါတယ် ''ဟု ၎င်းက ထပ်မံ ပြောကြားခဲ့သည်။ လက်ရှိတွင် ရွှေတုံးများ တွေ့ရှိရာ နေရာတွင် လုံခြုံရေး အပြည့်အ၀ ယူ၍ တူးဖော် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့မှာ ဂျပန်ခေတ်က မြှုပ်နှံထားသောာ ရွှေတတိယ အများဆုံး နေရာ ဖြစ်ပြီး ဒုတိယ အများဆုံးမှာ ဖြူးမြို့နယ် ဖြစ်သည်။ ပထမ အများဆုံး နေရာမှာ မွန်ပြည်နယ် ဘုရားသုံးဆူနှင့် သေမင်းတမန်လမ်း တို့ဖြစ်ကြောင်း သိရသည်။
အေးချမ်းမွန် Credit To >>ပြည်မြန်မာ<< Thanks
Re-posted By ACM 3-8-2013

No comments:
Post a Comment