Monday, August 5, 2013
၁၉၈၈ ခုနှစ် ရှစ်လေးလုံး ဒီမိုကရေစီ ပြည်သူ့အရေးတော်ပုံကြီးက မွေးဖွားပေးလိုက်တဲ့ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ( ABSDF) နှင့် မြန်မာအစိုးရတို့အကြား ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးလိုက်ကြောင်း သိရပါတယ်။
ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ခေါင်းဆောင် ၀န်ကြီး ဦးအောင်မင်းတို့ လက်ဆွဲနှုတ်ဆက်နေစဉ်၊ ဓာတ်ပုံ- Nyo Ohn Myint
"ဒီမနက်မှာပဲ ABSDF နဲ့ အစိုးရတို့ ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေး ထိုးလိုက်ကြ ပါတယ်"ဟု ၈၈ မျိုးဆက် ခေါင်းဆောင် ဦးမြအေးက ဧရာဝတီကို ပြောပါတယ်။
ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ ငြိမ်းချမ်းရေး စင်တာတွင် ဥက္ကဋ္ဌ ရဲဘော် သံခဲ ဦးဆောင်တဲ့ ABSDF ကိုယ်စားလှယ်အဖွဲ့နဲ့ ၀န်ကြီး ဦးအောင်မင်း၊ ဦးသိန်းဇော်တို့ ဦးဆောင်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး
ဖော်ဆောင်ရေး အဖွဲ့ တွေ့ပြီး ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုး လိုက်ကြတာ
ဖြစ်ပြီး အသိသက်သေအဖြစ် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်း လူအဖွဲ့အစည်းမှ ခေါင်းဆောင်များ ဖြစ် ကြတဲ့ ဦးမင်းကိုနိုင်နှင့် ဦးမြအေးတို့က လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြော
အဆိုပါ အပစ်အခတ်လက်မှတ်ရေုးထိုးပွဲကို မြန်မာတပ်မတော်ဘက်က တာဝန်ရှိ ပုဂ္ဂိုလ်များ၊ လွှတ်တော်မှ တာဝန်ရှိသူတချို့လည်း တက်ရောက်ခဲ့ကြကြောင်း သိရပါတယ်။
အိမ့်သံစဉ် ~
၀၅.၀၈.၂၀၁၃ (တနင်္လာနေ့)
ABSDF နဲ့ အစိုးရ အကြား ငြိမ်းချမ်းရေး သဘောတူညီချက်
၁။ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေး ဖိတ်ခေါ်
ကမ်းလှမ်း ချက်ကို မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်
တပ်ဦး (ABSDF) မှ လက်ခံခဲ့ပြီး၊ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး
လုပ်ငန်းကော်မတီ ဒုဥက္ကဌ ဦးအောင်မင်းနှင့် အလွတ်သဘော (၃) ကြိမ်၊
ကြိုတင်ပြင်ဆင်ရေးအလုပ်အဖွဲ့နှင့် (၂) ကြိမ်၊ စုစုပေါင်း (၅) ကြိမ် ညှိနှိုင်းပြင်ဆင်ခဲ့ကြပါသည်။
၂။ ငြိမ်းချမ်းရေးတည်ဆောက်ရန်အတွက်
ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ဖွဲ့စည်း ပေးထားသော ပြည်နယ်အဆင့် ငြိမ်းချမ်းရေး
ဖော်ဆောင်ရေး အဖွဲ့နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ
ဒီမိုကရက်တစ်တပ်ဦး (ABSDF) မှ ဖွဲ့စည်း ပေးထားသော ငြိမ်းချမ်းရေး
ကိုယ်စားလှယ် အဖွဲ့တို့သည် ၂၀၁၃ခုနှစ်၊ သြဂုတ်လ (၅) ရက်နေ့တွင်
နှစ်ဦးနှစ်ဘက် တွေ့ဆုံဆွေးနွေး ကြပြီး အောက်ဖေါ်ပြပါ ကိစ္စရပ်များကို ပဏာမ
ဆောင်ရွက်ရန် သဘောတူ ကြပါသည်။
(က) နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်
ရပ်စဲရေး ဆောင်ရွက် နိုင်ရန်နှင့် နိုင်ငံရေး ဆွေးနွေးပွဲများ
ဖြစ်ပေါ်ရေးအတွက် ၂၀၁၃ ခုနှစ်၊ သြဂုတ်လ (၅) ရက်နေ့မှ စ၍ နှစ်ဦးနှစ်ဘက်
ပစ်ခတ် တိုက်ခိုက်မှု ရပ်ဆိုင်းရန်၊
(ခ)
အပစ်အခတ်ရပ်စဲထားသည့်ကာလတွင် ABSDF တပ်ဖွဲ့ဝင်များနှင့် တပ်မတော်
တပ်ဖွဲ့များအကြား ပဋိပက္ခဖြစ်ပွားခြင်း၊ တိုက်ပွဲများ မဖြစ်ပေါ်စေရန်
ထိန်းသိမ်း ဆောင်ရွက်သွားရန် နှင့် သတ်မှတ်နေရာမှ အပ အခြားဒေသများသို့
ABSDF တပ်ဖွဲ့ဝင်များနှင့် အဖွဲ့ဝင်များ လက်နက်မပါ ဥပဒေနှင့်အညီ သွားလာ
ခွင့်ပြုရန်။ (‘သတ်မှတ်နေရာ’ ဆိုသည်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့
များ၏ နယ်မြေများအတွင်း ABSDF တပ်များ လက်ရှိအခြေပြု နေထိုင်သော
နေရာများကို ဆိုလိုသည်။)
(ဂ) ဆက်ဆံရေး ရုံးကို နှစ်ဘက် သဘောတူသည့်
မြ၀တီမြို့၌ လက်နက်မပါ ထားရှိရန်နှင့် အခြား ဆက်ဆံရေး ရုံးနေရာများကိစ္စကို
ပြည်ထောင်စုအဆင့် တွင် ဆက်လက် ဆွေးနွေးရန်။
(ဃ) ပြည်ထောင်စုအဆင့်
ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဆွေးနွေးရန်အတွက် ကိုယ်စားလှယ်အဖွဲ့
တရားဝင်ဖွဲ့စည်းပေးရန် နှင့် ၂၀၁၃ ခုနှစ်၊ သြဂုတ်လ (၁၀) ရက်နေ့မှ စတင်၍
ပြည်ထောင်စု အဆင့် ဆွေးနွေး ပွဲကို စတင်ကျင်းပ သွားရန်။
၃။
အထက်ဖေါ်ပြပါအချက်များနှင့် ABSDF မှ ကြိုတင်ပေးပို့ထားသော အချက် (၁၂) ချက်
အပြင် ထပ်မံဖြည့်စွက်လိုပါက ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ
မတိုင်မီ နှစ်ဘက်
ကြိုတင် ညှိနှိုင်း ဆွေးနွေးရန် နှစ်ဦး နှစ်ဘက် သဘောတူ ပါသည်။
၎။ အထက် ဖေါ်ပြပါ ကိစ္စရပ်များကို နှစ်ဦးနှစ်ဘက် သဘောတူ လက်မှတ် ရေးထိုး ပါသည်။
၀၅.၀၈.၂၀၁၃ (တနင်္လာနေ့)
ABSDF နဲ့ အစိုးရ အကြား ငြိမ်းချမ်းရေး သဘောတူညီချက်
၁။ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေး ဖိတ်ခေါ် ကမ်းလှမ်း ချက်ကို မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) မှ လက်ခံခဲ့ပြီး၊ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဌ ဦးအောင်မင်းနှင့် အလွတ်သဘော (၃) ကြိမ်၊ ကြိုတင်ပြင်ဆင်ရေးအလုပ်အဖွဲ့နှင့် (၂) ကြိမ်၊ စုစုပေါင်း (၅) ကြိမ် ညှိနှိုင်းပြင်ဆင်ခဲ့ကြပါသည်။
၂။ ငြိမ်းချမ်းရေးတည်ဆောက်ရန်အတွက်
ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ဖွဲ့စည်း ပေးထားသော ပြည်နယ်အဆင့် ငြိမ်းချမ်းရေး
ဖော်ဆောင်ရေး အဖွဲ့နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ
ဒီမိုကရက်တစ်တပ်ဦး (ABSDF) မှ ဖွဲ့စည်း ပေးထားသော ငြိမ်းချမ်းရေး
ကိုယ်စားလှယ် အဖွဲ့တို့သည် ၂၀၁၃ခုနှစ်၊ သြဂုတ်လ (၅) ရက်နေ့တွင်
နှစ်ဦးနှစ်ဘက် တွေ့ဆုံဆွေးနွေး ကြပြီး အောက်ဖေါ်ပြပါ ကိစ္စရပ်များကို ပဏာမ
ဆောင်ရွက်ရန် သဘောတူ ကြပါသည်။
(က) နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး ဆောင်ရွက် နိုင်ရန်နှင့် နိုင်ငံရေး ဆွေးနွေးပွဲများ ဖြစ်ပေါ်ရေးအတွက် ၂၀၁၃ ခုနှစ်၊ သြဂုတ်လ (၅) ရက်နေ့မှ စ၍ နှစ်ဦးနှစ်ဘက် ပစ်ခတ် တိုက်ခိုက်မှု ရပ်ဆိုင်းရန်၊
(ခ) အပစ်အခတ်ရပ်စဲထားသည့်ကာလတွင် ABSDF တပ်ဖွဲ့ဝင်များနှင့် တပ်မတော် တပ်ဖွဲ့များအကြား ပဋိပက္ခဖြစ်ပွားခြင်း၊ တိုက်ပွဲများ မဖြစ်ပေါ်စေရန် ထိန်းသိမ်း ဆောင်ရွက်သွားရန် နှင့် သတ်မှတ်နေရာမှ အပ အခြားဒေသများသို့ ABSDF တပ်ဖွဲ့ဝင်များနှင့် အဖွဲ့ဝင်များ လက်နက်မပါ ဥပဒေနှင့်အညီ သွားလာ ခွင့်ပြုရန်။ (‘သတ်မှတ်နေရာ’ ဆိုသည်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ များ၏ နယ်မြေများအတွင်း ABSDF တပ်များ လက်ရှိအခြေပြု နေထိုင်သော နေရာများကို ဆိုလိုသည်။)
(ဂ) ဆက်ဆံရေး ရုံးကို နှစ်ဘက် သဘောတူသည့် မြ၀တီမြို့၌ လက်နက်မပါ ထားရှိရန်နှင့် အခြား ဆက်ဆံရေး ရုံးနေရာများကိစ္စကို ပြည်ထောင်စုအဆင့် တွင် ဆက်လက် ဆွေးနွေးရန်။
(ဃ) ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဆွေးနွေးရန်အတွက် ကိုယ်စားလှယ်အဖွဲ့ တရားဝင်ဖွဲ့စည်းပေးရန် နှင့် ၂၀၁၃ ခုနှစ်၊ သြဂုတ်လ (၁၀) ရက်နေ့မှ စတင်၍ ပြည်ထောင်စု အဆင့် ဆွေးနွေး ပွဲကို စတင်ကျင်းပ သွားရန်။
၃။ အထက်ဖေါ်ပြပါအချက်များနှင့် ABSDF မှ ကြိုတင်ပေးပို့ထားသော အချက် (၁၂) ချက် အပြင် ထပ်မံဖြည့်စွက်လိုပါက ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ မတိုင်မီ နှစ်ဘက်
ကြိုတင် ညှိနှိုင်း ဆွေးနွေးရန် နှစ်ဦး နှစ်ဘက် သဘောတူ ပါသည်။
၎။ အထက် ဖေါ်ပြပါ ကိစ္စရပ်များကို နှစ်ဦးနှစ်ဘက် သဘောတူ လက်မှတ် ရေးထိုး ပါသည်။
ABSDF နဲ့ အစိုးရ အကြား ငြိမ်းချမ်းရေး သဘောတူညီချက်
၁။ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေး ဖိတ်ခေါ် ကမ်းလှမ်း ချက်ကို မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) မှ လက်ခံခဲ့ပြီး၊ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဌ ဦးအောင်မင်းနှင့် အလွတ်သဘော (၃) ကြိမ်၊ ကြိုတင်ပြင်ဆင်ရေးအလုပ်အဖွဲ့နှင
၂။ ငြိမ်းချမ်းရေးတည်ဆောက်ရန်အတွက်
(က) နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး ဆောင်ရွက် နိုင်ရန်နှင့် နိုင်ငံရေး ဆွေးနွေးပွဲများ ဖြစ်ပေါ်ရေးအတွက် ၂၀၁၃ ခုနှစ်၊ သြဂုတ်လ (၅) ရက်နေ့မှ စ၍ နှစ်ဦးနှစ်ဘက် ပစ်ခတ် တိုက်ခိုက်မှု ရပ်ဆိုင်းရန်၊
(ခ) အပစ်အခတ်ရပ်စဲထားသည့်ကာလတွင် ABSDF တပ်ဖွဲ့ဝင်များနှင့် တပ်မတော် တပ်ဖွဲ့များအကြား ပဋိပက္ခဖြစ်ပွားခြင်း၊ တိုက်ပွဲများ မဖြစ်ပေါ်စေရန် ထိန်းသိမ်း ဆောင်ရွက်သွားရန် နှင့် သတ်မှတ်နေရာမှ အပ အခြားဒေသများသို့ ABSDF တပ်ဖွဲ့ဝင်များနှင့် အဖွဲ့ဝင်များ လက်နက်မပါ ဥပဒေနှင့်အညီ သွားလာ ခွင့်ပြုရန်။ (‘သတ်မှတ်နေရာ’ ဆိုသည်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ များ၏ နယ်မြေများအတွင်း ABSDF တပ်များ လက်ရှိအခြေပြု နေထိုင်သော နေရာများကို ဆိုလိုသည်။)
(ဂ) ဆက်ဆံရေး ရုံးကို နှစ်ဘက် သဘောတူသည့် မြ၀တီမြို့၌ လက်နက်မပါ ထားရှိရန်နှင့် အခြား ဆက်ဆံရေး ရုံးနေရာများကိစ္စကို ပြည်ထောင်စုအဆင့် တွင် ဆက်လက် ဆွေးနွေးရန်။
(ဃ) ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဆွေးနွေးရန်အတွက် ကိုယ်စားလှယ်အဖွဲ့ တရားဝင်ဖွဲ့စည်းပေးရန် နှင့် ၂၀၁၃ ခုနှစ်၊ သြဂုတ်လ (၁၀) ရက်နေ့မှ စတင်၍ ပြည်ထောင်စု အဆင့် ဆွေးနွေး ပွဲကို စတင်ကျင်းပ သွားရန်။
၃။ အထက်ဖေါ်ပြပါအချက်များနှင့် ABSDF မှ ကြိုတင်ပေးပို့ထားသော အချက် (၁၂) ချက် အပြင် ထပ်မံဖြည့်စွက်လိုပါက ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ မတိုင်မီ နှစ်ဘက်
ကြိုတင် ညှိနှိုင်း ဆွေးနွေးရန် နှစ်ဦး နှစ်ဘက် သဘောတူ ပါသည်။
၎။ အထက် ဖေါ်ပြပါ ကိစ္စရပ်များကို နှစ်ဦးနှစ်ဘက် သဘောတူ လက်မှတ် ရေးထိုး ပါသည်။

No comments:
Post a Comment