Monday, August 5, 2013

နှိုင်း မ ရ

နှိုင်း မ ရ

အ ရောင် တွေ စုံ တယ်

ဒါ ပေ မဲ့ အ ဖြူ ရောင် နဲ့တော့

နှိုင်း မ ရ ဘူး

ဆန်းသစ် မှု့တွေ နဲ့ မြို့ ပြ ည ဟာ

ရိုး မရဲ့ညအလှနဲ့ နှိုင်းမရဘူး

ဆိုင်ဟင်းတွေစုံ တန်ဖိုးလည်းကြီး

ဒါပေမဲ့ အမေချက်တဲ့ငါးငပိချက်နဲ့

နှိင်းမရဘူး

အရင်ကရွှေ ရောင်လွှမ်း

ဆုတံဆိပ်ရခဲ့တဲ့ မြန့်မာ့ဘောလုံး

အားကစားကတော့

ခေတ် မီ ဖွံ့ဖြိုးတိုးတက်တဲ့

ယနေ့ခေတ်မြန်မာ့ဘောလုံးနဲ့

နှိုင်း မရဘူး

ဆည်မြောင်းတွေဖေါက်

ဘုရားတည်ထါးကိုးကွယ်ဆည်းကပ်

ရှင်နော်ရထာမင်းမြတ်နဲ့တော့

ခေတ်သစ်တည်ထါးမြတ်ဘုရား

ရတနာဆင်ဖြူ

ပိုင်ဆိုင်သူတို့

တိုင်းပြည်အတွက်ဆောင်ရွက်

ပံ့ပိုးစီမံသမျှဟာ

ရှင်နော်ရထာနဲ့နှိုင်းမရဘူး

တိုင်းပြည်လွတ် လပ်ရေး

အသက်ပေးသူ

ဗိုလ်ချုပ်လိုလူနဲ့

သင် မင်းသူ ငါ

လူများစွာနဲ့

နှိုင်းမရဘူး

ဒီလိုပါဘဲတောတွင်းသူပုန်

ပြည်ပြေးကျောင်းသား

ရှစ့်ဆယ့်ရှစ့်ကလည်း

မြို့ပြနေတဲ့အယောင်ဆောင်

တိုင်းပြည်ကိုဘန်းပြ

အာဏာကိုသိမ်းတိုင်းပြည်ကို

အခွံလုပ်

မြစ်မင်းဧရာကိုအလစ်မပေးတဲ့

ဇရာအိုတိုင်းပြည်ဖြိုတဲ့

အာဏာဆိုအမျိုးသားချင်းပြန်သတ်တဲ

ယနေ့ခေတ်ကတော့

တိုင်းပြည်ဟာအမိ

တိုင်းပြည်ဟာအဖမို့

အဖပြန်သတ်တဲ့

အဇာရသတ်လိုလူတွေ
ွ်
မင်းဖြစ်တာကကွယ်

သူပုန်ဆိုတဲ့ရှစ်ဆယ့်ရှစ်နဲ့

နိုင်းမရ။

(စစ်မှန်ဘက်မလိုက်အမှန်ချစ်သူ)

No comments: