August 4, 2013 at 2:44am
သွေးမိုးတိမ်ကြား ပျံသန်းခဲ့.ခွပ်ဒေါင်း..မြန်မာနဲ့ ခွပ်ဒေါင်း ခွပ်ဒေါင်းနဲ့မြန်မာ
ခန္ဓာနဲ့ စိတ် စိတ်နဲ့ ခန္ဓကိုယ်ပမာ ခွဲမရဘူး
တွဲလျှက်တွဲဖက် မြန်မာ့သမိုင်းအစဉ်အဆက်
ခွပ်ဒေါင်းတို့ ဟာ နောက်မကျခဲ့သလို
နောက်မှာမချန်ရစ်ခဲ့ကြဘူး..။
ခွပ်ဒေါင်းကကွက် ရှစ်ဆယ့်ရှစ်
တိုက်ရဲ ခွပ်ရဲ..သွေးသံတွေရဲရဲရလိုက်ယုံနဲ့ 
နောက်တွန့် ရှောင်ခွါ ချောင်တချောင်မှာအခွင့်ရေးမချောင်း
ရဲရင့်သူနှလုံးသားတွေမွေးဖွါးရင်း..ရှင်သန်မွေးမြူ
ကမ္ဘာသူ/သားလူထု အသိမှတ်ပြုပြီးသား ကလား…
ကြည့်ပါလား..သမိုင်းစဉ်
ပြည်သူနဲ့ ယှဉ်တွဲ..အောင်ပွဲတွေအဆင့်ဆင့်
လမ်းမတွေပေါ်မှာ ပြည်သူ့ ဘက်ကရဲရဲရင့်ရင့်
စစ်အာဏာရှင်စနစ်အဆင့်ဆင့်ကိုဖြိုလဲခဲ့
ဒီနေ့ ဟာ…မြန်မာ့သမိုင်းစာမျက်နာမှာ
ရောင်စုံသွေးတို့ ရဲ့ သွေးသမိုင်းမော်ကွန်းနေ့ ။
မပျော်ဘူး..မပျော်ရဲသေးဘူး
နှလုံးသွေးသားထဲ….
ကျောက်ထက်အက္ခရာ ထင်းထင်းခြစ်ခြစ်
အသက်တွေရာထောင်
ခန္ဓာကိုယ်အပိုင်းအစတွေ ထောင်သောင်း
လူမှုဒုက္ခအပေါင်းက ကုဋေကုဋာ
က မယ်ဇာတ်ဝင်ခန်းက ကာလာကာစဖွင့်
ခွန်းထောက်နဲ့  မိတ်ဆက်သလို
နိုင်ငံ့လိုအပ်ချက်..ကမ္ဘာလှည့်လို့  ဖွင့်ဟဆို
လက်စိုသူတွေလည်း စိုသွားကြသလို
ပြည်တွင်းစစ်သေနတ်သံကြားက ကလေးငယ်တွေငို
ကောင်းကင်လိုင်စင်မရှိလို့ ဘွဲ့ ရတချို့  အလုပ်အကိုင်ကြို
ထွန်တုံးတိုက်ပွဲတွေက ဒေသအထိုထို
နိုင်/ကျဉ်းများခမျာ..သော့ကလေးတွေဖြစ်ရ သကို
ဥပဒေတွေက နာစေးချောင်းဆိုးနဲ့ နာမကျန်းဖြစ်နေရ တမူပို
ညနက်နက်မှာ ပန်းမပါဘဲ ပန်းရောင်းထွက်တဲ့ လုံမပျို
ရွာပြေးရွာရှောင်တွေက..မျော်လင့်ချက်မဲ့ ဘ၀ပျက်နေရတုန်းမို့ …။
နေဦး. နေဦး…
စိတ်ကို ငြိမ်ငြိမ်ထား...
ခန္ဓာကို ညာဏ်ကလေးကပ်ထား
အာရုံတပါးလည်း စိတ်မသွားစေနဲ့ 
ဟော...မြင်ရဲ့ လား မြင်ရပြီမဟုတ်လား
ရဲရဲနီ ဒီပန်းချီကား
အသွေးအသား ခန္ဓာကိုယ်အစိတ်အပိုင်းတွေနဲ့ 
ထုဆစ်ရေးချယ် တည်ဆောက်ထားသမို့ 
မေ့လောက်ပြီးလား....ရဲဘော်
ဟိုး…အပေါ်ကိုမော်ကြည့်နားထောင်လိုက်စမ်း
ဝမ်းပန်းတသာနဲ့  သူတို့ မျော်နေကြရှာ
လွတ်လပ်မှ..အမျှဝေပါ ပြောခဲ့ကြသူတွေလေ
လူထုတိုက်ပွဲအတွင်း အသက်ပေးရဲဝံ့ခဲ့သူတွေလေ
နိုင်ရာသမိုင်းတဖဲ့ ကိုယ်ကျိုးစွန့် ထမ်းရွက်ခဲ့ကြသူတွေလေ
ကျုပ်တို့ လွတ်လပ်ရင်..သူတို့ ကိုအမျှဝေကြစို့ …။
၈၈ငွေရတုအခန်းအနားအတွင်းမှ
ပြည်လုံးကျွတ်၈၈အရေးတော်ပုံသွေးသမိုင်းအတွင်း
မြန်မာနိုင်ငံဒီမိုကရေစီနှင့်လူ့ အခွင့်အရေးရရှိရေးအတွက်
အသက်ပေးစတေးသွားကြကုန်သော..
ကျောင်းသားပြည်သူ ရဟန်းရှင်လူ အပေါင်းတို့ အား
ဂ၀ါရတရားဦးထိပ်ထား အလေးပြုလိုက်ပါ၏...။
မင်းတာရာ
Mintara88@gmail.com
၀၈-၀၃-၂၀၁၃
No comments:
Post a Comment