Saturday, August 3, 2013

၂ဝ၁၃ ခုနှစ် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတုအထိမ်းအမှတ် တွေ့ဆုံဆွေးနွေးပွဲ

၂ဝ၁၃ ခုနှစ် ၊ သြဂုတ်လ၊ ၆ ရက်မှ ၈ ရက်အထိ ကျင်းပပြုလုပ်မည့် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတု အထိမ်းအမှတ် တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနား အစီအစဉ် အသေးစိတ်နှင့် တက်ရောက် ဆွေးနွေး၊ ပြောကြားကြမည့် ပုဂ္ဂိုလ်များစာရင်းကို အများပြည်သူ သိရှိနိုင်ရန် ယနေ့( သြဂုတ်လ၊ ၃ ရက်)တွင် ထုတ်ပြန်ကြေညာလိုက်သည်။


၂ဝ၁၃ ခုနှစ် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတုအထိမ်းအမှတ် တွေ့ဆုံဆွေးနွေးပွဲ
________________________________________
August 6-7-8, 2013 Yangon, Myanmar

၂ဝ၁၃ခုနှစ်၊ သြဂုတ်လ၊ (၆)ရက် (အင်္ဂါနေ့) ပထမနေ့ အခမ်းအနားအစီအစဉ်

နံနက်(၈း၀၀)နာရီ မှစတင်၍ တက်ရောက်ခွင့် အမည်ကဒ်ပြားများ လက်မှတ်ထိုး ထုတ်ယူနိုင်ရန် စာရင်းပေးသွင်းခြင်း။
ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ ငွေရတုဆွေးနွေးပွဲ အခမ်းအနားအစီအစဉ်များကို ဖတ်ကြားခြင်း။
အခမ်းအနား အစီအစဉ် (၁) - ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ ငွေရတုဆွေးနွေးပွဲ အခမ်းအနား ဖွင့်လှစ်ကြောင်း ကြေညာခြင်း။
အခမ်းအနား အစီအစဉ် (၂) - ရှစ်လေးလုံးသမိုင်းမှတ်တမ်း ဗီဒီယိုပြသခြင်း အစီအစဉ်။
အခမ်းအနား အစီအစဉ် (၃) - ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ ငွေရတုဆွေးနွေးပွဲ အခမ်းအနား ကြိုဆိုနူတ်ခွန်းဆက် အဖွင့်အမှာစကား ပြောကြားခြင်း။ (မင်းကိုနိုင်)
အခမ်းအနား အစီအစဉ် (၄) - ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ငွေရတုဆွေးနွေးပွဲ ကျင်းပရခြင်းနှင့် ရည်ရွယ်ချက်ကို ရှင်းလင်းတင်ပြခြင်း။ (ဌေးကြွယ်)
အခမ်းအနား အစီအစဉ် (၅) - ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ မှတ်တမ်းပြခန်းဖွင့်လှစ်ခြင်း အစီအစဉ်။ (ကြိုတင်ကြေညာပေးခြင်း)
နေ့လည် (၁၁)နာရီတွင် နေ့လည်စာဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခြင်း အစီအစဉ်။

နေ့လည်(၁၂း၀၀)နာရီတိတိမှစ၍ ပထမနေ့ ဒုတိယပိုင်း အစီအစဉ် ပြန်လည်စတင်ခြင်း။
ဆွေးနွေးပွဲ အစီအစဉ် (၁) - ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ငွေရတုဆွေးနွေးပွဲတွင် အောက်ပါ ခေါင်းစဉ်(၆)ခုအား ဆွေးနွေးခြင်း။

(၁) အပစ်အခတ်ရပ်စဲရေး၊ တိုင်းရင်းသားရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ ဖော်ဆောင်ရေး လုပ်ငန်းစဉ်၊
(၂) လူ့အခွင့်အရေးနှင့် ဒီမိုကရေစီဖြစ်ပေါ်တိုးတက်မူ၊
(၃) အနာဂတ်ပြည်ထောင်စု၊
(၄) စစ်မှန်သောအမျိုးသား ပြန်လည်သင့်မြတ်ရေး၊
(၅) မြန်မာ့နိုင်ငံရေးနှင့် ဒီမိုကရေစီအင်အားစုများ၏ အခန်းကဏ္ဍ၊
(၆) တိုင်းပြည်ပြန်လည်တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး။

ဖော်ပြပါ ခေါင်းစဉ်(၆)ခုကို ပေါင်းစပ်၍ နေရာ(၄)ခုခွဲ၍ ရှင်းလင်းပြောကြားပေးခြင်းနှင့် သတ်မှတ်နေရာ (အခန်း)အသီးသီးသို့ တက်ရောက်လာကြသော ပုဂ္ဂိုလ်များအား၊ ၎င်းတို့ စိတ်ဝင်စားရာခေါင်းစဉ်များ အပေါ်မူတည်၍ နေရာချထားပေးခြင်း အစီအစဉ်။

တိုင်းရင်းသားရေး၊ ပြည်တွင်းငြိမ်းချမ်းရေး နှင့် အနာဂတ်ပြည်ထောင်စု
ဦးဆောင်ဆွေးနွေးမည့် ပုဂ္ဂိုလ်များမှာ - UNA ကိုယ်စားလှယ် ဆရာဖေမြင့်၊ ခွန်မြင့်ထွန်း၊ ကိုအောင်မိုးဇော်၊ ဆလိုင်းလျှံမုန်း၊ မခေါန်ဂျာ
အကျိုးဆောင်များမှာ - ကိုသားကြီး၊ မသင်းသင်းအောင်၊ ကိုကျော်စွာဆွေ၊ ကိုရဲအောင်။
လူ့ခွင့်အရေးနှင့် ဒီမိုကရေစီ ဖြစ်ပေါ်တိုးတက်မှု
ဦးဆောင်ဆွေးနွေးမည့် ပုဂ္ဂိုလ်များမှာ - ကိုအောင်မျိုးမင်း၊ ကိုမြင့်အေး(HRDP)၊ စောမြရာဇာလင်း၊ ကိုမော်လင်း။
အကျိုးဆောင်များမှာ - ကိုအောင်မျိုးမင်း၊ ကိုအောင်ဇော်ထွေး၊ ကိုခင်မောင်ဝင်း၊ မသက်သက်အောင်။

စစ်မှန်သော အမျိုးသားပြန်လည်သင့်မြတ်ရေး
ဦးဆောင်ဆွေးနွေးမည့် ပုဂ္ဂိုလ်များမှာ - ဦးအေးသာအောင်၊ ကိုကိုကြီး(၈၈)၊ ကိုသံခဲ(ABSDF) ၊ ဦးဌေးသိန်း ၊ ဒေါ်ခင်မမမျိုး။
အကျိုးဆောင်များမှာ - စောသန်းလှိုင်၊ မနိုးနိုးထက်စံ၊ ကိုလှိုင်မြတ်။

တိုင်းပြည်ပြန်လည် တည်ဆောက်ရေးနှင့် ဒီမိုကရေစီအင်အားစုများ၏ အခန်းကဏ္ဍ
ဦးဆောင်ဆွေးနွေးမည့် ပုဂ္ဂိုလ်များမှာ - ဆရာဦးမြင့်၊ ဒေါက်တာရန်မျိုးသိန်း၊ မခင်ဥမ္မာ၊ Dr. ရင်ရင်နွယ်၊ ဦးရွှေစင်ထွန်း။
အကျိုးဆောင်များမှာ - Dr. ကျော်သူ၊ ဇော်ဇော်ထွန်း၊ ကိုမြတ်စံ ၊ မနန်းစော ၊ ကိုလှမျိုးနောင်။

နေ့လည်(၃း၃၀)နာရီတွင် နေ့လည်စာ ကော်ဖီဖြင့် တည်ခင်းဧည့်ခံခြင်း။
နေ့လည်(၄း၀၀)နာရီတွင် ဆွေးနွေးပွဲ အစီအစဉ်(၂) ပထမနေ့ ဒုတိယပိုင်း ပြန်လည်စတင် ဆွေးနွေးခြင်း။

No comments: