[ Letter to Editor ]
အယ်ဒီတာခင်ဗျာ -
ကျွန်တော်သည် ရေနံချောင်း အ.ထ.က (၁) ကျောင်းသားဟောင်း တစ်ဦး ဖြစ်သလို
ဝန်ထမ်းဟောင်း တစ်ဦးလည်း ဖြစ်ပါတယ်။ အောက်ဖော်ပြ ပါ သတင်းတိုကို
ဖတ်ရှုလိုက်ရလို့ ‘အံ့သြ၊ ကြောက်လန့်၊ စိုးရိမ်’ စိတ် ဖြစ်ပေါ် ခံစားမိလို့
အယ်ဒီတာထံ စာရေး တင်ပြရခြင်း ဖြစ်ပါတယ်။
“မကွေးတိုင်း ရေနံချောင်းမြို့ အ.ထ.က (၁) ကျောင်းမှာ ထားရှိခဲ့တဲ့
ဗိုလ်ချုပ်အောင်ဆန်းရဲ့ လက်ရေးမူ စာအုပ်ကို နိုင်ငံတော်ပိုင်အဖြစ်သာ
ထားရှိရမှာဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည်က ၃၀-၇-၂၀၁၃ နေ့ ပြည်ထောင်စု လွှတ်တော်မှာ
သတင်းထောက်တွေကို ပြောကြားပါတယ်။ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ
ဦးခင်အောင်မြင့်ကလည်း ဗိုလ်ချုပ်ရဲ့ လက်ရေးမူ စာအုပ် ကို
တန်ဖိုးထားကြောင်း၊ စာအုပ်ကိုတော့ နိုင်ငံပိုင်အဖြစ် ‘သင့်တော်တဲ့ နေရာ မှာ
သာ’ ထားသင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က အခုလို မှတ်ချက်ပေး ပြောဆိုပါတယ်”
ဘာကြောင့် အံ့သြရသလဲလို့ မေးစရာ ရှိပါတယ်။ အံ့သြရတဲ့ အကြောင်းရင်း က
ပညာရေးဌာန အကြီးအကဲ နှစ်ဦးနဲ့ နိုင်ငံ အကြီးအကဲတွေဟာ ‘ကြုံသလို ကျသလို
လက်တန်း’ ဆောင်ရွက်နေတဲ့ လုပ်ရပ်နဲ့၊ ‘အရပ်’ တွေး ‘အရပ်’ လုပ် လုပ်ကြတဲ့
လုပ်ရပ်များကြောင့်ပါ။ ‘ဗိုလ်ချုပ်အောင်ဆန်းရဲ့ လက်ရေးမူ စာအုပ်’ ဟာ
အကြီးအကဲများရဲ့ ‘ကိုယ်ပိုင်’ ပစ္စည်း မဟုတ်လို့ ပညာရေးဌာန အကြီးအကဲ အနေနဲ့
ပေးပိုင်ခွင့် မရှိသလို နိုင်ငံ အကြီးအကဲ တစ်ယောက် အနေနဲ့လည်း ယခုလို
အလွတ်သဘော ယူပိုင်ခွင့် မရှိဘူးလို့ နားလည်ပါ တယ်။ ဒါကြောင့် ဌာန
ဝန်ထမ်းဟောင်း တစ်ဦးအနေနဲ့ အဲဒီလို လုပ်ရပ် အပေါ် အံ့သြမိတာပါ။
(နိုင်ငံပိုင်အဖြစ် ထားရှိမယ့် အစီအစဉ်၊ ဘယ်နေရာမှာ ထားမယ်၊
ဘာတွေစုဆောင်းမယ်ဆိုတဲ့ အစီအစဉ် ဘာတစ်ခုမှမရှိဘဲ လက်လွတ် စပယ်လုပ်တဲ့
လုပ်ရပ်ကလည်း အံ့သြဖို့ ကောင်းပါတယ်။)
ကြောက်လန့်မိတာကတော့
ကျွန်တော်တို့ နေခဲ့တဲ့ အ.ထ.က (၁) ကျောင်းရဲ့ စာကြည့်တိုက်၊
ဗိုလ်ချုပ်အောင်ဆန်းရဲ့ လက်ရေးမူထားတဲ့ ကျောင်း စာကြည့်တိုက်မှာ
စာကြည့်တိုက် အသက်ဝင် အောင် လုပ်ရမယ့် လိုအပ်ချက် အများကြီးပါ။ ကျောင်း
အနုပညာခန်းမှာလည်း လိုအပ်ချက် များစွာ ရှိပါတယ်။ ကျောင်းရဲ့ ရေမြောင်းစနစ်
မရှိလို့ ပင်မ ကျောင်းဆောင် ကြီးရဲ့ စုဝေး ခန်းမကိုလည်း အ.ထ.က (၁) ဘက်စုံ
ရေလှောင်တမံ လို့ ခေါ်ဆိုနေကြတာပါ။ ပင်မ ကျောင်းဆောင်ကြီးရဲ့ လှေကားထစ်
သုံးခုလုံး သဲမြုပ်နေတဲ့ အနေအထားပါ။ ဆိုလိုချင်တာက ကျောင်းတစ်ခုလုံး
လိုအပ်ချက်တွေ ခြံစည်းရိုး အပါအဝင် ဆောင်ရွက်ရန် ကိစ္စပေါင်း မြောက်မြားစွာ
ရှိပါတယ်။ အဲဒီ လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ လိုအပ် ရန်ပုံငွေကို
‘ဆွယ်တာ’ နှစ်ထည် ရောင်းပြီး ပညာရေး ရန်ပုံငွေ ဒေါ်လာ ၁၂၃,၀၀၀ ရှာဖွေခဲ့သလို
‘ဗိုလ်ချုပ် လက်ရေး မူရင်း စာအုပ် ကို အလားတူ ပညာရေး ရန်ပုံငွေ ရှာလို့
သင့် မသင့် စဉ်းစားသင့်ပါတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ ရှားရှားပါးပါး
လူထု ခေါင်းဆောင် ကိုယ်တိုင် ကိုယ်ချင်းစာစိတ် ကင်းမဲ့စွာ မှတ်ချက်ပေး
ပြောဆိုမှုအပေါ် ကြောက်လန့်မိ တာ အမှန်ပါ ခင်ဗျာ။
နိဂုံးချုပ် တင်ပြ
လိုတာကတော့ ငယ်ရွယ် နုနယ် တဲ့ ကျောင်းသား၊ ကျောင်းသူလေးတွေရဲ့ ရင်ထဲမှာ
ငါတို့ ဘယ်လောက် ကောင်းအောင် လုပ်လုပ်၊ ငါတို့ ဆရာ/ ဆရာမ ကြီးတွေ နောင်တော်
အဆက်ဆက် ဘယ်လောက် ကြိုးစားပမ်းစား ထိန်းသိမ်းခဲ့ ထိန်းသိမ်းခဲ့၊ Jungle
Law တောထဲက ဥပဒေလို ‘ကြီးတဲ့သူ အနိုင်ယူ’ တာ ပါပဲကွာ ဆိုပြီး နောက်မျိုးဆက်
အ.ထ.က (၁) ကျောင်း သူ ကျောင်းသား ငယ်များ ကောင်းရာမွန်ရာ လုပ်ချင်
ကိုင်ချင်စိတ် ကွယ်ပျောက်သွားမှာ အထူး စိုးရိမ်မိကြောင်း ပါခင်ဗျာ။
လေးစားစွာဖြင့် အ.ထ.က (၁) ရေနံချောင်း ကျောင်းသား တစ်ဦး
[ Letter to Editor ]
အယ်ဒီတာခင်ဗျာ -
ကျွန်တော်သည် ရေနံချောင်း အ.ထ.က (၁) ကျောင်းသားဟောင်း တစ်ဦး ဖြစ်သလို ဝန်ထမ်းဟောင်း တစ်ဦးလည်း ဖြစ်ပါတယ်။ အောက်ဖော်ပြ ပါ သတင်းတိုကို ဖတ်ရှုလိုက်ရလို့ ‘အံ့သြ၊ ကြောက်လန့်၊ စိုးရိမ်’ စိတ် ဖြစ်ပေါ် ခံစားမိလို့ အယ်ဒီတာထံ စာရေး တင်ပြရခြင်း ဖြစ်ပါတယ်။
“မကွေးတိုင်း ရေနံချောင်းမြို့ အ.ထ.က (၁) ကျောင်းမှာ ထားရှိခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ လက်ရေးမူ စာအုပ်ကို နိုင်ငံတော်ပိုင်အဖြစ်သာ ထားရှိရမှာဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ၃၀-၇-၂၀၁၃ နေ့ ပြည်ထောင်စု လွှတ်တော်မှာ သတင်းထောက်တွေကို ပြောကြားပါတယ်။ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ကလည်း ဗိုလ်ချုပ်ရဲ့ လက်ရေးမူ စာအုပ် ကို တန်ဖိုးထားကြောင်း၊ စာအုပ်ကိုတော့ နိုင်ငံပိုင်အဖြစ် ‘သင့်တော်တဲ့ နေရာ မှာ သာ’ ထားသင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က အခုလို မှတ်ချက်ပေး ပြောဆိုပါတယ်”
ဘာကြောင့် အံ့သြရသလဲလို့ မေးစရာ ရှိပါတယ်။ အံ့သြရတဲ့ အကြောင်းရင်း က ပညာရေးဌာန အကြီးအကဲ နှစ်ဦးနဲ့ နိုင်ငံ အကြီးအကဲတွေဟာ ‘ကြုံသလို ကျသလို လက်တန်း’ ဆောင်ရွက်နေတဲ့ လုပ်ရပ်နဲ့၊ ‘အရပ်’ တွေး ‘အရပ်’ လုပ် လုပ်ကြတဲ့ လုပ်ရပ်များကြောင့်ပါ။ ‘ဗိုလ်ချုပ်အောင်ဆန်းရဲ့ လက်ရေးမူ စာအုပ်’ ဟာ အကြီးအကဲများရဲ့ ‘ကိုယ်ပိုင်’ ပစ္စည်း မဟုတ်လို့ ပညာရေးဌာန အကြီးအကဲ အနေနဲ့ ပေးပိုင်ခွင့် မရှိသလို နိုင်ငံ အကြီးအကဲ တစ်ယောက် အနေနဲ့လည်း ယခုလို အလွတ်သဘော ယူပိုင်ခွင့် မရှိဘူးလို့ နားလည်ပါ တယ်။ ဒါကြောင့် ဌာန ဝန်ထမ်းဟောင်း တစ်ဦးအနေနဲ့ အဲဒီလို လုပ်ရပ် အပေါ် အံ့သြမိတာပါ။ (နိုင်ငံပိုင်အဖြစ် ထားရှိမယ့် အစီအစဉ်၊ ဘယ်နေရာမှာ ထားမယ်၊ ဘာတွေစုဆောင်းမယ်ဆိုတဲ့ အစီအစဉ် ဘာတစ်ခုမှမရှိဘဲ လက်လွတ် စပယ်လုပ်တဲ့ လုပ်ရပ်ကလည်း အံ့သြဖို့ ကောင်းပါတယ်။)
ကြောက်လန့်မိတာကတော့ ကျွန်တော်တို့ နေခဲ့တဲ့ အ.ထ.က (၁) ကျောင်းရဲ့ စာကြည့်တိုက်၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ လက်ရေးမူထားတဲ့ ကျောင်း စာကြည့်တိုက်မှာ စာကြည့်တိုက် အသက်ဝင် အောင် လုပ်ရမယ့် လိုအပ်ချက် အများကြီးပါ။ ကျောင်း အနုပညာခန်းမှာလည်း လိုအပ်ချက် များစွာ ရှိပါတယ်။ ကျောင်းရဲ့ ရေမြောင်းစနစ် မရှိလို့ ပင်မ ကျောင်းဆောင် ကြီးရဲ့ စုဝေး ခန်းမကိုလည်း အ.ထ.က (၁) ဘက်စုံ ရေလှောင်တမံ လို့ ခေါ်ဆိုနေကြတာပါ။ ပင်မ ကျောင်းဆောင်ကြီးရဲ့ လှေကားထစ် သုံးခုလုံး သဲမြုပ်နေတဲ့ အနေအထားပါ။ ဆိုလိုချင်တာက ကျောင်းတစ်ခုလုံး လိုအပ်ချက်တွေ ခြံစည်းရိုး အပါအဝင် ဆောင်ရွက်ရန် ကိစ္စပေါင်း မြောက်မြားစွာ ရှိပါတယ်။ အဲဒီ လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ လိုအပ် ရန်ပုံငွေကို ‘ဆွယ်တာ’ နှစ်ထည် ရောင်းပြီး ပညာရေး ရန်ပုံငွေ ဒေါ်လာ ၁၂၃,၀၀၀ ရှာဖွေခဲ့သလို ‘ဗိုလ်ချုပ် လက်ရေး မူရင်း စာအုပ် ကို အလားတူ ပညာရေး ရန်ပုံငွေ ရှာလို့ သင့် မသင့် စဉ်းစားသင့်ပါတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ ရှားရှားပါးပါး လူထု ခေါင်းဆောင် ကိုယ်တိုင် ကိုယ်ချင်းစာစိတ် ကင်းမဲ့စွာ မှတ်ချက်ပေး ပြောဆိုမှုအပေါ် ကြောက်လန့်မိ တာ အမှန်ပါ ခင်ဗျာ။
နိဂုံးချုပ် တင်ပြ လိုတာကတော့ ငယ်ရွယ် နုနယ် တဲ့ ကျောင်းသား၊ ကျောင်းသူလေးတွေရဲ့ ရင်ထဲမှာ ငါတို့ ဘယ်လောက် ကောင်းအောင် လုပ်လုပ်၊ ငါတို့ ဆရာ/ ဆရာမ ကြီးတွေ နောင်တော် အဆက်ဆက် ဘယ်လောက် ကြိုးစားပမ်းစား ထိန်းသိမ်းခဲ့ ထိန်းသိမ်းခဲ့၊ Jungle Law တောထဲက ဥပဒေလို ‘ကြီးတဲ့သူ အနိုင်ယူ’ တာ ပါပဲကွာ ဆိုပြီး နောက်မျိုးဆက် အ.ထ.က (၁) ကျောင်း သူ ကျောင်းသား ငယ်များ ကောင်းရာမွန်ရာ လုပ်ချင် ကိုင်ချင်စိတ် ကွယ်ပျောက်သွားမှာ အထူး စိုးရိမ်မိကြောင်း ပါခင်ဗျာ။

No comments:
Post a Comment