Monday, August 5, 2013

ဖျက်ဆီးခံလိုက်ရသော မြိတ်မြို ၈၈၈၈ ငွေရတုအထိမ်းအမှတ် မြေစိုက်ပိုစတာ....


မည်သည့် ဒီမိုကရေစီ စနစ်အား နောက်ပြန်လှည့်လိုမှု ၊ မြိတ်မြို့ တည်ငြိမ်မှုအား ဖျက်ဆီးလိုမှုကို မဆို လုံးဝ ထောက်ခံသွားမည်မဟုတ်ပါ။


ယနေ့ ၈၈၈၈ ပိုစတာအား ဖျက်ဆီးခြင်းခံလိုက်ရပါသည်။ ဒီမိုကရေစီကို မလိုလား၊ အသိအမှတ်မပြု သူများ၏ လက်ချက်ဖြစ်ပါသည်။ အရူးနဲ့ မကျေနပ်သူ လက်ချက်ဖြစ်ပါက ဆုတ်ဖြဲခြင်းသာ ဖြစ်ပါမည်။ ယခုအခြေအနေ လက်ရာမှာ သိမ်းယူသွားခြင်းဖြစ်ပါသည်။ မြိတ်မြို့ တည်ငြိမ်မှုအား ရည်ရွယ်ချက်ရှိရှိ ခြိမ်းခြောက်လျက် ဒီမိုကရေစီ အရေးအား နောက်ပြန်လှည့်လိုသည့် ရည်ရွယ်ချက်မျိုး ဖြစ်ပါသည်။
မည်သည့် ဒီမိုကရေစီ စနစ်အား နောက်ပြန်လှည့်လိုမှု ၊ မြိတ်မြို့ တည်ငြိမ်မှုအား ဖျက်ဆီးလိုမှုကို မဆို လုံးဝ ထောက်ခံသွားမည်မဟုတ်ပါ။


မြိတ်ခရိုင် ၈၈ မျိုးဆက်

No comments: