.
( ၂၀၁၅ ) လွတ်လပ်ပြီး တရားမျှတတဲ့ စစ်မှန်တဲ့ ဒီမိုကရေစီစနစ် ဖြစ်ပေါ်လာစေဖို့ ဒီနေ့ နိုင်ငံရေးသမားတွေ အလုပ်သင့်ဆုံး အလုပ်ထိုက်ဆုံး လုပ်သင်တဲ့အရာက ကမ္ဘာအလယ်မှာ အထင်သေးစရာတွေသာ ဖန်တီးနေတဲ့ ဗိုလ်သိန်းစိန်အစိုးရကို အယုံအကြည်မရှိ အဆိုတင်သွင်းပြီး ညွန့်ပေါင်းဖွဲ့ဖို့ လိုအပ်တယ်လို့ ထင်ပါတယ်၊
ဥရောပနဲ့ အမေရိကား စတဲ့နိုင်ငံကြီးတွေက သတင်းထောက်အချို့နဲ့ မဟာဗျူဟာ သမားတွေက ဝေလည်ချောင်ပတ်ပြောတတ်တဲ့ ဗိုလ်သိန်စိန်ကို အားမရကြတာ တွေရသလို၊ အနောက်နိုင်ငံကြီးတွေက ခေါင်းဆောင်တွေရဲ့ စတိုင်မျိုး ခတ်ပြတ်ပြတ်ပြောတတ်တဲ့ ဗိုလ်ရွှေမန်းကိုတော့ ယုံကြည်မှု့တွေ ပိုလာတာကို သတိထားမိတယ်၊
ဗိုလ်သိန်းစိန်က အနားယူသွားသူ မှူးကြီးသန်းရွှေရဲ့ ကြိုးဆွဲရုပ်သေး သီသန့်ဖြစ်နေတာကို နိုင်ငံရေးလေ့လာ အကဲခတ်သူတွေက နားလည်သဘောပေါက်လာလို့ ရှေဆက်ရမည့် လုပ်ငန်းဖော်ဆောင်ရေးတွေမှာ အနောက်နိုင်ငံ တော်တော်များများက စဉ်းစားလာကြတယ်၊
အနောက်နိုင်ငံကြီးတွေရဲ့ အမြင်ကို နားလည်အောင် အရပ်စကားနဲ့ ပြောရရင် ..... မြင်း ၃ ကောင် ပြိုင်ကြတယ်ဆိုပေမယ့် ဗိုလ်သိန်းစိန်ဘက်ကိုတော့ လောင်းကြေမထည့်လိုကြတဲ့ သဘောမှာ ရှိနေတယ်၊
အဲ့ဒီတော့ ဘာပဲပြောပြော မြန်မာပြည်ကို တိုးတက်ပြောင်းလဲသွားအောင် ကူညီပံပိုးနိုင်တဲ့ အနောက်နိုင်ငံကြီးများ သဘောကျတဲ့ ဗိုလ်ရွှေမန်း သူက ယနေ့ နိုင်ငံရေးသမားတွေ ကျောင်းသားတွေနဲ့ လိုက်လျှောညီထွေ ရှိတာကို တွေ့လာရတယ်၊
ဒေါ်အောင်ဆန်းစုကြည်ကိုတော့ ဒီမိုကရေစီရဲ့ ခေါင်းဆောင်တဦးဖြစ်တာမို့ ဘာမှ ထူးပြီးပြောစရာမလိုပါဘူး၊
သူတို့သာ အတူလက်တွဲပြီး ညွန့်ပေါင်းအစိုးရဖွဲ့မယ်ဆိုရင် ဘယ်သူက သမ္မတလုပ်လုပ် ဘယ်လိုလက်တွဲတွဲ ကောင်းမွန်တိုးတက်စရာတွေ ဖြစ်လာမယ်လို့ မျှော်လင်ရတယ်၊
ကျုပ်က လောဘီလုပ်တယ်လို့တော့ မထင်ကြနဲ့ ၊ အဲ့ဒီပုဂ္ဂိုလ် (၂) ဦးထဲက ဘယ်သူသမ္မတဖြစ်ဖြစ် ယူကေမှာပဲနေတဲ့ ကျုပ်အတွက် ဘာအမြတ်မှ မရှိဘူး၊ ဒီမိုကရေစီ အမည်ခံပြီး ကမ္ဘာကြီးကို လိမ်နေလို့ ပြောပေးနေရတာ၊
သတင်းထောက်တွေက အိမ်အလည်လာပြီး ဟိုသတ်တဲ့ ဗွီဒီယိုပြ ဒီသတ်တဲ့ ဗွီဒီယိုပြနဲ့ ဟိုသတင်းတွေဖတ်ခိုင်း ဒီသတင်းတွေဖတ်ခိုင်းပြီး ထင်မြင်ချက်လေးတွေမေးတိုင်း မြန်မာပြည်အတွက် သိက္ခာကျစရာတွေပဲ ဖြစ်နေလို့ ။
( စကားမစပ်ဗျာ ..... သမိုင်းအစစ်ဖေါ်ပြထားတဲ့ နိုင်ငံရေးသမားတွေ ပို့စ်တွေတင်လို့ လိုက်ခ်များများ ရှယ်ယူတာများများ ရရှိတဲ့ ပို့စ်တွေကို သတင်းထောက်တွေက ယူကေမှာ ဘာသာပြန်ဌာနကို ခိုင်းရင် ဆောင်းပါးတပုဒ်ကို ယူကေငွေ ပေါင်ငွေ (၂၅)ပေါင်ပဲပေးရတယ်၊ သူတို့အတွက်မုန့်ဖိုးပဲရှိတယ်၊ ခင်ဗျားတို့တတွေ ဆဲသမျှ မြန်မာပြည်ရဲ့ ဂုဏ်သိက္ခာဆိုတာတော့ သဘောက်ပေါက်စေချင်တယ် ) ။
( ဦးနိုင်ဝင်း လန်ဒန် )
( ၂၀၁၅ ) လွတ်လပ်ပြီး တရားမျှတတဲ့ စစ်မှန်တဲ့ ဒီမိုကရေစီစနစ် ဖြစ်ပေါ်လာစေဖို့ ဒီနေ့ နိုင်ငံရေးသမားတွေ အလုပ်သင့်ဆုံး အလုပ်ထိုက်ဆုံး လုပ်သင်တဲ့အရာက ကမ္ဘာအလယ်မှာ အထင်သေးစရာတွေသာ ဖန်တီးနေတဲ့ ဗိုလ်သိန်းစိန်အစိုးရကို အယုံအကြည်မရှိ အဆိုတင်သွင်းပြီး ညွန့်ပေါင်းဖွဲ့ဖို့ လိုအပ်တယ်လို့ ထင်ပါတယ်၊
ဥရောပနဲ့ အမေရိကား စတဲ့နိုင်ငံကြီးတွေက သတင်းထောက်အချို့နဲ့ မဟာဗျူဟာ သမားတွေက ဝေလည်ချောင်ပတ်ပြောတတ်တဲ့ ဗိုလ်သိန်စိန်ကို အားမရကြတာ တွေရသလို၊ အနောက်နိုင်ငံကြီးတွေက ခေါင်းဆောင်တွေရဲ့ စတိုင်မျိုး ခတ်ပြတ်ပြတ်ပြောတတ်တဲ့ ဗိုလ်ရွှေမန်းကိုတော့ ယုံကြည်မှု့တွေ ပိုလာတာကို သတိထားမိတယ်၊
ဗိုလ်သိန်းစိန်က အနားယူသွားသူ မှူးကြီးသန်းရွှေရဲ့ ကြိုးဆွဲရုပ်သေး သီသန့်ဖြစ်နေတာကို နိုင်ငံရေးလေ့လာ အကဲခတ်သူတွေက နားလည်သဘောပေါက်လာလို့ ရှေဆက်ရမည့် လုပ်ငန်းဖော်ဆောင်ရေးတွေမှာ အနောက်နိုင်ငံ တော်တော်များများက စဉ်းစားလာကြတယ်၊
အနောက်နိုင်ငံကြီးတွေရဲ့ အမြင်ကို နားလည်အောင် အရပ်စကားနဲ့ ပြောရရင် ..... မြင်း ၃ ကောင် ပြိုင်ကြတယ်ဆိုပေမယ့် ဗိုလ်သိန်းစိန်ဘက်ကိုတော့ လောင်းကြေမထည့်လိုကြတဲ့ သဘောမှာ ရှိနေတယ်၊
အဲ့ဒီတော့ ဘာပဲပြောပြော မြန်မာပြည်ကို တိုးတက်ပြောင်းလဲသွားအောင် ကူညီပံပိုးနိုင်တဲ့ အနောက်နိုင်ငံကြီးများ သဘောကျတဲ့ ဗိုလ်ရွှေမန်း သူက ယနေ့ နိုင်ငံရေးသမားတွေ ကျောင်းသားတွေနဲ့ လိုက်လျှောညီထွေ ရှိတာကို တွေ့လာရတယ်၊
ဒေါ်အောင်ဆန်းစုကြည်ကိုတော့ ဒီမိုကရေစီရဲ့ ခေါင်းဆောင်တဦးဖြစ်တာမို့ ဘာမှ ထူးပြီးပြောစရာမလိုပါဘူး၊
သူတို့သာ အတူလက်တွဲပြီး ညွန့်ပေါင်းအစိုးရဖွဲ့မယ်ဆိုရင်
ကျုပ်က လောဘီလုပ်တယ်လို့တော့ မထင်ကြနဲ့ ၊ အဲ့ဒီပုဂ္ဂိုလ် (၂) ဦးထဲက ဘယ်သူသမ္မတဖြစ်ဖြစ် ယူကေမှာပဲနေတဲ့ ကျုပ်အတွက် ဘာအမြတ်မှ မရှိဘူး၊ ဒီမိုကရေစီ အမည်ခံပြီး ကမ္ဘာကြီးကို လိမ်နေလို့ ပြောပေးနေရတာ၊
သတင်းထောက်တွေက အိမ်အလည်လာပြီး ဟိုသတ်တဲ့ ဗွီဒီယိုပြ ဒီသတ်တဲ့ ဗွီဒီယိုပြနဲ့ ဟိုသတင်းတွေဖတ်ခိုင်း ဒီသတင်းတွေဖတ်ခိုင်းပြီး ထင်မြင်ချက်လေးတွေမေးတိုင်း မြန်မာပြည်အတွက် သိက္ခာကျစရာတွေပဲ ဖြစ်နေလို့ ။
( စကားမစပ်ဗျာ ..... သမိုင်းအစစ်ဖေါ်ပြထားတဲ့ နိုင်ငံရေးသမားတွေ ပို့စ်တွေတင်လို့ လိုက်ခ်များများ ရှယ်ယူတာများများ ရရှိတဲ့ ပို့စ်တွေကို သတင်းထောက်တွေက ယူကေမှာ ဘာသာပြန်ဌာနကို ခိုင်းရင် ဆောင်းပါးတပုဒ်ကို ယူကေငွေ ပေါင်ငွေ (၂၅)ပေါင်ပဲပေးရတယ်၊ သူတို့အတွက်မုန့်ဖိုးပဲရှိတယ်၊ ခင်ဗျားတို့တတွေ ဆဲသမျှ မြန်မာပြည်ရဲ့ ဂုဏ်သိက္ခာဆိုတာတော့ သဘောက်ပေါက်စေချင်တယ် ) ။
( ဦးနိုင်ဝင်း လန်ဒန် )

No comments:
Post a Comment