Eleven Media Group
နယ်စပ်ကုန်သွယ်ရေးဖြင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ အဓိက တင်ပို့ဖြစ်သည့်
ရေထွက်ကုန်ပစ္စည်း ပုစွန်များအား ဘင်္ဂလားဒေ့ရှ်မှ ၀ယ်ယူမှု ရုတ်တရက်
ရပ်ဆိုင်းသဖြင့် နယ်စပ်ရေထွက်ကုန် တင်ပို့သည့် လုပ်ငန်းရှင်များ အခက်အခဲ
ရင်ဆိုင်နေရကြောင်း သိရသည်။
ဘင်္ဂလားဒေ့ရှ်မှ ရေငန်ပုစွန် ၀ယ်ယူမှုအား ဇူလိုင်လ နောက်ဆုံးအပတ်က ရုတ်တရက် ရပ်ဆိုင်းလိုက်ခြင်း ဖြစ်ကြောင်းလည်း သိရသည်။
''ဘင်္ဂလားဒေ့ရှ်က ရေငန်ပုစွန် ၀ယ်ယူမှု ရပ်ဆိုင်းနေတာ ဟုတ်ပါတယ်။
ဘာကြောင့်လဲဆိုတော့ မြန်မာ့ပုစွန်တွေကို ဘင်္ဂလားဒေ့ရှ်ကို တရားဝင်
တင်ပို့နေပေမယ့် ဘင်္ဂလားဒေ့ရှ်မှာက နားလည်မှု အာမခံနဲ့ ၀ယ်နေတာ ဖြစ်ပါတယ်။
နောက်ပြီး မြန်မာ့ပုစွန်တွေကို တင်ပို့တဲ့ အခါမှာ ဘင်ဒရင်ဘင် ဆိပ်ကမ်းခွန်က
ကာစတန်ဂျူတီ ထက်တောင် များနေတယ်။
အဲဒါတွေနဲ့ ပတ်သတ်ပြီး တရားဝင်
တင်ပို့ခွင့်ရရေး၊ ဆိပ်ကမ်းခွန် လျှော့ပေါ့ပေးရေတွေကို တင်ပြတောင်းဆို
ထားတာရှိပါတယ်။ ဒါနဲ့ပတ်သတ်ပြီး ဆွေးနွေးမှုတွေ ရှိနေဆဲကာလမှာ မြန်မာ့ရေငန်
ပုစွန်တွေကို ၀ယ်ယူမှု ခဏရပ်ဆိုင်းထားတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီနေ့ သြဂုတ်
၁ ရက်မှာပဲ တစ်ဖက်နိုင်ငံမှာ အဆိုပါ ကိစ္စနဲ့ ပတ်သတ်ပြီးတော့ အစည်းအဝေး
ရှိတယ်လို့ သိရတယ်။ နောက်နှစ်ရက် သုံးရက်လောက် ဆိုရင်တော့ အဖြေတစ်ခု သိရမှာ
ဖြစ်ပါတယ်။ ဘာပဲဆိုဆို မြန်မာ့ရေငန် ပုစွန်ကတော့ တရားဝင်ဘဲဖြစ်ဖြစ်၊
တရားမ၀င်ဘဲ ယခင်နည်းတူပဲဖြစ်ဖြစ် တင်ပို့ခွင့်တော့ ရလာမှာ ဖြစ်ပါတယ်'' ဟု
မောင်တော ကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးအောင်မြင့်သိန်းက သြဂုတ် ၁ ရက်
နံနက်ပိုင်းက ဆိုသည်။
ရေငန်ပုစွန်များအား ဘင်္ဂလားဒေ့ရှ်
ဈေးကွက်သို့ ဇွန်လ၊ ဇူလိုင်လ၊ သြဂုတ်လများတွင် ပမဏများစွာ တင်ပို့နေရပြီး
ဒေသတွင်း ရေငန်ပုစွန် အထွက်များချိန်လည်း ဖြစ်ကြောင်း သိရသည်။ ယင်းသို့
ပုစွန်ထွက် ရာသီတွင် ဘင်္ဂလားဒေ့ရှ်မှ ၀ယ်ယူမှု ရပ်ဆိုင်းလိုက်သဖြင့်
အထူးသဖြင့် မောင်တောနယ်စပ် အခြေစိုက် ကုမ္ပဏီများ လုပ်ငန်းရပ်ဆိုင်း
နေကြောင်းလည်း သိရသည်။
တဖက်နိုင်ငံမှ ရေငန်ပုစွန်ဝယ်ယူမှု
ရပ်ဆိုင်းထားခြင်းနှင့် ပတ်သက်၍ မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းမှ
အရာရှိတစ်ဦးက ''ဘင်္ဂလားဒေ့ရှ် အစိုးရက ပိတ်လိုက်တာလို့ သိရပါတယ်။
ပြန်လည်တင်ပို့ နိုင်ဖို့အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရေငန်ပုစွန်
တင်သွင်းတဲ့ ကုန်သွယ်သူများတွေနဲ့ စက်ရုံပိုင်ရှင်တွေက အစိုးရနဲ့
ညှိနှိုင်းနေတယ်လို့ ကုန်သည်တွေကတဆင့် သိရပါတယ်'' ဟု ပြောကြားသည်။
Eleven Media Group
နယ်စပ်ကုန်သွယ်ရေးဖြင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ အဓိက တင်ပို့ဖြစ်သည့် ရေထွက်ကုန်ပစ္စည်း ပုစွန်များအား ဘင်္ဂလားဒေ့ရှ်မှ ၀ယ်ယူမှု ရုတ်တရက် ရပ်ဆိုင်းသဖြင့် နယ်စပ်ရေထွက်ကုန် တင်ပို့သည့် လုပ်ငန်းရှင်များ အခက်အခဲ ရင်ဆိုင်နေရကြောင်း သိရသည်။
ဘင်္ဂလားဒေ့ရှ်မှ ရေငန်ပုစွန် ၀ယ်ယူမှုအား ဇူလိုင်လ နောက်ဆုံးအပတ်က ရုတ်တရက် ရပ်ဆိုင်းလိုက်ခြင်း ဖြစ်ကြောင်းလည်း သိရသည်။
''ဘင်္ဂလားဒေ့ရှ်က ရေငန်ပုစွန် ၀ယ်ယူမှု ရပ်ဆိုင်းနေတာ ဟုတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာ့ပုစွန်တွေကို ဘင်္ဂလားဒေ့ရှ်ကို တရားဝင် တင်ပို့နေပေမယ့် ဘင်္ဂလားဒေ့ရှ်မှာက နားလည်မှု အာမခံနဲ့ ၀ယ်နေတာ ဖြစ်ပါတယ်။ နောက်ပြီး မြန်မာ့ပုစွန်တွေကို တင်ပို့တဲ့ အခါမှာ ဘင်ဒရင်ဘင် ဆိပ်ကမ်းခွန်က ကာစတန်ဂျူတီ ထက်တောင် များနေတယ်။
အဲဒါတွေနဲ့ ပတ်သတ်ပြီး တရားဝင် တင်ပို့ခွင့်ရရေး၊ ဆိပ်ကမ်းခွန် လျှော့ပေါ့ပေးရေတွေကို တင်ပြတောင်းဆို ထားတာရှိပါတယ်။ ဒါနဲ့ပတ်သတ်ပြီး ဆွေးနွေးမှုတွေ ရှိနေဆဲကာလမှာ မြန်မာ့ရေငန် ပုစွန်တွေကို ၀ယ်ယူမှု ခဏရပ်ဆိုင်းထားတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီနေ့ သြဂုတ် ၁ ရက်မှာပဲ တစ်ဖက်နိုင်ငံမှာ အဆိုပါ ကိစ္စနဲ့ ပတ်သတ်ပြီးတော့ အစည်းအဝေး ရှိတယ်လို့ သိရတယ်။ နောက်နှစ်ရက် သုံးရက်လောက် ဆိုရင်တော့ အဖြေတစ်ခု သိရမှာ ဖြစ်ပါတယ်။ ဘာပဲဆိုဆို မြန်မာ့ရေငန် ပုစွန်ကတော့ တရားဝင်ဘဲဖြစ်ဖြစ်၊ တရားမ၀င်ဘဲ ယခင်နည်းတူပဲဖြစ်ဖြစ် တင်ပို့ခွင့်တော့ ရလာမှာ ဖြစ်ပါတယ်'' ဟု မောင်တော ကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးအောင်မြင့်သိန်းက သြဂုတ် ၁ ရက် နံနက်ပိုင်းက ဆိုသည်။
ရေငန်ပုစွန်များအား ဘင်္ဂလားဒေ့ရှ် ဈေးကွက်သို့ ဇွန်လ၊ ဇူလိုင်လ၊ သြဂုတ်လများတွင် ပမဏများစွာ တင်ပို့နေရပြီး ဒေသတွင်း ရေငန်ပုစွန် အထွက်များချိန်လည်း ဖြစ်ကြောင်း သိရသည်။ ယင်းသို့ ပုစွန်ထွက် ရာသီတွင် ဘင်္ဂလားဒေ့ရှ်မှ ၀ယ်ယူမှု ရပ်ဆိုင်းလိုက်သဖြင့် အထူးသဖြင့် မောင်တောနယ်စပ် အခြေစိုက် ကုမ္ပဏီများ လုပ်ငန်းရပ်ဆိုင်း နေကြောင်းလည်း သိရသည်။
တဖက်နိုင်ငံမှ ရေငန်ပုစွန်ဝယ်ယူမှု ရပ်ဆိုင်းထားခြင်းနှင့် ပတ်သက်၍ မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းမှ အရာရှိတစ်ဦးက ''ဘင်္ဂလားဒေ့ရှ် အစိုးရက ပိတ်လိုက်တာလို့ သိရပါတယ်။ ပြန်လည်တင်ပို့ နိုင်ဖို့အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရေငန်ပုစွန် တင်သွင်းတဲ့ ကုန်သွယ်သူများတွေနဲ့ စက်ရုံပိုင်ရှင်တွေက အစိုးရနဲ့ ညှိနှိုင်းနေတယ်လို့ ကုန်သည်တွေကတဆင့် သိရပါတယ်'' ဟု ပြောကြားသည်။

No comments:
Post a Comment