အင်တာနက်ကြီးရဲ့ ကျေးဇူးနဲ့ ကမ္ဘာတခွင် ပြဲပြဲစင်အောင် လည်ပတ်သွားလာ ဆက်သွယ်လို့ရနေတဲ့ ခေတ်ကြီးမှာ နထို့ပလို့ရွာက ဂျာအေးတို့ ဗွေးတုတ်တို့လည်း အိုင်လပ်ဖ်ယူ လောက်ကတော့ မိုးသန်းအိုင်ကန်ဆေး ဖြစ်နေပါပြီ။ ကျုပ်တို့ဗမာတွေလောက် သင်လွယ်တတ်လွယ်တာလည်း ဗမာတွေပဲ ရှိပါလိမ့်မယ်။ ဂျပန်အစ ပန်းကန်ကဆိုတဲ့ ခေတ်တုန်းကလည်း ခွန်းနိချိဝ ယောဒေါရှိ တတ်ခဲ့တာပဲ။ အညာကဆရော်တို့ အိုပတို့ခေတ်ကောင်းလာတော့လည်း အမေရိကမှာရှိတဲ့ ဆူရှီဈေးကွက်ကြီးကို ဗမာတွေကပဲ လက်ဝါးကြီးအုပ်ထားနိုင်ခဲ့သ
နိုင်ငံတစ်ခု လူမျိုးတစ်မျိုးရယ်လို့ ဖြစ်လာရင် ကိုယ်ပိုင်ဘာသာစကား၊ စာပေနဲ့ ယဉ်ကျေးမှုရှိမှသာ အဆင့်အတန်းမြင့်ခဲ့တဲ့ လူမျိုးလို့ အကဲခတ်သတ်မှတ်ပါတယ်။ အမေရိကန်၊ သြစတြေးလျ၊ ကနေဒါတို့တောင်မှ အဲဒီလို ကိုယ်ပိုင် ယဉ်ကျေးမှုအမွေအနှစ်တွေ မရှိခဲ့ဘူးလေ။ မြန်မာတွေဆိုတာကတော့ အာရှတိုက်မှာ အင်မတန် လွှမ်းမိုးနိုင်စွမ်းတဲ့ အင်အားကြီးနိုင်ငံနှစ်ခုအကြ
အဲသလောက် နားဝေး အနေစိမ်းနေတဲ့ မြန်မာလူငယ်ကလေးတွေကို သူတို့အလွယ်တကူ နားလည်ခံစားနိုင်မယ့် မြန်မာကဗျာကလေး တစ်စုံနဲ့ မိတ်ဆက်ပေးလိုက်ပါ့မယ်။ လူငယ်ဘာဝ ချစ်ရေးကြိုက်ရေး လွမ်းရေးမျှော်ရေးတွေကို စာဖွဲ့လာခဲ့တဲ့အထဲမှာ ဒီကဗျာကလေးနှစ်ပုဒ်ကတော့ စာဆိုတစ်ဦးတည်းက လူနှစ်ဦးအတွက် အပြန်အလှန်ရေးဖွဲ့ပေးထားတဲ့
ချစ်၍ခေါ်သည် လိုက်တော်မူခဲ့
မပြောင်းနွဲ့နှင့် အံ့ဖွယ်အတိ
တိုင်းမသိသား ပြည်ကြီးတန်ဆာ
ကန်နန္ဒာမူ ရာဇာများပန်း
မှန်နန်းများရှင် ဖန်စီရင်၍
ညာခွင်ချောင်းရိုး ကိုးဆယ့်ကိုးက
ရေမိုးယှက်လည် စီးလာသည်ကို
ဆီးဆည်သယ်ဖို့ တောင်ကဲ့သို့ပင်
မို့မို့ညိုယောင် သင်းကန်ပေါင်နှင့်
ရေတောင်မောက်သာ လွမ်းဖွယ်သာသည်
ရောက်ခါမြင်တော်မူလိမ့်မည် ….။
ပဒုံမင်းသားဟာ အလောင်းမင်းတရားရဲ့ သားတော်ငယ်တစ်ပါးဖြစ်ပြီး ညီအကိုတတွေ ကြီးစဉ်ငယ်လိုက် နန်းစံရမယ်လို့ ခမည်းတော် အမှာစကားကို ဆင်ဖြူရှင်လက်ထက်ကစပြီး အရူးကွက်နင်းလို့ ကိုယ့်သားကိုယ် နန်းတင်ခဲ့ရာက စဉ့်ကူးမင်း၊ ဖောင်းကားစားတို့နဲ့ နန်းတွင်းရေးတွေ ရှုပ်အလာမှာ ရွှေဘိုကိုထွက်လို့ ထီးနန်းလုပ်ကြံရပါသတဲ့။ ဒီအခါမှာ ငယ်ရည်းစားဖြစ်တဲ့ မယ်လွန်းမယ်ကို “တူတူလိုက်မလား သွားမယ် မေ” လို့ စိတ်လည်လာအောင် ရွှေဘိုရဲ့ သာယာပုံတွေနဲ့ မြူဆွယ်ဖိတ်ခေါ်တာပေါ့။ ဒီအခါမှာ မယ်လွန်းမယ်ဘက်ကလည်း မိန်းကလေးတို့ဘာဝ “အေးသာရေ .. ကောက်ရိုးပုံ” လို့ခေါ်လိုက်တာနဲ့ စွေ့ကနဲပါမသွားပဲ “လိုက်တော့ လိုက်ချင်ပါရဲ့။ ဒါပေမယ့် ပိုင်ပိုင်နိုင်နိုင် လက်ထပ်ထိမ်းမြားရတာလည်း မဟုတ်သေးပဲနဲ့ လိုက်သေးပါဘူး။ နောက်နောင်ခါမှပဲ လိုက်တော့မယ်” လို့ မူတူတူကလေးလုပ်နေတာကို ဒီလို ရေးဖွဲ့ထားပါတယ်။
ချစ်၍ခေါ်ရာ လိုက်ချင်ပါလည်း
နော်ဇာရွှေကုံး တစ်ခိုင်လုံးကို
လုံးလုံးမယ်ထွေး မပိုင်သေးခဲ့
မဝေးဘူးဆို မြို့မြောက်ဟိုတွင်
မြင့်မိုရ်တောင်လောက် ကန်ပေါင်မောက်နှင့်
ယင်သောက်ရုံမျှ မြူမကျသား
ချမ်းမြရေကြည် ကြာငါးမည်လည်း
ထောပည်ဟင်းရမ်း ဖြူးပြောက်မွှန်းလျှက်
ဆွတ်လှမ်းမလွယ် ကုံးသီသွယ်သို့
လွမ်းဖွယ်သာယာ ကန်တော်မှာသည်
ရောက်ခါမြင်ရပေလိမ့်မည်..။
ဒီကဗျာနှစ်ပုဒ်ရဲ့ ဆိုလိုရင်း အကြမ်းဖျင်းလောက်ကို နှောင်းခေတ်တေးတွေတုန်းက အောင်ရင်နဲ့ မေဆွိတို့ ပြန်ဆိုထားတဲ့ သီချင်းကလေးလည်း ကြားဖူးကြမလားမသိပါဘူး။ “ချစ်၍ခေါ်မည် လိုက်တော်မူခဲ့ မပြောင်းနွဲ့နဲ့ကွယ် မောင်တို့ဆီ မြို့ကြီးပြကြီးမို့ စည်ကားလွန်းလှတယ်..” ဆိုတာလေ။ သူကတော့ “ဖေဖေချစ်ရပါစေမယ်” တို့ “မေမေချစ်ရပါစေမယ်” တို့ ပါတာပေါ့။ ဆရာကြီးသော်တာဆွေကလည်း ဆရာမကြီးဒေါ်ကြည်အေးကို ကဗျောင်ကဗျက်စပ်ပြီး ကျီစယ်ခဲ့တာ ဖတ်ခဲ့ဖူးပါတယ်။ “ချစ်၍ခေါ်မည် လိုက်တော်မူခဲ့ အရက်လျှော့သောက်” ဆိုတာပဲ မှတ်မိတော့တယ်။ အရင်ခေတ်တုန်းကတော့ တက္ကသိုလ်မှာ အင်မတန်ခေတ်စားတဲ့ ကဗျာလေးတွေ ဖြစ်မယ်ထင်ပါတယ်။ နားမလည်စရာ ပေါရာဏတွေ လူအထင်ကြီးလောက်စရာ ခန့်ခန့်ညားညားကြီးတွေမပါပဲ
ဒေါက်တာစိုးမင်း
(မှတ်ချက်။ မျက်ရှုနှစ်ပတ်လည်အတွက် စာမူတောင်းခံခဲ့တဲ့သူတွေအထဲ
source: မျက်ရှု ဆောင်းပါး
http://www.myatshu.com/
No comments:
Post a Comment