Ashin Kawwida shared Ye Min Tun's photo.
၈၈လူထုကြီးကို မတရားအပြစ် မဖို့ပါနဲ့
------------------------------
ရှစ်လေးလုံးတုန်းက ခေါင်းဖြတ်မှုတွေနဲ့ ပတ်သက်ပြီး အရေးတော်ပုံလူအုပ်ကြီးက မင်းမဲ့စရိုက်ဆန်တယ်လို့ပြောသူအချို့ကို ကျနော်ကိုယ်တွေ့တွေနဲ့ရှင်းချင်
လူအုပ်ကြီးဖြစ်စဉ်လို့ အကျဉ်းချုံးပြောချင်တဲ့ တယောက်စလိုက်ရင် အကုန်လိုက်လုပ်လေ့ရှိတဲ့ ဓလေ့ ဂီတဖျော်ဖြေပွဲတွေ ဘောလုံးပွဲတွေမှာ ဖြစ်ပွားလေ့ရှိတာမျိုးကိုတော့ အားလုံးလည်း သဘောပေါက်မှာပါ။
ရှစ်လေးလုံးမှာ အုပ်ချုပ်ရေးမဲ့သွားတဲ့ အချိန်မှာ တန်ပြန်သပိတ်အဖွဲ့တွေ ၀င်ရောက်လာပါတယ်။ လူအုပ်ထဲမှာ သောက်ရေ အဆိပ်ခပ်တာတို့ အဆိပ်ပါတဲ့ ထမင်းထုပ်လာပို့တာတို့။ လူအုပ်ကြီးကို အများပိုင်ပစ္စည်းတွေ ဖျက်ဆီးဖို့ လှုံဆော်တာတို့တွေကို လုပ်ပါတယ်။ အဲဒီ့ ပြဿနာတွေက အရင်စလာတာပါ။
ဥက္ကလာခေါင်းဖြတ်မှုတွေအတွက် ညကတည်းက ရပ်ရွာလုံခြုံရေး ကင်းစောင့်နေတဲ့ လူတွေ သံဃာတွေကို လိမ်ခေါ်သွားပြီး ခေါင်းဖြတ်သတ်ပစ်လိုက်တဲ့ စီမံကိန်းရပ်ကွက်ဖက်က စတင်တဲ့ ပြဿနာကို အဲဒီအချိန်က ဥက္ကလာမှာ နေသူတိုင်း သိမှာပါ။ မိုးလင်းခါနီးမှာ ကျား အော်ပြီး ယောကျာင်္း မိန်းမ မကျန် တက်လာတဲ့ စီမံကိန်း ရပ်ကွက်ဖက်က လူုတစုဟာ ဆေးကြောင်ကြောင်နေပါတယ်။ သူတို့ပြဿနာ စလုပ်တဲ့အချိန်ကနေစပြီး ကျားအော်လာတဲ့ အချိန်ထိ သတင်းတွေကို ကျနော်ဖုန်းကိုင်ပြီး နားထောင်နေခဲ့ရလို့ မှတ်မိတာပါ။
နောက်တနေ့မှာ ကိုမင်းကိုနိုင် အပါဝင် ကျောင်းသားခေါင်းဆောင်များ လိုက်သွားတော့လည်း ကျနော်လဲပါတယ်။ ဒေါသဖြစ်နေတဲ့ ရပ်ကွက်ကလူတွေသတ်မှာ စိုးလို့ စောင့်ရှောက်ထားတဲ့ ကျောင်းတိုက်ထဲမှာ ဆေးကြောင်နေတဲ့ မိန်းမ ယောကျာင်္းတွေ မနည်းမနောတွေ့ရပါတယ်။
ရပ်ရွာက ဖမ်းမိသွားတဲ အဲဒီ့တန်ပြန်တွေကို သတ်ဖြတ်နေတာကို ၀ိုင်းဝန်းဖြောင်းဖျပြီး ကယ်ထုက်ခဲ့သလို တကယ်တန်းသာ လူအုပ်ကြီးက မင်းမဲ့စရိုတ်ဆန်မယ်ဆို သေရမှာ ရာနှင့်ချီနိုင်ပါတယ်။
ဘုန်းကြီးကျောင်းတိုက်ထဲမှာ အလှူခံပြီး ထိန်းသိမ်းထားတဲ့ ယောကျာင်္းမိန်းမ အများပြားက ကျနော်ဘ၀မှာ အတော်ထူးဆန်းတဲ့ အတွေ့ကြုံပါ။ နာကျင်ခြင်းမရှိ အံကြိတ်ထားပြီး စကားပြောဖို့ အလွန်ခဲယဉ်းပါတယ်။ ကြိုးချည်ထားရတယ် မဟုတ်ရင် သူသေကိုယ်သေ တိုက်ခိုက်လို့ပါ။ ဆေးပျယ်သူ အချိုတော့ စကားပြောလာကြတယ်။ ဒီလူတွေကို နိုင်ငံကြီးနှစ်နိုင်ငံက သံရုံးဝန်ထမ်းအချို့ လိုက်လာပြီး လေ့လာ မှတ်တမ်းတင်သွားတယ်။
ဂိုဒေါင်ဖေါက်တာတွေနဲ့ ပတ်သက်ပြီး ပုသိမ်ညွှန်ဖက်က မေတ္တာမွန်ဂိုဒေါင်နဲ့ ဗိုလ်တထောင်က အကောက်ခွန်ဂိုဒေါင်တွေကို စစ်တပ်က လာဖွင့်ပြီး ပစ္စည်းတွေ သယ်ထုက်ပြီး တံခါးဟောင်းလောင်းထားခဲ့တာကို ကျနော် မျက်မြင်သက်သေ တယောက် အဖြစ်စောင့်ကြည့်ခဲ့ဖူးပါတယ်။
ဒီတော့ဗျာ အခု ဖေ့ဘုတ်ပေါ်ကနေ မသိလို့မေးတဲ့လူတွေကိုလည်း သိစေချင်တာက။ ဝေးဝေး မကြည့်နဲ့ဗျ။ ညဖက် ဒေါ်အောင်ဆန်းစုကြည် မကောင်းကြောင်း စာရွတ်စာတမ်းတွေ သွေးခွဲတဲ့ စာရွတ်စာတမ်းတွေ လိုက်ဖြန့်တဲ့ ဗိုလ်ကြီးစည်သူတို့ကို ပန်းပဲတန်းမြို့နယ်မှာ ဖမ်းမိတာမျိုးကို သတိပြုမိပါစေ။
စစ်တပ်ဖက်ကနေ ခုခံတိုက်ခိုက်ပြီးရေးသားနေတဲ့ အသက် ၃၅ နှစ်နှင့်အောက် ပုဂ္ဂိုလ်များ အနေဖြင့် မိမိတို့ သက်ဆိုင်ရာ ဌာနက ထိုအချိန်မှာ တာဝန်ယူခဲ့သူများကို အရင်မေးခွန်း ထုက်သင့်ပါတယ်။ ခေါင်းဖြတ် သတ်ဖြတ်မှုတွေ ဂိုဒေါင်ဖေါက်တာတွေကို ဘယ်သူဖန်တီးပေးတာလဲဆိုတဲ့ မေးခွန်းပါ။
ချစ်ခင်စွာဖြင့်
ရဲမင်းထွန်း
No comments:
Post a Comment