မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။
ကိုမင်းကိုနိင်၏ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ငွေရတု အဖွင့် နူတ်ခွန်းဆက် စကား
ပြည်တွင်း၊ ပြည်ပ နေရာအနှံ့မှာ ရှစ်လေးလုံး ၂၅ နှစ်
နှစ်ပါတ်လည်အခမ်းအနားကို ကျင်းပနေကြတဲ့ ကျနော်တို့အားလုံး ရဲဘော်
ရဲဘက်တွေဆီကို ကျနော် နူတ်ခွန်းဆက်ပါတယ်။
ကျနော်တို့ ရှစ်လေးလုံး
လွန်ခဲ့တဲ့ ၂၅ နှစ်တာကာလပြီး ကတည်းက နေရာအနှံ့အပြားကို ပြန့်ကြဲသွားကြတဲ့
ဒီကနေ့ အဲဒီ အင်အားတွေ ပြန်စုတဲ့သဘောလဲ ပါပါတယ် ၊ ဘာနဲ့ ပြန်စုရမလဲ ဆိုတော့
ကျနော်တို့လူတွေအားလုံး တစ်နေရာတည်းမှာ ပြန်မဆုံနိင်ပေမယ့် ကျနော်တို့
စိတ်ဓါတ်တွေနဲ့ ပြန်စုရမှာပါ ဘာစိတ်ဓါတ်လဲဆိုတော့ ရှစ်လေးလုံး
စိတ်ဓါတ်ပဲပေါ့
ကျနော်တို့ ကိုင်စွဲရမယ့် အလံကလဲ ဒေါင်းအလံပါပဲ ဒီကနေ့
ကျနော်တို့ အမျိုးသား ပြန်လည်သင့်မြတ်ရေးလို့ ကြွေးကြော်သံတွေနဲ့
ချီတက်နေရတဲ့ အချိန်မှာတောင်မှ ကျနော်တို့ အားလုံးရဲ့စိတ်ဓါတ်ဟာ
ရှစ်လေးလုံးစိတ်ဓါတ်ပါ ကျနော်တို့အလံဟာ ဒေါင်းအလံပါ
ဘယ်လောက်လဲဆိုတော့ ခေတ်အဆက်ဆက်မှာ အစိုးရအဆက်ဆက်က
နိင်ငံရေး ဦးတည်ချက်တွေ ကြွေးကြော်သံတွေ အမျိုးမျိုးနဲ့ နိင်ငံတော်အလံဟာ
သုံးကြိမ်သုံးခါ ပြောင်းသွားတယ် ကျနော်တို့ ရဲ့ အားလုံး တိုက်ပွဲတွေ
ကိုယ်စီဝင်ခဲ့ကြတဲ့ မျိုးဆက်တွေရဲ့ ဒေါင်းအလံဟာ မပြောင်းပါဘူး။
ဘယ်သောအခါမှလဲ ပြောင်းမှာ မဟုတ်ပါဘူး။
အဲဒီတော့ ကျနော်တို့ရဲ့ အလံ
ကျနော်တို့ရဲ့ စိတ်ဓါတ်တွေဟာ ရှစ်လေးလုံးကအတိုင်းပဲ ဘာစိတ်ဓါတ်လဲဆိုတော့
ဒီ…. အထူး သဖြင့်ပေါ့ဗျာ. .. စွန့်လွှတ်အနစ်နာခံကြရတဲ့ အညတရ ရဟန်းရှင်၊ လူ၊
ပြည်သူတွေ ကျနော်တို့ နာမည်လေးတောင် သိခွင့်မရ မေးခွင့်မရတဲ့ စွန့်လွှတ်
စွန့်စားခဲ့တဲ့ သူရဲကောင်းတွေရဲ့
စိတ်ဓါတ်တွေ သူတို့ရဲ့ ဂုဏ်ကျေးဇူးတွေကိုလည်း ဒီအချိန်မှာ ပြန်ပြီး ကျနော်တို့ ဖော်ကြရလိမ့်မယ်
ဘာကြောင့်လဲဆိုတော့ . …. တစ်စုံတစ်ခုဟာ သူရဲ့ပေးဆပ်ခဲ့မှုကို သိမှ
တန်ဖိုးကိုနားလည်မယ်၊ တန်ဖိုးကိုနားလည်မှလဲ တန်ဖိုးထားကြမှာပါ အဲဒါကြောင့်
ကျနော်တို့ဟာ သမိုင်းမှန်ပေါ်ပေါက်ရေး အတွက်လည်း တစ်ဘက်က ကြိုးစားတဲ့အနေနဲ့
ဒီအခမ်းအနားတွေ ကျင်းပရတယ်လို့ ကျနော် နားလည်ပါတယ် ။ မသိမမီလိုက်တဲ့
မျိုးဆက်တွေ တစ်ချိန်က အာဏာနဲ့သုံးပြီးတော့ ပုံဖျက်ခံခဲ့ရတဲ့
သမိုင်းကြောင်းအမှန်ကို ပြန်ပြီးတော့ ဖော်ထုတ်ကြတာလဲ ပါပါတယ်။
အဲဒီတော့ ဒီကနေ့ ဒီအချိန်ခါ ပန်းတိုင်ကိုမရောက်သေးတာ သေချာပါတယ်၊
အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုတဲ့ လုပ်ငန်းစဉ်တွေဟာလဲ
ဘယ်အဆင့်ရောက်နေပြီးလဲလို့ မေးခွန်းထုတ်ဖို့ရှိပါတယ်၊
တစ်ဖက်မှာလည်း
ပြည်တွင်းငြိမ်းချမ်းကလည်း တစ်ကယ်အရေးတစ်ကြီးလိုအပ်နေတဲ့ အချိန်၊
ကျနော်တို့ဆီမှာ ………….. ဥပမာ- တရာမျှတမှုဆိုတဲ့ အမှန်တရား ၊
သမိုင်းအမှန်ပေါ်ပေါက်ရေး ဆိုတဲ့ အမှန်တရား ၊ အဲဒီအမှန်တရားနဲ့
ကြိုးညှိုနေတုန်းပဲ ရှိပါသေးတယ်၊ ပြောချင်တာကတော့ လှုပ်ရှား ရုန်းကန်ရတဲ့
ကာလတွေဟာ မပြီးဆုံးသေးပါဘူး။ အဲဒီကာလ တစ်လျှောက်လုံးမှ ကျနော်တို့
ရှစ်လေးလုံးစိတ်ဓါတ်တွေနဲ့ပဲ ဆက်ပြီးတော့ ချီတက်ကြရမှာပါ ။
အဲဒီစိတ်ဓါတ်တွေကို စွန့်ပစ်မှာ မဟုတ်ဘူးဆိုတာ အားလုံးအပေါ်မှာ
ကျနော်တို့အပါအဝင် ယုံကြည်ထားပါတယ်၊ ကျနော်တို့ ဒီဒေါင်းအလံ
ရှစ်လေးလုံးစိတ်ဓါတ်နဲ့ပဲ ဆက်ပြီးတော့ လက်တွဲသွားကြမယ်လို့
ယုံကြည်ပါကြောင်း နူတ်ခွန်းဆက်ရင်းနဲ့ ကျနော်ရဲ့ နူတ်ဆက်စကားကို
အဆုံးသတ်ပါတယ်၊ ကျေးဇူးတင်ပါတယ်………….
No comments:
Post a Comment