------------------------------ ---------
(၈-၈-၂၀၁၃) ရက်နေ့တွင် ကျရောက်မည့် ရှစ်လေးလုံး ငွေရတု နှစ်ပတ်လည်နေ့
အခမ်းအနားအား မြိတ်မြို့အတွင် ကျင်းပပြုလုပ်ရန် မြိတ်မြို့အတွင်း
မြို့ပေါ်ရပ်ကွက်များ၌ စိုက်ထူထားသည့် ဗွီနိုင်း ဆိုင်းဘုတ် များအား ၂၀၁၃
ရက်နေ့ သြဂုတ်လ (၅) ရက်နေ့ ညပိုင်းတွင် မြိတ်မြို့နယ်အုပ်ချုပ်ရေးမှူး၊
မြိတ်မြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ
အုပ်ချုပ်ရေးမှူး များက မေတ္တာရပ်ခံပြီး ဖြုတ်သိမ်း ဆောင်ရွက်ခဲ့ကြောင်း
သိရသည်။
ထိုသို့ ဖြုတ်သိမ်းခြင်းမှာ သြဂုတ်လ (၅) ရက်နေ့
နေ့လည်ပိုင်းတွင် မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး၊ မြိတ်မြို့နယ်
အုပ်ချုပ်ရေးမှူး တို့နှင့် မြိတ်ခရိုင် (၈၈)မျိုးဆက် ငြိမ်းချမ်းရေးနှင့်
ပွင့်လင်း လူ့အဖွဲ့အစည်း ၊ မြိတ်မြို့နယ် NLD အဖွဲ့ဝင်များနှင့်
တွေ့ဆုံပြီးနောက် ဗွီနိုင်း ဆိုင်းဘုတ် စာသားတွင် ပါဝင်သော စစ်အာဏာရှင်
ဖယ်ရှားရေး ဟူသော အရေးအသားသည် ပြည်သူများအား
လှုံ့ဆော်ရာ ရောက်သည့် အတွက် အဆိုပါ ဗွီနိုင်းများအား ဖြုတ်သိမ်းပေးရေး
ညှိနှိုင်း မေတ္တာရပ်ခံချက် အရ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မြိတ်မြို့တွင် ပြုလုပ်မည့် ရှစ်လေးလုံး ငွေရတု နှစ်ပတ်လည်နေ့
အခမ်းအနားအား (၈-၈-၂၀၁၃) ရက်နေ့တွင် မြိတ်မြို့ ကလွင်ကျေးရွာ
တောရအောက်ကျောင်းတွင် အစီအစဉ် (၂)ပိုင်းဖြင့် ဆောင်ရွက်မည့် ဖြစ်ပြီး
နံနက်ပိုင်းတွင် ကျဆုံးသွားသူများအား ရည်စူး၍ ဆွမ်းကျွေးတရားတော်နာ
ဆောင်ရွက်မည် ဖြစ်ပြီး နေ့လည် (၁၂) နာရီ အချိန်တွင် အခမ်းအနား ကျင်းပမည်
ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရှစ်လေးလုံး ငွေရတု နှစ်ပတ်လည်နေ့ အခမ်းအနားသို့ နိင်ငံရေးပါတီများ၊ ကျောင်းသား သမဂ္ဂ၊
မြိတ် ဆရာ/ဆရာမများ သမဂ္ဂ၊ မြိတ်မြို့နယ်လုံး ဆိုင်ရာ အလုပ်သမားများ
သမဂ္ဂ၊ မြိတ်ခရိုင် တောင်သူ လယ်သမား အစည်းအရုံး၊ ကရင်အမျိုးသား အစည်းအရုံး၊
ဘာသာရေး အဖွဲ့များ၊ လူမှု အထောက်အကူပြု အဖွဲ့များ၊ မြိတ်ခရိုင်
ဆရာဝန်လူငယ်များ ကွန်ယက်၊ ABSDF ကျောင်းသား တပ်မတော်သားဟောင်းများ၊
ပြည်သူလူထုများ တက်ရောက်မည် ဖြစ်ကြောင်း သတင်းရရှိပါသည်။
------------------------------
(၈-၈-၂၀၁၃) ရက်နေ့တွင် ကျရောက်မည့် ရှစ်လေးလုံး ငွေရတု နှစ်ပတ်လည်နေ့ အခမ်းအနားအား မြိတ်မြို့အတွင် ကျင်းပပြုလုပ်ရန် မြိတ်မြို့အတွင်း မြို့ပေါ်ရပ်ကွက်များ၌ စိုက်ထူထားသည့် ဗွီနိုင်း ဆိုင်းဘုတ် များအား ၂၀၁၃ ရက်နေ့ သြဂုတ်လ (၅) ရက်နေ့ ညပိုင်းတွင် မြိတ်မြို့နယ်အုပ်ချုပ်ရေးမှူး၊
ထိုသို့ ဖြုတ်သိမ်းခြင်းမှာ သြဂုတ်လ (၅) ရက်နေ့ နေ့လည်ပိုင်းတွင် မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး၊ မြိတ်မြို့နယ် အုပ်ချုပ်ရေးမှူး တို့နှင့် မြိတ်ခရိုင် (၈၈)မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း ၊ မြိတ်မြို့နယ် NLD အဖွဲ့ဝင်များနှင့် တွေ့ဆုံပြီးနောက် ဗွီနိုင်း ဆိုင်းဘုတ် စာသားတွင် ပါဝင်သော စစ်အာဏာရှင် ဖယ်ရှားရေး ဟူသော အရေးအသားသည် ပြည်သူများအား လှုံ့ဆော်ရာ ရောက်သည့် အတွက် အဆိုပါ ဗွီနိုင်းများအား ဖြုတ်သိမ်းပေးရေး ညှိနှိုင်း မေတ္တာရပ်ခံချက် အရ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မြိတ်မြို့တွင် ပြုလုပ်မည့် ရှစ်လေးလုံး ငွေရတု နှစ်ပတ်လည်နေ့ အခမ်းအနားအား (၈-၈-၂၀၁၃) ရက်နေ့တွင် မြိတ်မြို့ ကလွင်ကျေးရွာ တောရအောက်ကျောင်းတွင် အစီအစဉ် (၂)ပိုင်းဖြင့် ဆောင်ရွက်မည့် ဖြစ်ပြီး နံနက်ပိုင်းတွင် ကျဆုံးသွားသူများအား ရည်စူး၍ ဆွမ်းကျွေးတရားတော်နာ ဆောင်ရွက်မည် ဖြစ်ပြီး နေ့လည် (၁၂) နာရီ အချိန်တွင် အခမ်းအနား ကျင်းပမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရှစ်လေးလုံး ငွေရတု နှစ်ပတ်လည်နေ့ အခမ်းအနားသို့ နိင်ငံရေးပါတီများ၊ ကျောင်းသား သမဂ္ဂ၊
မြိတ် ဆရာ/ဆရာမများ သမဂ္ဂ၊ မြိတ်မြို့နယ်လုံး ဆိုင်ရာ အလုပ်သမားများ သမဂ္ဂ၊ မြိတ်ခရိုင် တောင်သူ လယ်သမား အစည်းအရုံး၊ ကရင်အမျိုးသား အစည်းအရုံး၊ ဘာသာရေး အဖွဲ့များ၊ လူမှု အထောက်အကူပြု အဖွဲ့များ၊ မြိတ်ခရိုင် ဆရာဝန်လူငယ်များ ကွန်ယက်၊ ABSDF ကျောင်းသား တပ်မတော်သားဟောင်းများ၊ ပြည်သူလူထုများ တက်ရောက်မည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

No comments:
Post a Comment