မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။
ရှစ်လေးလုံး အရေးတော်ပုံ ရည်မှန်းချက် မပြည့်သေးဟု ဟံသာဝတီ ဦးဝင်းတင် သဝဏ်လွှာပါး
မကွေး၊ သြဂုတ် ၈ The Voice Weekly
မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရကို ဆန့်ကျင်ဆန္ဒပြခဲ့သည့်
ရှစ်လေးလုံး အရေးတော်ပုံ ရည်မှန်းချက်များဖြစ်သော ဒီမိုကရေစီနှင့်
လူ့အခွင့်အရေး ပြည့်ဝစွာ မရရှိသေးကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
NLD သဘာပတိအဖွဲ့ဝင် ဟံသာဝတီ ဦးဝင်းတင်က မြေလတ်ဒေသ ရှစ်လေးလုံး အရေးတော်ပုံ
ငွေရတု အခမ်းအနားသို့ သဝဏ်လွှာပေးပို့သည်။
ယင်းသဝဏ်လွှာကို မကွေးတိုင်းဒေသကြီး မင်းကျောင်း ဘုန်းတော်ကြီးကျောင်း တွင်
ပြုလုပ် သည့် မြေလတ်ဒေသ ရှစ်လေးလုံး အရေးတော်ပုံ ငွေရတုအခမ်းအနားတွင်
မကွေးမြို့နယ် NLD ပါတီ ဒုတိယဥက္ကဋ္ဌ ဒေါ်စန္ဒာဝင်းက ဖတ်ကြားခဲ့ခြင်း ဖြစ်သည်။
ရှစ်လေးလုံး အရေးတော်ပုံ ရည်မှန်းချက်များ ပြည်ဝစွာရရှိရန် မြေလတ်ဒေသ
ဒီမိုကရေစီ တိုက်ပွဲ ဝင်သူများ အနေနှင့် အရေးတော်ပုံ တာဝန်များကို ဆက်လက်
ထမ်းဆောင်သွား ရ မည် ဖြစ်ကြောင်း ယင်းသဝဏ်လွှာတွင် ဖော်ပြထားသည်။
NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကမူ ရှစ်လေးလုံး အရေးတော်ပုံကာလ တွင်
ပြည်သူ အများ ထောက်ခံထားသော တပ်မတော်နှင့် ပြည်သူအကြား အမျိုးသား
ရင်ကြားစေ့ရေးမူကို မျက်ခြည် မပြတ်သင့်ကြောင်း သြဂုတ်လ ၅ ရက်နေ့ထုတ်
ဒီလှိုင်းစာစောင်တွင် သတိပေးရေး သားသည်။
ရန်ကုန်မြို့တော်တွင်
ရှစ်လေးလုံး အရေးတော်ပုံ ငွေရတုအခမ်းအနားကို ကျင်းပလျက် ရှိသော် လည်း
ရှစ်လေးလုံး အရေးတော်ပုံကာလတွင် မြေလတ်ဒေသရှိ ကျောင်းသားပြည်သူများမှာ
အင်အားကြီးမားစွာ ပါဝင်ခဲ့ခြင်းကို ဂုဏ်ပြုလိုသဖြင့် မြေလတ်ဒေသ ငွေရတု
အခမ်းအနား ကို ပြုလုပ်ရခြင်း ဖြစ်ကြောင်း ယင်းအခမ်းအနား ဖြစ်မြောက်ရေး
ကော်မတီအဖွဲ့ဝင် ဦးမြင့်ဦး (မကွေး) က ပြောကြားသည်။
No comments:
Post a Comment