
စွမ်းအားရှင်များအား လေ့ကျင့်ပေးနေစဉ်
မိုးဇေညိမ်း
မကြာသေးမီက
ဖြစ်ပွားခဲ့တဲ့ ဘာသာရေးပဋိပက္ခတွေမှာ နအဖခေတ်က နာမည်ကြီးဗီလိန်တွေ ဖြစ်တဲ့
စွမ်းအားရှင်တွေ ပါဝင်ပတ်သတ်နေတယ်ဆိုတဲ့ သတင်းတစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။
စွမ်းအားရှင်တွေကို ပြည်သူတွေ မုန်းတီးရွံရှာ ကြပါတယ်။ ဒါပေမဲ့ စွမ်းအားရှင်ဆိုတာ၊
ဘယ်သူတွေလဲ၊ ဘယ်လိုဖွဲ့စည်းလုပ်ကိုင်သလဲ ဆိုတာကိုတော့၊ စစ်အစိုးရ လက်အောက်က
တခြားသော လူထုဖိနှိပ်ရေးလျှို့ဝှက်ယန္တရားတွေလို၊ အဖြစ်ပျက်တွေလိုပဲ အဆန်းတကျယ်
ကိစ္စတခုလိုဖြစ်နေပြီး တိတိကျကျ ပေးနိုင်ကြတာ မတွေ့ရပါဘူး။ တချို့ကျတော့လည်း
နီးစပ်ရာအလိုက် ဘယ်သူကတော့ စွမ်းအားရှင်ဆိုတဲ့ထဲမှာ ပါတယ်လို့ သိကြတာတွေတော့
ရှိပါတယ်။ ဒါ့ကြောင့်မို့ အာဏာရှင်တွေရဲ့ နောက်ဆုံးပေါ် အသုံးအကျဆုံး
လူထုဖိနှိပ်မှုအဖွဲ့အစည်းတစ်ခုအကြောင်းကို ဒီမိုကရေစီနဲ့လူ့အခွင့်အရေး
ဘက်တော်သားတွေ ရေရေရာရာ သိရှိထားဖို့ လိုအပ်ပါတယ်။ စွမ်းအားရှင်တွေကို ရဲ၊ စစ်တပ်၊
အခြားလုံခြုံရေးအဖွဲ့ အစည်းတွေနဲ့ ပေါင်းစပ်တာဝန်ထမ်းဆောင်ဖို့ ဘယ်လို
စီမံခဲ့တယ်ဆိုတာ မူရင်းစီမံချက် အထောက်အထားတွေ၊ ဓာတ်ပုံတွေ၊ နှစ်ရှည်လများ
စွန့်စားစုဆောင်းခဲ့တဲ့ အချက်လက်တွေနဲ့ အဖြစ်နိုင်ဆုံး ပြည့်စုံ အောင်
တင်ပြလိုက်ပါတယ်။
စွမ်းအားရှင်တို
့ဘယ်လိုပေါ်လာလဲ
၂၀၀၇
ခုနှစ်၊ သံဃာ့အရေးအခင်းကာလနောက်ပိုင်းမှာ ပြည်သူတွေအကြားမှာ မသတီစရာ အကြောင်းအရာ
တစ်ခု ပြန့်နှံ့လာခဲ့ပါတယ်။ အဲ့ဒါကတော့ “စွမ်းအားရှင်” ဆိုတဲ့ စကားလုံးပါပဲ။
သံဃာ့အရေးအခင်းကာလမှာ သံဃာတော်နဲ့ ပြည်သူတွေကို အကြမ်းဖက်နှိမ်နှင်းခဲ့ကြတဲ့
စစ်တပ်တွေ၊ ရဲတွေနဲ့ တစ်တန်းတည်းထားပြီး စွမ်းအားရှင် ဆိုတဲ့လူတွေကိုလည်း
မုန်းတီးခဲ့ကြပါတယ်။ စွမ်းအားရှင်ဆိုတဲ့သူတွေဟာ ပြည်သူထဲက ပြည်သူတွေပါပဲ။ ဒါပေမဲ့
စစ်အစိုးရရဲ့ ဖိနှိပ်မှုယန္တရားထဲက ခွေးသွားစိတ်လေး တစ်ခုမို့ “အသားထဲက လောက်ထွက်တဲ့
သူတွေ” လို့ ပြည်သူတွေက သတ်မှတ်ခဲ့ကြပါတယ်။ တကယ်ကတော့ နိုင်ငံတကာရဲ့ အာဏာရှင်
တွေသမိုင်းမှာ အိုင်ဒီယာအသစ် တခုတော့မဟုတ်လှပါဖူး။ ဟစ်တလာရဲ့ ရှပ်ညိုတပ်တွေလို
အာဏာရှင်တွေရဲ့ ဒေါက်တိုင် လက်ကိုင်အဖွဲ့ စည်းတခု အဖြစ်နဲ့ စွမ်းအားရှင်တွေကို
စုဖွဲ့ ထားခဲ့တာပါ။ လက်တွေ့ မှာစွမ်းအားရှင်တွေကို စပြီးအောင်မြင်စွာအသုံးပြုနိုင်ခဲ့တာ
ကတော့ နာမည်ကျော်ဒီပဲရင်းအရေးခင်းမှာဖြစ်ပါတယ်။ ၂၀၀၃ ခုနှစ်၊ မေလ (၃၀) ရက်နေ့က
ဒီပဲယင်းမြို့၊ ရွာသစ်ရွာ အနီးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီဝင်တွေရဲ့
ယာဉ်တန်းကို အကြမ်းဖက် တိုက်ခိုက်ရာမှာ အစိုးရနဲ့ကြံ့ဖွံ့ တို့ရဲ့
လက်ကိုင်တုတ်လူမိုက်တွေကို အသုံးပြုခဲ့ပါတယ်။ ဒါပေမဲ့ သတင်းထုတ်ပြန်တဲ့အခါမှာတော့
NLD ကို မလိုလားသော လူစုလူဝေးလို့သာ သုံးနှုန်းခဲ့ပါတယ်။ အတိုက်အခံတွေကို
နှိပ်ကွပ်တဲ့အခါ နအဖအတွက် ဒီလို လူမိုက်တွေဟာ အင်မတန် အသုံးတည့်ကြောင်း
ဒီပဲယင်းအကြမ်းဖက်မှုမှာ သိရှိသွားပါတယ်။ ပြောရမယ်ဆိုရင်တော့ ဒီပဲယင်း အရေးအခင်းဟာ
စွမ်းအားရှင်တွေရဲ့ ပွဲဦးထွက်ပါပဲ။

စွမ်းအားရှင်များအား ရွှေဝါရောင်
တော်လှန်ရေး မတိုင်မီကတည်းပင် ဤသို့ လေ့ကျင့်ပေးထားခဲ့သည်
ဒီ့နောက်ပိုင်းမှာတော့
အစိုးရကိုဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေကို နှိမ်နှင်းဖို့အတွက် စွမ်းအားရှင်တွေကို
စုဖွဲ့ စည်းရုံး ခဲ့ပါတယ်။ စွမ်းအားရှင်တွေကို စည်းရုံးတဲ့နေရာမှာ
အဓိကသတ်မှတ်ထားတဲ့ အရည်အချင်းကတော့ လက်ရဲဇက်ရဲ၊ လုပ်ရဲကိုင်ရဲ ရှိဖို့နဲ့
အစိုးရဒေါက်တိုင်တွေဖြစ်တဲ့ ရဲ၊ ကြံ့ဖွံ့တို့က ခိုင်းတာကို တသဝေမတိမ်း
နာခံတတ်တဲ့သူတွေဖြစ်ဖို့ပဲ အဓိကထား ရွေးချယ်ခဲ့ပါတယ်။ စွမ်းအားရှင်တွေရဲ့
အောက်ခြေအဆင့်တွေကတော့ ရဲ၊ရ၀တ စတဲ့ဒေသအုပ်ချုပ်ရေး တွေကို ဥပဒေအရမကင်းနိုင်တဲ့
ငြိစွန်းတဲ့ကိစ္စတွေမှာပက်သက်နေလို့ မလွန်ဆန်နိုင်တဲ့၊ ချဲ၊ နှစ်လုံးထီ၊ လောင်းကစား
လုပ်ငန်းတွေ၊ အသေးစားဒုစရိုက်မှုလေးတွေနဲ့ ပတ်သတ်နေတာမို့ ရဲတွေခိုင်းသမျှ
လုပ်နေရသူတွေ၊ ရပ်ကွက် လူမိုက်တွေနဲ့ နိုင်ငံရေးအကြောင်း နားမလည်တဲ့
အလုပ်အကိုင်မဲ့၊ အခြေအနေမဲ့လူတွေ စသဖြင့် ပါဝင်ခဲ့ပါတယ်။ ဒီလူတွေကို ကွပ်ကဲတဲ့
အထက်အဆင့်နေရာတွေမှာတော့ နအဖအစိုးရနဲ့မကင်းရာ မကင်းကြောင်း လုပ်ငန်းရှင်တွေ၊
ချဲဒိုင်၊ နှစ်လုံးဒိုင်တွေ၊ ကြံဖွံ့ပါတီကလူတွေ၊ မီးသတ်နဲ့ ရယကတို့ ပါဝင်ပါတယ်။

စွမ်းအားရှင်များကို
ထည့်သွင်းအသုံးပြုရေးဆွဲထားသော နေပြည်တော်တိုင်းစစ်ဌာနချုပ်၏
လုံခြုံရေးစီမံချက်တစ်ခု
စွမ်းအားရှင်ဆိုတာ ဘာလဲ
စွမ်းအားရှင်
ဆိုတဲ့ စကားလုံးကို အစိုးရက တရားဝင်ဖော်ထုတ် စတင် အသုံးပြုခဲ့တာကတော့ ၂၀၀၆ ခုနှစ်၊
နိုဝင်ဘာလ (၂) ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ နအဖသတင်းစာရှင်းလင်းပွဲ (၇/၂၀၀၆) မှာ
ဖြစ်ပါတယ်။ အဲဒီ့ သတင်း စာ ရှင်းလင်းပွဲမှာ စွမ်းအားရှင်ဆိုတဲ့ စကားလုံးနဲ့
ပတ်သတ်ပြီး “မီးသတ်၊ ကြက်ခြေနီ၊ ရယကစသဖြင့် အဲဒီ ပုဂ္ဂိုလ်တွေဟာ လစာရိက္ခာ
တစ်ပြားတစ်ချပ်မှ မယူဘဲနဲ့ သီးခြားစေတနာအလျှောက် ကူညီပေးတဲ့
စွမ်းအားများဖြစ်တဲ့အတွက်ကြောင့် ဒီပုဂ္ဂိုလ်များကို စွမ်းအားရှင်လို့ နိုင်ငံတော်က
စာလုံးရွေးချယ် သတ်မှတ်ပြီးတော့ ဂုဏ်ပြု ခေါ်ဝေါ်ခြင်း ဖြစ်ပါတယ်” (၃-၁၁-၂၀၀၆
ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ၊ စာမျက်နှာ ၁၃) လို့ ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီက
ပြောခဲ့ပါတယ်။
တကယ်တော့
ဗိုလ်မှူးချုပ်ခင်ရီဟာ စွမ်းအားရှင်ဆိုတာ ဘယ်သူတွေလဲဆိုတဲ့ မေးခွန်းကို လိမ်ညာ
ပြောဆိုပြီး တည့်တည့်မပြောပဲ၊ တဖက်လှည့်နဲ့ စွမ်းအားရှင်အဖွဲ့ စည်းကို တရားဝင်
အောင် ၊အမိန့် ကြေညာစာမထုတ်ပဲ ဥပဒေ ဘောင် စသွင်းသွားခဲ့တာသာ ဖြစ်ပါတယ်။ နအဖရဲ့
ခိုင်းဖတ် လက်ကိုင်တုတ်လူမိုက်တွေ အဖြစ်ကို မရေမရာအဖြေနဲ့ ဖုံးကွယ်သွားခဲ့တာပါ။
အဲဒီ့လက်ကိုင်တုတ်တွေဟာ ရယက တွေ၊ မီးသတ်တွေ မဟုတ်ကြပါဘူး။ စွမ်းအားရှင်တွေဟာ ရယက၊
အရန်မီးသတ်တို့ထက် ကြံ့ဖွံ့အဖွဲ့ကလူတွေနဲ့ ပိုပြီး နီးစပ်၊ ရောယှက်မှုရှိပါတယ်။
ရဲတပ်ဖွဲ့က ရေးဆွဲခဲ့တဲ့ လုံခြုံရေးစီမံချက်တွေကို ပြန်လည်လေ့လာကြည့်တဲ့အခါမှာ
“မိတ်ဖက်အဖွဲ့အစည်းများ” ဆိုတဲ့ ခေါင်းစဉ်အောက်မှာ (၁) မြို့နယ်/ရပ်ကွက်
အေးချမ်းဖြိုးကောင်စီဝင်များ (၂) မီးသတ်များ (၃) အရန်ရဲများ (၄) စွမ်းအားရှင်များ
(၅) ကြက်ခြေနီများ (၆) ပြည်ခိုင်ဖြိုး ပါတီဝင် များ ဆိုပြီး သီးသန့်အင်အားအနေနဲ့
ထည့်သွင်း ဖော်ပြတာကို တွေ့နိုင်ပါတယ်။ နအဖအစိုးရဟာ တကယ်တော့ စွမ်းအားရှင် တွေကို
စနစ်တကျ စုဖွဲ့ပြီး ဆန္ဒပြမူတွေကိုဖြိုခွဲဖို့နဲ့၊ လူထုကို ကြောက်လန့်အောင်၊
မလှန်ရဲအောင် ဖိနှိပ်ရေး အင်အားစုတစ်ခုအနေနဲ့ အသုံးချနိုင်ဖို့ အကြံစည်ရှိရှိ
ကျကျနန စီစဉ်ခဲ့တာပါ။
အရှင်းဆုံးနဲ့
အတိုချုပ်ပြောရရင်တော့ စွမ်းအားရှင်ဆိုတာဟာ ပြည်သူထဲကပဲဖြစ်ပေမဲ့၊အရပ်သားတွေ
ဖြစ်ပေ မဲ့ အာဏာရှင်တွေရဲ့ လိုအပ်ချက်အတိုင်း ပြည်သူတွေပေါ်ဖိနှိပ်ဖို့ အတွက်
စနစ်တကျဖွဲ့ထားတဲ့ လက်ကိုင်ဒုတ် အဖွဲ့အစည်းဖြစ်လို့ အာဏာရှင်ရဲ့လက်မရွံ့တပ်လို
့ခေါ်နိုင်ပါတယ်။

ရန်ကုန်တိုင်းရဲတပ်ဖွဲ့၏
မြို့လုံခြုံရေးစီမံချက်မှ မိမိအင်အားဖော်ပြချက်
စွမ်းအားရှင်တို
့ဘယ်လိုစွမ်းလဲ
၂၀၀၃
ခုနှစ်၊ ဒီပဲယင်းအရေးအခင်းနဲ့ ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးကာလတွေမှာ လက်ရဲဇက်ရဲလုပ်နိုင်တဲ့
စွမ်းအားရှင်တွေရဲ့အစွမ်းကို နအဖအစိုးရက အတော်ကြီး သဘောကျနှစ်ခြိုက်ခဲ့ပါတယ်။
ဒါကြောင့်မို့ စွမ်းအားရှင် တွေကို စနစ်တကျစုဖွဲ့ စည်းရုံးမှုတွေ လုပ်ဖို့ မြို
့နယ်၊ ရပ်ကွက်အဆင့်အုပ်ချုပ်ရေးတွေကို အထက်ကညွန်ကြားချက်တွေ အကြိမ်ကြိမ် ထုတ်ပြီး
လက်မရွံ့ စွမ်းအားရှင်တပ်တွေပေါ်ပေါက်လာဖို့  အတော်ကိုအာရုံစိုက်လုပ်ကိုင်ခဲ့ပါတယ်။
NLD ပါတီနဲ့ တက်ကြွလှုပ်ရှားသူတွေရဲ့ ဆန္ဒပြပွဲတွေကို စွမ်းအားရှင်တွေအင်အားနဲ့
ဝင်ရောက် ဖျက်ဆီးဖြိုခွင်းဖို့ အဓိက ရည်ရွယ်ချက်ထားခဲ့တာပါ။ ရွှေဝါရောင်တော်လှန်ရေး
မတိုင်မီကာလ ဆန္ဒပြပွဲတွေမှာလည်း စွမ်းအားရှင်တွေကို အသုံးချပြီး ဆန္ဒပြသူတွေကို
ဖမ်းဆီးတာတွေ လုပ်ခဲ့ ပါတယ်။ အထူးသဖြင့် စွမ်းအားရှင်တွေကို မြို့နယ်တိုင်း၊
ရပ်ကွက်တိုင်းမှာ သီးခြား အဆင်သင့် အင်အားအဖြစ်ရှိဖို့ကို အထူးအာရုံစိုက်လာခဲ့တာက
ရွှေဝါရောင်မတိုင်ခင် ကိုထင်ကျော်နဲ့အဖွဲ့ ရန်ကုန်မြို့လည်ခေါင်မှာလုပ်ခဲ့တဲ့
ကုန်ဈေးနှုန်းကျဆင်းရေး ပထမဆုံးဆန္ဒပြပွဲကြောင့်ပါ။ အဲဒီ့ ဆန္ဒပြပွဲဟာ မမျှော်လင့်ပဲ
အချိန်တိုအတွင်း၊ တော်တော်ကြီးသွားပြန့်သွားတာကို၊ သက်ဆိုင်ရာ
မြို့နယ်အာဏာပိုင်တွေဖက်က အချိန်မှီ တုန့်ပြန်ဖမ်းဆီးတာလုပ်ဖို့
အဆင်သင့်မဖြစ်ခဲ့ပဲ အငိုက်မိ သွားခဲ့ပါတယ်။ ဒါ့ကြောင့်မို့ အဲဒီ့အဖြစ်ပျက်အပြီးမှာ
မြို့နယ်အဆင့် အုပ်ချုပ်ရေးမှူးတွေ၊ ရဲနဲ့လုံခြုံရေးအဖွဲ့တွေ၊
တာဝန်ရှိတဲ့အရာရှိတွေ တော်တော်များများ ခုံရုံးဖွဲ့ အစစ်ခံရတဲ့အထိ
ဖြစ်သွားခဲ့ပါတယ်။ အာဏာပိုင်တွေအတွက်တော့ တော်တော်ကို သင်ခန်းစာရသွားခဲ့တဲ့
ဖြစ်စဉ်ပါ။
ဆန္ဒပြသူ ကိုထင်ကျော်အား ဖမ်းဆီးရန်
နောက်ကျခဲ့သည့်အတွက် တာဝန်ရှိသူများအား အရေးယူရန် စုံစမ်းစစ်ဆေးသည့် အစီရင်ခံစာ
အဲသည်
ဖြစ်စဉ်နောက်ပိုင်းမှာတော့ စွမ်းအားရှင်တွေမြို့နယ်၊ ရပ်ကွက်တိုင်းမှာ လုံခြုံရေး၊
အုပ်ချုပ်ရေးအဖွဲ့ အစည်းတွေနဲ့ တွဲပြီး အဆင်သင့်စုဖွဲ့၊ အသင့်ရှိနေဖို့
အစိုးရအာဏာပိုင်တွေက သေသေချာချာ စီစဉ်ခဲ့ကြပါတယ်။ စွမ်းအားရှင်တွေဟာ
ဝန်ထမ်းတွေမဟုတ်၊ ဆံပင်ပုံစံ၊ အ၀တ်အစားပုံစံတွေကအစ ၀န်ထမ်းတွေလို မဟုတ်တာကြောင့်
ရဲတို့၊ မီးသတ်တို့နဲ့ ဖမ်းတာထက်စာရင် လူမြင်ကောင်းသလို
သတင်းစာရှင်းလင်းပွဲတွေမှာလည်း “ဆူပူမှုကို မလိုလားသော ပြည်သူတစ်စုမှ
ဖမ်းဆီးထိန်းသိမ်းခဲ့” လို့ ပြည်သူနာမည်ကို ခုတုံးလုပ်၊ ခေါင်းစဉ် ပေးနိုင်တာကို
နအဖက အင်မတန် သဘောကျခဲ့ပါတယ်။ ဆန္ဒပြတဲ့သူတွေကို ဖမ်းဆီး ထိန်းသိမ်းတဲ့အခါမှာ
ယူနီဖောင်းဝတ်တွေကို မသုံးဖို့နဲ့ အရပ်ဝတ်လူတွေကိုပဲ အသုံးချပြီး ဖမ်းဆီးဖို့၊
ဆန္ဒပြမှုဖြစ်စဉ်တွေနဲ့ပတ်သတ်ပြီး အထက်ကို တင်ပြတဲ့အခါမှာလည်း
အစိုးရအဖွဲ့အစည်းတွေအစား ဆူပူမှုကို မလိုလားသော ပြည်သူများ ဆိုတဲ့ စကားလုံးနဲ့
အသုံးပြုဖို့ ညွှန်ကြားခဲ့ပါတယ်။

သတင်းတင်ပြရာတွင်
စကားလုံးသုံးစွဲမှုနှင့်ပတ်သတ်သည့် တမခ(၇၇)မှ ညွှန်ကြားချက်
စွမ်းအားရှင်တို့ရဲ့
လက်စွမ်းပြမှုများ
စွမ်းအားရှင်တွေကို
အသုံးချပြီး ဖမ်းဆီးခဲ့တဲ့ဖြစ်စဉ် အချို့ကို ပြောရမယ်ဆိုရင်တော့ -
(၁)
၂၀၀၇ ခုနှစ်၊ သြဂုတ်လ (၁၄) ရက်နေ့မှာ ဆူးလေးဘုရားအနီး ဧမာနွေလဘုရားကျောင်းရှေ့မှာ
ဆန္ဒပြခဲ့ကြတဲ့ NLD မှ ဒေါ်စန်းစန်းမြင့် နဲ့ အပေါင်းအပါ (၁၇) ဦးကို
စွမ်းအားရှင်တွေကို အသုံးပြုပြီး ဖမ်းဆီးခဲ့ပါတယ်။
(၂)
၂၀၀၇ ခုနှစ်၊ သြဂုတ်လ (၂၂) ရက်နေ့မှာ ကုန်ဈေးနှုန်းကျဆင်းရေးအတွက် ဆန္ဒပြခဲ့ကြတဲ့
နော်အုန်းလှနဲ့ အဖွဲ့ကို အင်စိန်လမ်းမကြီးပေါ်က ပါရမီလမ်းဆုံမှာ
ဝိုင်းဝန်းဖမ်းဆီးခဲ့ပါတယ်။
(၃)
၂၀၀၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၂) ရက်နေ့က သိမ်ကြီးဈေးအနီး၊ ပန်းဘဲတန်း
သိမ်တော်ကြီးရှေ့မှာ ကုန်ဈေးနှုန်း ကျဆင်းရေး၊ လောင်စာဆီဈေးနှုန်းကျဆင်းရေးအတွက်
ဆန္ဒပြနေတဲ့ ကိုထင်ကျော်ကို အရပ်ဝတ်ဝန်ထမ်းတွေနဲ့ စွမ်းအားရှင်တွေက
ဝိုင်းဝန်းဖမ်းဆီးပါတယ်။ လူစည်ကားရာနေရာဖြစ်တာမို့ ရပ်ကြည့်နေသူတွေ၊
ကန့်ကွက်သူတွေနဲ့ ကိုထင်ကျော်ကို ဖမ်းဆီးတဲ့သူတွေအကြား ရုတ်ရုတ်သဲသဲ
ဖြစ်သွားခဲ့ပါတယ်။
(၄)
၂၀၀၇ ခုနှစ်၊ သြဂုတ်လ (၂၇) ရက်နေ့က လှည်းတန်းဈေးရှေ့မှာ ဆန္ဒပြနေတဲ့ မစုစုနွေးနဲ့
NLD လူငယ်တွေကို စွမ်းအားရှင်တွေ၊ အရပ်ဝတ်ရဲတွေက
အတင်းလုံးထွေးတွန်းထိုးဖမ်းဆီးသွားခဲ့ပါတယ်။ အဲဒီဖြစ်စဉ်ရဲ့ ဓာတ်ပုံတွေ၊
ဗီဒီယိုမှတ်တမ်းတွေကို နိုင်ငံတကာသတင်းဌာနတွေက တောင်ထုတ်လွှင့်ဖော်ပြခံခဲ့ရပြီး
လူသိများတဲ့အဖြစ်ပျက် တစ်ခုဖြစ်ခဲ့ပါတယ်။

NLD ပါတီမှ ထက်ထက်ဦးဝေ ဦးဆောင်သည့်
ဆန္ဒပြအဖွဲ့အား စွမ်းအားရှင်များမှ ဖမ်းဆီးနေစဉ်
၂၀၀၇
ခုနှစ်၊ သြဂုတ်လအတွင်းမှာ ဆန္ဒပြလှုပ်ရှားမှုတွေ ခပ်စိတ်စိတ်ဖြစ်လာတာနဲ့အမျှ
စွမ်းအားရှင်တွေကိုလည်း လိုအပ်တဲ့အချိန်မှာ အသင့်အသုံးချနိုင်အောင်
အရေးပေါ်အနေထားနဲ့ တပ်လှန့်စုဖွဲ့ထားသလို ဆန္ဒပြလူစုလူဝေးကို ဖမ်းဆီးနည်းတွေ၊
အကြမ်းဖက်တိုက်ခိုက်နည်းတွေ သင်ကြားလေ့ကျင့်ပေးခဲ့ပါတယ်။ စွမ်းအားရှင်တွေအတွက်
နေ့တွက်ခနဲ့ စားသောက်စရိတ်တွေ စီစဉ်ပေးခဲ့ပါတယ်။ (အစပိုင်းမှာကတော့
ဒေသအာဏာပိုင်တွေမှာ စွမ်းအားရှင် တွေစုဖွဲ့ဖို့ အမိန့်သာရခဲ့၊
အကောင်ထည်ဖေါ်ခဲ့ရပြီး သီးခြားဘတ်ဂျက် သတ်မှတ်ချက်မရှိလို့၊
ရပ်ကွက်ချဲဒိုင်၊ဘောလုံးဒိုင်နဲ့ နှစ်လုံးထီသမားတွေ၊ မာဆတ်တွေက
စွမ်းအားရှင်တွေစားရိတ်ကိုစုခံခဲ့ရတာပါ။)
အဲသလို
စုဖွဲ့လေ့ကျင့်ပေးထားတဲ့ စွမ်းအားရှင်တွေကို ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ အတွင်းမှာ
ဖြစ်ပွားခဲ့တဲ့ ရွှေဝါရောင်တော်လှန်ရေးကာလအတွင်းမှာ ကောင်းကောင်း
အသုံးချနိုင်ခဲ့ပါတယ်။ စွမ်းအားရှင်တချို့ကို အေးချမ်းစွာဆန္ဒပြနေကြတဲ့လူအုပ်ထဲ
ရောသွင်းပြီး လုံခြုံရေးတပ်ဖွဲ့ဝင် တွေအပေါ် ဆဲဆိုတာတွေ၊ ခဲနဲ့ပေါက်တာတွေ၊ရန်စတာ
တွေကို အလံရှုး အနေနဲ့ လုပ်ခိုင်းခဲ့ ပါတယ်။ ဒါမှသာ ဆန္ဒပြနေတဲ့လူစုလူဝေးတွေဟာ
လုံခြုံရေးတပ်ဖွဲ့တွေကို အကြမ်းဖက် တိုက်ခိုက်လာလို့ ပြန်လည်နှိမ်နှင်းရပါတယ်လို့
နအဖအနေနဲ့ အကြောင်းပြချက် ပေးနိုင်မှာ ဖြစ်ပါတယ်။ တကယ်တော့ ဒီအစီစဉ်တွေဟာ
စွမ်းအားရှင်တွေခေတ်မှပေါ်လာတဲ့ အကြံဥာဏ်သစ် မဟုတ်ပါဘူး။ ရှစ်လေးလုံး အရေးအခင်းမှာထဲက
သွားလေသူ ထောက်လှမ်း ရေးတပ်တွေ လုပ်နေကြ တန်ပြန်လုပ်ငန်းတွေပါ။ စရဖကလဲ နောင်တော်
ထောက်လှမ်းရေး တွေဆီက သည်အမွေကိုတော့ တသွေမတိမ်းဆက်ခံပါတယ်။ စွမ်းအားရှင်လို
လက်မရွံ့တပ်ကို ခိုင်းချင်ရာခိုင်းနိုင်လို့ ပိုစွမ်းတယ်တောင်ဆိုလို့ ရနိုင်ပါတယ်။
ရွှေဝါရောင်တော်လှန်ရေးမှာ စွမ်းအားရှင်အများစုကို ၀ါးရင်းတုတ်တွေ၊ လေးခွတွေ၊
လက်ကိုင်ဒုတ်တွေ တပ်ဆင်ပေးပြီး စစ်တပ်၊ လုံထိန်းတို့နဲ့
တွဲဖက်တာဝန်ပေးခဲ့ပါတယ်။သူတို့ရဲ့ ရည်မှန်းချက်က အတိုင်းတာတခုထိ
အောင်မြင်တယ်လဲပြောရပါမယ်။ အောက်မှာရှိတဲ့ အာဏာပိုင်တွေရဲ့ လုံခြုံရေးစီမံချက်ကို
ကြည့်ရင်တော့ ဆန္ဒပြမူတခုကို ဖြိုခွဲတဲ့အစီအမံကို ယေဘုယျသဘောပေါက်နိုင်ပါတယ်။ ၁၉၉၆
ဒီဇင်ဘာကျောင်းသားအရေးအခင်းတုန်းကလည်း ဒီအစီအမံထဲက ပုံစံတွေအတိုင်း
ဖြိုခွင်းခံခဲ့ရတယ် လို့ ၉၆ ကျောင်းသားလှုပ်ရှားမှုမှာ ပါဝင်ခဲ့သူတွေက ပြောပါတယ်။

ရန်ကုန်တိုင်းရဲတပ်ဖွဲ့၏
“ရန်ကုန်မြို့လုံခြုံရေးစီမံချက်” ပါ ဆန္ဒပြမှုများကို ဖြိုခွင်းရန် စီစဉ်ထားမှု
စွမ်းအားရှင်တွေဟာ
ခံယူချက်၊ ယုံကြည်ချက်မရှိတဲ့သူတွေမဟုတ်ပဲ စီးပွားရေး ကျပ်တည်းနေချိန်မှာ နေ့စားခလေးရလို့
ဝင်လုပ်သူတွေ၊ ရဲတို့၊ ကြံ့ဖွံ့တို့ကို မကင်းနိုင်လို့ ၊ ကြောက်လို့၊
မလွန်ဆန်နိုင်လို့ ၊ရပ်ကွက်ထဲလုပ်ပိုင်ခွင့်လေးရလို့  ၀င်လုပ်သူတွေချည်းပဲဖြစ်တာ
တကြောင်း၊ သေသေချာချာ စနစ်တကျလေ့ကျင့်ထားခဲ့တာမဟုတ်တာ ကြောင့်ကော
ဆန္ဒပြလူစုလူဝေးနဲ့ကြုံတွေ့အခါ သွေးပျက်ပြီး ခိုင်းတာမလုပ်ပဲ
ရှောင်ထွက်သွားတာတွေလည်း ဖြစ်ခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ (၂၆) ရက်နေ့က
ရွှေတိဂုံဘုရားအရှေ့ဘက်မုခ် ဖြစ်စဉ်မှာ ဆန္ဒပြအင်အားထုကို ကြည့်ပြီး စွမ်းအားရှင်တွေ
ကြောက်လန့်တကြားနဲ့ ထွက်ပြေးသွားကြတာဖြစ်ခဲ့ပါတယ်။ အဲဒီ့နေ့ နံနက်ပိုင်းက ရွှေတိဂုံဘုရား
အရှေ့ဖက်မုခ်မှာ သံဃာတော်တွေနဲ့ ပြည်သူတွေ စုဝေးနေတာ သိရတော့ ရဲချုပ်
ဗိုလ်မှူးချုပ်ခင်ရီ ကိုယ်တိုင် ရောက်လာပြီး အခြေအနေကို လာကွပ်ကဲပါတယ်။
ကြေးသွန်းဘုရားအနီးမှာ ခမရ(၇) နဲ့ ရဲတပ်ရင်း (၈) က ဒုတပ်ရင်းမှူးဦးစီးတဲ့
တပ်ခွဲနှစ်ခွဲကို အသင့်နေရာယူထားခိုင်းပါတယ်။ ရွှေတိဂုံဘုရား၊ အလယ်ပစ္စယံပေါ်မှာလည်း
စစ်ဒေသ(၃) စစ်ဒေသမှူးနဲ့ စွမ်းအားရှင် (၈၀) ကျော်က နေရာယူထားပြီးဖြစ်ပါတယ်။
နောက်တော့ ရဲတပ်ရင်း (၈)က ဒုတပ်ရင်းမှူးဦးစီးတဲ့ တပ်ခွဲတစ်ခွဲကို စစ်ဒေသ(၃)
စစ်ဒေသမှူးအဖွဲ့နဲ့သွားရောက် ပူးပေါင်းစေခဲ့ပါတယ်။ မူလ အကြံအစည်ကတော့ အရှေ့ဘက်မုခ်မှာ
စုဝေးနေတဲ့ သံဃာတွေနဲ့ပြည်သူတွေကို ကြေးသွန်း ဘုရားအနီးမှာရှိတဲ့ ခမရ(၇)၊
ရဲတပ်ရင်း (၈)က တပ်ခွဲတစ်ခွဲနဲ့ အလယ်ပစ္စယံက ရဲတပ်ရင်း (၈) တပ်ခွဲ တစ်ခွဲ၊
စွမ်းအားရှင် (၈၀) တို့နဲ့ နှစ်ဖက်ညှပ်ပြီး ချေမှုန်းဖို့ပါ။
ဒါပေမဲ့
သံဃာနဲ့ပြည်သူအင်အားဟာ လေးထောင်နီးပါးထိ ရှိလာတာမို့ ကြားတောရနဲ့ ဗဟန်း (၃)
လမ်းကြားကို ပိတ်ဆို့ထားတဲ့ ခမရ (၇) က နောက်ဆုတ်ပေးလိုက်ရပါတယ်။ အချိန်ထပ်ဆွဲနေရင်
ပြည်သူအင်အားများပြားလာမှာ စိုးရိမ်တဲ့အတွက် စောင်းတန်းပေါ်မှာရှိတဲ့ သံဃာတွေကို
ဖမ်းဆီးဖို့ အလယ်ပစ္စယံပေါ်က စွမ်းအားရှင်တွေဆီ ရဲချုပ်ကိုယ်တိုင်
အမိန့်ပေးညွှန်ကြားလိုက်ပါတယ်။ ဒါပေမဲ့ စွမ်းအားရှင်တွေက ပြည်သူလူထုအင်အားကို
ကြည့်ပြီး ထိတ်လန့်ကုန်တာမို့ မဖမ်းဆီးရဲပဲ လူအုပ်ကြားထဲကို ရောနှောတိုးဝင်ပြီး
ထွက်ပြေးကုန်ပါတယ်။ စွမ်းအားရှင်တွေ အကုန်လုံး ကြက်ပျောက်ငှက်ပျောက်
ပျောက်ကုန်တာမို့ စစ်ဒေသမှူးနဲ့ရဲချုပ်တို့ရဲ့ ဆဲဆိုသံတွေလည်း စက်ပေါ်မှာ
ဆူညံနေပါတယ်။ နောက်တော့ ဒေါ်စုအိမ်နားမှာ ချထားတဲ့ အကြမ်းဖက်တပ်ခွဲ၊
ခြောက်ထပ်ကြီးဘုရားနားမှာချထားတဲ့ ရဲတပ်ရင်း (၁) နဲ့ ရဲတပ်ရင်း (၃) တို့ကို
စစ်ကူခေါ်ပြီး နှိမ်နှင်းခဲ့ရပါတယ်။
အဲသလို
စွမ်းအားရှင်တွေ ထွက်ပြေးတဲ့ဖြစ်စဉ်အချို့ရှိခဲ့ပေမဲ့ စစ်တပ်အားကိုးနဲ့ ရွှေဝါရောင်
အရေးအခင်းကာလထဲမှာ လက်စွမ်းပြနိုင်ခဲ့ တာတွေလည်း အများအပြားရှိခဲ့တယ်။
အရေးအခင်းကာလအတွင်းမှာ စွမ်းအားရှင်တွေကို ရဲတပ်ရင်း တွေနဲ့ တွဲဖက်ပြီး
တာဝန်ထမ်းဆောင်ခိုင်းခဲ့သလို စစ်တပ်ကွပ်ကဲမှုအောက်မှာလည်း လုပ်ကိုင်စေခဲ့ပါတယ်။
အမှတ် (၇၇) ခြေမြန်တပ်မဌာနချုပ်မှ နည်းဗျူဟာမှူး ဗိုလ်မှူးကြီးလှဖြိုးရဲ့
ကွပ်ကဲမှုအောက်မှာ စွမ်းအားရှင် (၂၀၀) ဦး၊ အမှတ် (၄) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်၊
ယာယီနည်းဗျူဟာမှူး ဒုဗိုလ်မှူးကြီးအေးလွင်ရဲ့ ကွပ်ကဲမှုအောက်မှာ စွမ်းအားရှင် (၂၀၀)
ဦး တို့ကို ပြည်သူတွေကို နှိမ်နှင်းရာမှာ တွဲဖက်အသုံးပြုခဲ့ပါတယ်။

၂၀၀၇ စက်တင်ဘာ အရေးအခင်းနှင့်ပတ်သတ်၍
ရဲတပ်ရင်းများကွပ်ကဲမှု အဖွဲ့မှူးရုံး၏ သုံးသပ်တင်ပြချက်မှ
ဒါ့ကြောင့်
၂၀၀၇ ခုနှစ်၊ စက်တင်ဘာနောက်ပိုင်းကာလမှာ စွမ်းအားရှင်တွေကို
နိုင်ငံတော်ရဲ့လုံခြုံရေးအရန် အင်အားစု အဖြစ် သတ်မှတ်ခဲ့ပြီး
လုံခြုံရေးဆိုင်ရာဆောင်ရွက်မှုစီမံချက်တွေမှာ ထည့်သွင်းရေးဆွဲခဲ့တာကို တွေ့ရပါတယ်။
သာမန် အချိန် ရဲစခန်း လှည့်ကင်းတွေမှာတောင် ရဲ (၂) ဦးနဲ့ စွမ်းအားရှင် (၅) ဦး၊
ဝပ်ကင်းတွေမှာ ရဲ (၂) ဦးနဲ့ စွမ်းအားရှင် (၃) ဦး၊ ရပ်ကင်းတွေမှာ ရဲ (၁) ဦးနဲ့
စွမ်းအားရှင် (၃) ဦးတို့ကို တွဲဖက် တာဝန်ယူဖို့ ညွှန်ကြားခဲ့ပါတယ်။ အရေးပေါ် အခြေ
အနေ တွေမှာတော့ အောက်ပါအတိုင်းစုဖွဲ့ဖို့ စီမံရေးဆွဲခဲ့ပါတယ်။
(၁)
ရယကရုံးများ – နယ်ထိန်းရဲရဲ့ကြီးကြပ်မှုအောက်မှာ ရဲ (၃) ဦး၊ စွမ်းအားရှင် (၅၀)
ဦး၊
(၂)
မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးများ – မြို့နယ်ရဲတပ်ဖွဲ့မှူးဦးစီးသော ရဲ (၁၀) ဦးနဲ့
စွမ်းအားရှင် (၅၀) ဦး၊
(၃)
ခရိုင်ရဲတပ်ဖွဲ့မှူးရုံးများ – ခရိုင်ရဲတပ်ဖွဲ့မှူးဦးစီးသော ရဲ (၁၀) ဦးနဲ့
စွမ်းအားရှင် (၅၀) ဦး၊
(၄)
မြို့နယ်ကြံ့ဖွံ့ရုံးများ – ရဲ (၃) ဦးနဲ့ စွမ်းအားရှင် (၅၀) ဦး၊
(၅)
ခရိုင်ကြံ့ဖွံ့ရုံးများ – ရဲ (၅) ဦးနဲ့ စွမ်းအားရှင် (၅၀) ဦး၊
(၆)
တိုင်း/ပြည်နယ်ကြံ့ဖွံ့ရုံးများ – ရဲ (၁၀) ဦးနဲ့ စွမ်းအားရှင် (၅၀) ဦး။

စွမ်းအားရှင်များနှင့် ပူးပေါင်းလုပ်ဆောင်ရန်စီမံထားရှိသည့်
နေပြည်တော်အခြေစိုက် အမှတ်(၂) အဆင့်မြင့်ဆက်သွယ်မှုတပ်ရင်း၏
နယ်မြေစိုးမိုးရေးစီမံချက်
စွမ်းအားရှင်တို့ ဘယ်လဲ
အပေါ်က
ရဲတပ်ဖွဲ့ရဲ့ လုံခြုံရေးအစီမံကို ကြည့်ရုံနဲ့ နအဖရဲ့ စွမ်းအားရှင်တွေကို ဘယ်လောက်
အားကိုး အားထား ရှိတယ်ဆို တာသိနိုင်ပါတယ်။ များပြားခိုင်လုံလှတဲ့အထောက်ထားတွေအရ
စွမ်းအားရှင်တွေကို လစာပေးခန့်ထားတဲ့ လုံခြုံရေးဝန်ထမ်းတွေထက်တောင်ပိုပြီး အားပြု
၊ အသုံးပြုထားတယ်ဆိုတာ သိသာလှပါတယ်။ (မလိုအပ်ပဲ အချက် အလက်တွေ ဖေါင်းပွလွန်းမှာ
စိုးရိမ်လို့ လိုရင်းပုံပေါ်နိုင်တဲ့ မူရင်းအထောက်ထားတချို့ကိုသာ
ဖေါ်ပြသုံးစွဲပါတယ်။ ဖေါ်ပြထားတဲ့ အထောက်ထားတချို့ကို ကြည့်ရင်လဲ တပ်တိုင်း၊
နယ်မြေတိုင်း၊ လုံခြုံရေးအဖွဲ့အစည်းတိုင်းမှာ စွမ်းအားရှင်ကို
ဒုတိယအရန်အင်အားစုအဖြစ်မဖြစ်မနေ တည်ဆောက်ထားရပြီး၊ စွမ်းအားရှင်တွေကို
စီမံကျွေးမွေး နေရတဲ့ အဲဒီ့ဝန်ထုပ်ဝန်ပိုးကိုလဲ ဒေသအုပ်ချုပ်ရေးတွေ၊
လုံခြုံရေးအဖွဲ့အစည်းတွေက အချိန်ပြည့် ထမ်းထားရတာ တွေ့ရမှာပါ။ အရံအင်အား ၊ မိတ်ဖက်
အင်အားလို့သာ နာမည်တပ်ထားပေမယ့် တကယ့်လုပ်ငန်းဆောင်တာတွေမှာ တိုင်းပြည်က
အချိန်ပြည့်လစာပေးခန့်ထားတဲ့ဝန်ထမ်းအရေအတွက်ထက် လက်မရွံ့စွမ်းအားရှင်တွေက အင်အား
ပိုများနေတာ တွေ့နေရပါတယ်။ အာဏာရှင်ရဲ့လက်ကိုင်တုတ် လူမိုက်စွမ်းအားရှင် တွေကို
နိုင်ငံတော်ရဲ့ လုံခြုံရေး အင်အားစုကြီးလို အရေးပေး သတ်မှတ်ထားတဲ့အတွက် စစ်တပ်၊
ရဲတို့ရဲ့ လုံခြုံရေးအစီအမံတွေ အားလုံးနီးပါးမှာ စွမ်းအားရှင်တွေနဲ့
ပူးပေါင်းလုပ်ဆောင်ရမဲ့ အစီအစဉ်တွေပါနေတာတွေ့ရပါတယ်။
စွမ်းအားရှင်တွေအကြောင်းပြောရင်
စွမ်းအားရှင်တွေကို ဘယ်လိုရွေးတယ်ဆိုတာထည့်ပြောမှ ပြည့်စုံမှာပါ။
စွမ်းအားရှင်ဖြစ်ဖို့က လွယ်တာမဟုတ်ပါဘူး။ ဖြစ်သလိုရွေးလိုက်တာမဟုတ်ပါဘူး။ နအဖက
အာဏာနဲ့ ပတ်သက်ရင်အကဲ ဆတ်ပါတယ်။ သိပ်အသေးစိတ်ဆန်ပါတယ်။ အလွယ် မလုပ်ပါဘူး။ ရဲမှာနယ်ထိန်းလောက်ကစလို့
ကြံဖွံ့၊ ရယကတွေ အဆုံးမြို့နယ်ထွေအုပ်ထိ ခိုးဆိုး စာရင်း၊ ကျော်ကြားစာရင်း၊
ထောင်ထွက်၊ ရာဇ၀င်လူဆိုး စတဲ့စာရင်းပေါင်းသောင်း ခြောက်ထောင်လုပ်ပြီးအမြဲလို
တင်နေရတာပါ။ ရဲက လူဆိုးစာရင်းလုပ်တာ သူ့အလုပ်သူလုပ် တာပြောရပေမယ့်
ဆန်းတာတွေရှိပါတယ်။ ချဲ ထီဒိုင်၊ နှစ်လုံး၊ ဘောလုံး၊ မာဆတ်၊ လူဆိုး စာရင်းပေါက်
ထောင်ထွက် အားလုံးရေးရင်ရှည် လွန်းလို့ အတိုပြောရရင် ဥပဒေနဲ့ မကင်းနိုင်တဲ့
စီးပွားရေးလုပ်မိသူ အားလုံးကို စာရင်းလုပ်ထားပြီး ကြိုးရှည်ရှည်နဲ့  လှန်ထားတာပါ။
(စာရင်းပါင်း များစွာထဲမှာ ရပ်ကွက်အလိုက် NLD စာရင်း၊ တစညစာရင်း၊
နိုင်ငံရေးလိုလားသူ၊ နိုင်ငံခြား သွား အလုပ်လုပ်သူ
စတဲ့မြောက်များစွာသောစာရင်းတွေအကြောင်းနဲ့  ဒီမိုကရေစီ အင်အားစုတွေကို စနစ်တကျ
အားနည်းသွားအောင် ဘယ်လိုလုပ်ခဲ့တယ်ဆိုတဲ့ အကြောင်းကို အထောက် အထားတွေနဲ့  နောင်မှာ
သီးခြားတင်ပြပါမယ်။) အဲသည်ထဲကမှ သေချာယုံကြည်ရလောက်တဲ့ ခိုင်းတာလုပ်မယ့်၊
နုတ်လုံနိုင် လောက်အောင်၊ ကိုင်ထားနိုင်မဲ့သူကို စွမ်းအားရှင်စာရင်းထဲ ဇကာတင်
ထည့်တာပါ။ စွမ်းအားရှင်နာမည် စာရင်းတွေထဲက ရပ်ကွက်ခေါင်းဆာင်တွေ စာရင်းတွေကို
လေ့လာကြည့်တော့ အတော်များများက ရပ်ကွက်ထဲမှာ တကယ့် ရာဇ၀င်လူဆိုး လက်ရဲဇာတ်ရဲတွေပါ။
ဒါမှမဟုတ်ရင် ငွေကြေးရှိ အတန်သင့် သြဇာညောင်းသူတွေ ဖြစ်နေတာတွေ့ရမှာပါ။
အဓိပ္ပါယ်ကို တည့်တည့် ပြောရရင် လက်မရွံ့အလုပ်ကို ရွတ်ရွတ်ချွံချွံ စွမ်းစွမ်းတမံ
လုပ်တဲ့သူတွေကို ရပ်ကွက်ထဲမှာ တရားဝင် ဥပဒေချိုးဖေါက်ခွင့်၊ တခြားလူကို
ဗိုလ်ကျခွင့် ဆုလဒ်ကို စွမ်းအားရှင်တာဝန်ထမ်းဆောင်ခ နေ့တွက် စားရိတ်အပြင်
အပိုဆုအနေနဲ့ ရဦးမယ်ဆိုတဲ့သဘောပါပဲ။ အဓိကကတော့ နအဖဟာ သူ့အာဏာကိုသာမထိခိုက်နဲ့၊
အာဏာ တည်မြဲရေးအတွက် အထောက်ကူပြုမယ်ဆိုရင် ရာဇ၀တ်သား၊ ဥပဒေထိပါးနေသူတွေကိုလဲ
လုပ်ပိုင်ခွင့် ပေးထားမယ်ဆိုတဲ့ သဘောအတိကျပါ။

စွမ်းအားရှင်နဲ့ ရဲတပ်ရင်းတို့
အဓိကရုဏ်း နှိမ်နှင်းရေးအတွက် ပူးပေါင်းလေ့ကျင့်မှု
လက်ရှိအနေထားမှာ
၂၀၀၈ ဖွဲ့စည်းပုံဥပဒေနဲ့ အစိုးရသစ်တက်လာခဲ့ပြီး ပြုပြင်ပြောင်းလဲမူတချို့ လုပ်လာပါ
တယ်။ နိုင်ငံရေးလောကအနေနဲ့ကလဲ ပြုပြင်ပြောင်းလဲမှုတချို့ကို လက်ခံ အသိမှတ်ပြု၊
နိုင်ငံတကာကလဲ ကြိုဆိုမှု တွေလုပ်၊ အစိုးရသစ်အနေနဲ့ကလည်း
အစိုးရဟောင်းနဲ့လမ်းခွဲထွက်ခဲ့တယ်လို့ တသွင်သွင်ပြောလာပါတယ်။ မြင်သာတဲ့
ပြုပြင်ပြောင်းလဲမူတချို့ လုပ်ခဲ့ တာမှန်ခဲ့လို့ အသိမှတ်ပြုမူနဲ့
အောင်မြင်မူလဲထိုက်သင့်သလောက် ရခဲ့တယ် ဆိုနိုင်ပါတယ်။ သာမန်လူထုဆီကိုရောက်တဲ့ သက်ရောက်မူရှိတဲ့
အပြောင်းလဲတော့သိသိသာသာမရှိသေးဖူးလို့တော့ မနည်းလှတဲ့ အင်အားစုကဝေဖန်နေကြတုန်းပါ။
လူထုအနေနဲ့လဲ တကယ်ခံစားနေရတဲ့ဘ၀က ဘာမှမပြောင်းလဲ သေးသလို၊ ဒုက္ခကလဲ
ပိုပြီးလျော့ပါးမသွားသေးတာအထင်ရှားပါ။ အပေါ်ယံပြောင်းလဲမှုတစုံတရာမြင်ရပေမယ့် ၂၀၁၃
ထိ ရရှိနေတဲ့ သက်သေ အထောက် အထားတွေအရတော့ သာမန်လူထုမမြင်နိုင်တဲ့
လုံခြုံရးအဖွဲ့အစည်းတွေနဲ့ အုပ်ချုပ်ရေး အာဏာပိုင်တို့ရဲ့ ဖိနှိပ်မှုယန္တရားကတော့
ဘာမျှမပြောင်းလဲသေးပါ။ စွမ်းအားရှင်တို့က စွမ်းအားရှိဆဲပါ။
နိဂုံးချုပ်အနေနဲ့သည်ကိစ္စကို
ပြောရရင်တော့ အရင်အစိုးရက မွေးထုတ်ထားတဲ့သရဲကို အစိုးရသစ်က ဆက်ပြီး
အစာကျွေးထားတုန်း၊ ကြီးအောင်မွေးထားတုန်းပါ။ အခုထိတော့ သိသာတဲ့
ဖိနှိပ်မှုအဖွဲ့အစည်းအဖြစ် အစိုးရသစ်လက်ထက်မှာ စွမ်းအားရှင်ကို ပေါ်ပေါ်
ထင်ထင်ထုတ်သုံးလာတာမျိုး မလုပ်သေးပေမယ့် ဒီမိုကရေစီ အင်အားစုနဲ့ အများပြည်သူ ကတော့
သတိရှိနေဖို့နဲ့ စောင့်ကြည့်နေဖို့ လိုတယ်လို့ ယူဆပါတယ်။ တလောက ဖြစ်ခဲ့တဲ့
ဘာသာရေးအကြမ်းဖက်မှုတွေမှာ စွမ်းအားရှင်တို့ရဲ့ အရိပ်အယောင်ကို တွေ့ရပါတယ်။
ဘယ်လိုအခြေအနေမျိုးမှာ လက်မရွံ့တွေကိုထုတ်သုံးလာမလဲဆိုတာကတော့ ဘယ်လောက်
ပြောင်းလဲလာသလဲ ဆိုတာကို တိုင်းတာဖို့ ပေတံတွေထဲက တစ်ခုဖြစ်နိုင်ပါတယ်။ သေချာတာ ကတော့
စွမ်းအားရှင်ဆိုတာ အစိုးရဟောင်းဆီက အမွေရထားတဲ့ ၀ှက်ဖဲတွေထဲက တစ်ချပ်ပါ။
လူထုလှုပ်ရှားမူတွေ၊ အခွင့်ရေးတောင်းဆိုမှုတွေ ဘယ်လောက်ထိ ရေချိန်တက်လာရင်
ထုတ်သုံးမှာလဲ။ ဒါကစိတ်ဝင်စားစရာကိစ္စပါ။ ဒါမှမဟုတ် ဥပဒေကော၊ အာဏာပိုင်တွေကပါ
တကယ့်ဒီမိုကရေစီရေးနဲ့ လူ့အခွင့်ရေးတွေကို သည်းခံနိုင်၊
လက်ခံနိုင်ချေရှိတဲ့အစိုးရတခုအဖြစ်နဲ့ ဥပဒေနဲ့အညီ သွားပြီး စွမ်းအားရှင်တွေကို
ခေတ်ဟောင်းမှာထားခဲ့မလား။ ဒါဆိုရင် တော့ အားလုံးကကြိုဆိုနိုင်တဲ့
သာဓုခေါ်နိုင်တဲ့အပြောင်းလဲအစစ်တခု ဖြစ်လာမှာပါ။
နောက်တခုက
စွမ်းအားရှင်တွေဖက်…စွမ်းအားရှင်တွေအတွက်ပါ။ ဘယ်လိုကြောင့်ပဲ စွမ်းအားရှင်ဖြစ်လာရ
ဖြစ်လာရ။ စားနေရတဲ့စားရိတ်ဟာ လူထုထမ်းထားတဲ့အခွန်ငွေဖြစ်ပါတယ်။
လူထုကအခွန်နဲ့၊လူထုပိုင်တာနဲ့ ကြွေးတာကိုစားပြီး
လူထုမျက်ရည်ပေါက်ကြီးငယ်ကျအောင်လုပ်ဖို့ သင့်သလား၊ စဥ်းစားဖို့လိုပါလိမ့်မယ်။
စွမ်းအားရှိတိုင်း၊ အာဏာ တမူးသားလောက်နဲ့ ထင်တိုင်းရမ်း လက်ပါးစေလုပ်ခဲ့ရင်တော့
ရာဇ၀င်မှာ ဇာတ်သိမ်းကောင်းလှမည်မဟုတ်ပါ။ ရှည်လျားသောသမိုင်းမှာ ဆိတ်ကွယ်ရာမရှိပါ။
ဒါကတော့ တဦးချင်းရွေးရမှာဖြစ်ပါလိမ့်မယ်။ ရှိထားတဲ့  စွမ်းအားရှင် စာရင်းများထဲမှ
သင့်တော်သောစာရင်းတချို့ကို အခုဆောင်းပါးမှာ ထည့်သွင်းဖော်ပြလိုက်ပါတယ်။
လူဆိုးစာရင်း ထုတ်ပြန်ခြင်း၊ နစ်နာအောင်ရည်ရွယ်ခြင်းမဟုတ်ပါ။ လူကောင်းဖြစ်အောင်
ပြုပြင်သင့်သောသူများစာရင်းကို ဖော်ပြခြင်းသာ ဖြစ်ပါတယ်။ သူတော်ကောင်းတရားကို
စတင်ကျင့်ကြံရန် ဘယ်သောအခါမှ အချိန်မနှောင်း ဟု ယုံကြည်ပါတယ်။
တရားကိုတရားကပြန်လည်စောင့်ရှောက်ပါလိမ့်မယ်။
ရန်ကုန်တိုင်းအတွင်းရှိ
မြို့နယ်အလိုက် စွမ်းအားရှင်ခေါင်းဆောင်များစာရင်း
(၁) ဗဟန်းမြို့နယ်
(က)
ပ-ခေါင်းဆောင်
အမည်
– ကျော်ရှင်း၊ အသက် – ၅၈ နှစ်၊ အဖအမည် – ဦးစိုးသောင်
အလုပ်အကိုင်
– ကုန်သည်၊ လက်ဖက်ရည်ဆိုင်ပိုင်ရှင်
နေရပ်လိပ်စာ
– အမှတ် (၂၃၀)၊ ငါးထပ်ကြီးဘုရားလမ်းသွယ်၊ ငါးထပ်ကြီး(တောင်)ရပ်ကွက်၊ ဖုန်း – C/O –
၅၄၃၈၄၈
(ခ)
ဒု-ခေါင်းဆောင်
အမည်
– ဇော်တင်၊ အသက် – ၄၀ နှစ်၊ အဖအမည် – ဦးကျစ်
အလုပ်အကိုင်
– ကုန်သည်
နေရပ်လိပ်စာ
– အမှတ် (၂၁၂)၊ တိုက်(ဘီ)၊ အခန်း (၁၃)၊ ရွှေဂုံတိုင်လမ်း၊ ဖုန်း – C/O ၅၄၁၉၄၃
(၂) လမ်းမတော်မြို့နယ်
(က)
ပ-ခေါင်းဆောင်
အမည်
– ဆွေအောင်၊ အသက် – ၂၅ နှစ်၊ အဖအမည် – ဦးမောင်လှ
အလုပ်အကိုင်
– ဈေးသည်
နေရပ်လိပ်စာ
– အမှတ် (၄၄)၊ (၇) လမ်း၊ လမ်းမတော်၊ ဖုန်း – C/O ၂၂၃၅၃၉
(ခ)
ဒု-ခေါင်းဆောင်
အမည်
– ဇော်မင်း၊ အသက် – ၃၆ နှစ်၊ အဖအမည် – ဦးသိန်းကြီး
အလုပ်အကိုင်
– ဈေးသည်
နေရပ်လိပ်စာ – အမှတ် (၃၆)၊ (၈) လမ်း၊
လမ်းမတော်၊ ဖုန်း – C/O ၂၂၂၄၄၁

စွမ်းအားရှင်များ အစည်းအဝေး
တက်ရောက်မှု မှတ်တမ်း
(၃) အလုံမြို့နယ်
(က)
ပ-ခေါင်းဆောင်
အမည်
– သန်းနိုင်၊ အသက် – ၅၅ နှစ်၊ အဖအမည် – ဦးထွန်းစိန်
အလုပ်အကိုင်
– လုံခြုံရေးမှူး၊ သစ်လုပ်ရောင်းဌာနစု (၂)၊ ပြည်တွင်းရောင်းဝယ်ရေးနှင့် သစ်စက်ဌာန၊
မြန်မာ့သစ်လုပ်ငန်း
နေရပ်လိပ်စာ
– ၅/၃၊ သစ်လုံးရောင်း (၂)၊ သစ်တောရပ်ကွက်၊ အလုံ၊ ဖုန်း – C/O ၂၂၀၆၆၅
(ခ)
ဒု-ခေါင်းဆောင်
အမည်
– အောင်မြင့်၊ အသက် – ၅၁ နှစ်၊ အဖအမည် – ဦးဘအေး
အလုပ်အကိုင်
– ရေလုပ်ငန်း
နေရပ်လိပ်စာ
– အမှတ် (၅)၊ နွယ်သာကီလမ်း၊ စောရန်ပိုင်အနောက်ရပ်ကွက်၊ အလုံ၊ ဖုန်း – ၀၉၅၁၇၄၃၆၉
(၄)
ကြည့်မြင်တိုင်မြို့နယ်
(က)
ပ-ခေါင်းဆောင်
အမည်
– မြင့်အောင်၊ အသက် – ၃၈ နှစ်၊ အဖအမည် – ဦးရွှေလေး
အလုပ်အကိုင်
– အိမ်တွင်းလျှပ်စစ်ပြင်
နေရပ်လိပ်စာ
– အမှတ် (၂၈)၊ (၄/က)၊ အုန်းပင်လမ်း၊ ဈေး/အနောက်ရပ်ကွက်၊ ဖုန်း – C/O ၅၀၁၃၀၉
(ခ)
ဒု-ခေါင်းဆောင်
အမည်
– ချစ်ချစ်၊ အသက် – ၃၈ နှစ်၊ အဖအမည် – တင်ညွန့်
အလုပ်အကိုင်
– ထမင်းရောင်း
နေရပ်လိပ်စာ
– အမှတ် (၂၃)၊ စကားဝါပင်လမ်း၊ မကျည်းမြောက်ရပ်ကွက်
(၅) ဆိပ်ကမ်းမြို့နယ်
(က)
ပ-ခေါင်းဆောင်
အမည်
– လှဝင်း၊ အသက် – ၄၀ နှစ်၊ အဖအမည် – ဦးမောင်မောင်
အလုပ်အကိုင်
– ဇာမဏီစားသောက်ဆိုင်၊ ၀ါးတန်း
နေရပ်လိပ်စာ
– ၀ါးတန်းလမ်း၊ ဖုန်း – ၂၂၀၂၁၆
(ခ)
ဒု-ခေါင်းဆောင်
အမည်
– ဌေးကြွယ်၊ အသက် – ၄၀ နှစ်၊ အဖအမည် – ဦးကျော်ဌေး
အလုပ်အကိုင်
– ၀န်ထမ်း
နေရပ်လိပ်စာ
– မှော်စက်ရပ်ကွက်၊ ဒလမြို့နယ်၊ ဖုန်း -၂၂၅၁၅၅
(၆) ကျောက်တံတားမြို့နယ်
(က)
ပ-ခေါင်းဆောင်
အမည်
– မင်းထွဋ်၊ အသက် – ၄၅ နှစ်၊ အဖအမည် – ဦးသိန်းထွန်း
အလုပ်အကိုင်
– ရေသန့်ပို့
နေရပ်လိပ်စာ
– အမှတ် (၁၆၄)၊ (၃၈) လမ်း၊ (၈) ရပ်ကွက်၊ ကျောက်တံတား၊ ဖုန်း – C/O ၃၉၁၄၄၈
(ခ)
ဒု-ခေါင်းဆောင်
အမည်
– နိုင်တင့်ခိုင်၊ အသက် – ၄၁ နှစ်၊ အဖအမည် – ဦးငွေညွန့်
အလုပ်အကိုင်
– မီးသတ်၊ နယ်စပါးပေး၊ ပစ္စည်းရောင်း
နေရပ်လိပ်စာ
– အမှတ်(၈၃)၊ အခန်း (၁၂)၊ ပန်းဆိုးတန်းလမ်း၊ (၄) ရပ်ကွက်၊ ကျောက်တံတား၊ ဖုန်း –
C/O ၃၇၇၈၇၉
(၇) ပန်းဘဲတန်းမြို့နယ်
(က)
ပ-ခေါင်းဆောင်
အမည်
– အောင်မင်းသိန်း၊ အသက် – ၄၀ နှစ်၊ အဖအမည် – ဦးအောင်သိန်း
အလုပ်အကိုင်
– ကုန်သည်
နေရပ်လိပ်စာ
– အမှတ် (၁၂၅)၊ (၂၇) လမ်း၊ (၄) ရပ်ကွက်၊ ပန်းဘဲတန်း၊ ဖုန်း – ၃၈၈၃၄၀
(ခ)
ဒု-ခေါင်းဆောင်
အမည် – ခင်လတ်၊ အသက် – ၄၄ နှစ်၊
အဖအမည် – ဦးသိန်းဖေ
အလုပ်အကိုင် – လျှပ်စစ်ပစ္စည်းဆိုင်၊
၂၈ လမ်း
နေရပ်လိပ်စာ – အမှတ်(၁၁၃)၊ (၂၈) လမ်း၊
(၄) ရပ်ကွက်၊ ပန်းဘဲတန်း၊ ဖုန်း -၃၈၄၄၈၆
(၈) လှိုင်မြို့နယ်
(က)
ပ-ခေါင်းဆောင်
အမည်
– ဇော်ဇော်၊ အသက် – ၃၉ နှစ်၊ အဖအမည် – ဦးမြင့်သိန်း
အလုပ်အကိုင်
– အ၀တ်အထည်များ ရပ်ကွက်တွင်းရောင်း
နေရပ်လိပ်စာ
– အမှတ် (၅၆)၊ ကင်ပွန်းချဉ်လမ်း၊ (၁၀) ရပ်ကွက်၊ လှိုင်၊ ဖုန်း – ၅၁၁၈၆၈
(ခ)
ဒု-ခေါင်းဆောင်
အမည်
– မျိုးမင်းလတ်၊ အသက် – ၂၆ နှစ်၊ အဖအမည် – ဦးမြစိုး
အလုပ်အကိုင်
– ဒုတိယနှစ်၊ ဒဿနိကဗေဒကျောင်းသား
နေရပ်လိပ်စာ
– အမှတ် (၁၀၃)၊ (၄) လမ်း၊ (၂) ရပ်ကွက်၊ လှိုင်၊ ဖုန်း – ၅၁၃၀၉၁
(၉) မရမ်းကုန်းမြို့နယ်
(က)
ပ-ခေါင်းဆောင်
အမည်
– စိုးအောင်၊ အသက် – ၂၁ နှစ်၊ အဖအမည် – ဦးတင်မောင်လတ်
အလုပ်အကိုင်
– တတိယနှစ်၊ ဥပဒေကျောင်းသား၊ ဒဂုံတက္ကသိုလ်
နေရပ်လိပ်စာ
– အမှတ်(၃)၊ ဦးအောင်ဘွင့်လမ်း၊ (၂) ရပ်ကွက်၊ မရမ်းကုန်း၊ ဖုန်း – ၆၆၇၅၆၃
(ခ)
ဒု-ခေါင်းဆောင်
အမည်
– မြင့်သိန်း၊ အသက် – ၄၀ နှစ်၊ အဖအမည် – ဦးထွန်းကြည်
အလုပ်အကိုင်
– ကုန်ခြောက်ဆိုင်
နေရပ်လိပ်စာ
– အမှတ်(၁၁)၊ ဦးလွန်းမောင်လမ်း၊ (၇) ရပ်ကွက်၊ မရမ်းကုန်း၊ ဖုန်း – ၆၆၀၄၇၉
(၁၀) စမ်းချောင်းမြို့နယ်
(က)
ပ-ခေါင်းဆောင်
အမည်
– သောင်းသီ၊ အသက် – ၃၈ နှစ်၊ အဖအမည် – ဦးအောင်တင်
အလုပ်အကိုင်
– လေးညှို့ရှင် လက်ဖက်ရည်ဆိုင်၊ စမ်းချောင်း
နေရပ်လိပ်စာ
– အမှတ်(၁၇၂) ၊ဗဟိုလမ်း၊ ကျွန်း/လယ်ရပ်ကွက်၊ စမ်းချောင်း
(ခ)
ဒု-ခေါင်းဆောင်
အမည်
– တင်မျိုးအောင်၊ အသက် – ၃၀ နှစ်၊ အဖအမည် – ဦးတင်ရှိန်
အလုပ်အကိုင်
– ကုန်ခြောက်ရောင်း
နေရပ်လိပ်စာ
– အမှတ်(၂၈)၊ မီးရထားဝင်း၊ လင်းလွန်းတောင်ရပ်ကွက်

စွမ်းအားရှင်ခေါင်းဆောင်များ
အစည်းအဝေးတက်ရောက်မှု မှတ်တမ်း
(၁၁) လသာမြို့နယ်
(က)
ပ-ခေါင်းဆောင်
အမည်
– ကျော်ခိုင်ဝင်း၊ အသက် – ၃၄ နှစ်၊ အဖအမည် – ဦးစိန်ဝင်း
အလုပ်အကိုင်
– ကွန်ပျူတာဒီဇိုင်းနာ
နေရပ်လိပ်စာ
– အမှတ်(၁၃)၊(ပထမထပ်)၊ (၁၉) လမ်း၊ (၃) ရပ်ကွက်၊ လသာ၊ ဖုန်း – ၃၈၂၃၄၃
(ခ)
ဒု-ခေါင်းဆောင်
အမည်
– ဟန်ဝင်း၊ အသက် – ၅၁ နှစ်၊ အဖအမည် – ဦးမားကီး
အလုပ်အကိုင်
– အိမ်၊ခြံ၊မြေအကျိုးဆောင်
နေရပ်လိပ်စာ
– အမှတ်(၁၃၇)၊ (၂၂) လမ်း၊ (၆) ရပ်ကွက်၊ လသာ၊ ဖုန်း – ၂၄၂၇၇၅၊ လိုင်းခွဲ – ၂၃၇၇
(၁၂) ကမာရွတ်မြို့နယ်
(က)
ပ-ခေါင်းဆောင်
အမည်
– မော်မော်ဦး၊ အသက် – ၃၁ နှစ်၊ အဖအမည် – ညွန့်မောင်
အလုပ်အကိုင်
– ကားအဲယားကွန်းပစ္စည်းဆိုင်
နေရပ်လိပ်စာ
– အမှတ်(၁၉/၂၃)၊ (၇) ရပ်ကွက်၊ ကမာရွတ်၊ ဖုန်း – ၀၉၅၁၉၉၂၃၉
(ခ)
ဒု-ခေါင်းဆောင်
အမည်
– ခင်မောင်ဦး၊ အသက် – ၄၃ နှစ်၊ အဖအမည် – ဦးမောင်မူ
အလုပ်အကိုင်
– ကားဝယ်/ရောင်း
နေရပ်လိပ်စာ
– အမှတ်(၉၉/၄၃)၊ သံလွင်လမ်း၊ (၁၀) ရပ်ကွက်၊ ဖုန်း – ၅၃၇၉၃၅
(၁၃) ဒဂုံမြို့နယ်
(က)
ပ-ခေါင်းဆောင်
အမည်
– လှမိုး၊ အသက် – ၄၀ နှစ်၊ အဖအမည် – ဦးသန်းထွန်း
အလုပ်အကိုင်
– ပန်းပုလုပ်ငန်း
နေရပ်လိပ်စာ
– အမှတ်(၆၇)၊ ရွှေတိဂုံဘုရားလမ်း၊ ဘုရားကြီးရပ်ကွက်၊ ဒဂုံ၊ ဖုန်း – ၃၈၃၅၁၁၊
လိုင်းခွဲ – ၁၃၄
(ခ)
ဒု-ခေါင်းဆောင်
အမည်
– နေမျိုးအောင်၊ အသက် – ၃၀ နှစ်၊ အဖအမည် – ၊
အလုပ်အကိုင်
– မုန့်ဟင်းခါးရောင်း
နေရပ်လိပ်စာ
– ဦးဝိစာရအိမ်ယာ
(၁၄) တာမွေမြို့နယ်
(က)
ပ-ခေါင်းဆောင်
အမည်
– သိန်းဟန်
နေရပ်လိပ်စာ
– အမှတ်(၇၉)၊ ဒဂုံသီရိလမ်း၊ ကျောက်ထပ်ရပ်ကွက်၊ တာမွေ
(ခ)
ဒု-ခေါင်းဆောင်
အမည်
– စိန်လှ
နေရပ်လိပ်စာ
– အမှတ်(၂၄)၊ (၁၄၉) လမ်း၊ ပျားရည်ကုန်းရပ်ကွက်၊တာမွေ
(၁၅) တောင်ဥက္ကလာပမြို့နယ်
(က)
ပ-ခေါင်းဆောင်
အမည်
– လှထွန်း
နေရပ်လိပ်စာ
– အမှတ်(၈၂၉)၊ မင်္ဂလာလမ်း၊ (၁၂) ရပ်ကွက်
(၁၆)
ဒဂုံ(ဆိပ်ကမ်း)မြို့နယ်
(က)
ပ-ခေါင်းဆောင်
အမည်
– မြ၀င်း
နေရပ်လိပ်စာ
– တိုက်(၃၄)၊ အခန်း(၁၀၂)၊ C-1 ၊ (၉၄) ရပ်ကွက်၊ ယုဇနဥယျာဉ်မြို့တော်
(ခ)
ဒု-ခေါင်းဆောင်
အမည်
– အောင်မြင့်ဦး
နေရပ်လိပ်စာ
– တိုက်(၁၆)၊ အခန်း(၂၀၁)၊ နှင်းဆီလမ်း၊ (၉၄) ရပ်ကွက်၊ ယုဇနဥယျာဉ်မြို့တော်
(ဂ)
ဒု-ခေါင်းဆောင်
အမည်
– အောင်သန်းဦး
နေရပ်လိပ်စာ
– တိုက်(၉)၊ အခန်း(၀၀၂)၊ စပယ်လမ်း၊ (၉၄) ရပ်ကွက်၊ ယုဇနဥယျာဉ်မြို့တော်
(၁၇)
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်
(က)
ပ-ခေါင်းဆောင်
အမည်
– စောဦး
နေရပ်လိပ်စာ
– အမှတ်(၈၅၇)၊ ရွှေယင်းမာလမ်း၊ အမှတ်(၂၄)ရပ်ကွက်၊ ဒဂုံ(တ)
(ခ)
ဒု-ခေါင်းဆောင်
အမည်
– စန်းမိုး
နေရပ်လိပ်စာ
– အမှတ်(၆၀၈)၊ အောင်မင်္ဂလာလမ်း၊ (၁၈) ရပ်ကွက်၊ ဒဂုံ(တ)
(၁၈)
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်
(က)
ပ-ခေါင်းဆောင်
အမည်
– အောင်ကိုကို
နေရပ်လိပ်စာ
– ၂၉/၁၇၁၊ အောင်တံခွန်(၅)လမ်း၊ ဒဂုံ(မ)
(ခ)
ဒု-ခေါင်းဆောင်
အမည်
– ကျော်ကျော်ဦး
နေရပ်လိပ်စာ
– ၂၉/၁၂၇၊ နွယ်သာကီလမ်း၊ ဒဂုံ(မ)
(၁၉)
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်
(က)
ပ-ခေါင်းဆောင်
အမည်
– ကျော်ဌေးဝင်း
နေရပ်လိပ်စာ
– အမှတ်(၄၃၁/က)၊ ဖျာပုံလမ်း၊ (၇) ရပ်ကွက်၊ ဒဂုံ(ရ)
(ခ)
ဒု-ခေါင်းဆောင်
အမည်
– အေးစိုး
နေရပ်လိပ်စာ
– အမှတ်(၁၄၂/ခ)၊ ရာမည(၃)လမ်း၊ (၁၃၃) ရပ်ကွက်၊ ဒဂုံ(ရ)
(၂၀) ဒေါပုံမြို့နယ်
(က)
ပ-ခေါင်းဆောင်
အမည်
– ဆန်းဌေး
နေရပ်လိပ်စာ
– စတီးကုန်ရုံလမ်း၊ ဒေါပုံ
(ခ)
ဒု-ခေါင်းဆောင်
အမည်
– ညီညီထွေး
နေရပ်လိပ်စာ
– အမှတ်(၁၀)၊ ကျောင်းတော်ရာလမ်း၊ ၀ါဆိုရပ်ကွက်၊ ဒေါပုံ
(၂၁) ပုဇွန်တောင်မြို့နယ်
(က)
ပ-ခေါင်းဆောင်
အမည်
– သိန်းထွန်း
နေရပ်လိပ်စာ
– အမှတ်(၄၁)၊ လိပ်ကန်လမ်း၊ (၇) ရပ်ကွက်၊ ပုဇွန်တောင်
(ခ)
ဒု-ခေါင်းဆောင်
အမည်
– ဇော်ဝင်း
နေရပ်လိပ်စာ
– အမှတ်(၄၀)၊ ရေကျော်လမ်း၊ (၉) ရပ်ကွက်၊ ပုဇွန်တောင်
(၂၂) ဗိုလ်တထောင်မြို့နယ်
(က)
ပ-ခေါင်းဆောင်
အမည်
– မြင့်အောင်
နေရပ်လိပ်စာ
– အမှတ်(၁၄)၊ (၄၃)လမ်း၊ (၆) ရပ်ကွက်၊ ဗိုလ်တထောင်
(ခ)
ဒု-ခေါင်းဆောင်
အမည်
– ကိုကိုနိုင်
နေရပ်လိပ်စာ
– အမှတ်(၃၀)၊ (၅၂)လမ်း၊ (၅) ရပ်ကွက်၊ ဗိုလ်တထောင်
(၂၃)
မင်္ဂလာတောင်ညွန့်မြို့နယ်
(က)
ပ-ခေါင်းဆောင်
အမည်
– ခင်မောင်ကြည်
နေရပ်လိပ်စာ
– တိုက်(၁)၊ အခန်း(၂၀၂)၊ ကျီတော်အိမ်ယာ၊ တောင်ညွန့်
(ခ)
ဒု-ခေါင်းဆောင်
အမည်
– ဇော်လင်း
နေရပ်လိပ်စာ
– ၁၅/ခ၊ (၁၁၁) လမ်း
(၂၄) မြောက်ဥက္ကလာပမြို့နယ်
(က)
ပ-ခေါင်းဆောင်
အမည်
– နေ၀င်း
နေရပ်လိပ်စာ
– အမှတ်(၄၅၂)၊ သန္တာလမ်း၊ (စ) ရပ်ကွက်၊ မ/ဥက္ကလာပ
(ခ)
ဒု-ခေါင်းဆောင်
အမည်
– တင်ထွေး
နေရပ်လိပ်စာ
– တိုက်အမှတ်(၂၂/၁)၊ အာကာလမ်း၊ (ဃ) ရပ်ကွက်
(၂၅) ရန်ကင်းမြို့နယ်
(က)
ပ-ခေါင်းဆောင်
အမည်
– နေစိုးဦး
နေရပ်လိပ်စာ
– အမှတ်(၃၄၃/၅)၊ (၅) ရပ်ကွက်၊ ရန်ကင်း
(ခ)
ဒု-ခေါင်းဆောင်
အမည်
– စောစိန်ဖိုး
နေရပ်လိပ်စာ
– အမှတ်(၂၂၁/၂၁)၊ ရန်ရှင်းလမ်း၊ (၁)ရပ်ကွက်၊ ရန်ကင်း
(၂၆) သာကေတမြို့နယ်
(က)
ပ-ခေါင်းဆောင်
အမည်
– ဖေ၀င်းသောင်း
နေရပ်လိပ်စာ
– အမှတ်(၁၆၇၄/ခ)၊ ပဒုမ္မာလမ်း၊ ၁၀/တောင်ရပ်ကွက်၊ သာကေတ
(ခ)
ဒု-ခေါင်းဆောင်
အမည်
– ကျော်သူရ
နေရပ်လိပ်စာ
– အမှတ်(၁၇၆၅)၊ ရွှေမေတ္တာအပြင်လမ်း၊ အနော်မာ(၁)ရပ်ကွက်၊ သာကေတ
(၂၇) သင်္ကန်းကျွန်းမြို့နယ်
(က)
ပ-ခေါင်းဆောင်
အမည်
– စိုးမြင့်ဦး
နေရပ်လိပ်စာ
– အမှတ်(၁၂)၊ သံသုမာလမ်း၊ (ဃ)ရပ်ကွက်၊ သင်္ကန်းကျွန်း
(ခ)
ဒု-ခေါင်းဆောင်
အမည်
– နေ၀ဏ္ဏအောင်
နေရပ်လိပ်စာ
– အမှတ်(၄၅)၊ ဂမုန်းလမ်း၊ (က) ရပ်ကွက်၊ သင်္ကန်းကျွန်း
http://www.burmavjmedia.net/2013/08/07/what-is-swanarrshin/#.UgSbNsnmXyQ.facebook
No comments:
Post a Comment