Monday, August 5, 2013

နိုင်ငံရေးနှင့် အနုပညာ နယ်ပယ်နှစ်ရပ်လုံး၏ ကြွေလွင့်ကြယ်ပွင့် တာရာမင်းဝေ


===========================

စာပေအနုပညာ လောက မှာထက်မြက်တဲ့အတွေး အခေါ်၊ အယူအဆတွေနဲ့ ပရိသတ် တန်ဖိုးထား လေးစားခြင်းခံရ သူ အနုပညာ ကြယ်ပွင့် တာရာ မင်းဝေကွယ်လွန်သွားခဲ့တာ ၂ဝ၁၃ သြဂုတ်လ ၅ရက် နေ့ ဆိုရင် ၆ နှစ်ပြည့်မြောက်ခဲ့ ပါ ပြီ။ တာရာမင်းဝေ ၆ နှစ်ပြည့် အမှတ်တရနဲ့ပတ်သက်ပြီး နာ ရေးကူညီမှု အသင်းဥက္ကဋ္ဌ ဖြစ် သူ ဦးကျော်သူက ...

"နာရေးတုန်းက မြောက် ဥက္ကလာဆေးရုံ အအေးခန်း ကနေပြီး ကျွန်တော်ကိုယ်တိုင် ကားမောင်းပို့ ပေးခဲ့တာပါ။ ဇာဂနာလည်း လာတယ်။နှစ်ပတ် လည်တိုင်း ကျွန်တော်တို့ဆီ သူ့အဖေ၊ သူ့အမေဆီက ဖိတ် စာပို့တယ်။ ကျွန်တော်တို့လည်း အားရင် အားသလို သွားကြ တယ်။ သူက လေးစားစရာ ကောင်းတဲ့၊ နိုင်ငံကို ချစ်တဲ့ အနုပညာသမားကောင်း တစ် ယောက်ပါ" လို့ ပြောပါတယ်။

တာရာမင်းဝေဟာ သူ့ရဲ့ဆရာ ပါလို့ဆိုတဲ့လူငယ်စာရေးဆရာ လူနေက တာရာမင်းဝေ အမှတ် တရနဲ့ပတ်သက်ပြီး "ကျွန်တော် စာရေးဆရာဖြစ် လာတဲ့ တောက် လျှောက်မှာတော့ အရေးကြီး ဆုံး မြင်ဆရာပေါ့။ သူ့ရဲ့အရေး အသားတွေ၊ သူ့ရဲ့တွေးခေါ်ပုံ၊ တွေး နည်းတွေပေါ့။ ကျွန်တော် စာရေးဆရာဖြစ်လာတာ သူ့ ကျေးဇူးမကင်းပါဘူး" လို့ ပြော ပါတယ်။

လူငယ်အဆိုတော် အောင်လကလည်း တာရာမင်းဝေကို အားကျခဲ့ရ ပုံ တွေနဲ့ပတ်သက်ပြီး "ကျွန်တော် ဆယ်ကျော်သက် အရွယ်က တည်းက တာရာမင်းဝေရဲ့စာ တွေ ဖတ်ဖြစ်ခဲ့တယ်။ သူကွယ် လွန်ပြီး နောက်မှာ လူငယ်ထဲ ကဆိုရင် သူ့လိုမျိုးရေးတာမျိုး သိပ်မဖတ်ဖြစ်တော့ဘူး။တာရာ မင်းဝေကတော့ ငယ်ငယ်က တည်းက ကြိုက်တာပါ။ ခု သူမ ရှိတော့တာ ကြာပြီပေမယ့် ကြိုက် နေသေးတယ်။သူ့ကိုတော့ နှမြော မိတယ်" လို့ ပြောပါတယ်။

ရွှေဘုန်းလူ(ခေါ်) တာရာ မင်းဝေ ပါဝင်လှုပ်ရှားခဲ့တဲ့ ရှစ် လေးလုံး ဒီမိုကရေစီအရေး တော်ပုံ ၁၉ နှစ်ပြည့် နှစ်ပတ် လည်မရောက်မီ ၂ဝဝ၇ ခုနှစ်၊ သြဂုတ်လ ၅ ရက်နေ့မှာ ကြွေလွင့်သွားခဲ့တဲ့ တာရာမင်းဝေ ရဲ့ ၂ဝဝ၇၊ သြဂုတ်လ ၇ ရက် နေ့ ဈာပနအခမ်းအနားမှာ သူ ငယ်ချင်းဖြစ်သူ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်း ကိုနိုင်က 'ကြယ်ကြွေသတို့ သား' ကဗျာကို ရွတ်ဆိုခဲ့တာဟာ လွမ်း ဆွတ်တမ်းတဖွယ်အမှတ်တရ တစ်ခုပဲ ဖြစ်ပါ တယ်။

ရဲရဲ၊
မျိုးမောင်၊ သီဟ

No comments: