တစ်ခါတုန်းက ခမောက်ရောင်းသမားတစ်ယောက်ဟာ သူ့အိမ်ကထွက်ပြီး ဈေးကိုသွားရောင်းတယ်….။
ခမောက်တွေကို ခြင်းကြီးနှစ်လုံးထဲမှာထည့်ပြီး အလယ်က၀ါးလုံးနဲ့လျှိုပြီးထမ်းလာ တယ်…။
နေပူလို့ ခမောက်တစ်လုံးကို သူဆောင်းထားတယ်…။လမ်းတစ်ဝတ်မှာေ ညာင်ပင်ကြီးတစ်ပင်အောက်သူရောက်
လာတယ်…။
ခြင်းတောင်းကြီးနှစ်တောင်းကို နေပူထဲမှာ ထမ်းလာရတော့ သူအလွန်မောနေပြီး…။
ညောင်ပင်ကြီးရဲ့ အရိပ်အောက်ရောက်တော့ အေးမြသွားတယ်..ခေတ္တထိုင်နားချင် စိတ်ပေါက်သွားတယ်…။ ခြင်းတောင်းကြီးကို ပစ်ချပြီးညောင်ပင်ကြီးကို မှီနားလိုက်တယ်…။ ခြေပစ်လက်ပစ် အနားယူရင်းသူအိပ်ပျော်သွားတယ်…။ အိပ်ယာက နိုးလို့ ကြည့်လိုက်တော့..သူ့ခြင်းတောင်း ထဲမှာခမောက်တွေ တစ်လုံးမှမရှိတော့ဘူး..။
သူ့ရင်ဘတ်မှာကပ်ထားတဲ့သူ့ခမောက်ပဲကျန်တော့တယ်…။ခမောက်တွေဘယ်ေ ပျာက်သွားသလဲလိုက်ရှာတော့ ညောင်ပင်ပေါ်ကမျောက်တစ်အုပ်ရဲ့ခေါင်းတွေပေါ်ရောက်ကုန်တယ်…။ အဲဒီခမောက်တွေ သူပြန်ရအောင်
ဘယ်လိုလုပ်ရပါ့မလဲဆိုပြီး အကြံထုတ်တယ်…။ သူက အားတဲ့အချိန်မှာအမြဲစာဖတ်တဲ့အကျ င့်ရှိတော့ ပြဿနာတစ်ခုကို ခေါင်းအေးအေးထားပြီးစဉ်းစားဖြေရှင်းတတ်တယ်…။ နာရီဝက်လောက်စဉ်းစားပြီး သူအကြံရသွားတယ်…။
သူ့လက်ထဲက ခမောက်ကို ခေါင်းပေါ်မှာ ပြန်ဆောင်းပြီးမျောက်တွေမြင်သာတဲ့နေရာကို ထွက်လိုက်တယ်…။
မျောက်တွေမြင်လောက်ပြီထင်တော့မှ ခမောက်ကိုချွတ်ပြီး ခေါင်းကုတ်ပြတယ်…။မျောက်တွေကလည်း သူ့ကို အတုခိုးပြီး ဦးထုပ်ချွတ်ခေါင်းကုတ်ကြတယ်…။ဒါနဲ့ပူလွန်းလို့ ခမောက်တောင်မကိုင်ချင်တဲ့ပုံစံနဲ့
သူက ခမောက်ကိုမြေကြီးပေါ်ကို ပစ်ချလိုက်တယ်…။ မျောက်တွေကလည်း
သူလုပ်တာမြင်ပြီးသူတို့လက်ထဲက ခမောက်တွေကို ပစ်ချလိုက်ကြတယ်…။ ဒီတော့မှ
သူဟာမျောက်တွေပစ်ချတဲ့ခမောက်တွေ အလျင်အမြန်ကောက်ပြီးခြင်းထဲထည့် လိုက်တော့တယ်…။
ဒီနည်းနဲ့ မျောက်တွေလက်ထဲက ခမောက်အားလုံးကို သူပြန်ရလိုက်သတဲ့…။
နောင်နှစ်ပေါင်း (၂၀)ကြာတဲ့အခါစောစောကဦးထုပ်သည် ကြီးရဲ့မြေးကလေးကခမောက်အရောင်းထွက်သတဲ့…။
သူ့အဘိုးအိပ်စက်နားခဲ့တဲ့ညောင်ပ င်ကြီးအောက်ရောက်တော့ခမောက်တောင်းကိုချပြီး အနားယူပြန်သတဲ့….။ ခြေပစ်လက်ပစ်နားရင်းအိပ်ပျော်သွားတယ်…။
အိပ်ရာက နိုးတော့ခြင်းထဲက ခမောက်တွေမရှိတော့ဘူး…။ ညောင်ပင်ပေါ်ကမျောက်တွေခေါင်းပေါ် ရောက်နေတယ်…။ ဒီတော့ သူ့အဘိုးပြောခဲ့ဖူးတာ အမှတ်ရပြီးသူ့အဘိုးနည်းအတိုင်း ခမောက်တွေပြန်ရအောင် ကြိုးစားတယ်…။ သူက
ခမောက်ကိုချွတ်ပြီး ခေါင်းကုတ်တယ်..။ မျောက်တွေကလည်းသူ့လိုလိုက်လုပ်တ ယ်..။ သူက ခမောက်တွေနဲ့ ယပ်ခတ်ပြပြန်တယ်…။မျောက်တွေကလည်း သူတို့ခမောက်တွေနဲ့ ယပ်ခတ်ကြပြန်တယ်…။
နောက်ဆုံးမှာ သူကလက်ထဲက ခမောက်ကိုလွှင့်ပစ်လိုက်တယ်…။ ပြီးတော့သူ့လိုခမောက်တွေ ပစ်ချမလားဆိုပြီး မျောက်တွေကို မော့ကြည့်တယ်…။ဘယ်မျောက်မှ ခမောက်ကို ပစ်မချကြတော့ဘူး…။ လက်ထဲမှာအသေဆုပ်ကိုင်ထားကြတယ်…။ သူလည်းအံ့သြငေးမောကြည့်နေတုန်း မျောက်တစ်ကောင်က
သူပစ်ချလိုက်တဲ့ခမောက်ကို ကောက်ပြီး သစ်ပင်ပေါ်တက်သွားသတဲ့…။
သစ်ပင်ပေါ် ပြေးမတက်ခင် အဲဒီမျောက်က သူ့ကိုစကားတစ်ခွန်းပြောသွားတယ်… ။
´´မင်းမှာ အဘိုးရှိသလို တို့မှာလည်း အဘိုးရှိတယ်ဆိုတာ မမေ့နဲ့လေ´´ တဲ့…..။
အခက်အခဲတစ်ခုခု တွေ့ကြုံလို့ လုပ်နေကျ နည်းဟောင်းအတိုင်း ဖြေရှင်းဖို့တွေးမိတဲ့အခါ ဒီပုံပြင်လေးကို အမှတ်ရပါစေ…။
ဒီပုံပြင်လေးလိုဘဲ လွန်ခဲ့တဲ့နှစ်ပေါင်း(၂၀)က မဆလ မျောက်ဘိုးအေကြီး ဦးနေ၀င်း ဦးစောမောင်က (၁၉၉၀)ပါတီစုံဒီမိုကရေစီရွေးကော က်ပွဲပြုလုပ်ပေးခဲ့တုန်းက ပြဿနာတစ်ခုကို ခေါင်းအေးအေးထားပြီး အမျှော်အမြင်ရှိလှတဲ့ မြန်မာဒီမိုကရေစီခေါင်းဆောင်ဒေါ် အောင်ဆန်းစုကြည်အပါအ၀င် ခေါင်းဆောင်တွေဦးဆောင်မှုကြောင့်  ပြည်သူလူထုအပြည့်အ၀ထောက်ခံခဲ့တဲ့  ခမောက်ဆောင်းတဲ့ Nld (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် )ဟာ အပြတ်အသတ်အနိုင်ရခဲ့တယ်။ ဒါပေမဲ့ နအဖဟာ ဂတိချိုးဖောက်ပြီး ပြည်သူလူထုက တရားဝင်ရွေးချယ်တင်မြောက်ထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုအာဏာလွှဲပြောင်းမပေးဘဲ လုပ်ချင်သလိုဖိနှိပ်ချုပ်ချယ် လုပ်နေခဲ့ပါတယ်။
အခု နှစ်ပေါင်း(၂၀)လွန်မြောက်ပြီး တဖတ်သတ်ရေးဆွဲထားတဲ့အခြေခံဥပဒေနဲ့တရားမျှတမှုမရှိတဲ့(၂၀၁၀) ရွေးကောက်ပွဲကိုလုပ်ပြီးအနိုင်ယူလိုက်ပါတယ်။အရင်တခါ(၁၉၉၀)ကလို( ခမောက်)တွေပြန်လည်အနိုင်ရယူခဲ့တာကို အဖြစ်မခံနိုင်တဲ့ သစ်ပင်ပေါ်ကဆင်းလာတဲ့ မျောက်သန်းရွှေ က" မင်းတို့လူတွေမှာလည်းအဘိုးရှိသလို ငါတို့မျောက်တွေမှာလည်း မျောက်အဖိုးရှိတယ်ကွ"လို့ပြောပြီး နအဖအာဏာတည်မြဲရေးအတွက် (ခမောက်)ကို မတရားလုယူပါတော့တယ်.......
ခမောက်တွေကို ခြင်းကြီးနှစ်လုံးထဲမှာထည့်ပြီး
နေပူလို့ ခမောက်တစ်လုံးကို သူဆောင်းထားတယ်…။လမ်းတစ်ဝတ်မှာေ
လာတယ်…။
ခြင်းတောင်းကြီးနှစ်တောင်းကို နေပူထဲမှာ ထမ်းလာရတော့ သူအလွန်မောနေပြီး…။
ညောင်ပင်ကြီးရဲ့ အရိပ်အောက်ရောက်တော့ အေးမြသွားတယ်..ခေတ္တထိုင်နားချင်
သူ့ရင်ဘတ်မှာကပ်ထားတဲ့သူ့ခမောက
ဘယ်လိုလုပ်ရပါ့မလဲဆိုပြီး အကြံထုတ်တယ်…။ သူက အားတဲ့အချိန်မှာအမြဲစာဖတ်တဲ့အကျ
သူ့လက်ထဲက ခမောက်ကို ခေါင်းပေါ်မှာ ပြန်ဆောင်းပြီးမျောက်တွေမြင်သာတ
မျောက်တွေမြင်လောက်ပြီထင်တော့မှ
ဒီနည်းနဲ့ မျောက်တွေလက်ထဲက ခမောက်အားလုံးကို သူပြန်ရလိုက်သတဲ့…။
နောင်နှစ်ပေါင်း (၂၀)ကြာတဲ့အခါစောစောကဦးထုပ်သည်
သူ့အဘိုးအိပ်စက်နားခဲ့တဲ့ညောင်ပ
အိပ်ရာက နိုးတော့ခြင်းထဲက ခမောက်တွေမရှိတော့ဘူး…။ ညောင်ပင်ပေါ်ကမျောက်တွေခေါင်းပေါ်
ခမောက်ကိုချွတ်ပြီး ခေါင်းကုတ်တယ်..။ မျောက်တွေကလည်းသူ့လိုလိုက်လုပ်တ
နောက်ဆုံးမှာ သူကလက်ထဲက ခမောက်ကိုလွှင့်ပစ်လိုက်တယ်…။ ပြီးတော့သူ့လိုခမောက်တွေ ပစ်ချမလားဆိုပြီး မျောက်တွေကို မော့ကြည့်တယ်…။ဘယ်မျောက်မှ ခမောက်ကို ပစ်မချကြတော့ဘူး…။ လက်ထဲမှာအသေဆုပ်ကိုင်ထားကြတယ်…။
သူပစ်ချလိုက်တဲ့ခမောက်ကို ကောက်ပြီး သစ်ပင်ပေါ်တက်သွားသတဲ့…။
သစ်ပင်ပေါ် ပြေးမတက်ခင် အဲဒီမျောက်က သူ့ကိုစကားတစ်ခွန်းပြောသွားတယ်…
´´မင်းမှာ အဘိုးရှိသလို တို့မှာလည်း အဘိုးရှိတယ်ဆိုတာ မမေ့နဲ့လေ´´ တဲ့…..။
အခက်အခဲတစ်ခုခု တွေ့ကြုံလို့ လုပ်နေကျ နည်းဟောင်းအတိုင်း ဖြေရှင်းဖို့တွေးမိတဲ့အခါ ဒီပုံပြင်လေးကို အမှတ်ရပါစေ…။
ဒီပုံပြင်လေးလိုဘဲ လွန်ခဲ့တဲ့နှစ်ပေါင်း(၂၀)က မဆလ မျောက်ဘိုးအေကြီး ဦးနေ၀င်း ဦးစောမောင်က (၁၉၉၀)ပါတီစုံဒီမိုကရေစီရွေးကော
အခု နှစ်ပေါင်း(၂၀)လွန်မြောက်ပြီး တဖတ်သတ်ရေးဆွဲထားတဲ့အခြေခံဥပဒေန

No comments:
Post a Comment