Monday, August 5, 2013

သမိုင်းဝင် မြို့ပေါ်က ရှက်ရွံ့ဖွယ် တာဝန် မဲ့မှုများ



Monday, 05 August 2013 09:49
Written by ဥတ်လှငယ်


မှတ်မှတ် ရရ ၃.၈.၂၀၁၃ ရက်နေ့ ဧည့်သည်တော် ဗြိတိန် အောက်လွှတ်တော် ဥက္ကဌ နဲ့အဖွဲ့ အရှေ့တောင် အာရှမှာ ဒုတိယ ကမ္ဘာစစ် အတွင်း ကျဆုံး ခဲ့ကြတဲ့ ဓန သဟာရ စစ်သင်္ချိုင်းကို သွားကြည့်တော့ ထိန်းသိမ်းမှု ကောင်းမွန် တာကြောင့် မျက်နှာ လှခဲ့ ရတယ်။

အဲဒီ နေရာ ကနေ ဆက်သွား ကြတော့ ကျနော့ ပီတိ တွေမိုးရေနဲ့ အပြိုင် ပြိုကျ ခဲ့ရတယ်။ စစ်ရဲ့ ဆိုးရွားတဲ့ ပုံရိပ်၊ နှောင်းလူတွေသင်္ခန်းစာ ယူရမယ့် အမြဲအမှတ်ရ နေစေမယ့် ၊ လူတွေရဲ့ သွေးချွေး အသက်တွေနဲ့ရင်းနှီး ခင်းထား ရတဲ့ မရဏ မင်းရဲ့ တံခါးပေါက် ဒါမှ မဟုတ် သေမင်းတမန်ရထား လမ်းရဲ့ အစ ဧည့်သည်တော် ဆင်းကြည့်မယ် ဆိုတော့ ရှက်ရွံ့ ခဲ့ရပြီ။

မီးရထား စက်ခေါင်းက အမိုး အကာမဲ့ စစ်အနိဌာရုံ ရုပ်တုတွေက ကျိုးပဲ့၊ သုဿာန်တစပြင်ထဲ နာနာဘာဝတွေ ငုတ်တုတ် ထိုင်နေ သလို ပြုပြင်မှု ကင်းမဲ့ တာဝန်ယူမှုမရှိ။

ရင်းနှီး ပေးဆပ် ခဲ့ရတဲ့ အသက် တွေကိုမှ အားမနာ လုပ်ရက် လေချင်းဗျာ။

တာဝန်မဲ့ကြ လေခြင်း။

သံဖြူဇရပ် ကနေ ဘန်ပေါင်းထိ ရှိနေတဲ့ ဇလီဖားတုံးတစ်တုံးမှာ အသက် တစ်ချောင်းနှုန်း တည်ဆောက် ခဲ့ရ တာကို အသိအမှတ် မပြု။တကယ် ခံစားခဲ့ ရတာ မဟာမိတ် တပ်သားတွေတင် မက မြန်မာ ပြည်သူ တွေလဲ ပါနေတာမသိ လေရော့ သလား။

တိုင်းတပါး သားတွေကို အသိအမှတ် မပြုချင် နေပါ။ ကိုယ့်ပြည်သူ တွေရဲ့ စတေး ခဲ့ရတဲ့ ဝိဥာဉ်တွေကို အသိအမှတ် ပြုစေ ချင်ပါတယ်။

သမိုင်းက ဘိဇပ်ခြုံတွေ ကြား မပျောက်စေချင်တာ ပြည်သူ တွေရဲ့ဆန္ဒပါဗျာ

ချွေးတပ် ထဲပါလို့ ပြန်မလာ နိုင်တော့တဲ့ လူတွေထဲမှာ လူကြီးမင်း များရဲ့ အဖိုးတွေ ပါနေမယ် ဆိုရင် ?

ဗြိတိန် အောက်လွှတ်တော် ဥက္ကဋ္ဌ ဂျွှန်ဘားကိုလ်းနှင့် အဖွဲ့ သေမင်း တမန် ရထား လမ်းအား သွားရောက် ကြည့်ရှူ့စဉ် ဗြိတိန် အောက်လွှတ်တော် ဥက္ကဋ္ဌ ဂျွှန်ဘားကိုလ်းနှင့် အဖွဲ့ သေမင်း တမန် ရထား လမ်းအား သွားရောက် ကြည့်ရှူ့စဉ် ဓါတ်ပုံ (ပေါ်ပြူလာ ဂျာနယ်)

အေးချမ်းမွန် Credit To >>ရွေင်္ဟသာသတင်းဌာန<< Thanks
Re-posted By ACM 5-8-2013

No comments: