မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။
ဆက်သွယ်ရေးဥပဒေ သုံးပတ်အတွင်း အတည်ပြုနိုင်ရန် ဆောင်ရွက်မည်
ရန်ကုန်၊ သြဂုတ် ၂
မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်ရန်
တင်ဒါအောင်ထားသော ပြည်ပအော်ပရေတာနှစ်ခု လုပ်ငန်းစတင်နိုင်ရေး အတွက်
ဆက်သွယ်ရေး ဥပဒေကို သုံးပတ်အတွင်း အတည်ပြု ပြဋ္ဌာန်းနိုင်ရန် လွှတ်တော်က
ဆောင်ရွက်မည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။
ဇွန်လ ၂၅ ရက်နေ့က စတင်ခဲ့သော ပထမအကြိမ် လွှတ်တော်သတ္တမ
ပုံမှန်အစည်းအဝေးများကို သြဂုတ်လအတွင်း ရပ်နားမည် ဖြစ်သောကြောင့်
ဆက်သွယ်ရေး ဥပဒေကို သုံးပတ်အတွင်း အတည်ပြုနိုင်ရန် စီစဉ်ရခြင်း ဖြစ်ကြောင်း
လွှတ်တော် ကိုယ်စားလှယ်များက ဆိုသည်။
ဆက်သွယ်ရေးဥပဒေကို
ယခုလွှတ်တော် အစည်းအဝေးများ မရပ်နားမီ အတည်ပြုနိုင်ရန် ဆောင်ရွက်မည်
ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။
အမျိုးသားလွှတ်တော်တွင် အတည်ပြုထားသော ဆက်သွယ်ရေး ဥပဒေကြမ်းနှင့် ပတ်သက်သည့်
အစီရင်ခံစာကို ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီက သြဂုတ်လ ၂ ရက်နေ့
ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အစီရင်ခံစာ တင်သွင်းပြီးနောက်
သူရဦးရွှေမန်းက ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။
“ဆက်သွယ်ရေးဥပဒေကို ယခုလွှတ်တော် အစည်းအဝေးမှာ အတည်မပြုနိုင်ရင်
လုပ်ရကိုင်ရတဲ့သူတွေ အခက်အခဲ တွေ့လိမ့်မယ်။ အဲဒါကြောင့် အချိန်လည်း
သိပ်မကျန်လို့ အတည်ပြုနိုင်အောင် မြန်မြန်ဆောင်ရွက်ရမယ်” ဟု ၎င်းကဆိုသည်။
ဆက်သွယ်ရေးဥပဒေနှင့် ပတ်သက်ပြီး ဆွေးနွေးမည့် လွှတ်တော်
ကိုယ်စားလှယ်များကို သြဂုတ်လ ၅ ရက်နေ့ နောက်ဆုံးထား စာရင်းပေးသွင်းရန်နှင့်
ဆွေးနွေးရန် ကြိုတင်ပြင်ဆင်ချိန် နည်းသော်လည်း အချိန်ထပ်မံတိုးမြှင့်
မပေးနိုင်ကြောင်း သူရဦးရွှေမန်းက ထပ်လောင်းပြောကြားသည်။
“လွှတ်တော်
Process အရ အမျိုးသားလွှတ်တော်မှာ စဆွေးနွေးထားတဲ့ ဥပဒေဖြစ်လို့ သူတို့ဆီ
ပြန်ပို့ရမယ်။ ပြီးမှ ပြည်ထောင်စု လွှတ်တော်မှတစ်ဆင့် နိုင်ငံတော်သမ္မတဆီ
ပို့ရမယ်။ အဲတော့ ဒီ ဥပဒေအတွက် အချိန်တော့ နည်းတယ်” ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် ဦးရဲထွန်းက ဆိုသည်။
ဆက်သွယ်ရေးဥပဒေ အတည်ပြု
ပြဋ္ဌာန်းနိုင်ခြင်း မရှိသေး၍ ပြည်ပကုမ္ပဏီနှစ်ခုကို ဆက်သွယ်ရေး ဝန်ဆောင်မှု
လုပ်ငန်းလိုင်စင် ပေးအပ်မည့် အစိုးရ၏ တင်ဒါရွေးချယ်ရေး အစီအစဉ်ကို
ခေတ္တရပ်ဆိုင်းရန် တင်ဒါအောင်မြင်သူများ အမည်စာရင်း မကြေညာမီ တစ်ရက်အလို၌
ပြည်သူ့လွှတ်တော်က ကန့်ကွက်ခဲ့သည်။
သို့သော် ဝန်ကြီးဌာနက တင်ဒါအောင်မြင်သူ စာရင်းကို ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါ ပြည်ပကုမ္ပဏီနှစ်ခုသည် ဆက်သွယ်ရေးဥပဒေ အတည်ပြု ပြဋ္ဌာန်းပြီး
နောက်တွင်သာ အပြီးသတ်လိုင်စင် ရရှိပြီး ဝန်ဆောင်မှုများအတွက် လုပ်ငန်းစတင်
ဆောင်ရွက်နိုင်မည် ဖြစ်သည်။
No comments:
Post a Comment