ဆြာသမား မင်းမင်းစိုးရေးမှပဲ တောက်တဲ့စီးပွားရေးအကြောင်းအကုန်သိရတော့တယ်..။
------------------------------ ---------------------------
ရွှေပိုးကောင် မျှော်တော်ယောင်ဘဝက ကျွတ်ချင်ပြီ။
(တခါရေးပြီးသားပါ..ပုံလေးတွေပြန်တွေ့လို့ ထပ်တင်လိုက်ပါတယ်.သတင်းထောက်စလု ပ်ခါစ စာမရေးတက်သေးတဲ့အချိန်ဖြစ်တဲ့အတွက် သတင်းရေးသားပုံကတော့ ရီစရာကောင်းပါတယ်.ဒါပေမဲ့ ဒီသတင်းတပုဒ်တည်းအတွက် တော်တော်ပင်ပန်းခံခဲ့သဗျ..ဒါနဲ့ အခုလည်း သတင်းရေးတက်ပြိလားဆိုတော့ မရေးတက်သေးပါဘူးဗျ..ဟီးဟီး)
ရွှေပိုးကောင် မျှော်တော်ယောင်ဘဝက ကျွတ်ချင်ပြီ။
တောက်တဲ့-တောက်တဲ့…ဟူသော မြန်မာသံကို မြူးကြွလှသော ထိုင်းတီးလုံးအလိုက်ထည့်၍ ဖွင့်လာသော ကထိန်ကားကြီးပေါ်တွင် လူနှစ်ယောက်ကွေးနေအောင် ကလာသည်။မျက်နှာများကလည်း ပြုံးရွှင်နေကြသည်မှာ သူတို့ကို ကြည့်မိသော လမ်းသွားလမ်းလာမည်သူမဆို ပြုံးရွှင်လာကြသည်အထိ အားရပါးရပြုံးပျော်မြူးစွာ ကနေကြသည်။၎င်းတို့က
လာသော ကားကြီးနောက်တွင် ဆယ်ဘီးကားကြီးနှင့်အပြည့် ဆန်အိတ်များ။စောင်များစသည့် မျိုးစုံသော လှုဖွယ်ပစ္စည်းများကို တွေ့ရသည်။မြင်ရသူအားလုံး သူတို့ကို ဘာကြောင့်လှုသည်ဟု မေးစရာမလို။အားလုံးးသဘောပေါက်သည်။ဟုတ်ပါသည်။ တောက်တဲ့(သို့မဟုတ်)ရွှေပိုးကောင်...
“တောက်တဲ့လို့ ခေါ်ရင် သူက အားကြီးစိတ်ဆိုးတယ်။ရွှေပိုးကောင်လို့ခေါ်။ဒါမှလာဘ်ကောင်းတယ်။
အရောင်းအဝယ်ဖြစ်တယ်နော” ဟု အသက်(၅၀)ခန့် တရုတ်ကြီးတယောက်က တောက်တဲ့ကို
တောက်တဲ့ဟု ခေါ်မိသော ဗမာတယောက်ကို ရှင်းပြသည်။ဟုတ်ပါသည်။တောက်တဲ့မ ဟုတ်ပါ။တစ်ချို့လူများအတွက် ရွှေပိုးကောင်။သို့သော် တချို့လူများအတွက်ကား ရွှေဖွတ်ကောင်။
ထင်တိုင်းမပေါက်ပေါင် အမောင်ရွှေပိုးကောင်။
“ကျွန်တော့်ရဲ့ နဂိုမူလအလုပ်က ငါးမွေးမြူရေးလုပ်တာပါ။နောက် တောက်တဲ့သတင်းကြားတော့ ဒီငါးဖမ်းတဲ့အလုပ်က အကျိုးအမြတ်သိပ်ရှိတာမဟုတ်ဘူး။အ ကုသိုလ်လဲများသေးတယ်ဆိုပြီး
ငါးမွေးတဲ့အလုပ်ကို သူငယ်ချင်းနဲ့ လွှဲထားပြီး ဒီတောက်တဲ့ရောင်းဝယ်ရေးကိုပဲ
ဇောက်ချခဲ့တာ (၂၀၀၈)ကနေု (၂၀၁၀)ထိ နှစ်နှစ်ကြာအောင်
လုပ်ခဲ့တယ်။ဝယ်လက်ရှာရင်းနဲ့ တရုတ်ပြည်လည်း နှစ်ခေါက်ရောက်ပြီးပြီ။မြန်မာပြ ည်အထက်ပိုင်းမှာတော့ တောက်တဲ့အသံကြားတဲ့နေရာတိုင်း၊အ ရောင်းအဝယ်ဖြစ်တယ်ဆိုတဲ့နေရာတို င်း အကုန်ရောက်ပြီးပြီ။သိန်းရာချီ၊ေ ထာင်ချီအရောင်းအဝယ်ဖြစ်တယ်ဆိုတာ အကြားပဲရှိတယ်။တိတိကျကျမေးလိုက် ရင်
ဟိုမှာလိုလို၊ဒီမှာလိုလိုနဲ့ ဘယ်သူမှ မပြောနိုင်ပါဘူး။သိန်းဆယ်ဂဏန်း
ဝန်းကျင်အရောင်းအဝယ်သေးတွေပဲ ကြုံဖူးတယ်။ဒီနောက်တော့ ဒါကြီးက အလကားပါဆိုတာ
သိလိုက်တာနဲ့ ကျွန်တော်တော့ လက်လျှော့လိုက်ပြီ”
ဟု တောက်တဲ့လုပ်ငန်းကို ရေဆုံးမြေဆုံးထိ ငွေအား၊လူအားဖြင့် လုပ်ကိုင်ခဲ့သော်လည်း ထင်သလောက်အကျိုးအမြတ်မရှိနိုင် ဟု ယူဆမိသဖြင့် လုံးဝစွန့်လွတ်လိုက်သော စိန်ပန်းရပ်မှ ကိုမောင်မောင်ဝင်းက ရင်ဖွင့်သည်။
ဝယ်ယူမှုပုံစံပြောင်းလဲလာ
တောက်တဲ့များကို ယခင်က အလေးချိန်ဖြင့် ဝယ်ယူကြသော်လည်း နောက်ပိုင်းတွင် လိမ်လည်မှုများစွာ ကြုံတွေ့ရသဖြင့် ယခုအခါ ဝယ်ယူသူအများစုက လက်မဖြင့်သာ တိုင်း၍ ဝယ်ယူကြတော့သည်။
“တောက်တဲ့နဲ့ ပက်သက်တဲ့လိမ်နည်းကတော့ မျိုးစုံနေတာပဲ။လိမ်နည်း သီးသန့်စာအုပ်ထုပ်လို့ရတယ်။ကျွန်တော်တို့ တောက်တဲ့ဝယ်ရောင်းလုပ်လာတာ ခြောက်နှစ်ရှိပြီ။အခုရေပန်းမစား ခင်
လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကတည်းက ကျိုင်းတုံဘက်မှာ တောက်တဲ့အရောင်းအဝယ်က
ရှိပြီးသား။ပြောရမယ်ဆိုရင် အဲဒီကတည်းက လိမ်နေကြတာပေါ့ဗျာ။တောက်တဲ့သည်း ခြေကို
နေပူလှန်းပြီး အခြောက်ခံလိုက်ရင် ထိုင်းလူမျိုးတွေက မင်္ဂလာရှိတယ်လို့
ယူဆတဲ့ အကောင်တစ်ကောင်ရဲ့ သည်းခြေနဲ့ လုံးဝခွဲမရဘူး။အဲဒီတော့ ထိုင်းတွေက
တောက်တဲ့တွေကို အကောင်ကြီးငယ်မရွေးဘူး။ရရင် ရသလောက်
တိုးတိုးတိတ်တိတ်ဝယ်တယ်။လွန်ခဲ့ တဲ့ ဆယ်နှစ်လောက်ကကို တောက်တဲ့ဆယ့်ငါးကျပ်သားတစ်ကောင် ကို ဗမာငွေ သုံးသိန်းဝန်းကျင်ရှိတယ်။သေးရင် တော့
သေးသလိုပေါ့။ပြီးမှ အဲဒီသည်းခြေကို အဆောင်အနေနဲ့ ပြန်ရောင်းကြတယ်။အခု
ဘာလို့ ကျွန်တော်တို့က အလေးချိန်နဲ့ မဝယ်သလဲဆိုတော့ တောက်တဲ့ထဲကို
အလေးချိန်တိုးအောင် ပြဒါး၊ဘောစေ့၊ခဲလုံး၊တွေ ထည့်ကြတယ်။တချို့ကတော့
နှမ်းဆီထိုးထည့်ကြတယ်။အသေးစိတ်သိချင်ရင် တောင်မြို့ထဲမှာ ပြီးခဲ့တဲ့အပတ်ကမှ အလိမ်ခံလိုက်ရတဲ့ပွဲစားနှစ်ယောက်ရှိတယ်။သူတို့က ပိုသိမှာပါ”
ဟု (၁၉)လမ်းနေ ဦးမောင်မောင်က ပြောသဖြင့် တောင်မြို့သို့ သွားရောက်စုံစမ်းခဲ့ပါသည်။
ပန်ကာပေါ်က မူလီ။မူလီပေါ်က နက်ခေါင်း။နက်ခေါင်းပေါ်က ထုံး။ထုံးပေါ်ကို မှ အစက်ချသူများ
“ကျွန်တော်တို့ တောက်တဲ့ပွဲစားဆိုတာ ပန်ကာပေါ်က မူလီ။မူလီပေါ်က နက်ခေါင်း။နက်ခေါင်းပေါ်က ထုံးလို့ သတ်မှတ်ခံရတာဗျ။အဲဒီနက်ခေါင်းပေါ်က ထုံးကိုမှ အစက်ချခံလိုက်ရတာ။(၁၀)လပိုင်းကု န်က
(၂၀)ကျပ်သားကျော်တဲ့ တောက်တဲ့တကောင် ကယားပြည်နယ်၊လွိုင်ကော်ဘက်က
ရွာတစ်ရွာမှာ ရှိတယ်လို့ အသံကြားတာနဲ့ အဲဒီကို စုံစမ်းပြီး
လိုက်သွားတယ်။ငါးရက်တိတိရှာရတယ် ။လွိုင်ကော်မြို့နဲ့ တောလမ်းမိုင် (၃၀)လောက် ဝေးတယ်။အဲဒီမှာ တွေ့တော့ ပိုင်ရှင်က တောသားပါ။ရိုးရိုးအေးအေးပုံစံနဲ့ ပေါ့။ချိန်ကြည့်တော့ (၂၂)ကျပ်သားကျော်တယ်။ဝမ်းသာလုံး ကို ဆို့သွားတာပဲ။ဒါနဲ့ ဆယ်သိန်းနဲ့ဈေးဖြတ်ပေးလိုက်တာကို
သူက သိန်းနှစ်ဆယ်ရမှ ဆိုတာနဲ့ စီးလာတဲ့ ဆိုင်ကယ်နှစ်စီးကို
ပေးခဲ့လိုက်တယ်။မန္တလေးကို လိုင်းကားစီးပြီး ပြန်လာခဲ့တာ
နှစ်ရက်ကြာတယ်။အိမ်ရောက်တော့ ဂျပ်ပုံးထဲမှာ ထည့်ထားပြီး ဝယ်လက်ဆီကို
ဖုန်းဆက်တယ်။သူကလည်း ချက်ခြင်းရောက်လာတယ်။ချိန်ပြလို က်တော့လည်း
(၂၂)ကျပ်သားပဲ။တောက်တဲ့ကလည်း လှလိုက်တာ အရောင်လေးကို ပြောင်လက်ပြီး
နက်မှောင် နေတာပဲ။ဗမာတောက်တဲ့နဲ့ မတူဘူး။အဲဒီမှာ ဝယ်လက်က ကျွန်တော်တို့
ခေါ်တဲ့ဈေး သိန်းနှစ်ရာကို မဆစ်ဘူး။ဝယ်မယ်။နက်ဖြန်ကျရင် ပြန်လာမယ်ဆိုပြီး
ပြန်သွားတယ်။နောက်ရက်ကျတော့ သူက တောက်တဲ့ကျွမ်းကျင်တဲ့
တရုတ်လူမျိုးတစ်ယောက် ကို ခေါ်လာတယ်။အဲဒီလူက ကြက်သွန်နီနှစ်ဥတောင်းပြီး
ထုထောင်းတယ်။ပြီးမှ အဲဒီကြက်သွန်နီအရည်ကို လက်မှာစွတ်ပြီးတောက်တဲ့အနားကို
ကပ်သွားတော့ ဟိုကောင်က ကြောက်လို့ငြိမ်နေတယ်။အဲဒီမှာ ကုပ်ကနေကိုင်ပြီး
စောက်ထိုးထားလိုက်တယ်။ခဏနေတော့ အမြီးကနေတွဲလောင်းချထားတယ်။တောက်တဲ့ကတော့ အရုပ်ကလေးကျနေတာပဲ။ပြီးတော့ ပြန်ချထားပြီး (၁)နာရီနေလို့ ဘာမှ မဖြစ်ရင် ငွေချေမယ်လို့ပြောတယ်။နာရီဝက်တောင်မကြာဘူး။တောက်တဲ့ဖင်နားက အဖြူရောင်အရည်လေးတွေ ယိုစိမ့်လာတယ်။ကျွန်တော်တို့က တောက်တဲ့သေးပေါက်တယ်မှတ်နေတာ။သူ တို့က အဲဒါပြဒါးတွေပြန်စိမ့်ထွက်တာလို့  ရှင်းပြတယ်။ပြီးတော့ ပြန်သွားတယ်။ညနေကျတော့ ပြဒါးတွေထပ်စိမ့်ကုန်ပြန်တယ်။ချိန်ကြည့်တော့ (၂၀)သားပဲရှိတော့တယ်။သိပ်မဆိုးေ လာက်သေးပါဘူး။ရောင်းစားလို့ ရပါသေးတယ်လို့ တွေးနေတုန်း နောက်ရက်မနက်ကျတော့ ထပ်ယိုပြန်တယ်။တော်တော်များတယ်။ ချိန်ကြည့်တော့
(၁၇)ကျပ်သားပဲရှိတော့လို့ ဝယ်လက်တစ်ယောက်အမြန်ချိန်းပြီး ရောင်းမလို့
လုပ်တုန်းရှိသေး၊ညနေကျတော့ သေသွားပြီ။အခု ကျုပ်တို့လည်း
စီးစရာဆိုင်ကယ်မရှိတော့လို့ ခြေကျင်လျှောက်နေရပြီ”
ဟု သူတို့အလိမ်ခံလိုက်ရသည်ကို ရီရီမောမောဖြင့် တောင်မြို့မှ ကိုစိုးမိုးနှင့် ကိုအောင်အောင်တို့မှ ရှင်းပြပါသည်။သူတို့အနေဖြင့် ဤကဲ့သို့ အလိမ်ခံလိုက်ရသော်လည်း တောက်တဲ့လုပ်ငန်းကို စိတ်မကုန်သေးဘဲ ဆက်လက်လုပ်ကိုင်နေဦးမည်ဖြစ်ကြောင်း ပြောသည်။
“တောက်တဲ့ရှေ့ကို တစ်ခုခုနဲ့ ဝေ့ယမ်းပြလိုက်ရင် သူက ဂီးဆို ပါးစပ်ဖြဲတယ်။အဲဒီအချိန်မှာ တခုခုပစ်ထည့်လိုက်ရင် သူက မြိုချတာပဲ။သူ့ရဲ့ အစွမ်းသတ္တိက ဘာပဲမြိုချချ သုံးရက်နေရင် ပြန်အန်တယ်။ဒါပေမဲ့ ပြဒါးကျတော့ အဲဒီလိုမဟုတ်ဘူး။ဖင်ကနေ ပြန်ယိုတယ်။ဘာလို့လဲဆိုတော့ ပြဒါးထည့်တဲ့ ကောင်တွေက ဂွမ်းစလေးကို လုံးပြီးအဲဒီထဲမှာပြဒါးထည့်၊ပြီးမှ တောက်တဲ့ပါးစပ်ထဲကို ထည့်တော့ တောက်တဲ့က ပြဒါးပြန်အန်ဖို့ (၆-၇)ရက်လောက်ကြာတယ်။အဲဒီပြဒါးထ ည့်တာများသွားလို့ ပြန်မအန်နိုင်ရင် တောက်တဲ့သေတာပဲ”
ဟု တောက်တဲ့များ၏ သဘောသဘာဝကို ကျွမ်းကျင်သူ ကိုမြမောင်(နန်းတော်ရာ စံပြကွက်သစ်)မှ ရှင်းပြသည်။
ငှက်ပျောဖက်နဲ့ စပါးလင်
တောက်တဲ့တွေက လွပ်လွပ်လပ်လပ်နေရတာကို မကြိုက်ဘူး။ကျဉ်းထဲကျပ်ထဲမှာပဲ နေချင်ကြတယ်။ဒါကြောင့် သူ့ကို သယ်ရင် ငှက်ပျောတုံးကို ထွင်း၊သေတ္တာပုံစံချိုး။လေဝင်ပေါ က်ဖောက်၊အောက်မှာ စပါးလင်ခင်းပြီးတော့သယ်ရတယ်။စပါးလင်က
တောက်တဲ့အလေးချိန်ကို မလျော့အောင် ထိန်းပေးတဲ့ အစွမ်းသတ္တိရှိတယ်။ပြီးမှ
အဲဒီငှက်ပျောတုံးလေးကို ထောင်လိုက်အိတ်ထဲမှာ ထည့်ပြီး သယ်ရင်
အကောင်းဆုံးပါဘဲ။အိမ်မှာ မွေးတဲ့လူတွေကတော့ သစ်သားကို အခေါင်းပေါက်
ဖြစ်အောင်ထွင်းပြီး အေးပြီးမှောင်တဲ့နေရာမှာ ထားကြတယ်။တချို့ကတော့ အိမ်မှာ
တောက်တဲ့ကို သုံးရက်လောက်ညသိပ်၊အစာကျွေး၊ပြီးရင် သစ်ပင်ကြီးတစ်ပင်ပင်မှာ တင်ထားကြတယ်။အဲဒီနည်းက အကောင်းဆုံးပါပဲ။ထွက်ပြေးမှာလည်း ပူစရာမလိုပါဘူး။တောက်တဲ့တွေက အိပ်တန်းမှတ်တဲ့ သဘောရှိတယ်။သူတို့က နေ့ဆိုငြိမ်နေကြတယ်။ညသန်းခေါင်ေ လာက်မှ မြူးကြတာ”
ဟု တောက်တဲ့ (၁၇)ကောင်ခန့်အား အိမ်မှာ မွေး၍ ဝယ်ရောင်းလုပ်နေသည့် ကိုအေးမောင်(အမည်လွှဲ)က ရှင်းပြသည်။တောက်တဲ့များအား ပုဇွန်ဆိတ် အခွံချွတ်၊ပိုးဟတ်၊အိမ်မြှောင်၊ ပိုးဖလံ၊ပလူစသည့် အကောင်များကျွေးနိုင်သကဲ့သို့ ပီလောပီနံရွက်၊ဆိတ်ဖလူရွက်များ လည်း ကျွေးနိုင်ကြောင်း သိရသည်။သို့သော် တောက်တဲ့အကြိုက်ဆုံးအစာနှင့် တရုတ်လူမျိုးများ တောက်တဲ့မွေးမြူရေးစခန်းများတွင် ကျွေးသည့်အစာမှာ ကြက်ဥအနှစ်နှင့် ပျားရည်ကို သမအောင်ခေါက်ထားသည့် အစာဖြစ်ကြောင်းသိရသည်။တောက်တဲ့များသည်
အစာတစ်ခါစားပြီးလျှင် သုံးရက်ခန့်မစားပဲနေပြီး ၎င်းတို့အစာစားသောပုံစံမှာ
အကောင်များကို မြိုချပြီးနောက် ၎င်းအကောင်တို့၏ အဆီအသားများကို
စုပ်ယူပြီးလျှင် ပြန်အန်ထုတ်သည် ဟု ၎င်းမှ ဖြည့်စွတ်ပြောကြားသည်။
မိန်းမဆံပင် တောက်တဲ့မှာချည်
“သားဖွားမီးယပ်ဆေးရုံကို သွားပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးထဲက ဆံပင်ရှည်တဲ့လူတွေကို ဆေးဖော်မလို့ ဆံခြည်နဲနဲလောက် ပေးပါလို့အကူအညီတောင်းပြီး ဆောင်ထားရတယ်။တောက်တဲ့ကို မချိန်ခင်မှာ တောက်တဲ့ဗိုက်ကို မိန်းမဆံချည်နဲ့ ပတ်ပြီးချည်ထားရတယ်။ပြီးမှ ချိန်ကြည့် ။အဲဒါဆို အလေးချိန်မလျှော့တော့ဘူ။ပြီးတော့ 
တောက်တဲကိုယ်လုံးလည်း တိုမသွားဖူး။တချို့လူတွေကတော့ တောက်တဲ့ကို
ဘုရားစင်ရှေ့မှာ ချပြီး မင်းကို ရောင်းလို့ရတဲ့ငွေတစ်ဝက်ကို
ဘုရားလှုပါ့မယ်။သာသနာပြုပါ့မယ်လို့ ကတိပေးပြီးမှ ချိန်ရင် အလေးချိန်မလျော့ဘူးလို့ ယုံကြည်ကြတယ်။စွမ်းလည်းစွမ်းတယ် လို့ပြောပါတယ်”ဟု ကျောက်ဝိုင်းမှ ကျောက်ပွဲစားနှင့် တောက်တဲ့ပွဲစားတွဲဖက်လုပ်ကိုင်သူ ဦးခင်မောင်ညွှန့်မှ ပြောသည်။
ရောင်းမယ်ဆို ငွေတင်ပါ။
အခု တောက်တဲ့ဝယ်ရောင်းလုပ်တဲ့လူတွေက တရုတ်တွေဆီပြန်ရောင်းတဲ့အခါ ငွေအရင်တင်ရတယ်။ဆိုလိုတာက ခင်ဗျားဆီမှာ တောက်တဲ့ရှိပြီ။ဟုတ်ပြီ။အဲဒါဆို အဲဒီတောက်တဲ့ဟာ ခင်ဗျားပြောတဲ့အတိုင်း အလေးချိန်နဲ့ အလျားရှိမရှိ ခင်ဗျားအာမခံရမယ်။ပါးစပ်နဲ့မရဘူး။ ငွေတင်ရတယ်။အနဲဆုံးငါးသိန်းတင်ရ တယ်။သူတို့လာကြည့်လို့ ခင်ဗျားပြောတဲ့အတိုင်း ဥပမာ..ဆယ့်ငါးလက်မရှိတယ်။ဆယ့်ြေ ခာက်ကျပ်သားရှိတယ်ဆို အဲဒီတောက်တဲ့ကို သူတို့ဝယ်သည်ဖြစ်စေ၊မဝယ်သည်ဖြစ် စေ..ခင်ဗျားကို အဲဒီတင်တဲ့ငွေ ချပေးပြီ။ပြီးမှ အရောင်းအဝယ်ဆက်လုပ်ကြတယ်။အရောင်းအဝယ်မဖြစ်လည်း အဲဒီငွေပြန်ပေးစရာ မလိုဘူး။ထူးဆန်းတာက တောက်တဲ့ဟာ တကယ်ဂမ္ဘီရဆန်ပါတယ်။လွန်ခဲ့တဲ့နှ စ်လက ကျွန်တော်တို့ ထင်းဝင်းထဲမှာ တောက်တဲ့တကောင် ကို မျိုးစုံချိန်ပြီး၊တိုင်းပြီးပြီ။အရှည်က (၁၅)လက်မနဲ့ အလေးချိန်က ဗမာအလေး(၁၆)ကျပ်သားကျော်တယ်။သေချာပြီဆိုပြီး ဝယ်လက်ကို ဖုန်းဆက်ခေါ်တယ်။ငွေသိန်းနှစ်ဆယ် ပွဲစားရယ်၊ဝယ်လက်ရယ်စုပြီး တင်ကြတယ်။ဝယ်လက်က မူဆယ်က ဆင်းလာတော့ ဒီကို ရောက်ဖို့တစ်ရက်ကြာတယ်။သူရောက်တဲ့နေ့ ည(၉)နာရီမှာ သူမလာခင် ထပ်ချိန်၊တိုင်းကြည့်တယ်။လုံးဝေ လျာ့မသွားဘူး။ည(၁၀)နာရီ သူလာတော့ တိုင်းကြည့်တယ်။အကုန်ပက်လက်လှန် ပဲ။တောက်တဲ့က (၁၄)ကျပ်သားခွဲပဲ ရှိတော့တယ်။အရှည်ကတော့ လျော့မသွားဘူး။အဲဒီတော့ သိန်းနှစ်ဆယ်ပေးလိုက်ရတာပေါ့ဗျာ ။အရောင်းအဝယ်လည်း ဖြစ်မသွားဘူး။သူကတော့ ပြောသွားပါသေးတယ်။ဖြစ်တက်ပါတယ်တဲ့။အဲဒါနဲ့ နောက်ရက် ဒီကောင့်သတ်ကွာဆိုပြီး ထုတ်ကြတယ်။မသတ်ခင် ချိန်ကြည့်တော့ ဆယ့်ခြောက်ကျပ်သားပဲဗျာ။အကုန်လုံးလည်း မှိုင်ပြီးဘာလုပ်လို့ လုပ်ရမှန်းမသိတော့ဘူး။ကဲကွာ။မသတ်ပါနဲ့တော့။လွှတ်လိုက်ပါတော့ဆြို ပီး အိမ်နားက မန်ကျည်းပင်ပေါ်တင်ပေးလိုက်တယ်။အ ခုထိ ရှိပါ့။ညဆို အော်ပြီ။တောက်တဲ့..တောက်တဲ့နဲ့။ ကျုပ်တို့ကတော့ သိန်းနှစ်ဆယ်.သိန်းနှစ်ဆယ်လို့ပဲ
ကြားတယ်။ရွာက ဘုန်းကြီးကတော့ ပြောပါတယ်။တောက်တဲ့ဟာ လူစကားနားလည်တယ်။သူ့ကို
ရောင်းမယ်၊ဘာညာပြောသံကြားရင် နောက်ရက် အဲဒီနေရာမှာ မရှိတော့ဘူးတဲ့။အဲဒါကို
ရှေးရိုးအယူအဆတွေပါဆိုပြီး မယုံမိတာ သိန်းနှစ်ဆယ်ဆုံးတာပေါ့။မိန်းမက တော့ အခု တောက်တဲ့လို့မခေါ်တော့ဘူး။ဖွတ်ကောင်တဲ့။လူကြားကောင်းအောင် ရွှေဖွတ်ကောင်လို့ခေါ်ပါကွာလို့ သူ့မှာထားရတယ်။တော်ပါပြီဗျာ။တစ် ကောင်နဲ့ပဲ စိတ်ကုန်သွားပါပြီ။”
ဟု ငွေတင်၍ အရောင်းအဝယ်လုပ်မိရာမှ မိန်းမလက်ကောက်ပြုတ်သွားသဖြင့် တောက်တဲ့ကို စိတ်နာနေသော ဆိုင်ကယ်ပွဲစားလုပ်နေရာမှ တောက်တဲ့ပွဲစားလုပ်မိသည့် ကိုပေါက်(ဧရာထွန်း)မှ မကျေမချမ်းပြောပါသည်။
လေဆာနဲ့ထိုးလို့ ဖမ်းပါတယ်။
“တကယ့်တကယ် လူတွေက တောက်တဲ့ကိုက်ရင် သေတယ်ကြားပြီး ကြောက်နေလို့သာရယ်။ဖမ်းရဲရင် လွယ်လွယ်လေးရယ်။သွားရင်းလာရင်း တောက်တဲ့တွေ့ရင် ပါးစပ်ကနေ ကျွတ်စ်..ကျွတ်စ်လို့ ပြောပြီး သူ့နောက်ဆက်.လည်ပင်းနားကို လှမ်းကိုင်လိုက် ၊ဒီကောင် ဘာမှ မလုပ်နိုင်တော့ဘူး။အပင်ပေါ်က တောက်တဲ့ဆိုရင်တော့ ဒီအတိုင်းတက်ဖမ်းလည်း ရတယ်။အပင်ပေါ်မတက်ဘဲ အောက်ကနေ ဖမ်းချင်လည်း ရတယ်။လေဆာပွိုင့် (လေဆာဓာတ်မီးဟု တောရွာများတွင် ခေါ်သည်၊)ရှိရင် ရပြီ။တောက်တဲ့ရှိတဲ့ အပင်ကို နေ့မှာ သေချာကြည့်ပြီး မှတ်ထား။ညမိုးချုပ်ပြီဆိုရင် အဖော်တယောက်ခေါ်ပြီး အဲဒီအပင်အောက်ကို သွား။တောက်တဲ့ရဲ့ ရှေ့နားမှာ လေဆာပွိုင့်နဲ့ ထိုးပေးလိုက်။ဒီကောင် အဲဒီအနီစက်လေးကို အစာမှတ်ပြီး လိုက်လာလိမ့်မယ်။တဖြည်းဖြည်းနဲ့ အောက်ထဲကို ဆွဲခေါ်လာခဲ့။အပင်အောက်ခြေနားကျရ င် ငှက်ပျောဖက်နဲ့သာ အုပ်ကိုင်ထားလိုက်၊ဒီကောင် ဘာမှလုပ်မရတော့ဘူး။အဲဒီအတိုင်း ကောက်မလိုက်ယုံဘဲ။တောက်တဲ့ကိုက် ရင် သေလားဆိုတော့ ကျုပ်တော့ တစ်ခါမှ မကြားဖူးသေးဘူး။သေတော့ မသေလောက်ဘူးထင်ပါတယ်။အာနီမျိုးေ တာ့ မပြောတက်ဘူး”
ဟု တောတောင်ထဲတွင် သွားရင်းလာရင်း တောက်တဲ့တွေ့ရင် လိုက်ဖမ်းပြီး အိမ်စရိတ်အဖြစ် ရောင်းစားနေသူ မြင်းမူမြို့နယ် ဂုံညင်းကုန်းရွာမှ တောင်သူ ဦးကြည်မြင့်က ပြောသည်။တချို့နယ်များတွင်မူ တောက်တဲ့ရှိသော အပင်အောက်တွင် ပျားရည်နှင့် ပေါက်ပေါက်ဆုတ်ကို နယ်၍ ပစ်ထားပြီး တောက်တဲ့ဆင်းလာမှ ဖမ်းယူလေ့ရှိသလို သစ်ခေါင်းထဲမှ တောက်တဲ့ထွက်လာစေရန် အလို့ငှာ သစ်ခေါင်းဝတွင် ပုဇွန်ဆိတ်ကို မီးဖုတ်ပြီး ငါးများချိတ်နှင့် ချိတ်၍ တောက်တဲ့ရုတ်တရက်မမှီသော နေရာတွင် တန်းလန်းချထားသည်။တောက်တဲ့ထွက်လာမှ အုန်းရွက်ကို ကွင်းလျောလုပ်၍ လှမ်းစွပ်ဖမ်းလေ့ရှိသည်ဟု တောက်တဲ့ဖမ်းယူသူများထံမှ သိရသည်။
တောက်တဲ့အမှီပြု ဆေးနည်းများ
“တရုတ်လူမျိုးတွေက တောက်တဲ့ကို (၂၀)သားကျော်မှ ဝယ်ကြတယ်။အခု(၁၅-၁၇)ကျပ်သားတွေ အရာင်းအဝယ်ဖြစ်တယ်ဆိုတာ မွေးပြီး ပြန်ရောင်းမဲ့လူတွေက ဝယ်ကြတာပါ။။၂၀သား လောက်အကောင်ကြီးမှ တောက်တဲ့က သူစားတဲ့၊မြိုတဲ့အကောင်တွေကို ပြန်အန်ထုတ်တဲ့အခါမှာ တောက်တဲ့အန်ဖတ်နဲနဲပြန်ပါတယ်။အျ ဖဴေရာင္ညစ္ညစ္အန္ဖတ္ပါ။အဲဒီအန်ဖ တ်ကို ပြာချပြီး ပျားရည်နဲ့တေစားရင် လူ့ရဲ့ ကိုယ်ခံစွမ်းအားကို တိုးမြှင့်ပေးတယ်။အဖျားအနာကင်ြး ပီး
စားဝင်အိပ်ပျော်တယ်လို့ ရှေးတရုတ်အဖိုးကြီးတွေက ယုံကြည်ကြတယ်။ဒါက
တရုတ်တိုင်းရင်းဆေးပေါ့။အခု ခေတ်စားနေတဲ့ ဆေးနည်းကတော့
အနောက်တိုင်းဆေးနည်းပါ။တောက်တဲ့
အကောင်ကြီးတွေဆီက ရိုးတွင်းခြင်ဆီကို ထုတ်ပြီး (AIDS)ဆေးဖော်တဲ့ နေရာမှာ
ထည့်သုံးတယ်။ရိုးတွင်းခြင်ဆီက နှစ်နှစ်နေရင် ပြန်ပြည့်တယ်လို့တော့
တရုတ်ပြည်မှာ ပြောသံကြားဖူးတယ်။ကိုယ်တိုင်တော့  မမြင်ဖူးပါဘူး။တောက်တဲ့အန်ဖတ်ပြာကို ပျားရည်နဲ့တေစားတာတော့ တရုတ်ပြည် ကျယ်ခေါင်ဘက်မှာ မြင်ဖူးပါတယ။်”
ဟု တရုတ်ပြည်နှင့် မန္တလေးဆိုင်ကယ်ကယ်ရီ ကူးနေသော ကိုကျော်နိုင်(ရှမ်းလေးကျွန်း)မှ သူ့အမြင်ကို ပြောကြားသည်။တောရွာများတွင် တောက်တဲ့ကို နှမ်းဆီနှင့် ကြော်ပြီး ရလာသော အဆီအား အရိုးကျီးပေါင်းရောဂါ၊အဆစ်အမြစ် ရောဂါနှင့်
လေးဘက်နာရောဂါများအား လိမ်းပေးလျှင် သက်သာပျောက်ကင်းသည်ဟု
ယုံကြည်ကြကြောင်း ထီးချိုင့်၊ကြာညှပ်ရွာမှ မန္တလေးသို့
ကြံသကာများရောင်းဝယ်သည့် ဦး ကျော်ထွေးမှ ပြောသည်။ကျောက်ဆည်ဖက်တွင်မူ
တောက်တဲ့ကို ကြော်၍ ရလာသော အဆီအား ခါးကုန်းနေသူများ၊အကြောညှပ်နေသူ များ စသည့် လူနာများကို လိမ်းပေးလျှင် သက်သာပျောက်ကင်းသည်၊ကုန်းနေသော ခါးပြန်ဖြောင့်သည်ဟု လက်ခံထားကြသည်။
တံတားဦးဘက်တွင်မူ တောက်တဲ့ကို အကောင်လိုက်ကြော်၍ ကလေးသူငယ်များအား ကျွေးလျင် အဖျားအနာကင်း၍ သူငယ်နာရောဂါစင်သည်ဟု ယူဆကြသည်ဟု ရတနာပုံတက္ကသိုလ်ကျောင်းသား ကိုအောင်ဖြိုးသန့်ကျော်မှ ပြောသည်။ရှမ်းပြည်နယ်၊ကရင်ပြည်န ယ်များတွင်မူ
တောက်တဲ့ကို အရက်ချက်ရာတွင် အကောင်လိုက်ထည့်စိမ်လေ့ရှိပြီး
ထိုတောက်တဲ့စိမ်ထားသော အရက်ကို သောက်ပါက အမောအပန်းခံသည်။အအေးဒဏ်ကို
ခံနိုင်သည်၊ကာမအားကို တိုးစေသည်ဟု လက်ခံကြပြီး သောက်သုံးသူများ
အနဲအကျဉ်းရှိသော်လည်း ထိုတိုင်းရင်းသားအများစုသည် တောက်တဲ့အိမ်မှာရှိလျှင်
အိမ်သာယာသည်၊မိုးလေဝသမှန်သည်ဟု ယူဆကြသောကြောင့် တောက်တဲ့ကို သတ်၍
ဆေးအရက်ချက်သူ နဲပါးသည်ဟု သိရသည်။ရှမ်းတရုတ်စပ်များသာ
အများဆုံးအသုံးပြုကြသည်ဟု ဒေသခံများက ဆိုသည်။ဆေးနည်းများ
မည်မျှပင်ကွဲပြားစေကာမူ တောက်တဲ့နှင့်ပက်သက်၍ တရုတ်၊မြန်မာ လူမျိုးများ
လက်ခံထားသည့်အချက်မှာ တောက်တဲ့အိမ်မှာရှိလျှင်
လာဘ်ကောင်းသည်၊အန္တရယ်ကင်းသည်ဟူသ ည့် အယူအဆပင်ဖြစ်သည်။
သိန်းတစ်သောင်းပေးတောင် မရောင်းပါ။
“ငါတို့တိုက်မှာ တပေခွဲလောက်တောက်တဲ့အကောင်ကြီး နှစ်ကောင်ရှိတယ်။ပွဲစားတွေ၊ဝယ်လ က်တွေက သတင်းကြားနဲ့ လာမေးကြတယ်။မင်းတို့ သိန်းတစ်ရာမဟုတ်ဘူး။သိန်းတစ်သော င်းပေးလည်း မရောင်းဘူးလို့ ပြောလိုက်တယ်။လူတွေက မသိကြလို့ပါ။တောက်တဲ့အိမ်မှာ ရှိတယ်ဆိုတာ အရမ်းမင်္ဂလာရှိတယ်။စီးပွားတက်တယ် ။အဲဒါကို ရောင်းစားတဲ့အိမ်တွေ၊အရောင်းအဝယ်လုပ်တဲ့လူတွေ
အခုတော့ ငွေနဲနဲပါးပါးရလို့ ပျော်ကြမှာပေါ့။နောက်ပိုင်းကျ
စုံစမ်းကြည့်။သူတို့ စီးပွားရေး၊လူမှုရေး ဘာတစ်ခုမှ အဆင်မပြေကြဘူးဆိုတာ
သိလာပါလိမ့်မည်။ဒီတောက်တဲ့ကြီးေ တွက ငါတို့အဖိုးတွေလက်ထပ်ကတည်းက ရှိလာခဲ့တာ၊နောင်လည်းရှိနေဦးမှာပဲ။ငါတို့ကတော့ အမြဲတမ်း ထိန်းသိမ်းထားမှာပဲ။စီးပွားရေးလ ည်း ငါတို့အဖိုးအဖွားလက်ထက် အဲဒီတောက်တဲ့ကြီးရှိကတည်းက ဆက်တိုက် တိုးပွားလာတာပဲ”
ဟု တံတားဦးမြို့မှ ဒေါ်အေးသာ(နာမည်လွှဲ)က ရှင်းပြသည်။
သိသာပါတယ်။ဒါက စီးပွားရေးလှည့်ကွက်တစ်ခုပါ။
တောက်တဲ့နှင့် ပက်သက်၍ အမြင်အမျိုးမျိုးရှိကြသည့် အထဲမှ တချို့ ကမူ စီးပွားရေးလှည့်ကွက်တခုဟု သတ်မှတ်ကြသည်။
“သိန်းထောင်ချီ၊သောင်းချီ အရောင်းအဝယ်ဆိုတာနေပါဦး။းသိန်း ရာချီအရောင်းအဝယ်ရှိရင်ကို ပြစမ်းပါလို့ တောက်တဲ့အကြောင်း အာပေါင်အာရင်းသန်သန်နဲ့ ပြောနေတဲ့လူတွေကို မေးချင်ပါတယ်။သိန်းရာချီ။ထောင်ချီ၊သောင်းချီဆိုတာ (၂၀)သားမကျော်တဲ့တောက်တဲ့တွေ၊ရောင်းတမ်းမဝင်တဲ့ တောက်တဲ့တွေကို ဝယ်ထားတဲ့လူတွေက သူတို့လက်ထဲက တောက်တဲ့တွေ ဝယ်လက်မရှိလို့။ဈေးကောင်းမရလို့  ဈေးကွက်ဆူသွားအောင် လျှောက်ပြောတဲ့စကားပါ။ခင်ဗျားမှာ ငွေရှိတယ်လို့ သူတို့က သိထားရင် ခင်ဗျားဆီကို လာပြီး အကို -တောက်တဲ့လေးရောင်းမယ့်လူမသိဘူး လားလို့
အလံရှုးတစ်ယောက်လွှတ်ပြီး မေးလိမ့်မယ်။ခင်ဗျားကလည်း
ရှိရင်အကြောင်းပြန်မယ်လို့ ပြောလိုက်ရင် ခင်ဗျားတော့ သူတို့လှည့်ကွက်ထဲ
ဝင်သွားပြီသာမှတ်ပေတော့။နောက်တစ်ပတ်လောက်နေရင် တောကလူပုံစံဖမ်းပြီး အကိုရေ..တောက်တဲ့ဝယ်ဦးမလားလို့ ခင်ဗျားကို လာမေးလိမ့်မည်။အဲဒီမှာ ဟာ..ဝယ်မဲ့လူရှိတယ်။ကျွန်တော်ချိတ်ပေးမယ်ဆိုပြီး ခင်ဗျားက ခုနက လာပြောထားတဲ့ ဝယ်လက်ကို ခေါ်ပေးလိုက်ရင် ဘဝပျက်ပြီသာမှတ်ပေတော့။အဲဒီဝယ်လ က်က တောက်တဲ့ကို မျိုးစုံကြည့်ပြီး အေးဗျာ..အလေးချိန်လေး နဲနဲလိုသွားလို့ ၊အရှည်လေးတစ်လက်မလောက်တိုသွားလို့၊တကျပ်သားလောက်သာ တိုးရင် ခင်ဗျား ကြိုက်တဲ့ဈေးပြော။မငြင်းဘူး။မွေးချင်လည်း မွေးထားလေ။အလေးချိန်တိုးရင်၊ရှည်လာရင် ကျွန်တော့်ဆီဖုန်းဆက်လိုက်ပါ။ပြီးခဲ့တဲ့အပတ်ကမှ ဘယ်မြို့ကလူ တောက်တဲ့ ဘယ်လောက်သားကို သိန်းထောင်ချီရသွားတာ။ခင်ဗျားတို့တောက်တဲ့လည်း အဲဒီတောက်တဲ့မှီဖို့ နဲနဲလေးပဲလိုတော့တာဆိုပြီး ဘေးက ကြည့်နေတဲ့ လူ သရေယိုအောင် ပြောပြပြီးပြန်သွားရော။လာရောင်း တဲ့လူကလည်း အေးဗျာ..ဟုတ်ပါရဲ့။အရောင်းအဝယ်မ တည့်တာ ကံဆိုးတာပဲ။ကျုပ်တို့ကတော့ သူပြောသလောက်ကြီး မမှန်းရဲပါဘူး။လမ်းစရိတ်လောက်ရရ င် ဒါလေးရောင်းပြီး ပြန်မှာပါ။နောင်ကြီးအသိထဲ တောက်တဲ့လေးဘာလေး ဝယ်တဲ့လူမရှိဘူးလားဆိုပြီး ခင်ဗျားကို အသနားခံပြောလိမ့်မည်။ခင်ဗျားကလည်း
ပွဲစားပြောသွားတဲ့ သိန်းထောင်ချီဆိုတဲ့ မက်လုံးရယ်။အရပ်ထဲက ချဲ့ကားပြောတဲ့
စကားတွေကို ပြန်ကြားပြီး သူတို့ပြောတဲ့လမ်းစရိတ်။အံမာ..အဲဒီလမ်းစရိတ်ကလည်း မလေးရှားတခေါက်သွားလို့ရတယ်။အနဲ ဆုံးငါးသိန်း
တောင်းတာကိုး။အဲဒီငွေကို စိုက်ပြီးဝယ်လိုက်လို့ကတော့ သူတို့ဆင်တဲ့အကွက်ထဲ
ဝင်ပြီသာ အောက်မေ့ပေတော့။ထိုင်းမှာ ရေကြီးလို့ပြန်လာတဲ့
ကျုပ်သူငယ်ချင်းတစ်ယောက်ကို မေးကြည့်တာ။တောက်တဲ့တကောင် တကျပ်သားလောက်
အလေးချိန်တိုးဖို့ ဘယ်လောက်လောက်ကြာလဲဆိုတော့ ကျုပ်တို့နိုင်ငံက
အမျိုးအစားတော့မသိဘူးတဲ့။သူတို့ ဆီမှာတော့ သက်တမ်းနှစ်ငါးဆယ်လောက်ရှိတဲ့တောက်တဲ့က အလေးချိန်တစ်ကျပ်သားတိုးဖို့ သုံးနှစ်လောက်စောင့်ရတယ်တဲ။စဉ်း စားသာကြည့်တော့။ခင်ဗျား လက်ထဲက တောက်တဲ့ ဘယ်အချိန်မှ ရောင်းတမ်းဝင်မယ်ဆိုတာ။အခု မန္တလေး၊တောင်မြို့၊စစ်ကိုင်း၊အု န်းချော
ဒီဘက်နယ်တလျောက်မှာ တောက်တဲ့ အသေးတွေ ဈေးကောင်းရမယ်ထင်ပြီး
လှောင်ထားတဲ့လူတွေ တော်တော်ကို များနေပြီ။အဲဒီလှောင်တဲ့လူတွေ
သူတို့တစ်သက်မှာတော့ ရောင်းတမ်းဝင်တောက်တဲ့ရမှာ မဟုတ်ဘူး။သူတို့
သားသမီးမြေးမြစ်လက်ထက်တော့ မပြောတက်ဘူး။ (၂၀)သားကျော်ရင်
သိန်းရာချီပေးမယ်ဆိုတာ လူတိုင်းသိတယ်။ဒါပေမဲ့
စဉ်းစားကြည့်ပါဦး။ကျွန်တော်တို့  နိုင်ငံက တောက်တဲ့အမျိုးအစားက အဲဒီလောက်ကြီးတဲ့ကောင်မျိုးမရှိ နိုင်ပါဘူး။ရှားရှားပါးပါး ရှိလည်း တကောင်နှစ်ကောင်ပါဘဲ။ကျွန်တော်ေ ပြာတာ
မယုံရင် ခင်ဗျားတို့ လိုက်ကြည့်ကြည့်လိုက်။အခု ရောင်းဝယ်နေကြတဲ့
တောက်တဲ့တွေအားလုံးဟာ အကြီးဆုံးကောင် (၁၇)ကျပ်သားဝန်းကျင်ပဲ။အဲဒီ
(၁၇)ကျပ်သားဆိုတာကိုက ဗမာအလေး၊သို့)နေရှင်နယ် ဓာတ်ခဲအဟောင်းနဲ့
ပြောတာနော်။သူတို့ (တောက်တဲ့ဈေးမြှင့်အောင် လုပ်တဲ့ကောင်)တွေရဲ့
အလေးနဲ့ဆို ဗမာ(၁၈)ကျပ်သားခွဲမှ (၁၅)ကျပ်သားပဲ ရှိတယ်။ဒီစကားတွေကို
ကျွန်တော်က သိန်းငါးဆယ်လောက် အကုန်ခံပြီးမှ ပြောတာ၊ကိုယ့်လို တောက်တဲ့တွေ
ငွေလက်ငင်းချေမယ်။ရသလောက် ဝယ်ထားဆိုတဲ့ ပွဲစားတွေရဲ့ အပြော၊အလံရှုးတွေရဲ့
အပြောကို ယုံပြီး အိမ်မှာ အကောင်နှစ်ဆယ်လောက်လိုက်စုပြီး ခုမှ
အကြောင်းစုံသိသွားတာနဲ့ တောထဲပြန်လွှတ်ပစ်လိုက်ပြီ။ကျွန် တော့်လို ရှိစုရှိမဲ့လေးတွေ၊အလိမ်ခံရမှာ စိုးလို့ ရှင်းပြတာပါ။အကြံပေးချင်တာကတော့ တောက်တဲ့ရှိတဲ့လူတွေ ဘယ်လောက်ရရရောင်းလိုက်ပါ။(၁၅)ကျ ပ်သားပြည့်မှ၊(၂၀)သားပြည့်မှ ရောင်းမယ်ဆိုပြီး ဝယ်လှောင်မထားပါနဲ့။တောက်တဲ့တကောင်ဟာ အလေးချိန်တစ်ကျပ်သားတိုးဖို့ အနဲဆုံးသုံးနှစ်လောက်စောင့်ရပါတ ယ်။ဒါတောင်
မွေးမြူတာ နည်းစနစ်မှန်မှပါ။အိမ်မှာ မွေးရင် ၊သူတို့ရဲ့ သဘောသဘာဝကို
မသိရင် တောက်တဲ့က ပိန်ပြီး တဖြည်းဖြည်း သေးသွားပါတယ်။တောက်တဲ့မပျော်ရင် အိမ်လည်း စီးပွားပျက်တက်ပါတယ်။”
ဟု တောက်တဲ့ (၂၀)ခန့်ကို ရောင်းတမ်းဝင်မှ ရောင်းချမည်ဆိုပြီး အိမ်တွင်မွေးမြူထားကာ နောက်ပိုင်း တောက်တဲ့များ ပိန်ညောင်ပြီး သေဆုံးကုန်သဖြင့် မွေးမြူထားသမျှ တောက်တဲ့အားလုံးအား တောထဲသို့ လွှတ်ပစ်ခဲ့သူ ကိုအောင်မင်း(အမည်လွှဲ) မန္တလေးမြို့နေသူက ပြောပြသည်။
တောက်တဲ့နှင့်ပက်သက်၍ မစားရဝခမန်း ပြောကြသူများ၊နောင်တွင် ယခုထက်ပို၍ ဈေးကောင်းရဦးမည်ဟု ယုံကြည်ပြီး အိမ်တွင်မျှော်လင့်ချက်အပြည့်နှ င့် မွေးမြူထားကြသူများ။တောက်တဲနှင့်  ပက်သက်၍ စီးပွားဖြစ်ကြသူများ။စီးပွားပျက်ကြသူများ။တောက်တဲ့များ များပြားစွာရှိသည်ကို မသိကြဘဲ အားအားရှိ မျိုးတုန်းတော့မည်၊ကာကွယ်ကြပါ၊ထိန်းသိမ်းကြပါဟု
အသံကောင်းဟစ်ကာ တောက်တဲ့ထိန်းသိမ်းရေး ရံပုံငွေဆိုပြီး နိုင်ငံတကာ
အလှုရှင်များသို့ အလှုငွေတောင်းရန် ခေါင်းစဉ်ရှာပြီး
စာတမ်းရေးနေကြသူများ၊ကဲသို့ ရည်ရွယ်ချက်အမျိုးမျိုး၊အမြင်အမျိုးမျိုးရှိစေပေကာမူ တောက်တဲ့သည် မြို့နေ လူလတ်တန်းစားများ၊ဆင်းရဲနွမ်းပါးသည့် ပြည်သူများ၊ကျေးလက်တောင်သူများအ တွက် သိန်းငါးရာထီဆုထက်ပို၍ ၎င်းတို့အတွက် မက်လုံးကောင်းနေသည်။မျှော်လင့်ချက်ပေးနေသည်မှာ အထင်အရှားဖြစ်ပါသည်။ဆက်လက်၍လည်း တောက်တဲ့များကို စိတ်ကူးယဉ်အိမ်မက်တနင့်တပိုးဖြင့် ရှာဖွေနေကြဦးမည် ဖြစ်သည်။တောက်တဲ့(သို့မဟုတ်)ရွှေ ပိုးကောင်၊ဟုတ်ပါသည်။တချို့အတွက်တော့ ရွှေပိုးကောင်ပါ။သို့သော် လူအများစုအတွက်တော့ ရွှေဖွတ်ကောင်၊တော်တော်ကြီးးသည့် ရွှေဖွတ်ကောင်ပါ။
------------------------------
ရွှေပိုးကောင် မျှော်တော်ယောင်ဘဝက ကျွတ်ချင်ပြီ။
(တခါရေးပြီးသားပါ..ပုံလေးတွေပြန
ရွှေပိုးကောင် မျှော်တော်ယောင်ဘဝက ကျွတ်ချင်ပြီ။
တောက်တဲ့-တောက်တဲ့…ဟူသော မြန်မာသံကို မြူးကြွလှသော ထိုင်းတီးလုံးအလိုက်ထည့်၍ ဖွင့်လာသော ကထိန်ကားကြီးပေါ်တွင် လူနှစ်ယောက်ကွေးနေအောင် ကလာသည်။မျက်နှာများကလည်း ပြုံးရွှင်နေကြသည်မှာ သူတို့ကို ကြည့်မိသော လမ်းသွားလမ်းလာမည်သူမဆို ပြုံးရွှင်လာကြသည်အထိ အားရပါးရပြုံးပျော်မြူးစွာ ကနေကြသည်။၎င်းတို့က
လာသော ကားကြီးနောက်တွင် ဆယ်ဘီးကားကြီးနှင့်အပြည့် ဆန်အိတ်များ။စောင်များစသည့် မျိုးစုံသော လှုဖွယ်ပစ္စည်းများကို တွေ့ရသည်။မြင်ရသူအားလုံး သူတို့ကို ဘာကြောင့်လှုသည်ဟု မေးစရာမလို။အားလုံးးသဘောပေါက်သည
“တောက်တဲ့လို့ ခေါ်ရင် သူက အားကြီးစိတ်ဆိုးတယ်။ရွှေပိုးကောင
ထင်တိုင်းမပေါက်ပေါင် အမောင်ရွှေပိုးကောင်။
“ကျွန်တော့်ရဲ့ နဂိုမူလအလုပ်က ငါးမွေးမြူရေးလုပ်တာပါ။နောက် တောက်တဲ့သတင်းကြားတော့ ဒီငါးဖမ်းတဲ့အလုပ်က အကျိုးအမြတ်သိပ်ရှိတာမဟုတ်ဘူး။အ
ဟု တောက်တဲ့လုပ်ငန်းကို ရေဆုံးမြေဆုံးထိ ငွေအား၊လူအားဖြင့် လုပ်ကိုင်ခဲ့သော်လည်း ထင်သလောက်အကျိုးအမြတ်မရှိနိုင်
ဝယ်ယူမှုပုံစံပြောင်းလဲလာ
တောက်တဲ့များကို ယခင်က အလေးချိန်ဖြင့် ဝယ်ယူကြသော်လည်း နောက်ပိုင်းတွင် လိမ်လည်မှုများစွာ ကြုံတွေ့ရသဖြင့် ယခုအခါ ဝယ်ယူသူအများစုက လက်မဖြင့်သာ တိုင်း၍ ဝယ်ယူကြတော့သည်။
“တောက်တဲ့နဲ့ ပက်သက်တဲ့လိမ်နည်းကတော့ မျိုးစုံနေတာပဲ။လိမ်နည်း သီးသန့်စာအုပ်ထုပ်လို့ရတယ်။ကျွန
ဟု (၁၉)လမ်းနေ ဦးမောင်မောင်က ပြောသဖြင့် တောင်မြို့သို့ သွားရောက်စုံစမ်းခဲ့ပါသည်။
ပန်ကာပေါ်က မူလီ။မူလီပေါ်က နက်ခေါင်း။နက်ခေါင်းပေါ်က ထုံး။ထုံးပေါ်ကို မှ အစက်ချသူများ
“ကျွန်တော်တို့ တောက်တဲ့ပွဲစားဆိုတာ ပန်ကာပေါ်က မူလီ။မူလီပေါ်က နက်ခေါင်း။နက်ခေါင်းပေါ်က ထုံးလို့ သတ်မှတ်ခံရတာဗျ။အဲဒီနက်ခေါင်းပေ
ဟု သူတို့အလိမ်ခံလိုက်ရသည်ကို ရီရီမောမောဖြင့် တောင်မြို့မှ ကိုစိုးမိုးနှင့် ကိုအောင်အောင်တို့မှ ရှင်းပြပါသည်။သူတို့အနေဖြင့် ဤကဲ့သို့ အလိမ်ခံလိုက်ရသော်လည်း တောက်တဲ့လုပ်ငန်းကို စိတ်မကုန်သေးဘဲ ဆက်လက်လုပ်ကိုင်နေဦးမည်ဖြစ်ကြေ
“တောက်တဲ့ရှေ့ကို တစ်ခုခုနဲ့ ဝေ့ယမ်းပြလိုက်ရင် သူက ဂီးဆို ပါးစပ်ဖြဲတယ်။အဲဒီအချိန်မှာ တခုခုပစ်ထည့်လိုက်ရင် သူက မြိုချတာပဲ။သူ့ရဲ့ အစွမ်းသတ္တိက ဘာပဲမြိုချချ သုံးရက်နေရင် ပြန်အန်တယ်။ဒါပေမဲ့ ပြဒါးကျတော့ အဲဒီလိုမဟုတ်ဘူး။ဖင်ကနေ ပြန်ယိုတယ်။ဘာလို့လဲဆိုတော့ ပြဒါးထည့်တဲ့ ကောင်တွေက ဂွမ်းစလေးကို လုံးပြီးအဲဒီထဲမှာပြဒါးထည့်၊ပြီ
ဟု တောက်တဲ့များ၏ သဘောသဘာဝကို ကျွမ်းကျင်သူ ကိုမြမောင်(နန်းတော်ရာ စံပြကွက်သစ်)မှ ရှင်းပြသည်။
ငှက်ပျောဖက်နဲ့ စပါးလင်
တောက်တဲ့တွေက လွပ်လွပ်လပ်လပ်နေရတာကို မကြိုက်ဘူး။ကျဉ်းထဲကျပ်ထဲမှာပဲ နေချင်ကြတယ်။ဒါကြောင့် သူ့ကို သယ်ရင် ငှက်ပျောတုံးကို ထွင်း၊သေတ္တာပုံစံချိုး။လေဝင်ပေါ
ဟု တောက်တဲ့ (၁၇)ကောင်ခန့်အား အိမ်မှာ မွေး၍ ဝယ်ရောင်းလုပ်နေသည့် ကိုအေးမောင်(အမည်လွှဲ)က ရှင်းပြသည်။တောက်တဲ့များအား ပုဇွန်ဆိတ် အခွံချွတ်၊ပိုးဟတ်၊အိမ်မြှောင်၊
မိန်းမဆံပင် တောက်တဲ့မှာချည်
“သားဖွားမီးယပ်ဆေးရုံကို သွားပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးထဲက ဆံပင်ရှည်တဲ့လူတွေကို ဆေးဖော်မလို့ ဆံခြည်နဲနဲလောက် ပေးပါလို့အကူအညီတောင်းပြီး ဆောင်ထားရတယ်။တောက်တဲ့ကို မချိန်ခင်မှာ တောက်တဲ့ဗိုက်ကို မိန်းမဆံချည်နဲ့ ပတ်ပြီးချည်ထားရတယ်။ပြီးမှ ချိန်ကြည့် ။အဲဒါဆို အလေးချိန်မလျှော့တော့ဘူ။ပြီးတော
ရောင်းမယ်ဆို ငွေတင်ပါ။
အခု တောက်တဲ့ဝယ်ရောင်းလုပ်တဲ့လူတွေက
ဟု ငွေတင်၍ အရောင်းအဝယ်လုပ်မိရာမှ မိန်းမလက်ကောက်ပြုတ်သွားသဖြင့် တောက်တဲ့ကို စိတ်နာနေသော ဆိုင်ကယ်ပွဲစားလုပ်နေရာမှ တောက်တဲ့ပွဲစားလုပ်မိသည့် ကိုပေါက်(ဧရာထွန်း)မှ မကျေမချမ်းပြောပါသည်။
လေဆာနဲ့ထိုးလို့ ဖမ်းပါတယ်။
“တကယ့်တကယ် လူတွေက တောက်တဲ့ကိုက်ရင် သေတယ်ကြားပြီး ကြောက်နေလို့သာရယ်။ဖမ်းရဲရင် လွယ်လွယ်လေးရယ်။သွားရင်းလာရင်း တောက်တဲ့တွေ့ရင် ပါးစပ်ကနေ ကျွတ်စ်..ကျွတ်စ်လို့ ပြောပြီး သူ့နောက်ဆက်.လည်ပင်းနားကို လှမ်းကိုင်လိုက် ၊ဒီကောင် ဘာမှ မလုပ်နိုင်တော့ဘူး။အပင်ပေါ်က တောက်တဲ့ဆိုရင်တော့ ဒီအတိုင်းတက်ဖမ်းလည်း ရတယ်။အပင်ပေါ်မတက်ဘဲ အောက်ကနေ ဖမ်းချင်လည်း ရတယ်။လေဆာပွိုင့် (လေဆာဓာတ်မီးဟု တောရွာများတွင် ခေါ်သည်၊)ရှိရင် ရပြီ။တောက်တဲ့ရှိတဲ့ အပင်ကို နေ့မှာ သေချာကြည့်ပြီး မှတ်ထား။ညမိုးချုပ်ပြီဆိုရင် အဖော်တယောက်ခေါ်ပြီး အဲဒီအပင်အောက်ကို သွား။တောက်တဲ့ရဲ့ ရှေ့နားမှာ လေဆာပွိုင့်နဲ့ ထိုးပေးလိုက်။ဒီကောင် အဲဒီအနီစက်လေးကို အစာမှတ်ပြီး လိုက်လာလိမ့်မယ်။တဖြည်းဖြည်းနဲ့
ဟု တောတောင်ထဲတွင် သွားရင်းလာရင်း တောက်တဲ့တွေ့ရင် လိုက်ဖမ်းပြီး အိမ်စရိတ်အဖြစ် ရောင်းစားနေသူ မြင်းမူမြို့နယ် ဂုံညင်းကုန်းရွာမှ တောင်သူ ဦးကြည်မြင့်က ပြောသည်။တချို့နယ်များတွင်မူ တောက်တဲ့ရှိသော အပင်အောက်တွင် ပျားရည်နှင့် ပေါက်ပေါက်ဆုတ်ကို နယ်၍ ပစ်ထားပြီး တောက်တဲ့ဆင်းလာမှ ဖမ်းယူလေ့ရှိသလို သစ်ခေါင်းထဲမှ တောက်တဲ့ထွက်လာစေရန် အလို့ငှာ သစ်ခေါင်းဝတွင် ပုဇွန်ဆိတ်ကို မီးဖုတ်ပြီး ငါးများချိတ်နှင့် ချိတ်၍ တောက်တဲ့ရုတ်တရက်မမှီသော နေရာတွင် တန်းလန်းချထားသည်။တောက်တဲ့ထွက်လ
တောက်တဲ့အမှီပြု ဆေးနည်းများ
“တရုတ်လူမျိုးတွေက တောက်တဲ့ကို (၂၀)သားကျော်မှ ဝယ်ကြတယ်။အခု(၁၅-၁၇)ကျပ်သားတွေ အရာင်းအဝယ်ဖြစ်တယ်ဆိုတာ မွေးပြီး ပြန်ရောင်းမဲ့လူတွေက ဝယ်ကြတာပါ။။၂၀သား လောက်အကောင်ကြီးမှ တောက်တဲ့က သူစားတဲ့၊မြိုတဲ့အကောင်တွေကို ပြန်အန်ထုတ်တဲ့အခါမှာ တောက်တဲ့အန်ဖတ်နဲနဲပြန်ပါတယ်။အျ
ဟု တရုတ်ပြည်နှင့် မန္တလေးဆိုင်ကယ်ကယ်ရီ ကူးနေသော ကိုကျော်နိုင်(ရှမ်းလေးကျွန်း)မ
တံတားဦးဘက်တွင်မူ တောက်တဲ့ကို အကောင်လိုက်ကြော်၍ ကလေးသူငယ်များအား ကျွေးလျင် အဖျားအနာကင်း၍ သူငယ်နာရောဂါစင်သည်ဟု ယူဆကြသည်ဟု ရတနာပုံတက္ကသိုလ်ကျောင်းသား ကိုအောင်ဖြိုးသန့်ကျော်မှ ပြောသည်။ရှမ်းပြည်နယ်၊ကရင်ပြည်န
သိန်းတစ်သောင်းပေးတောင် မရောင်းပါ။
“ငါတို့တိုက်မှာ တပေခွဲလောက်တောက်တဲ့အကောင်ကြီး နှစ်ကောင်ရှိတယ်။ပွဲစားတွေ၊ဝယ်လ
ဟု တံတားဦးမြို့မှ ဒေါ်အေးသာ(နာမည်လွှဲ)က ရှင်းပြသည်။
သိသာပါတယ်။ဒါက စီးပွားရေးလှည့်ကွက်တစ်ခုပါ။
တောက်တဲ့နှင့် ပက်သက်၍ အမြင်အမျိုးမျိုးရှိကြသည့် အထဲမှ တချို့ ကမူ စီးပွားရေးလှည့်ကွက်တခုဟု သတ်မှတ်ကြသည်။
“သိန်းထောင်ချီ၊သောင်းချီ အရောင်းအဝယ်ဆိုတာနေပါဦး။းသိန်း
ဟု တောက်တဲ့ (၂၀)ခန့်ကို ရောင်းတမ်းဝင်မှ ရောင်းချမည်ဆိုပြီး အိမ်တွင်မွေးမြူထားကာ နောက်ပိုင်း တောက်တဲ့များ ပိန်ညောင်ပြီး သေဆုံးကုန်သဖြင့် မွေးမြူထားသမျှ တောက်တဲ့အားလုံးအား တောထဲသို့ လွှတ်ပစ်ခဲ့သူ ကိုအောင်မင်း(အမည်လွှဲ) မန္တလေးမြို့နေသူက ပြောပြသည်။
တောက်တဲ့နှင့်ပက်သက်၍ မစားရဝခမန်း ပြောကြသူများ၊နောင်တွင် ယခုထက်ပို၍ ဈေးကောင်းရဦးမည်ဟု ယုံကြည်ပြီး အိမ်တွင်မျှော်လင့်ချက်အပြည့်နှ

No comments:
Post a Comment