ရန်ကုန်၊ သြဂုတ် ၃
၂.၈.၂၀၁၃ ရက်နေ့ ၂၂၀၀ အချိန် လှိုင်သာယာမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ရွှေလင်ပန်းစက်မှုစုံရှိ စိန်ငွေမြ ကြက်/ ၀က်အူချောင်းစက်ရုံတွင် မီးလောင်မှုဖြစ်ပွါးကြောင်းသတင်းအရ သွားရောက်စစ်ဆေးရာ စက်ရုံ၌ထုပ်ပိုးထားသောဂျပ်ဖာစက္ကူများအား
အချိန်ကြာမြင့်စွာစုပုံထားရာမှ အပူလွန်ကဲပြီး မီးလောင်ကျွမ်းခဲ့သဖြင့်
မီးသတ်ယာဉ် (၄၅)စီး၊ ကြီးကြပ်မှုယာဉ်(၄)စီး၊ အုပ်ချုပ်မှုယာဉ်(၂)စီး၊
အထောက်အကူပြုယာဉ်(၄)စီးတို့ဖြင့် မီးငြိမ်းသတ်ခဲ့၍
၂၂၄၅ အချိန် မီးငြိမ်းသွားခဲ့ပြီး ဂိုဒေါင်းအတွင်းရှိ ပလပ်စတစ်အိတ်များ၊
ဂျပ်စက္ကူများ၊ ပစ္စည်းထုပ်ပိုးသည့်ဆက်စပ်ပစ္စည်း များတန်ဖိုးငွေကျပ် (၂၃)သိန်းခန့် မီးလောင်ဆုံးရှုံးခဲ့ပါသည်။
မီးလောင်ရာနေရာသို့ မီးသတ်ဦးစီးဌာ၊ညွှန်ကြားရေးမှူး ချုပ်ဦးတင်မိုး၊ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ တိုင်းအကူတပ်ဖွဲ့ခွဲမှူး
ဒုရဲမှူးကြီးရွှေသောင်း၊ မြောင်ပိုင်းခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး
ဦးလင်းကိုကို၊ မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးဒုရဲမှူးကြီးစိုးမြင့်နှင့် တာဝန်ရှိသူများရောက်ရှိ စစ်ဆေးခဲ့ပါသည်။
မီးငြိမ်းသတ်စဉ် မရမ်းကုန်းမြို့နယ် ၊ မီးသတ်ဦးစီးဌာနချုပ်မှ ဒုတပ်ကြပ်အောင်ကျော်မြင့်မှာ မီးခိုးမွှန်သဖြင့် လှိုင်သာယာဆေးရုံတွင်
အတွင်းလူနာ(မစိုးရိမ်ရ)အဖြစ်လည်းကောင်း၊ တပ်သားဇော်မင်းလှိုင်၊ အရံမီးသတ်တပ်ဖွဲ့ဝင်တွင်ယာလက်၌ မှန်စများ ထိခိုက်မိသဖြင့်
ပြတ်ရှဒဏ်ရာများရရှိခဲ့၍ အင်းစိန်ဆေးရုံတွင် အတွင်းလူနာ(မစိုးရိမ်ရ) အဖြစ်လည်းကောင်း ဆေးကုမှုခံယူလျက်ရှိပါသည်။
အဆိုပါမီးလောင်မှုနှင့် ပတ်သက်၍ ဂိုဒေါင်တာဝန်ခံ ယုကို
(ဘ)ဦးတင်ငွေ၊ မြေနီကုန်းတောင်ရပ်ကွက်၊ စမ်းချောင်းမြို့နယ်
နေသူအား လှိုင်သာယာမြို့မရဲစခန်း(ပ)၈၆၄/ ၂၀၁၃၊ ပုဒ်မ၂၈၅ ဖြင့် အရေးယူထားရှိကြောင်း သတင်းရရှိပါသည်။
https://www.facebook.com/ yangonpolice တွင်ဖော်ပြထားရှိပါသည်။
ရန်ကုန်၊ သြဂုတ် ၃
၂.၈.၂၀၁၃ ရက်နေ့ ၂၂၀၀ အချိန် လှိုင်သာယာမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ရွှေလင်ပန်းစက်မှုစုံရှိ စိန်ငွေမြ ကြက်/
မီးလောင်ရာနေရာသို့ မီးသတ်ဦးစီးဌာ၊ညွှန်ကြားရေးမှူး
ဒုရဲမှူးကြီးရွှေသောင်း၊ မြောင်ပိုင်းခရိုင်အထွေထွေအုပ်ခ
ဦးလင်းကိုကို၊ မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူ
မီးငြိမ်းသတ်စဉ် မရမ်းကုန်းမြို့နယ် ၊ မီးသတ်ဦးစီးဌာနချုပ်မှ ဒုတပ်ကြပ်အောင်ကျော်မြင့်မှာ မီးခိုးမွှန်သဖြင့် လှိုင်သာယာဆေးရုံတွင်
အတွင်းလူနာ(မစိုးရိမ်ရ)အဖြစ်လည်
ပြတ်ရှဒဏ်ရာများရရှိခဲ့၍ အင်းစိန်ဆေးရုံတွင် အတွင်းလူနာ(မစိုးရိမ်ရ) အဖြစ်လည်းကောင်း ဆေးကုမှုခံယူလျက်ရှိပါသည်။
အဆိုပါမီးလောင်မှုနှင့် ပတ်သက်၍ ဂိုဒေါင်တာဝန်ခံ ယုကို
(ဘ)ဦးတင်ငွေ၊ မြေနီကုန်းတောင်ရပ်ကွက်၊ စမ်းချောင်းမြို့နယ်
နေသူအား လှိုင်သာယာမြို့မရဲစခန်း(ပ)၈၆၄/
https://www.facebook.com/

No comments:
Post a Comment