Saturday, August 3, 2013

လျှပ်စစ်စွမ်းအင်သုံး စစ်မော်တော်ယာဉ် Land Rover Electric Defenders


Saturday, Augest 03, 2013

လျှပ်စစ် စွမ်းအင်သုံး မော်တော်ယာဉ် တစ်စီးအနေနဲ့ အင်္ဂလန် Land Rover မှ ထုတ်လုပ်တဲ့ကား ဖြစ်ပါတယ်။

စစ်တပ်သုံး ပစ်ကပ်ကားတစ်စီးအနေနဲ့ ဖန်တီးထားခြင်း ဖြစ် ပါတယ်။ ဗြိတိန် တော်ဝင်တပ်အတွက်တင်မကပဲ အခြားသော နိုင်ငံများမှ ဝယ်ယူမယ်ဆိုရင်လည်း ဖန်တီးပေးဖို့အထိ စီစဉ် ထားတယ်လို့ ဆိုပါတယ်။ ၁၂ တန်အလေးချိန်အထိ တင်ဆောင်နိုင်ပြီး တောကြမ်းမောင်းနှင် နိုင်မှာ ဖြစ်ပါတယ်။ ဘက်ထရီ တစ်လုံးကို ၃၀ ကီလိုဝပ်ထုတ်ပြီး မိုင် ၅၀ အထိမောင်းနှင်နိုင်ပါတယ်။ ဒါက စမ်းသပ်ကာလမို့ပါ။ နောက်ဆိုရင် မိုင် ၁၀၀ အထက် မောင်းနှင်နိုင်အောင် တောင်ဖန်တီးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဘက်ထရီ ၂ လုံးတပ်ဆင်ထားတဲ့အတွက် မိုင် ၂၀၀ ကတော့ မောင်းနှင် နိုင် မှာ ဖြစ်ပါတယ်။ လျှပ်စစ်ဓာတ်အားအသုံးပြု ကားများ ဖန်တီးပေမယ့် စစ်သုံးကားအဖြစ် ဖန်တီးမှုကတော့ Land Rover က ပထမ ဆုံးပါ။ ၁၂ စီးသာ စမ်းသပ်မောင်းနှင်ဖို့အတွက် ထုတ်လုပ်ထားပြီး မကြာမီ နှစ်များ အတွင်း အစီးအရေအများအပြားထုတ်လုပ် အသုံးချသွားမယ့် ကား ဖြစ်ကြောင်း သိရပါတယ်။

Ref:autoblog
ColayAutomobile
.
http://www.colay.com.mm/automobile/news/detail/760

No comments: