လွန်ခဲ့သော
ဆယ်နှစ်တုန်းကလောက်ပေါ့ သည်နေ့လိုပဲ မိုးတွေစွေနေခဲ့တယ်။ ဆရာမက စာမသင်
မြန်မာ့ သမိုင်းကြောင်းကို ပြန်လည် တူးဖော်နေလေသည်။ သူပြောနေတာ စစ်ပွဲတွေ
အကြောင်း။ သူမအထင်ကြီးရတဲ့ စစ်ပွဲတွေကြားက အာဇာနည်တွေအကြောင်း။
ဒီသူရဲကောင်းတွေကို ချီးမြှင့်လေ့ရှိသည့် ဆုတွေ တံဆိပ်တွေအကြောင်း။ ပြဿနာက
စွေနေတဲ့ မိုးနဲ့ ပါလာခဲ့လေပြီ။
မုန့်စားကျောင်းဆင်းတော့
ဘေးခုံက သူငယ်ချင်းတယောက်က ပြောသည်။ "ငါ့အဖေက စစ်ဗိုလ်ကွ ဆရာမ ပြောတဲ့
ယောကျာ်းကောင်းဆိုတာ ငါ့အဖေလိုလူမျိုး"။ လက်မကို မြဲနေအောင် ထောင်လို့။
နောက်တယောက်က သူဌေးသမီး သူက ထူးဆန်စွာ ဆိုသည်။ "ငါ့အဖေက စစ်မတိုက်ဘူး။
ဒါပေမဲ့ ဆရာမပြောတဲ့ ဆုတံဆိပ်တွေ ငါ့အဖေမှာ ရှိတယ်။ အမေ့မှာရောပဲ"
သည်အချိန်မှာ မကြားချင်ယောင် ဟန်ဆောင်နေသူက ကျွန်တော်။ ဆွံ့အနေသူက ကျွန်တော်။
ကျောင်းဆင်းတော့ အမေလာကြိုသည်။ တလမ်းလုံးလည်း အမေ့ကို စကား မပြောဖြစ်။
လမ်းမှာတွေ့တဲ့ သူငယ်ချင်းတွေကိုလည်း မနှုတ်ဆက်ဖြစ်။ တိတ်မြဲ၊ ငြိမ်မြဲ။
ကြာတော့ အမေက သည်တိတ်ဆိတ်မှုတွေကို သံသယ ရှိလာပုံရသည်။
"ငါ့သားလေး ဘာဖြစ်နေတာလဲ"
"ဟင့်အင်း"
"ကလေးဆိုတာ မလိမ်ရဘူးလေ သား"
ကျောင်းက အဖြစ်ကို ပြန်ပြောပြ မိတယ်။ အမေကတော့ ဘာမှမခံစားရသလိုပဲ။ ပြုံးလို့။
အမေက ကျွန်တော့်ဆံပင်တွေကို ပွတ်သပ်လို့ " သား ဆုတွေ တံဆိပ်တွေဆိုတာ
ဂုဏ်ပြုခံ ပစ္စည်းတွေပါ။ စစ်သားတစ်ယောက်က ဂုဏ်ပြုခံရလို့ 'သီဟ'ဘွဲ့တွေ
'သူရ'ဘွဲ့တွေ ရကြတယ်။ သိပ်တော့ မထူးဆန်းပါဘူး သားရယ်။ သား ဖေဖေက ဆရာဝန်လေ
အိမ်ရောက်ရင် မင်းအဖေ ရထားတဲ့ ဆုတွေကို ပြန်ကြည့်လိုက်။ အားငယ်စရာမရှိဘူး"
"တကယ်တော့ ယောကျာ်းကောင်းဆိုတာ လှံကိုင်မှ၊ ဓားကိုင်မှ၊ သေနတ်ကိုင်လို့မှ
အမည်တွင်တာ မဟုတ်ပါဝူး။ ယောကျာ်းကောင်းတစ်ယောက်ရဲ့ အဂါင်္ရပ်ကသား
တာဝန်ယူစိတ်ပဲ။ သည်စိတ်လေးက အရေးကြီးဆုံးပဲ။ အလုပ်မှ မဟုတ်ဘူး မိသားစု
အပေါ်မှာရော တာဝန်ကျေပွန်ရမယ်။ ဒါဆိုရင် ယောကျာ်းကောင်း ဆိုတဲ့ စကားနဲ့တောင်
မလုံလောက်ပါဘူး သားရယ်။ ခင်ပွန်းကောင်း အဖေကောင်း အမည်နာမ တပ်စရာတွေ
အများကြီးပေါ့"
No comments:
Post a Comment